< တမန်တော်ဝတ္ထု 22 >

1 ညီအစ်ကို၊ အဘတို့၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊
" I Mænd, Brødre og Fædre! hører nu mit forsvar over for eder!"
2 ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည် ကြားလျှင် သာ၍အလွန်တိတ်ဆိတ်စွာနေကြ၏။
Men da de hørte, at han talte til dem i det hebraiske Sprog, holdt de sig end mere stille. Og han siger:
3 ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာ လည်း၊ ဂေါမလျေလအမည် ရှိသော ဆရာ၏ ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှါ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ ရှိသမျှသည်ယနေ့တိုင်အောင် ဘုရားသခင်ဘက် ၌ စိတ်အားကြီးသည် နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊
"Jeg er en jødisk Mand, født i Tarsus i Kilikien, men opfostret i denne Stad, oplært ved Gamaliels Fødder efter vor Fædrenelovs Strenghed og nidkær for Gud, ligesom I alle ere i Dag.
4 ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။
Og jeg forfulgte denne Vej indtil Døden, idet jeg lagde både Mænd og Kvinder i Lænker og overgav dem til Fængsler,
5 ထိုကဲ့သို့ပင်ယဇ်ပုရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့သည်လည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသိမှာစာကို ခံပြီးမှ၊ ဒမာသက်မြို့၌ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှါ ချည်နှောင်၍ ယေရုရှလင် မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွားပါ၏။
som også Ypperstepræsten vidner med mig og hele Ældsterådet, fra hvem jeg endog fik Breve med til Brødrene i Damaskus og rejste derhen for også at føre dem, som vare der, bundne til Jerusalem, for at de måtte blive straffede.
6 လမ်း၌သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပါ၏။
Men det skete, da jeg var undervejs og nærmede mig til Damaskus, at ved Middag et stærkt Lys fra Himmelen pludseligt omstrålede mig.
7 အကျွန်ုပ်သည် မြေပေါ်မှလဲ၍ နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင်၊
Og jeg faldt til Jorden og hørte en Røst, som sagde til mig: Saul! Saul! hvorfor forfølger du mig?
8 သခင်၊ ကိုယ်တော်သည်အဘယ်သူနည်းဟု အကျွန်ုပ်ပြန်၍ မေးလျှောက်သော်၊ ငါကား၊ သင်ညှင်းဆဲ သော နာဇရက်မြို့သားယေရှုဖြစ် သတည်းဟု မိန့်တော်မူ၏။
Men jeg svarede: Hvem er du, Herre? Og han sagde til mig: Jeg er Jesus af Nazareth, som du forfølger.
9 အကျွန်ုပ်နှင့်ပါသောသူတို့သည် ထိုအလင်းကို မြင်၍ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း၊ အကျွန်ုပ် အားပြောသောသူ၏ စကားသံကို မကြားမသိရကြ။
Men de, som vare med mig, så vel Lyset, men hørte ikke hans Røst, som talte til mig.
10 ၁၀ ထိုအခါအကျွန်ုပ်ကလည်း၊ သခင်၊ အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက် လျှင်၊ သခင်ဘုရားက၊ ထလော့။ ဒမာသက်မြို့ သို့သွား လော့။ သင်ဆောင်ရွက်စရာတို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့၌ ပြောလိမ့်မည်ဟုမိန့်တော်မူ၏။
Men jeg sagde: Hvad skal jeg gøre, Herre? Men Herren sagde til mig: Stå op og gå til Damaskus; og der skal der blive talt til dig om alt, hvad der er bestemt, at du skal gøre.
11 ၁၁ ထိုအလင်း၏ရောင်ခြည်အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိကန်းသောကြောင့်၊ အကျွန်ုပ်နှင့် ပါ သော သူတို့၏ လက်ဆွဲခြင်းခံရ၍ ဒမာသက်မြို့သို့ ရောက်ပါ၏။
Men da jeg havde mistet Synet ved Glansen af hint Lys, blev jeg ledet ved Hånden af dem, som vare med mig, og kom således ind i Damaskus.
