< တမန်တော်ဝတ္ထု 20 >
1 ၁ ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့သွား လေ၏။
A, no te mutunga o te ngangau, ka karangatia e Paora nga akonga, ka tohutohu i a ratou, ka poroporoaki, a turia atu ana e ia, haere ana ki Makeronia.
2 ၂ ထိုအရပ်များကိုရှောင်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။
A ka haereerea e ia aua wahi, me te whakahau i a ratou ki nga kupu maha, a haere ana ia ki Kariki;
3 ၃ သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့်၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။
A, ka toru ona marama ki reira, i nga Hurai ano e whakatakoto whakaaro ana mona, i a ia meake rere ki Hiria, ka whakaaro ia kia hoki ma Makeronia.
4 ၄ ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု၏သား သောပ တရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။
A i haere tahi i a ia tae noa ki Ahia, a Hopate o Peria, te tama a Piru; a Kaiu o Rerepe; a Timoti hoki ratou ko Tikiku, ko Toropimu o Ahia.
5 ၅ ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။
Otira kua haere atu enei i mua, a e tatari mai ana ki a matou i Toroa.
6 ၆ အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့် လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ ရောက်၍ခုနစ်ရက် နေကြ၏။
Na i te mutunga o nga ra o te taro rewenakore ka rere atu matou i Piripai, a po rima ka tae atu ki a ratou ki Toroa; a e whitu nga ra i noho ai ki reira.
7 ၇ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။
Na i te ra tuatahi o te wiki, i te mea kua huihui matou ki te whawhati taro, ka kauwhau a Paora ki a ratou, e mea ana hoki ki te haere i te aonga ake; a ka kumea roatia tana korero a waenganui po ra ano.
8 ၈ စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။
A he maha nga rama i te ruma i runga, i te wahi i huihui ai matou.
9 ၉ ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော် ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည်ချီ ကြွကြ၏။
Na tera tetahi taitamariki, ko Utiku te ingoa, i te matapihi e noho ana, kua tino parangia e te moe: a, ka roa tonu te kauwhau a Paora, na ka pehia rawatia ia e te moe, na ka taka iho i te toru o nga whakapaparanga o nga ruma, tangohia rawatia ak e kua mate.
10 ၁၀ ပေါလုသည်လည်းအောက်သို့ ဆင်း၍သူ၏ အပေါ်သို့ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ် သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ ဟုဆို၍ တက်ပြန် လေ၏။
Na ka heke iho a Paora, a hinga ana ki runga ki a ia, awhi ana i a ia, ka mea, kei ngangau koutou; kei roto hoki i a ia tona wairua.
11 ၁၁ မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည် တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။
Na ka kake atu ano ia, ka whawhati taro, ka kai, a ka roa rawa te korero a puao noa, ka haere.
12 ၁၂ အသက်ရှင်လျက်ရှိသောထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်းရှိကြ၏။
Heoi arahina oratia atu ana e ratou taua taitama, kihai hoki i nohinohi te koa.
13 ၁၃ ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကို ခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။
Na ko matou kua riro i mua ki te kaipuke, a rere ana ki Aho, i mea kia utaina a Paora i reira: nana hoki i whakarite, i mea hoki ko ia me ra uta.
14 ၁၄ အဿုမြို့၌ သူသည်ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။
A ka tutaki ki a matou ki Aho, ka utaina ia, a rere ana matou ki Mitirini.
15 ၁၅ ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာရှောက်သွား၍ နောက်တနေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တနေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။
Rere atu ana matou i reira, a i te aonga ake ka taea te ritenga atu o Kio; ao ake ano ka u ki Hamo a noho ana ki Torokiriuma; ao ake ano ka u ki Miretu.
16 ၁၆ ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မှီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှါ ကြိုးစား သည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာ မနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်း လျက်ရှိနှင့်သတည်း။
I mea hoki a Paora kia rere i waho ake o Epeha, kei roa ia ki Ahia: i porangi hoki me kore e rokohanga atu ia e te ra o te Petekoha ki Hiruharama.
17 ၁၇ မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။
Na ka tono tangata atu ia i Miretu ki Epeha, hei tiki i nga kaumatua o te hahi.
