< တမန်တော်ဝတ္ထု 21 >

1 ထိုသူများနှင့် ငါတို့သည် ခွါသွား၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ ရောဒုကျွန်းသို့၎င်း၊ ထိုကျွန်းမှ ပါတရမြို့သို့၎င်း ရောက်ကြ၏။
And it came to pass, that after we were separated from them, and had launched, we came with a straight course to Coos, and the day following to Rhodes, and from there to Patara:
2 ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။
And finding a ship sailing over to Phenicia, we went aboard, and set forth.
3 ကုပရုကျွန်းကိုမြင်လျှင် လက်ျာဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ကူး၍ တုရူမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။
Now when we had come in sight of Cyprus, we left it on the left hand, and sailed into Syria, and landed at Tyre: for there the ship was to unload her cargo.
4 တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက် နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော် တို့သည် ဝိညာဉ်တော်အား ဖြင့် ပြောကြ၏။
And finding disciples, we tarried there seven days: who said to Paul through the Spirit, that he should not go up to Jerusalem.
5 ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက် ကြ၍ ငါတို့သည်ထွက်သွား ပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက်ဆုတောင်းကြ၏။
And when we had come to the end of those days, we departed and went on our way; and they all accompanied us on our way, with wives and children, till we were out of the city: and we kneeled down on the shore, and prayed.
6 အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။
And when we had taken our leave one of another, we took ship; and they returned home again.
7 တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊
And when we had finished our course from Tyre, we came to Ptolemais, and greeted the brethren, and abode with them one day.
8 နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။
And the next day we that were of Paul’s company departed, and came to Caesarea: and we entered into the house of Philip the evangelist, who was one of the seven; and abode with him.
9 ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။
And the same man had four daughters, virgins, who prophesied.
10 ၁၀ ထိုအိမ်၌တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊
And as we tarried there many days, there came down from Judaea a certain prophet, named Agabus.
11 ၁၁ ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကိုယူ၍ မိမိခြေလက် ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တပါး အမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို၏။
And when he had come to us, he took Paul’s belt, and bound his own hands and feet, and said, Thus saith the Holy Spirit, So shall the Jews at Jerusalem bind the man that owneth this belt, and shall deliver him into the hands of the Gentiles.
12 ၁၂ ထိုစကားကိုကြားလျှင်၊ ငါတို့နှင့် ထိုအရပ်၌ ရှိသော သူတို့က၊ ယေရုရှလင်မြို့သို့မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ၏။
And when we heard these things, both we, and they of that place, besought him not to go up to Jerusalem.
13 ၁၃ ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို၏။
Then Paul answered, What mean ye to weep and to break my heart? for I am ready not to be bound only, but also to die at Jerusalem for the name of the Lord Jesus.
14 ၁၄ ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။
And when he would not be persuaded, we ceased, saying, The will of the Lord be done.
15 ၁၅ ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့သွားကြ၏။
And after those days we got ready, and went up to Jerusalem.
16 ၁၆ ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ လိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်း သား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။
There went with us also certain of the disciples of Caesarea, and brought with them one Mnason of Cyprus, an early disciple, with whom we should lodge.
17 ၁၇ ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လတ်ခံကြ၏။
And when we had come to Jerusalem, the brethren received us gladly.
18 ၁၈ နက်ဖြန်နေ့၌ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။
And the day following Paul went in with us to James; and all the elders were present.
19 ၁၉ ပေါလုသည်ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့် ဘုရား သခင်သည် တပါးအမျိုး သားတို့တွင်ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ၏။
And when he had greeted them, he declared particularly what things God had wrought among the Gentiles by his ministry.
20 ၂၀ ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်း ကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်း ရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရား ဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။
And when they heard it, they glorified the Lord, and said to him, Thou seest, brother, how many thousands of Jews there are who believe; and they are all zealous of the law:
21 ၂၁ တပါးအမျိုးသားတို့တွင် နေသော ယုဒလူ အပေါင်း တို့သည် သူငယ်တို့အားအရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက်၊ သူတို့သည်မောရှေ တရားကိုစွန့်စေ ခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သိတင်းကြားကြ ပြီ။
And they are informed concerning thee, that thou teachest all the Jews who are among the Gentiles to forsake Moses, saying that they ought not to circumcise their children, neither to walk after the customs.
22 ၂၂ သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။
What is it therefore? the multitude must needs come together: for they will hear that thou art come.
23 ၂၃ ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့။ သစ္စာဂတိ ပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ၏။
Do therefore this that we say to thee: We have four men who have a vow on them;
24 ၂၄ ထိုသူတို့ကို ယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်း ကိုပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်း တို့သည် မိမိတို့ကြားသော သိတင်းစကား မမှန်သည်ကို၎င်း၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက်၍ ကျင့်နေသည်ကို၎င်း သိရကြ လိမ့်မည်။
Take them and purify thyself with them, and pay their expenses that they may shave their heads: and all may know that those things, of which they were informed concerning thee, are nothing; but that thou thyself also walkest orderly, and keepest the law.
25 ၂၅ ယုံကြည်ခြင်းသို့ ရောက်သောတပါးအမျိုးသားတို့မူကား၊ ထိုသို့ သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို ၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။
As concerning the Gentiles who believe, we have written and concluded that they observe no such thing, except that they keep themselves from things offered to idols, and from blood, and from strangled, and from immorality.