12 ၁၂ ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်၍၊ ထိုမြို့မှ နေသောယုဒလူ အပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည်၊
Men en vis Ananias, en Mand, gudfrygtig efter Loven, som havde godt Vidnesbyrd af alle Jøderne, som boede der,
13 ၁၃ အကျွန်ုပ်ဆီသို့လာ၍ အနား၌ရပ်လျက်၊ ညီရှောလု၊ တဖန်မျက်စိမြင်ခြင်းသို့ ရောက်လော့ဟုဆို၏။ ထိုခဏ၌အကျွန်ုပ်သည် သူ့ကိုကြည့်ရှု၍မြင်ရ၏။
kom til mig og stod for mig og sagde: Saul, Broder, se op! Og jeg så op på ham i samme Stund.
14 ၁၄ သူကလည်း၊ သင်သည်မြင်လေသမျှ၊ ကြားလေသမျှ တို့ကို လူအပေါင်းတို့အားပြော၍ သခင်ဘုရား၏ သက်သေခံဖြစ်ရမည် အကြောင်း၊
Men han sagde: Vore Fædres Gud har udvalgt dig til at kende hans Villie og se den retfærdige og høre en Røst af hans Mund.
15 ၁၅ သင်သည်ဘုရားသခင်၏ အလိုတော်ကို သိစေခြင်းငှါ၎င်း၊ ဖြောင့်မတ်တော်မူသောသူကိုမြင်၍ နှုတ်တော်ထွက်ကို ကြားစေခြင်းငှါ၎င်း၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် သင့်ကို ခန့်ထားတော်မူ၏။
Thi du skal være ham et Vidne for alle Mennesker om de Ting, som du har set og hørt.
16 ၁၆ ယခုလည်းသင်သည်အဘယ်ကြောင့် ဆိုင်းလင့်၍ နေသနည်း။ ထလော့။ သခင်ဘုရားကို ပဌနာပြုလျက် ဗတ္တိဇံကိုခံ၍၊ သင်၏အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ၏။
Og nu, hvorfor tøver du? Stå op, lad dig døbe og dine Synder aftvætte, idet du påkalder hans Navn!
17 ၁၇ ထိုနောက်မှ အကျွန်ုပ်သည် ယေရုရှလင်မြို့သို့ ပြန်၍၊ ဗိမာန်တော်၌ ဆုတောင်းစဉ်ဘဝင်ကျ၍၊
Og det skete, da jeg var kommen tilbage til Jerusalem og bad i Helligdommen, at jeg faldt i Henrykkelse
18 ၁၈ သခင်ဘုရားက၊ သင်သည်ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်သွားလော့။ ငါ၏ အကြောင်းကို သင်သည်ပြော၍ သက်သေခံသော စကား ကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော် မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ၏။
og så ham, idet han sagde til mig: Skynd dig, og gå hastigt ud af Jerusalem, thi de skulle ikke af dig modtage Vidnesbyrd om mig.
19 ၁၉ အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကို ယုံကြည်သော သူတို့ကို အကျွန်ုပ်ထောင်ထဲ၌ လှောင် ထား၍၊ တရားစရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။
Og jeg sagde: Herre! de vide selv, at jeg fængslede og piskede trindt om i Synagogerne dem, som troede på dig,
20 ၂၀ ကိုယ်တော်၏ သက်သေခံဖြစ်သော သတေဖန်၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား၌ နေလျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ၍၊ ကွပ်မျက်သော သူတို့၏ အဝတ်ကိုစောင့်နေပါ၏ဟု၊
og da dit Vidne Stefanus's Blod blev udgydt, stod også jeg hos og havde Behag deri og vogtede på deres Klæder, som sloge ham ihjel.
21 ၂၁ လျှောက်ဆိုလျှင်၊ သခင်ဘုရားက၊ သွားလော့။ ငါသည်တပါး အမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာ လွှတ်မည်ဟုအကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလု မြွက်ဆို၏။
Og han sagde til mig: Drag ud; thi jeg vil sende dig langt bort til Hedninger."
