< တမန်တော်ဝတ္ထု 22 >
1 ၁ ညီအစ်ကို၊ အဘတို့၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊
«Mes frères et mes pères, «Écoutez ce que j'ai maintenant à vous dire pour me justifier»
2 ၂ ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည် ကြားလျှင် သာ၍အလွန်တိတ်ဆိတ်စွာနေကြ၏။
— (quand on l'entendit parler en hébreu, on redoubla d'attention) —
3 ၃ ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာ လည်း၊ ဂေါမလျေလအမည် ရှိသော ဆရာ၏ ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှါ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ ရှိသမျှသည်ယနေ့တိုင်အောင် ဘုရားသခင်ဘက် ၌ စိတ်အားကြီးသည် နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊
il continua: «Je suis un Juif, né à Tarse, en Cilicie, mais j'ai été élevé dans cette ville-ci, j'ai fait mes études aux pieds de Gamaliel, dans toute la rigueur de la Loi de nos pères; j'ai été plein de zèle pour la cause de Dieu, comme vous l'êtes tous aujourd'hui.
4 ၄ ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။
Cette secte, je l'ai persécutée à mort; j'ai chargé de chaînes, j'ai jeté en prison hommes et femmes,
5 ၅ ထိုကဲ့သို့ပင်ယဇ်ပုရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့သည်လည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသိမှာစာကို ခံပြီးမှ၊ ဒမာသက်မြို့၌ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှါ ချည်နှောင်၍ ယေရုရှလင် မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွားပါ၏။
comme peuvent l'attester le grand-prêtre et le Sanhédrin tout entier. Car c'est d'eux que j'ai reçu des lettres pour nos frères de Damas, et j'y allai pour amener prisonniers à Jérusalem ceux que j'y trouverais et les faire punir.
6 ၆ လမ်း၌သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပါ၏။
J'étais en chemin et j'approchais de Damas, quand tout à coup, vers midi, une vive lumière venue du ciel brilla autour de moi,
7 ၇ အကျွန်ုပ်သည် မြေပေါ်မှလဲ၍ နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင်၊
je tombai par terre et j'entendis une voix qui me disait: «Saul, Saul, pourquoi me persécutes-tu?»
8 ၈ သခင်၊ ကိုယ်တော်သည်အဘယ်သူနည်းဟု အကျွန်ုပ်ပြန်၍ မေးလျှောက်သော်၊ ငါကား၊ သင်ညှင်းဆဲ သော နာဇရက်မြို့သားယေရှုဖြစ် သတည်းဟု မိန့်တော်မူ၏။
— Je répondis: «Qui es-tu, Seigneur?» — La voix me dit: «Je suis Jésus de Nazareth que tu persécutes.»
9 ၉ အကျွန်ုပ်နှင့်ပါသောသူတို့သည် ထိုအလင်းကို မြင်၍ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း၊ အကျွန်ုပ် အားပြောသောသူ၏ စကားသံကို မကြားမသိရကြ။
— Ceux qui étaient avec moi avaient vu la lumière, mais n'avaient pas entendu la voix de celui qui me parlait.
10 ၁၀ ထိုအခါအကျွန်ုပ်ကလည်း၊ သခင်၊ အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက် လျှင်၊ သခင်ဘုရားက၊ ထလော့။ ဒမာသက်မြို့ သို့သွား လော့။ သင်ဆောင်ရွက်စရာတို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့၌ ပြောလိမ့်မည်ဟုမိန့်တော်မူ၏။
Je dis alors: «Que dois-je faire, Seigneur?» et le Seigneur me répondit: «Relève-toi, rends-toi à Damas, et là on te dira tout ce que tu as l'ordre de faire.»
11 ၁၁ ထိုအလင်း၏ရောင်ခြည်အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိကန်းသောကြောင့်၊ အကျွန်ုပ်နှင့် ပါ သော သူတို့၏ လက်ဆွဲခြင်းခံရ၍ ဒမာသက်မြို့သို့ ရောက်ပါ၏။
— Comme je n'y voyais pas (la lumière m'avait ébloui), mes compagnons me prirent par la main et me menèrent à Damas.
