< တမန်တော်ဝတ္ထု 25 >
1 ၁ ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိ သောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။
Eyalete vardıktan üç gün sonra Festus, Sezariye'den Yeruşalim'e gitti.
2 ၂ ထိုအခါယဇ်ပုရောဟိတ်မင်းမှစ၍ ယုဒလူ အကြီးအကဲတို့သည်၊
Başkâhinlerle Yahudiler'in ileri gelenleri, Pavlus'la ilgili şikâyetlerini ona açıkladılar. Festus'tan kendilerine bir iyilikte bulunmasını isteyerek Pavlus'u Yeruşalim'e getirtmesi için yalvardılar. Bu arada pusu kurup Pavlus'u yolda öldüreceklerdi.
3 ၃ ပေါလုကို သတ်ခြင်းငှါ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။
4 ၄ ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ်ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည်။
Festus ise Pavlus'un Sezariye'de tutuklu bulunduğunu, kendisinin de yakında oraya gideceğini söyleyerek, “Aranızda yetkili olanlar benimle gelsinler; bu adam yanlış bir şey yapmışsa, ona karşı suç duyurusunda bulunsunlar” dedi.
5 ၅ သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။
6 ၆ ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။
Festus, onların arasında sadece sekiz on gün kadar kaldı; sonra Sezariye'ye döndü. Ertesi gün yargı kürsüsüne oturarak Pavlus'un getirilmesini buyurdu.
7 ၇ ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှ လာသော ယုဒလူတို့သည်ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။
Pavlus içeri girince, Yeruşalim'den gelen Yahudiler çevresini sardılar ve kanıtlayamadıkları birçok ağır suçlamada bulundular.
8 ၈ ပေါလုကလည်း၊ အကျွန်ုပ်သည်ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကိုမပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကိုပြောလေ၏။
Pavlus, “Ne Yahudiler'in yasasına, ne tapınağa, ne de Sezar'a karşı hiçbir günah işlemedim” diyerek kendini savundu.
9 ၉ သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။
Yahudiler'in gönlünü kazanmak isteyen Festus, Pavlus'a şöyle karşılık verdi: “Yeruşalim'e gidip orada benim önümde bu konularda yargılanmak ister misin?”
10 ၁၀ ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင် ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူ သည်အတိုင်း၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ် မှားပါ။
Pavlus, “Ben Sezar'ın yargı kürsüsü önünde durmaktayım” dedi, “Burada yargılanmam gerekir. Sen de çok iyi biliyorsun ki, Yahudiler'e karşı hiçbir suç işlemedim.
11 ၁၁ အကျွန်ုပ်ပြစ်မှား၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင်၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။
Şayet suçum varsa, ölüm cezasını gerektirecek bir şey yapmışsam, ölmekten çekinmem. Yok eğer bunların bana karşı yaptığı suçlamalar asılsız ise, hiç kimse beni onların eline teslim edemez. Davamın Sezar'a iletilmesini istiyorum.”
12 ၁၂ ထိုအခါဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည်ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။
Festus, danışma kuruluyla görüştükten sonra şu yanıtı verdi: “Davanı Sezar'a ilettin, Sezar'a gideceksin.”
13 ၁၃ ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ၏။
Birkaç gün sonra Kral Agrippa ile Berniki, Festus'a bir nezaket ziyaretinde bulunmak üzere Sezariye'ye geldiler.
14 ၁၄ အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအားကြားပြောသည်မှာ၊ ဖေလဇ် မင်းသည်အကျဉ်းထားရစ်စေသော လူတယောက်ရှိ၏။
Bir süre orada kaldılar. Bu arada Festus, Pavlus'la ilgili durumu krala anlattı. “Feliks'in tutuklu olarak bıraktığı bir adam var” dedi.
15 ၁၅ ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ် ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊
“Yeruşalim'de bulunduğum sırada Yahudiler'in başkâhinleriyle ileri gelenleri, onunla ilgili şikâyetlerini açıkladılar, onu cezalandırmamı istediler.
16 ၁၆ ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူ သည် အပြစ်တင်သော သူတို့နှင့်မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမှီ၊ အဘယ် သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမ ထုံးစံ ရှိကြောင်းကို ပြောဆို၏။
“Ben onlara, ‘Herhangi bir sanığı, kendisini suçlayanlarla yüzleştirmeden, kendisine yöneltilen ithamlarla ilgili olarak savunma fırsatı vermeden, onu suçlayanların eline teslim etmek Romalılar'ın geleneğine aykırıdır’ dedim.
