< တမန်တော်ဝတ္ထု 2 >
1 ၁ ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏
Pentekoste da no duu no, na asuafo no nyinaa ahyia wɔ faako.
2 ၂ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ၏။
Amono mu hɔ ara, nne bi te sɛ ahum a ɛretu fi ɔsoro ba bɛhyɛɛ ofi a na wɔwɔ mu no ma.
3 ၃ ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည် နေကြ၏။
Ogya a ɛredɛw a ɛte sɛ tɛkrɛma besisii wɔn so mmaako mmaako.
4 ၄ ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည်ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။
Honhom Kronkron no hyɛɛ wɔn nyinaa ma, na wɔkaa kasa foforo, sɛnea Honhom no maa wɔn ho kwan no.
5 ၅ ထိုကာလအခါ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုးထဲကဘုရားကိုရိုသေသော ယုဒလူတို့ သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။
Saa bere no na Yudafo bi a wɔfɛre Nyame fi mmeaemmeae aba Yerusalem.
6 ၆ ထိုအသံကိုကြားရသာအခါ၊ လူများတို့သည်စုဝေးလာကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကိုကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။
Wɔtee nea ɛrekɔ so no, wɔbɔɔ twi behyiae, na ɛyɛɛ wɔn nwonwa ne ahodwiriw, efisɛ obiara tee sɛ wɔreka ne kurom kasa.
7 ၇ ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။
Enti wobisae se, “Na saa nnipa yi a wɔrekasa yi nyɛ Galileafo ana?
8 ၈ သို့ဟုတ်လျှင်ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း။
Na adɛn nti na yɛte sɛ wɔreka Onyankopɔn anwonwadwuma ho asɛm wɔ yɛn a yɛyɛ
9 ၉ ပါသိပြည်မှစ၍မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကုပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊
Partifo, Mediafo ne Elamfo, ne wɔn a wɔte Mesopotamia ne Yudea ne Kapadokia, Ponto, Asia,
10 ၁၀ ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသော သူ၊ ရောမမြို့မှလာသောဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊
Frigia ne Pamfilia, Misraim ne Libia fa a ɛbɛn Kirene ne ahɔho a wofi Roma, Yudafo ne wɔn a wɔasakra aba Yudasom mu,
11 ၁၁ ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူများသည် ဘုရား သခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
ne Kretafo ne Arabfo mu biara kasa mu yi?”
12 ၁၂ ထိုလူအပေါင်းတို့သည် မိန်းမော တွေးတောသောစိတ်ရှိသည်နှင့်၊ ဤအမှုအရာသည်အဘယ်သို့သော အမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက်ပြောဆိုကြ၏။
Wɔde ahodwiriw bisae se, “Eyi ase ne dɛn?”
13 ၁၃ လူအချို့တို့က၊ ဤသူတို့သည်ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
Afoforo nso dii wɔn ho fɛw se, “Saa nnipa yi abobow nsa.”
14 ၁၄ ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သော အသံနှင့်ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့်ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကိုစေ့စေ့နာခံကြလော့။
Petro ne asomafo dubaako no sɔre gyinaa hɔ na ɔkasaa denneennen kyerɛɛ nnipa no se, “Me nuanom Yudafo ne mo a mote Yerusalem nyinaa, muntie asɛm a mereka yi.
15 ၁၅ ယခုအချိန်ကားနံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။
Saa nnipa yi mmow nsa sɛnea mususuw no, efisɛ ade nnya nkyee a ɛsɛ sɛ obi nom nsa bow.
16 ၁၆ ဤအရာကားပရောဖက်ယောလဟောဘူးသောအရာ ဖြစ်သတည်း။
Asɛm a asi yi na odiyifo Yoel hyɛɛ ho nkɔm se:
17 ၁၇ ဟောဘူးအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း မည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရှုပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကိုမြင်မက်ရ ကြလိမ့်မည်။
“‘Onyankopɔn kae se, nna a edi akyiri no, mehwie me Honhom no agu nnipa nyinaa so. Mo mmabarima ne mo mmabea bɛhyɛ nkɔm, mo mmerante nso ahu anisoade. Na mo mpanyin nso asoso adae.
