< တမန်တော်ဝတ္ထု 2 >

1 ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏
Likaishileje lyubha lya Shikukuu sha Mauno shishemwa Pentekoshite, bhaakulupalilanga bhowe bha a Yeshu bhashinkuimananga pamo.
2 ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ၏။
Shangupe mpugo kukopoka kunani kunnungu, gwa mbuti shitutu shikugumbalaga nnyumba mubhalinginji mula.
3 ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည် နေကြ၏။
Kungai, gwikoposhele indu mbuti malamba ga moto, gakugabhanyikaga nikuntulila kila mundu.
4 ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည်ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။
Gubhagumbeywenjwe Mbumu jwa Ukonjelo, gubhatandwibhenje kubheleketa kwa luga inape malinga Mbumu shabhalongoyangaga kubheleketa.
5 ထိုကာလအခါ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုးထဲကဘုရားကိုရိုသေသော ယုဒလူတို့ သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။
Ku Yelushalemu bhashinkupagwanga Bhayaudi, bhaakulupalilanga malajilo ga a Nnungu, kukoposhela mmbali yowe ya shilambolyo.
6 ထိုအသံကိုကြားရသာအခါ၊ လူများတို့သည်စုဝေးလာကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကိုကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။
Bhandunji bhala bhakapilikananjeje gwene mpugogo gubhaloposhelenje. Bhowe gubhaimukenje pabha kila mundu ashinkwaapilikananga bhalibheleketanga kwa luga jakwe nnyene.
7 ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။
Gubhakanganigwenje na kuimonga bhalinkutinji, “Abha bhowe bhutukwaapilikananga bhalibhelekatanga nnei bha, nngabha bhashilambo bha ku Galilaya?
8 သို့ဟုတ်လျှင်ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း။
Igala itendile bhuli, pakuti tunakwaapilikananga bhalibheleketanga kwa luga yetu twaashaayene?
9 ပါသိပြည်မှစ၍မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကုပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊
Tubhana tu Bhapati, na Bhamede, na Bhaelamia, na bhananji bhashilambo bha ku Meshopotamia, na ku Yudea, na ku Kapadokia, na ku Ponto, na ku Ashia.
10 ၁၀ ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသော သူ၊ ရောမမြို့မှလာသောဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊
Ku Piligia, na ku Pampilia, na ku Mishili, na mmbali ja ku Libhiya tome na ku Kilene, ashaajetunji bhananji Bhaloma.
11 ၁၁ ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူများသည် ဘုရား သခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
Bhaalabhu na bhandunji bhajinjilengene dini ja Shiyaudi, bhana bhakoposhelenje ku Kilete na ku Alabhia. Tubhowe tunaapilikana bhalibheleketanga kwa luga yetu indu ikulungwa ya a Nnungu.”
12 ၁၂ ထိုလူအပေါင်းတို့သည် မိန်းမော တွေးတောသောစိတ်ရှိသည်နှင့်၊ ဤအမှုအရာသည်အဘယ်သို့သော အမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက်ပြောဆိုကြ၏။
Bhowe gubhakanganigwenje na tenguka akuno bhalibhuyananga, “Yenei malombololelo gakwe nndi?”
13 ၁၃ လူအချို့တို့က၊ ဤသူတို့သည်ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
Ikabheje bhananji gubhatendilenje mbenji bhalinkutinji, “Bhashikolelwanga!”
14 ၁၄ ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သော အသံနှင့်ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့်ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကိုစေ့စေ့နာခံကြလော့။
Ikabheje a Petili gubhajimi pamo na likumi limo na jumo bhala, gubhatandwibhe kwaalugulilanga bhandunji kwa lilobhe lya utiya bhalinkuti, “Ashaapwanga, bha ku Yudea na mmowe nkutamangananga pa Yelushalemu pano, mpilikanishayanje ukoto malobhe gangu.
15 ၁၅ ယခုအချိန်ကားနံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။
Abha bhandunjibha bhangakolelwanga malinga shinkuganishiyanga, pabha nnaino shaa tatu ja lyamba.