18 ၁၈ သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ရောက်သော နေ့မှစ၍ ယခုတိုင် အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ၏။
A, no to ratou taenga mai ki a ia, ka mea ia ki a ratou, E matau ana koutou ki taku tikanga i roto i a koutou i nga ra katoa, no te ra tuatahi iho ano o toku taenga mai ki Ahia,
19 ၁၉ အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။
Papaku noa iho te ngakau i mahi ai ahau ki te Ariki, he maha ia nga roimata me nga whakamatautau i pa ki ahau, i nga Hurai e whakatakoto whakaaro ana moku:
20 ၂၀ သင်တို့အကျိုးတစုံတခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌၎င်း၊ အိမ်များ၌၎င်း၊ သင်တို့အားဟောပြော ၍ ဆုံးမဩဝါဒ ပေးသဖြင့်၊
Kihai i puritia e ahau tetahi o nga mea pai; i whakakitea atu ano ki a koutou, i akona nuitia ki a koutou, i tenei whare, i tenei whare;
21 ၂၁ ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကို၎င်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့ သိကြ၏။
I kauwhautia hoki ki nga Hurai, ki nga Kariki, te ripeneta whaka te Atua, me te whakapono ki to tatou Ariki, ki a Ihu Karaiti.
22 ၂၂ ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကိုမသိ။
Na, tenei ahau te haere nei ki Hiruharama, he hereherenga na te wairua, kahore hoki e mohio ki nga mea e pa ki ahau i reira:
23 ၂၃ သို့သော်လည်းချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသော ဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အား သက်သေခံတော်မူ၏။
Heoi ano ko ta te Wairua Tapu e whakaatu nei ki ahau i tenei pa, i tenei pa, e mea ana, kei te taria mai ahau e nga mekameka, e nga mate.
24 ၂၄ သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊
Otira kahore ahau e ihupuku ki te ora, hei painga ki ahau ake, engari kia taea taku e whai nei, me te mahi i homai ki ahau e te Ariki, e Ihu, ara kia whakaaturia te rongopai o te aroha noa o te Atua.
25 ၂၅ ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို မမြင်ရကြဟုငါသိ၏။
Na e mohio ana tenei ahau, heoi ano kitenga o toku mata e tetahi o koutou, e te hunga i kauwhau haere nei ahau i te rangatiratanga o te Atua i roto i a koutou.
26 ၂၆ ထိုကြောင့်၊ လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ် သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ ၏။
Koia ahau ka mea nei ki a koutou aianei, Kahore oku poke i nga toto o tetahi tangata.
27 ၂၇ ဘုရားသခင်၏အလိုတော်ကိုသင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲ မရှောင်ဘဲပြုခဲ့ပြီ။
Kihai hoki ahau i manawapa ki te kauwhau i te whakaaro katoa o te Atua ki a koutou.
28 ၂၈ ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
Na kia tupato ki a koutou, ki te kahui katoa ano i meinga ai koutou e te Wairua Tapu hei kaitirotiro, whangaia te hahi a te Atua i hokona nei e ia ki ona ake toto.
29 ၂၉ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို၎င်း၊
E mohio ana hoki ahau ki tenei ka riro ahau, tera e puta mai ki a koutou he wuruhi nanakia, e kore nei e tohu i te kahui;
30 ၃၀ တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကို၎င်း ငါသိ၏။
A ka whakatika ake etahi tangata i roto i a koutou ano, korero ai i nga mea parori ke, hei kukume i nga akonga kia whai i a ratou.
31 ၃၁ ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြ လော့။
Na reira, kia mataara, kia mahara ano ki nga tau e toru kihai nei ahau i mangere i te po, i te ao, ki te whakatupato i tenei, i tenei o koutou, me te tangi ano ahau.
32 ၃၂ ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူသင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။
Na, tenei ahau, te tuku nei i a koutou ki te Atua, ki te kupu hoki o tona aroha noa, e kaha nei ki te whakatupu ake, ki te hoatu hoki i tetahi wahi ki a koutou i roto i te hunga katoa kua oti te whakatapu.
33 ၃၃ သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။
Kihai i hiahiatia e ahau te hiriwa, te koura, te kakahu ranei, o tetahi.
34 ၃၄ ဤလက်တို့သည် ငါ့ကို၎င်း၊ ငါ့အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။
E mohio ana ano koutou, na enei ringa i mahi nga mea i matea e ahau, e oku hoa hoki.
35 ၃၅ ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊
I nga mea katoa i hoatu e ahau he tauira ki a koutou, kia penei ta koutou mahi kia atawhaitia ai e koutou te hunga ngoikore, me te mahara ki nga kupu a te Ariki, a Ihu, i mea ra ia, Ko te whakawhiwhi, nui atu te hari i to te whiwhi.
36 ၃၆ ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်း တို့နှင့်တကွ ဆုတောင်းလေ၏။
I te mutunga o tenei whai kupu ana ka tukua ona turi ki raro, ka inoi tahi ia me ratou katoa.
37 ၃၇ ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ၏။
He nui hoki te tangi o te katoa; hinga iho ratou ki runga ki te kaki o Paora, ka kihi i a ia;
38 ၃၈ နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။
I tino mamae pu hoki ratou i te kupu i mea ai ia, heoi ano to ratou kitenga i tona mata. Na ka arahi ratou i a ia ki te kaipuke.