< တမန်တော်ဝတ္ထု 18 >

1 ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား ၍ ကောရိန္တု မြို့သို့ရောက်လေ၏။
tadghaṭanātaḥ paraṁ paula āthīnīnagarād yātrāṁ kṛtvā karinthanagaram āgacchat|
2 ထိုအခါယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိ သည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွမကြာမမြင့်မှီ ရောက်လာသည်ကို ပေါလုတွေ့လျှင်သူတို့ဆီသို့ဝင်၍၊
tasmin samaye klaudiyaḥ sarvvān yihūdīyān romānagaraṁ vihāya gantum ājñāpayat, tasmāt priskillānāmnā jāyayā sārddham itāliyādeśāt kiñcitpūrvvam āgamat yaḥ pantadeśe jāta ākkilanāmā yihūdīyalokaḥ paulastaṁ sākṣāt prāpya tayoḥ samīpamitavān|
3 အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ် သော အချုပ်သမားဖြစ်ကြ၏။
tau dūṣyanirmmāṇajīvinau, tasmāt parasparam ekavṛttikatvāt sa tābhyāṁ saha uṣitvā tat karmmākarot|
4 ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွေး ဟောပြော၍၊ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။
paulaḥ prativiśrāmavāraṁ bhajanabhavanaṁ gatvā vicāraṁ kṛtvā yihūdīyān anyadeśīyāṁśca pravṛttiṁ grāhitavān|
5 သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။
sīlatīmathiyayo rmākidaniyādeśāt sametayoḥ satoḥ paula uttaptamanā bhūtvā yīśurīśvareṇābhiṣikto bhavatīti pramāṇaṁ yihūdīyānāṁ samīpe prādāt|
6 ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည် ရှိသော်၊ ပေါလု သည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင်၊
kintu te 'tīva virodhaṁ vidhāya pāṣaṇḍīyakathāṁ kathitavantastataḥ paulo vastraṁ dhunvan etāṁ kathāṁ kathitavān, yuṣmākaṁ śoṇitapātāparādho yuṣmān pratyeva bhavatu, tenāhaṁ niraparādho 'dyārabhya bhinnadeśīyānāṁ samīpaṁ yāmi|
7 ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ် သော ယုတ္တု အမည်ရှိသောသူ၏ အိမ်သို့သွား၏။ ထိုအိမ်သည် တရားစရပ်နှင့် စပ်လျက်ရှိသတည်း။
sa tasmāt prasthāya bhajanabhavanasamīpasthasya yustanāmna īśvarabhaktasya bhinnadeśīyasya niveśanaṁ prāviśat|
8 ကရိပ္ပုအမည်ရှိသောတရားစရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္တုပြည်သားအများတို့သည် လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။
tataḥ krīṣpanāmā bhajanabhavanādhipatiḥ saparivāraḥ prabhau vyaśvasīt, karinthanagarīyā bahavo lokāśca samākarṇya viśvasya majjitā abhavan|
9 ညဉ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာ ဒိတ် ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ် စွာမနေနှင့်။ ဟောပြောလော့။
kṣaṇadāyāṁ prabhuḥ paulaṁ darśanaṁ datvā bhāṣitavān, mā bhaiṣīḥ, mā nirasīḥ kathāṁ pracāraya|
10 ၁၀ ငါသည်သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်း ငှါ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ငါ၏ လူအများရှိကြသည်ဟု မိန့်တော်မူ၏။
ahaṁ tvayā sārddham āsa hiṁsārthaṁ kopi tvāṁ spraṣṭuṁ na śakṣyati nagare'smin madīyā lokā bahava āsate|
11 ၁၁ ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရား သခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြော သွန်သင် ၍ တနှစ်နှင့်ခြောက်လ ပတ်လုံးနေလေ၏။
tasmāt paulastannagare prāyeṇa sārddhavatsaraparyyantaṁ saṁsthāyeśvarasya kathām upādiśat|
12 ၁၂ အခါယပြည်ကို ဂါလျန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက် ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊
gālliyanāmā kaścid ākhāyādeśasya prāḍvivākaḥ samabhavat, tato yihūdīyā ekavākyāḥ santaḥ paulam ākramya vicārasthānaṁ nītvā
13 ၁၃ လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ် စေခြင်းငှါ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ၏။
mānuṣa eṣa vyavasthāya viruddham īśvarabhajanaṁ karttuṁ lokān kupravṛttiṁ grāhayatīti niveditavantaḥ|
14 ၁၄ ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်း ယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိ သည်အတိုင်းသည်းခံရမည်။