16 ၁၆ ဤအရာကားပရောဖက်ယောလဟောဘူးသောအရာ ဖြစ်သတည်း။
Ikabheje genega ni gubhabhelekete ankulondola bha a Nnungu a Yoweli gala,
17 ၁၇ ဟောဘူးအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း မည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရှုပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကိုမြင်မက်ရ ကြလိမ့်မည်။
‘Shiibhe ku mobha ga kumpelo, a Nnungu bhakuti, ngupinga kwaagumbayanga bhandu bhowe Mbumu jwangu. Ashibhana bhenunji bhanabhalume na bhanabhakongwe shibhalondolanje, bhangwendo bhenunji shibhalanguywanje ilangulo, na bhanangulungwa bhenunji shibhaagamilanje.
18 ၁၈ ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါ သွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
Elo, gene mobhago bhatumishi bhangu bhanabhalume na bhanabhakongwe, shinaagumbayanje Mbumu jwangu, nabhalabhonji shibhalondolanje.
19 ၁၉ အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကို၎င်း၊ အောက်အရပ်မြေကြီးပေါ်၌သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။
Shindende ilapo kunani kunnungu, na ilangulo pa shilambolyo, shikubhe na minyai na moto na lyoi,
20 ၂၀ ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။
Lyubha shilitendebhushe nibha lubhindu, na mwei upinga shejela mbuti minyai, likanabhe ishila lyubha likulu lya ukonjelo lya Bhakulungwa.
21 ၂၁ ထိုအခါထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြ လတံ့ဟု ဘုရားဗျာဒိတ်တော်ရှိ၏။
Penepo, shaajuje kwa lina lya Bhakulungwa, shaatapulwe.’
22 ၂၂ ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ သိကြသည့်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ်၍၊
“Mmashilambo bha pa Ishilaeli, mpilikananje agano malobhe gano! A Yeshu Bhanashaleti bhashinkukong'ondelwa kunngwenunji kwa itendi ya ilapo, na ilangulo ibhatendaga a Nnungu kwa nkono gwabho, malinga shimmumanyinji.
23 ၂၃ ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်၎င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသော သူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။
Kutolelela na shibhapanjile bhayene a Nnungu na bhamumanyi kuti, mmanganya shimwaakamulanje na kwaabhulaga kwa kwaaleshelanga bhandunji bhangali bha mmbone bhaakomelanje munshalabha.
24 ၂၄ ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍ထမြောက်စေတော်မူပြီ။
Ikabheje a Nnungu gubhaayushiye, gubhatapwilwe kumboteko ya shiwo pabha ikanatendeshe shiwo shaakamule.
25 ၂၅ ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။
Pabha a Daudi bhabhelekete ga ngani jabho kuti, ‘Naabhonaga Bhakulungwa mmujo jangu mobha gowe, pabha kubhali kunkono gwangu gwa nnilo, bhai ngatenganyika.
26 ၂၆ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
Kwa nneyo, ntima gwangu gwashinkwiinonyela, na kabhili nashinkululuta nkwiinonyela. Namwene shindame nngulupai,
27 ၂၇ အကြောင်းမူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော် ၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော် မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူ လိမ့်မည်။ (Hadēs g86)
Pabha nkaileka mbumu yangu ijende kundamo ja bhawilenje, wala nkanneka jwa Ukonjelo jwenu abhole. (Hadēs g86)
28 ၂၈ မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူ လိမ့် မည်ဟုဒါဝိဒ်ဆိုသတည်း။
Nshinangula mipanda ja gumi, bhai shiniinonyele pabha mpali.’
29 ၂၉ ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။
“Ashaalongo ajangu, ngunapinga nimmalanjilanje gwangali nng'iyo gaapatile anakulubhetu a Daudi. Bhalabho bhawile na gubhashishilwe, na kabhili likabhuli lyabho launo pulili panngwetu pepano.
30 ၃၀ ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိ ပလ္လင်ပေါ်မှာတင်တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ၍၊
Ikabheje, a Daudi pubhaliji ankulondola bha a Nnungu, bhamumanyi kuti a Nnungu bhaabhalanjile kwa lumbila kuti shibhannjimishe jumo nnubheleko lwabho kubha nkulungwa pandamo jabho.
31 ၃၁ ခရစ်တော်၏ထမြောက်ခြင်းအကြောင်းကိုရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။ (Hadēs g86)
A Daudi bhagabhweni gubhapinga tenda a Nnungu, kwa nneyo gubhabhelekete ga yuka kwa a Kilishitu bhalinkuti, ‘Bhangalekwa kundamo ja bhawilenje na wala maiti gabho gangabhola.’ (Hadēs g86)
32 ၃၂ ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။
A Nnungu bhashinkwayuya a Yeshu na uwe ni tubhakong'ondela bha genego.