17 ၁၇ ထိုသူတို့သည်ဤမြို့သို့ ရောက်လာသောအခါ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲနက်ဖြန်နေ့၌ တရားပလ္လင် ပေါ်မှာ ထိုင်၍ ထိုသူကိုခေါ်စေ၏။
Onlar benimle buraya gelince, hiç vakit kaybetmeden, ertesi gün yargı kürsüsüne oturup adamın getirilmesini buyurdum.
18 ၁၈ သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင်၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစုံတခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်၎င်း၊ ယေရှုအမည်ရှိသော၊
Ne var ki, kalkıp konuşan davacılar ona, beklediğim türden kötülüklerle ilgili hiçbir suçlama yöneltmediler.
19 ၁၉ သေပြီးသော သူတယောက်နှင့်၎င်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။
Ancak onunla çekiştikleri bazı sorunlar vardı. Bunlar, kendi dinlerine ve ölmüş de Pavlus'un iddiasına göre yaşamakta olan İsa adındaki birine ilişkin konulardı.
20 ၂၀ ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသော ကြောင့်၊ ပေါလုအားလည်း၊ သင်သည်ယေရုရှလင်မြို့သို့ သွား၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင်၊
Bunları nasıl soruşturacağımı bilemediğim için Pavlus'a, Yeruşalim'e gidip orada bu konularda yargılanmaya razı olup olmayacağını sordum.
21 ၂၁ ပေါလုသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော် သို့မစေလွှတ်မှီတိုင်အောင် ချုပ်ထားစေခြင်းငှါ ကျွန်ုပ် စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။
Ama kendisi davasını İmparator'a iletti, İmparator'un kararına dek tutuklu kalmak istedi. Ben de onu İmparator'a göndereceğim zamana kadar tutuklu kalmasını buyurdum.”
22 ၂၂ အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နတ်ဖြန်နေ့၌ သူ၏စကားကိုနားထောင်ပါလော့ဟု ဆို၏။
Agrippa Festus'a, “Ben de bu adamı dinlemek isterdim” dedi. Festus da, “Yarın onu dinlersin” dedi.
23 ၂၃ နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့်ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလု ကိုဆောင်ခဲ့စေ၏။
Ertesi gün Agrippa ile Berniki büyük bir tantanayla gelip komutanlar ve kentin ileri gelenleriyle birlikte toplantı salonuna girdiler. Festus'un buyruğu üzerine Pavlus içeri getirildi.
24 ၂၄ ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌၎င်း၊ ဤမြို့၌၎င်း ယုဒလူများအပေါင်း တို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အား လျှောက်၍၊ သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။
Festus, “Kral Agrippa ve burada bizimle bulunan bütün efendiler” dedi, “Yeruşalim'de olsun, burada olsun, bütün Yahudi halkının bana şikâyet ettiği bu adamı görüyorsunuz. ‘Onu artık yaşatmamalı!’ diye haykırıyorlardı.
25 ၂၅ သူသည်သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍၎င်း၊ သူသည်ဘုန်းကြီတော်မူသော ဘုရင်၏ အယူတော်ကိုခံပါမည်ဟုဆို၍၎င်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှါ ကျွန်ုပ်စီရင်၏။
Oysa ben, ölüm cezasını gerektiren hiçbir suç işlemediğini anladım. Yine de, kendisi davasının İmparator'a iletilmesini istediğinden, onu göndermeye karar verdim.
26 ၂၆ သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်း ရှိစေခြင်းငှါ သင်တို့ရှေ့၌၎င်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌၎င်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။
Ama Efendimiz'e bu adamla ilgili yazacak kesin bir şeyim yok. Bu yüzden onu sizin önünüze ve özellikle, Kral Agrippa, senin önüne çıkartmış bulunuyorum. Amacım, bu soruşturmanın sonucunda yazacak bir şey bulabilmektir.
27 ၂၇ အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ် မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည် ထင်ပါသည် ဟုဆို၏။
Bir tutukluyu İmparator'a gönderirken, kendisine yöneltilen suçlamaları belirtmemek bence anlamsız.”