26 ၂၆ ထိုအခါပေါလုသည် ထိုသူတို့ကိုခေါ်၍ နက်ဖြန်နေ့၌ သူတို့နှင့် တကွစင်ကြယ်ခြင်းကိုပြုပြီးမှ ၊ ဗိမာန် တော်သို့ဝင်၍ သူတို့အတွက် အသီးအခြား ပူဇော်သက္ကာ ပြုရသောအချိန်တည်းဟူသော စင်ကြယ်ခြင်း ကိုပြုရ သော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ၏။
Then Paul took the men, and the next day purifying himself with them entered into the temple, to signify the accomplishment of the days of purification, until an offering should be offered for every one of them.
27 ၂၇ ထိုခုနစ်ရက်စေ့လူသောအခါ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကိုတိုက်တွန်းနှိုးဆော်၍၊ ဣသရေလ လူတို့၊ ကူမကြပါ။
And when the seven days were almost ended, the Jews who were from Asia, when they saw him in the temple, stirred up all the people, and laid hands on him,
28 ၂၈ ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကို၎င်း ဤအရပ်ဌာနကို၎င်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော်၍၊ ပေါလုကို ဘမ်းဆီးကြ၏။
Crying out, Men of Israel, help: This is the man, that teacheth all men every where against the people, and the law, and this place: and further hath brought Greeks also into the temple, and hath polluted this holy place.
29 ၂၉ အထက်ကမြို့ထဲ၌ ပေါလုနှင့်အတူတရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတယောက်ကို မြင်ကြ သည်ဖြစ်၍၊ ထိုသူကိုပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ၏။
For they had seen before with him in the city Trophimus an Ephesian, whom they supposed that Paul had brought into the temple.)
30 ၃၀ တမြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကိုကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တခဏ ခြင်းတံခါးများတို့ကို ပိတ်ထားကြ၏။
And all the city was moved, and the people ran together: and they took Paul, and drew him out of the temple: and immediately the doors were shut.
31 ၃၁ ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့ တမြို့လုံး မငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတထောင်ကို အုပ်ချုပ်သော စစ်သူကြီး သည် သိတင်းကြားလျှင်၊
And as they went about to kill him, tidings came to the chief captain of the band, that all Jerusalem was in an uproar.
32 ၃၂ စစ်သူရဲများနှင့်တပ်မှူးတို့ကို အလျင်အမြန်ခေါ်၍ ထိုသူတို့ ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့်စစ်သူရဲတို့ကိုမြင်လျှင်၊ ပေါလုကိုမရိုက်ဘဲနေကြ၏။
Who immediately took soldiers and centurions, and ran down to them: and when they saw the chief captain and the soldiers, they stopped beating Paul.
33 ၃၃ ထိုအခါစစ်သူကြီးသည်အနီးသို့ရောက်၍ ပေါလုကိုကိုင်ယူပြီးလျှင်၊ သံကြိုးနှစ်စင်းနှင့် ချည်ချေ ဟုစီရင်၍၊ ဤသူသည်အဘယ်သူနည်း။ အဘယ်အမှုကို ပြုမိသနည်းဟုမေးစစ်လေ၏။
Then the chief captain came near, and took him, and commanded him to be bound with two chains; and demanded who he was, and what he had done.
34 ၃၄ လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှါ စီရင်ပြန်လေ၏။
And some cried one thing, some another, among the multitude: and when he could not know the certainty for the tumult, he commanded him to be carried into the barracks.
35 ၃၅ လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့၍ ဆောင်ရကြ၏။
And when he came upon the stairs, so it was, that he was borne by the soldiers for the violence of the people.
36 ၃၆ သူ့ကိုထုတ်လော့ဟု လူများအပေါင်းတို့သည် ဟစ်ကြော်လျက် လိုက်ကြ၏။
For the multitude of the people followed, crying, Away with him.
37 ၃၇ ပေါလုသည်ရဲတိုက်ထဲသို့ဝင်လုသောအခါ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည် လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးကသင်သည် ဟေလသစကားကိုပြောတတ်သလော။
And as Paul was to be led into the barracks, he said to the chief captain, May I speak to thee? Who said, Canst thou speak Greek?
38 ၃၈ သင်သည်အထက်ကပုန်ကန်၍ ထားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး၏။
Art not thou that Egyptian, who before these days madest an uproar, and leddest out into the wilderness four thousand men that were murderers?
39 ၃၉ ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ အကျွန်ုပ်နေသော မြို့ကား၊ သာမည မြို့မဟုတ်။ ဤသူတို့အား အကျွန်ုပ် ပြောရသော အခွင့်ကိုပေးပါ။ အကျွန်ုပ် ပန်ကြားပါသည်ဟုဆို၏။
But Paul said, I am a man who is a Jew of Tarsus, a city of Cilicia, a citizen of no mean city: and, I beseech thee, permit me to speak to the people.
40 ၄၀ စစ်သူကြီးသည်အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေကားပေါ်မှာ ရပ်၍ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည်အလွန် တိတ်ဆိတ်စွာ နေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက်၊
And when he had given him permission, Paul stood on the stairs, and beckoned with the hand to the people. And when there was made a great silence, he spoke to them in the Hebrew language, saying,

< တမန်တော်ဝတ္ထု 21 >