33 ၃၃ ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ဂတိတော်နှင့် ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွန်း လောင်းတော်မူ၏။
A Yeshu bhakakweyweje na bhikwa kunkono nnilo gwa a Nnungu, gubhapegwilwe Mbumu jwa Ukonjelo jubhalajile jula, na nnaino bhatugumbeye shene shinkushibhonanga na kushipilikana shino.
34 ၃၄ ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊
Pabha a Daudi bhayene bhangakwela kwenda kunani kunnungu, nigubhashite nnei, ‘Bhakulungwa bhaalugulile Bhakulungwa bhangu, Ntame kunkono nnilo gwangu,
35 ၃၅ သို့ရာတွင် ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ် စကားရှိ၏။
Mpaka pushinaabhikanje ashaamagongo ajenu pa libhatila makongono genu.’
36 ၃၆ ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကိုဘုရားသခင်သည် ခရစ်တော်၌ ၎င်း၊ အစိုးရသောအရှင်အရာ၌၎င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။
“Kwa nneyo, bhandu bhowe bha pa Ishilaeli bhanapinjikwanga bhamumanyanje kuti a Yeshu bhumwaakomelenje munshalabha bhala, a Nnungu bhashikwaatenda kubha Bhakulungwa na a Kilishitu.”
37 ၃၇ ထိုသိုတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။
Bhandu bhakapilinanjeje genego, guyapotekenje mmitima jabhonji, gubhaabhushiyenje a Petili na mitume bhananji bhala. “Ashaalongo ajetu, igala tutende bhuli?”
38 ၃၈ ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။
A Petili gubhajangwile, “Kila mundu aipete na abhatishwe kwa lina lya a Yeshu Kilishitu, malombolelo gakwe mundu aagwilwe na a Nnungu, nkupinga nneshelelwanje ilebho yenunji na shimposhelanje upo Mbumu jwa Ukonjelo alajilwe jula.
39 ၃၉ အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီးတို့နှင့်၎င်း၊ ဝေးသော သူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။
Pabha malagano gala pugaaliji kwa ligongo lyenu mmanganya na ashibhana bhenu, na bhowe bhaatamangana kutalishe na kwa kila mundu shashemwe na Bhakulungwa a Nnungu bhetu.”
40 ၄၀ ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။
Na kwa malobhe gana gamagwinji, a Petili bhakwaaleyangaga na kwaashondelesheyanga bhandunji bhalinkuti, “Mwiitapulanje na lubheleko lwangali lwambonelu.”
41 ၄၁ ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။
Bhabhagwinji gubhakulupalilenje malobhe gabho, nigubhabhatishwenje. Na lyene lyubhalyo bhandunji kuishila elupu tatu gubhajenjesheshenje nnikundi mula.
42 ၄၂ ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။
Bhene bhowebho gubhapundilenje kujiganywa na mitume, akuno bhalitamangana shiulongo na lyanganga shalya pamo na juga Nnungu.
43 ၄၃ လူအပေါင်းတို့သည်ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ၏။
Mitume bhashinkutendanga ilapo na ilangulo yaigwinji, mpaka kila mundu shijogopele.
44 ၄၄ ယုံကြည်သော သူအပေါင်းတို့သည် တစုတဝေးတည်းနေကြသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။
Bhaakulupalila bhowe gubhapundilenje kubha shindu shimo, akuno bhalikundikanilananga indu yabhonji.
45 ၄၅ မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင်၊ လူများ ဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေဌခြင်းကို ပြုကြ၏။
Bhatendaga ushanga indu yabhonji nigabhana ela kila mundu nipegwa malinga shiyapinjikwaga.
46 ၄၆ ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့ လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ၏။
Gubhapundilenje kuimana kila lyubha Nliekalu. Bhatendaga imana mmajumba gabhonji nilyanganga shalya nyumba na nyumba kwa mitima ja kwiitimalika.
47 ၄၇ ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။
Bhatendaga kwaakuyanga a Nnungu na pingwanga na bhandu bhowe. Kila lyubha Bhakulungwa bhatendaga jenjesheya bhandu bhatapulwangaga.

< တမန်တော်ဝတ္ထု 2 >