12 ၁၂ ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်၍၊ ထိုမြို့မှ နေသောယုဒလူ အပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည်၊
Un certain Hananias, homme pieux et fidèle à la Loi, estimé de tous les résidents juifs,
13 ၁၃ အကျွန်ုပ်ဆီသို့လာ၍ အနား၌ရပ်လျက်၊ ညီရှောလု၊ တဖန်မျက်စိမြင်ခြင်းသို့ ရောက်လော့ဟုဆို၏။ ထိုခဏ၌အကျွန်ုပ်သည် သူ့ကိုကြည့်ရှု၍မြင်ရ၏။
vint se présenter à moi et me dit: «Saul, mon frère, regarde», — et immédiatement je le vis.
14 ၁၄ သူကလည်း၊ သင်သည်မြင်လေသမျှ၊ ကြားလေသမျှ တို့ကို လူအပေါင်းတို့အားပြော၍ သခင်ဘုရား၏ သက်သေခံဖြစ်ရမည် အကြောင်း၊
Puis il me dit: «Le Dieu de nos pères t'a prédestiné à connaître sa volonté, à voir le Juste et à entendre les paroles de sa bouche;
15 ၁၅ သင်သည်ဘုရားသခင်၏ အလိုတော်ကို သိစေခြင်းငှါ၎င်း၊ ဖြောင့်မတ်တော်မူသောသူကိုမြင်၍ နှုတ်တော်ထွက်ကို ကြားစေခြင်းငှါ၎င်း၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် သင့်ကို ခန့်ထားတော်မူ၏။
car tu seras son témoin auprès de tous les hommes, témoin de ce que tu as vu et entendu.
16 ၁၆ ယခုလည်းသင်သည်အဘယ်ကြောင့် ဆိုင်းလင့်၍ နေသနည်း။ ထလော့။ သခင်ဘုရားကို ပဌနာပြုလျက် ဗတ္တိဇံကိုခံ၍၊ သင်၏အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ၏။
Et maintenant pourquoi tarderais-tu? Lève-toi, reçois le baptême et purifie-toi de tes péchés en invoquant son nom.»
17 ၁၇ ထိုနောက်မှ အကျွန်ုပ်သည် ယေရုရှလင်မြို့သို့ ပြန်၍၊ ဗိမာန်တော်၌ ဆုတောင်းစဉ်ဘဝင်ကျ၍၊
De retour à Jérusalem, comme j'étais en prière au Temple, je tombai en extase,
18 ၁၈ သခင်ဘုရားက၊ သင်သည်ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်သွားလော့။ ငါ၏ အကြောင်းကို သင်သည်ပြော၍ သက်သေခံသော စကား ကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော် မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ၏။
et je le vis qui me disait: «Hâte-toi de partir, sors au plus vite de Jérusalem, car ils n'accepteront pas le témoignage que tu me rends.»
19 ၁၉ အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကို ယုံကြည်သော သူတို့ကို အကျွန်ုပ်ထောင်ထဲ၌ လှောင် ထား၍၊ တရားစရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။
Et je lui dis: «Seigneur, il savent eux-mêmes que j'ai fait emprisonner et flageller dans les synagogues ceux qui croient en toi,
20 ၂၀ ကိုယ်တော်၏ သက်သေခံဖြစ်သော သတေဖန်၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား၌ နေလျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ၍၊ ကွပ်မျက်သော သူတို့၏ အဝတ်ကိုစောင့်နေပါ၏ဟု၊
et quand ils ont versé le sang, d'Étienne, ton témoin, j'étais là, présent, j'applaudissais, je gardais les vêtements des bourreaux»;
21 ၂၁ လျှောက်ဆိုလျှင်၊ သခင်ဘုရားက၊ သွားလော့။ ငါသည်တပါး အမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာ လွှတ်မည်ဟုအကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလု မြွက်ဆို၏။
et il me dit: «Va, car je t'enverrai au loin vers les païens.»
