< တမန်တော်ဝတ္ထု 19 >
1 ၁ အာပေါလုသည် ကောရိန္တုမြို့၌နေစဉ်၊ ပေါလုသည်အထက် အရပ်များကို ရှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊
Пе кынд ера Аполо ын Коринт, Павел, дупэ че а трекут прин цинутуриле де сус але Асией, а ажунс ла Ефес. Аич а ынтылнит пе кыцьва ученичь
2 ၂ သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်း သော ဝိညာဉ်တော် ကိုခံကြပြီဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။
ши ле-а зис: „Аць примит вой Духул Сфынт кынд аць крезут?” Ей й-ау рэспунс: „Нич н-ам аузит мэкар кэ а фост дат ун Дух Сфынт.”
3 ၃ ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။
„Дар ку че ботез аць фост ботезаць?” ле-а зис ел. Ши ей ау рэспунс: „Ку ботезул луй Иоан.”
4 ၄ ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆို လျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်။
Атунч Павел а зис: „Иоан а ботезат ку ботезул покэинцей ши спуня нородулуй сэ крядэ ын Чел че веня дупэ ел, адикэ ын Исус.”
5 ၅ ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ဗတ္တိဇံကို ခံကြ၏။
Кынд ау аузит ей ачесте ворбе, ау фост ботезаць ын Нумеле Домнулуй Исус.
6 ၆ ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော် မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။
Кынд шь-а пус Павел мыниле песте ей, Духул Сфынт С-а коборыт песте ей ши ворбяу ын алте лимбь ши пророчяу.
7 ၇ ထိုသူတို့သည် အရေအတွက်အားဖြင့် တကျိပ် နှစ်ယောက်မျှ လောက်ရှိသတည်း။
Ерау кам дойспрезече бэрбаць де тоць.
8 ၈ ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။
Ын урмэ, Павел а интрат ын синагогэ, унде ворбя ку ындрэзнялэ. Тимп де трей лунь а ворбит ку ей деспре лукруриле привитоаре ла Ымпэрэция луй Думнезеу ши кэута сэ ындуплече пе чей че-л аскултау.
9 ၉ အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲ နေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊
Дар, фииндкэ уний рэмыняу ымпетриць ши некрединчошь ши ворбяу де рэу Каля Домнулуй ынаинтя нородулуй, Павел а плекат де ла ей, а деспэрцит пе ученичь де ей ши а ынвэцат ын фиекаре зи пе нород ын шкоала унуя нумит Тиран.
10 ၁၀ တုရန္နုအမည်ရှိသောသူ၏ စာသင်စရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့်၊ အာရှိ ပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူ အပေါင်းတို့ သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။
Лукрул ачеста а цинут дой ань, аша кэ тоць чей че локуяу ын Асия, иудей ши гречь, ау аузит Кувынтул Домнулуй.
11 ၁၁ ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကိုပြတော်မူသည်ဖြစ်၍၊
Ши Думнезеу фэчя минунь немайпомените прин мыниле луй Павел,
12 ၁၂ ပေါလုသုံးသောပဝါ၊ ခါးပန်းတခုခုကို အနာရောဂါရှိသောသူ တို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့်ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွားကြ၏။
пынэ аколо кэ песте чей болнавь се пуняу басмале сау шорцурь каре фусесерэ атинсе де трупул луй ши-й лэсау болиле ши ешяу дин ей духуриле реле.
13 ၁၃ ထိုအခါအရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြော သော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာ ပေး၏ဟုဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။
Ниште ексорчишть иудей, каре умблау дин лок ын лок, ау ынчеркат сэ кеме Нумеле Домнулуй Исус песте чей че авяу духурь реле, зикынд: „Вэ жур пе Исус, пе каре-Л проповэдуеште Павел, сэ ешиць афарэ!”
14 ၁၄ သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။
Чей че фэчяу лукрул ачеста ерау шапте фечорь ай луй Счева, ун преот иудеу дин чей май де сямэ.
15 ၁၅ နတ်ဆိုးကလည်း၊ ယေရှုကိုငါသိ၏။ ပေါလုကို လည်း ငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင်၊
Духул чел рэу ле-а рэспунс: „Пе Исус Ыл куноск ши пе Павел ыл штиу, дар вой чине сунтець?”
16 ၁၆ နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှအဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။
Ши омул ын каре ера духул чел рэу а сэрит асупра лор, й-а бируит пе амындой ши й-а скинӂюит ын аша фел кэ ау фуӂит гой ши рэниць дин каса ачея.
17 ၁၇ ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏ နာမတော် ကိုချီးမွမ်းကြ၏။
Лукрул ачеста а фост куноскут де тоць иудеий, де тоць гречий каре локуяу ын Ефес, ши й-а апукат фрика пе тоць, ши Нумеле Домнулуй Исус ера прослэвит.
18 ၁၈ ယုံကြည်သောသူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်ကို ဘော်ပြလျက်တောင်းပန်ကြ၏။
Мулць дин чей че крезусерэ веняу сэ мэртурисяскэ ши сэ спунэ че фэкусерэ.
19 ၁၉ နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ ရှေ့မှာမီးရှို့ကြ၏။ စာစောင် အဘိုးကိုချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။
Ши уний дин чей че фэкусерэ врэжиторий шь-ау адус кэрциле ши ле-ау арс ынаинтя тутурор; прецул лор с-а сокотит ла чинчзечь де мий де арӂинць.
20 ၂၀ ထိုသို့သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။
Ку атыта путере се рэспындя ши се ынтэря Кувынтул Домнулуй.