22 ၂၂ ထိုမျှတိုင်အောင် ပေါလု၏ စကားကို နားထောင်ပြီးလျှင်၊ ထိုသူတို့သည်အော်ဟစ်၍၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက် မရှင်သင့်ဟု ဆိုကြ၏။
Men de hørte på ham indtil dette Ord, da opløftede de deres Røst og sagde: "Bort fra Jorden med en sådan! thi han bør ikke leve.""
23 ၂၃ ထိုသို့အော်ဟစ်ခြင်း၊ ကိုယ်အဝတ်ကိုချွတ်ခြင်း၊ မြေမှုန့်ကို မိုဃ်းကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြ စဉ်တွင်၊
Men da de skrege og reve Klæderne af sig og kastede Støv op i Luften,
24 ၂၄ ပေါလုကိုအဘယ်ကြောင့် ထိုသို့အော်ဟစ်ကြ သည်ကိုစစ်သူကြီးသည် သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့ သွင်းစေ။ ရိုက်၍ စစ်ကြောစေဟုစီရင်လေ၏။
befalede Krigsøversten, at han skulde føres ind i Borgen, og sagde, at man med Hudstrygning skulde forhøre ham, for at han kunde få at vide, af hvad Årsag de således råbte imod ham.
25 ၂၅ သားရေကြိုးနှင့်ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလောဟု နား၌ရပ်နေသော တပ်မှူး အားဆို၏။
Men da de havde udstrakt ham for Svøberne, sagde Paulus til den hosstående Høvedsmand: "Er det eder tilladt at hudstryge en romersk Mand, og det uden Dom?"
26 ၂၆ တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက်၏။
Men da Høvedsmanden hørte dette, gik han til Krigsøversten og meldte ham det og sagde: "Hvad er det, du et ved at gøre? denne Mand er jo en Romer."
27 ၂၇ စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည်ရောမလူမှန်သလော၊ ငါ့အား ပြောလော့ဟုဆိုလျှင် မှန်ပါသည်ဟု ပေါလုဆို၏။
Men Krigsøversten gik hen og sagde til ham: "Sig mig, er du en Romer?" Han sagde: "Ja."
28 ၂၈ စစ်သူကြီးကလည်း၊ အကျွန်ုပ်သည်ငွေအများကို ပေး၍ ရောမလူ၏ အရိပ်အရာကိုရသည်ဟုဆိုလျှင်၊ ပေါလုက၊ အကျွန်ုပ်သည် ဇာတိအားဖြင့် ရပါသည်ဟု ဆို၏။
Og Krigsøversten svarede: "Jeg har købt mig denne Borgerret for en stor Sum," Men Paulus sagde: "Jeg er endog født dertil."
29 ၂၉ ထိုအခါစစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှချက်ခြင်း သွား၍၊ သူသည်ရောမလူ ဖြစ်သည်ကို၎င်း၊ ရောမလူကိုချည်နှောင်မိသည်ကို၎င်း၊ စစ်သူကြီးသိလျှင် ကြောက်ခြင်းသို့ရောက်လေ၏။
Da trak de, som skulde til at forhøre ham, sig straks tilbage fra ham. Og da Krigsøversten fik at vide, at han var en Romer, blev også han bange, fordi han havde bundet ham.
30 ၃၀ နက်ဖြန်နေ့တွင်အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိလိုသောကြောင့်၊ ပေါလု၌ ချည်နှောင်သောသံကြိုးကို ချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိ အပေါင်းတို့ကို စည်းဝေးစေခြင်းငှါစီရင်ပြီးလျှင်၊ ပေါလု ကိုခေါ်၍ သူတို့ရှေ့၌ထားလေ၏။
Men den næste Dag, da han vilde have noget pålideligt at vide om, hvad han anklagedes for af Jøderne, løste han ham og befalede, at Ypperstepræsterne og hele Rådet skulde komme sammen, og han førte Paulus ned og stillede ham for dem.

< တမန်တော်ဝတ္ထု 22 >