22 ၂၂ ထိုမျှတိုင်အောင် ပေါလု၏ စကားကို နားထောင်ပြီးလျှင်၊ ထိုသူတို့သည်အော်ဟစ်၍၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက် မရှင်သင့်ဟု ဆိုကြ၏။
On l'avait écouté jusque-là, mais, à ce mot, les clameurs recommencèrent: «A mort, cet homme! il ne faut pas lui laisser la vie!»
23 ၂၃ ထိုသို့အော်ဟစ်ခြင်း၊ ကိုယ်အဝတ်ကိုချွတ်ခြင်း၊ မြေမှုန့်ကို မိုဃ်းကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြ စဉ်တွင်၊
Ils vociféraient, ôtaient leurs vêtements, faisaient voler la poussière.
24 ၂၄ ပေါလုကိုအဘယ်ကြောင့် ထိုသို့အော်ဟစ်ကြ သည်ကိုစစ်သူကြီးသည် သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့ သွင်းစေ။ ရိုက်၍ စစ်ကြောစေဟုစီရင်လေ၏။
Le tribun commanda alors de le faire entrer dans la Forteresse et de le mettre à la question pour savoir la vraie cause de tous ces cris contre lui.
25 ၂၅ သားရေကြိုးနှင့်ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလောဟု နား၌ရပ်နေသော တပ်မှူး အားဆို၏။
Comme on l'avait déjà attaché au poteau pour recevoir les coups de lanières, Paul dit au centurion qui commandait: «Vous est-il permis de flageller un citoyen romain qui n'est pas même condamné?»
26 ၂၆ တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက်၏။
A ces paroles, le centurion alla en référer au tribun: «Que vas-tu faire? lui dit-il, cet homme est citoyen romain.»
27 ၂၇ စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည်ရောမလူမှန်သလော၊ ငါ့အား ပြောလော့ဟုဆိုလျှင် မှန်ပါသည်ဟု ပေါလုဆို၏။
Le tribun vint à Paul et lui dit: «Réponds-moi, es-tu citoyen romain?» — «Oui», lui dit Paul.
28 ၂၈ စစ်သူကြီးကလည်း၊ အကျွန်ုပ်သည်ငွေအများကို ပေး၍ ရောမလူ၏ အရိပ်အရာကိုရသည်ဟုဆိုလျှင်၊ ပေါလုက၊ အကျွန်ုပ်သည် ဇာတိအားဖြင့် ရပါသည်ဟု ဆို၏။
Le tribun repartit: «Moi, j'ai dépensé une somme considérable pour avoir ce titre.» — «Et moi, lui répliqua Paul, je l'ai par ma naissance.»
29 ၂၉ ထိုအခါစစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှချက်ခြင်း သွား၍၊ သူသည်ရောမလူ ဖြစ်သည်ကို၎င်း၊ ရောမလူကိုချည်နှောင်မိသည်ကို၎င်း၊ စစ်သူကြီးသိလျှင် ကြောက်ခြင်းသို့ရောက်လေ၏။
Les exécuteurs s'écartèrent immédiatement, et le tribun commença à avoir peur, voyant qu'il avait fait mettre aux fers un citoyen romain.
30 ၃၀ နက်ဖြန်နေ့တွင်အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိလိုသောကြောင့်၊ ပေါလု၌ ချည်နှောင်သောသံကြိုးကို ချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိ အပေါင်းတို့ကို စည်းဝေးစေခြင်းငှါစီရင်ပြီးလျှင်၊ ပေါလု ကိုခေါ်၍ သူတို့ရှေ့၌ထားလေ၏။
Le lendemain, voulant savoir positivement quels griefs articulaient les Juifs, il lui fit ôter les fers et donna ordre de convoquer le haut sacerdoce et le Sanhédrin en entier; puis il amena Paul et le fit comparaître devant eux.