18 ၁၈ ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါ သွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
Saa mmere no mu no, mehwie me Honhom agu mʼasomfo mpo so, mmarima ne mmea, ama wɔahyɛ nkɔm.
19 ၁၉ အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကို၎င်း၊ အောက်အရပ်မြေကြီးပေါ်၌သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။
Mede mogya ne ogya ne wusiw kumɔnn bɛyɛ anwonwade ne nsɛnkyerɛnne wɔ ɔsoro ne asase so.
20 ၂၀ ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။
Ansa na Awurade da kɛse no bɛba no, owia beduru sum na ɔsram nso ayɛ sɛ mogya.
21 ၂၁ ထိုအခါထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြ လတံ့ဟု ဘုရားဗျာဒိတ်တော်ရှိ၏။
Na obiara a ɔbɛbɔ Awurade din no benya nkwa.’
22 ၂၂ ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ သိကြသည့်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ်၍၊
“Israelfo, muntie! Yesu Nasareni no yɛ ɔbarima bi a ne dwuma kronkron a obedii no daa adi wɔ tumi ne anwonwade ne nsɛnkyerɛnne a Onyankopɔn nam ne so yɛe a mo ankasa di ho adanse no mu.
23 ၂၃ ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်၎င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသော သူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။
Onyankopɔn ankasa fi ne pɛ ne ne nhumu mu sii gyinae yii Yesu maa mo, na mode no maa nnebɔneyɛfo ma wɔbɔɔ no asennua mu kum no.
24 ၂၄ ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍ထမြောက်စေတော်မူပြီ။
Nanso Onyankopɔn nyan no fii owu mu ma oyii no fii owuyaw mu, efisɛ owu antumi anni ne so.”
25 ၂၅ ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။
Asɛm a Dawid ka faa ne ho ne sɛ, “Mihu Awurade wɔ mʼani so daa nyinaa. Esiane sɛ ɔwɔ me nsa nifa nti, merenhinhim da.
26 ၂၆ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
Ɛno nti me kra ani gye, na me tɛkrɛma di ahurusi. Me nipadua nso bɛhome asomdwoe mu.
27 ၂၇ အကြောင်းမူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော် ၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော် မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူ လိမ့်မည်။ (Hadēs )
Efisɛ worennyaw me awufo mu. Na woremma wo Kronkronni no mporɔw. (Hadēs )
28 ၂၈ မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူ လိမ့် မည်ဟုဒါဝိဒ်ဆိုသတည်း။
Woakyerɛ me nkwagye kwan; na wobɛma mʼani agye wɔ wʼanim.
29 ၂၉ ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။
“Anuanom, ɛsɛ sɛ meda mʼadwene adi pefee wɔ yɛn panyin Dawid ho. Owui na wosiee no, na ne nna da so wɔ hɔ besi nnɛ.
30 ၃၀ ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိ ပလ္လင်ပေါ်မှာတင်တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ၍၊
Na ɔyɛ odiyifo a onim bɔ bi a Onyankopɔn ahyɛ no no. Onyankopɔn hyɛɛ bɔ se ɔbɛyɛ Dawid asefo no mu baako ɔhene, sɛnea Dawid yɛ ɔhene no ara pɛ.
31 ၃၁ ခရစ်တော်၏ထမြောက်ခြင်းအကြောင်းကိုရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။ (Hadēs )
Dawid huu nea Onyankopɔn rebɛyɛ no ɔkasa faa owusɔre a ɛfa Agyenkwa no ho se, ‘Wɔannyaw no awufo mu. Ne honam nso amporɔw.’ (Hadēs )
32 ၃၂ ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။
Onyankopɔn anyan saa Yesu yi afi owu mu, na yɛn nyinaa yɛ saa asɛm yi ho nnansefo.