21 ၂၁ ထိုနောက်မှပေါလုက၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့ သို့သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊
Дупэ че с-ау петрекут ачесте лукрурь, Павел шь-а пус де гынд сэ се дукэ ла Иерусалим, трекынд прин Мачедония ши Ахая. „Дупэ че вой мерӂе аколо”, ышь зичя ел, „требуе сэ вэд ши Рома.”
22 ၂၂ မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ခဏ နေသေး၏။
А тримис ын Мачедония пе доуэ дин ажутоареле луй, пе Тимотей ши Ераст, яр ел а май рэмас кытэва време ын Асия.
23 ၂၃ ထိုအခါဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား၊
Пе время ачея, с-а фэкут о маре тулбураре ку привире ла Каля Домнулуй.
24 ၂၄ ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ် တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမား တို့အားစီးပွားများ ကိုပြုတတ်၏။
Ун арӂинтар, нумит Димитрие, фэчя темпле де арӂинт де-але Дианей ши адучя лукрэторилор сэй ну пуцин кыштиг ку еле.
25 ၂၅ ထိုသူသည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမား များကိုစုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤ အတတ်ကိုသင်တို့သိကြ၏။
Й-а адунат ла ун лок, ымпреунэ ку чей де ачеяшь месерие, ши ле-а зис: „Оаменилор, штиць кэ богэция ноастрэ атырнэ де месерия ачаста
26 ၂၆ ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှ တို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တရှောက်လုံးကုန် မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။
ши ведець ши аузиць кэ Павел ачеста, ну нумай ын Ефес, дар апроапе ын тоатэ Асия, а ындуплекат ши а абэтут мулт нород ши зиче кэ зеий фэкуць де мынь ну сунт думнезей.
27 ၂၇ ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တရှောက် လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သောဘုန်း အသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။
Примеждия каре вине дин ачест фапт ну есте нумай кэ месерия ноастрэ каде ын диспрец, дар ши кэ темплул марий зеице Диана есте сокотит ка о нимика, ши кяр мэреция ачелея каре есте чинститэ ын тоатэ Асия ши ын тоатэ лумя есте нимичитэ.”
28 ၂၈ ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။
Кувинтеле ачестя й-ау умплут де мыние ши ау ынчепут сэ стриӂе: „Маре есте Диана ефесенилор!”
29 ၂၉ တမြို့လုံးရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာတေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်းပြေးဝင်ကြ၏။
Тоатэ четатя с-а тулбурат. Ау нэвэлит ку тоций ынтр-ун гынд ын тятру ши ау луат ку ей пе мачедонений Гаюс ши Аристарх, товарэший де кэлэторие ай луй Павел.
30 ၃၀ ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော် တို့သည် မြစ်တားကြ၏။
Павел воя сэ винэ ынаинтя нородулуй, дар ну л-ау лэсат ученичий.
31 ၃၁ ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း၊ ပွဲခံရာ စရပ်ထဲသို့ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။
Кяр ши уний дин май-марий Асией, каре-й ерау приетень, ау тримис ла ел сэ-л роаӂе сэ ну се дукэ ла тятру.
32 ၃၂ စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တယောက် တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင်မိမိတို့မသိကြ။
Уний стригау уна, алций алта, кэч адунаря ера ын ынвэлмэшялэ ши чей май мулць нич ну штияу пентру че се адунасерэ.
33 ၃၃ ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်ဖြေရာ စကားကို လူများတို့ အား ပြောခြင်းငှါ အလိုရှိ၏။
Атунч, ау скос дин нород пе Александру, пе каре иудеий ыл ымпинӂяу ынаинте. Александру а фэкут семн ку мына ши воя сэ се апере ынаинтя нородулуй.
34 ၃၄ သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီ ခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့် ဟစ်ကြ၏။
Дар кынд л-ау куноскут кэ есте иудеу, ау стригат тоць ынтр-ун глас, тимп де апроапе доуэ часурь: „Маре есте Диана ефесенилор!”
35 ၃၅ မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသောဘုရားကျွန်ဖြစ်သည် ကို မသိသော သူတစုံတယောက်ရှိသလော။
Тотушь логофэтул а потолит нородул ши а зис: „Бэрбаць ефесень, чине есте ачела каре ну штие кэ четатя ефесенилор есте пэзитоаря темплулуй марий Диане ши а кипулуй ей кэзут дин чер?
36 ၃၆ ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ် ၍၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ၏။
Фииндкэ нимень ну поате сэ тэгэдуяскэ лукрул ачеста, требуе сэ вэ потолиць ши сэ ну фачець нимик ку порнире некибзуитэ.
37 ၃၇ သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ၊ ဗိမာန်တော်ကိုလုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့ ၏ ဘုရားကိုမကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။
Кэч аць адус аич пе оамений ачештя, каре ну сунт виноваць нич де жефуиря темплулуй, нич де хулэ ымпотрива зеицей ноастре.
38 ၃၈ ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစုံတယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။
Деч, дакэ, ын адевэр, Димитрие ши мештерий луй ау сэ се плынгэ ымпотрива куйва, сунт зиле де жудекатэ ши сунт дрегэторь; сэ се пыраскэ уний пе алций.
39 ၃၉ သို့မဟုတ်သင်တို့သည် အခြားအမှုကို အစီရင်ခံ လိုလျှင်၊ တရားသောအစည်းအဝေး၌စီရင်ရလိမ့်မည်။
Дар, дакэ умблаць дупэ алтчева, се ва хотэры ынтр-о адунаре леӂуитэ.
40 ၄၀ ယနေ့ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာ တစုံတခုမျှ မရှိဟု၊
Ной, де фапт, сунтем ын примеждие сэ фим ынвинуиць де рэскоалэ пентру челе ынтымплате астэзь, кэч н-авем ничун темей ка сэ путем ындрептэци зарва ачаста.”
41 ၄၁ ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။
Дупэ ачесте кувинте, а дат друмул адунэрий.