33 ၃၃ ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ဂတိတော်နှင့် ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွန်း လောင်းတော်မူ၏။
Wɔahyɛ no anuonyam de no akɔtena Onyankopɔn nifa so ma ne nsa aka Honhom Kronkron no a Agya no hyɛɛ no ho bɔ no; ɛno na wahwie agu yɛn so, na ɛho nsɛnkyerɛnne na muhu na mote yi.
34 ၃၄ ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊
Dawid ankasa de, wankɔ ɔsoro, na mmom ɔkae se, “‘Awurade ka kyerɛɛ me wura se, “Tena me nsa nifa so ha,
35 ၃၅ သို့ရာတွင် ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ် စကားရှိ၏။
kosi sɛ mede wʼatamfo bɛyɛ wʼanan ntiaso.”’
36 ၃၆ ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကိုဘုရားသခင်သည် ခရစ်တော်၌ ၎င်း၊ အစိုးရသောအရှင်အရာ၌၎င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။
“Ɛsɛ sɛ nnipa a wɔwɔ Israel nyinaa hu sɛ, mo na mobɔɔ saa Yesu yi a Onyankopɔn ayɛ no Awurade ne Agyenkwa no asennua mu.”
37 ၃၇ ထိုသိုတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။
Bere a nnipa no tee saa asɛm yi, ɛhaw wɔn yiye. Enti wobisaa Petro ne asomafo a wɔaka no se, “Anuanom, dɛn na yɛnyɛ?”
38 ၃၈ ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။
Petro ka kyerɛɛ wɔn se, “Monsakra mo adwene na momma wɔmmɔ mo asu wɔ Yesu Kristo din mu sɛnea ɛbɛyɛ a wɔde mo bɔne bɛkyɛ mo na moanya Onyankopɔn akyɛde a ɛyɛ Honhom Kronkron no.
39 ၃၉ အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီးတို့နှင့်၎င်း၊ ဝေးသော သူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။
Onyankopɔn hyɛɛ Honhom Kronkron yi ho bɔ maa mo ne mo mma ne wɔn a wɔtete akyirikyiri ne wɔn a Awurade, yɛn Nyankopɔn bɛfrɛ wɔn aba ne nkyɛn no nyinaa.”
40 ၄၀ ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။
Petro kaa nsɛm bebree kyerɛɛ wɔn se, “Munnye mo ho mfi asotwe a ɛreba saa nnebɔneyɛfo yi so no mu.”
41 ၄၁ ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။
Wɔn mu dodow no ara gyee asɛm no di ma wɔbɔɔ wɔn asu. Saa da no, nnipa bɛyɛ mpensa na wɔbɛkaa agyidifo no ho.
42 ၄၂ ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။
Daa na wɔde wɔn adagyew nyinaa sua asomafo no nkyerɛkyerɛ. Wɔne wɔn nyaa ayɔnkofa, hyia didi bɔɔ mu ne wɔn bɔɔ mpae.
43 ၄၃ လူအပေါင်းတို့သည်ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ၏။
Asomafo no yɛɛ anwonwade ahorow bebree ma obiara a ohuu no ho dwiriw no.
44 ၄၄ ယုံကြည်သော သူအပေါင်းတို့သည် တစုတဝေးတည်းနေကြသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။
Gyidifo no nyinaa kɔɔ so tenaa ase sɛ nnipa koro, na wɔkyekyɛɛ wɔn ahode mu memaa wɔn ho wɔn ho.
45 ၄၅ မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင်၊ လူများ ဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေဌခြင်းကို ပြုကြ၏။
Wɔtɔn wɔn ahode kyekyɛɛ sika a wonya fii mu no maa wɔn ho wɔn ho sɛnea ɛho hia obiara.
46 ၄၆ ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့ လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ၏။
Daa na wɔbɔ mu hyia wɔ asɔredan mu de anigye ne koma pa bɔ mu didi wɔ wɔn afi mu. Wɔkamfoo Onyankopɔn, nyaa anuonyam wɔ nnipa anim.
47 ၄၇ ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။
Da biara na Awurade de wɔn a ogye wɔn nkwa no bɛka wɔn ho.