tataḥ paule pratyuttaraṁ dātum udyate sati gālliyā yihūdīyān vyāharat, yadi kasyacid anyāyasya vātiśayaduṣṭatācaraṇasya vicāro'bhaviṣyat tarhi yuṣmākaṁ kathā mayā sahanīyābhaviṣyat|
15 ၁၅ သို့မဟုတ် စကားသော်၎င်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်၎င်း၊ သင်တို့၏ဘာသာတရားသော်၎င်း၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှါ ငါအလိုမရှိ ဟုဆိုလျက်၊
kintu yadi kevalaṁ kathāyā vā nāmno vā yuṣmākaṁ vyavasthāyā vivādo bhavati tarhi tasya vicāramahaṁ na kariṣyāmi, yūyaṁ tasya mīmāṁsāṁ kuruta|
16 ၁၆ ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။
tataḥ sa tān vicārasthānād dūrīkṛtavān|
17 ၁၇ ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားစရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင် ရှေ့မှာ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျန်မင်းသည် အမှုမထား ဘဲနေ၏။
tadā bhinnadeśīyāḥ sosthinināmānaṁ bhajanabhavanasya pradhānādhipatiṁ dhṛtvā vicārasthānasya sammukhe prāharan tathāpi gālliyā teṣu sarvvakarmmasu na mano nyadadhāt|
18 ၁၈ ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်ကသစ္စာဂတိပြုသည်နှင့် အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလကို ခေါ်၍ ရှုရိပြည်သို့သင်္ဘောနှင့် လွှင့်လေ၏။
paulastatra punarbahudināni nyavasat, tato bhrātṛgaṇād visarjanaṁ prāpya kiñcanavratanimittaṁ kiṁkriyānagare śiro muṇḍayitvā priskillākkilābhyāṁ sahito jalapathena suriyādeśaṁ gatavān|
19 ၁၉ ဧဖက်မြို့သို့ရောက်လျှင်၊ တရားစရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှောလေ၏။
tata iphiṣanagara upasthāya tatra tau visṛjya svayaṁ bhajanabhvanaṁ praviśya yihūdīyaiḥ saha vicāritavān|
20 ၂၀ ထိုသူတို့သည် မိမိတို့နှင့် အတူပေါလု နေပါဦးမည်အကြောင်း တောင်းပန်သောအခါ၊ ပေါလုသည် ဝန်မခံဘဲလျက်၊
te svaiḥ sārddhaṁ punaḥ katipayadināni sthātuṁ taṁ vyanayan, sa tadanurarīkṛtya kathāmetāṁ kathitavān,
21 ၂၁ ယခုရောက်လုနီးသောပွဲကိုယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင်အလိုတော်ရှိလျှင်၊ နောက် တဖန်သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ၍ အခွင့်တောင်းပြီးမှ၊ ပြစ်ကိလနှင့် အာကုလကို ဧဖက်မြို့၌ ထား၍ သင်္ဘောနှင့်လွှင့်ပြန်လေ၏။
yirūśālami āgāmyutsavapālanārthaṁ mayā gamanīyaṁ; paścād īśvarecchāyāṁ jātāyāṁ yuṣmākaṁ samīpaṁ pratyāgamiṣyāmi| tataḥ paraṁ sa tai rvisṛṣṭaḥ san jalapathena iphiṣanagarāt prasthitavān|
22 ၂၂ ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့ သို့သွားပြန်၏။
tataḥ kaisariyām upasthitaḥ san nagaraṁ gatvā samājaṁ namaskṛtya tasmād āntiyakhiyānagaraṁ prasthitavān|
23 ၂၃ ထိုမြို့၌ အတန်အရာနေပြီးလျှင်၊ ထွက်ပြန်၍ ဂလာတိပြည်၊ ဖြူဂိပြည်ကို အစဉ်အတိုင်း ရှောက်သွား သဖြင့်၊ တပည့်တော်အပေါင်း တို့ကို မြဲမြံခိုင်ခံ့စေ၏။
tatra kiyatkālaṁ yāpayitvā tasmāt prasthāya sarvveṣāṁ śiṣyāṇāṁ manāṁsi susthirāṇi kṛtvā kramaśo galātiyāphrugiyādeśayo rbhramitvā gatavān|
24 ၂၄ အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူ တယောက်သည် ဧဖက်မြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏။
tasminneva samaye sikandariyānagare jāta āpallonāmā śāstravit suvaktā yihūdīya eko jana iphiṣanagaram āgatavān|
25 ၂၅ သခင်ဘုရား၏ဘာသာ၌လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏ အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံကိုသာသိ၏။
sa śikṣitaprabhumārgo manasodyogī ca san yohano majjanamātraṁ jñātvā yathārthatayā prabhoḥ kathāṁ kathayan samupādiśat|
26 ၂၆ ထိုသူသည် တရားစရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ဘုရားသခင်၏ ဘာသာတရားကိုသာ၍ သေချာစွာ သင်ကြားကြ၏။
eṣa jano nirbhayatvena bhajanabhavane kathayitum ārabdhavān, tataḥ priskillākkilau tasyopadeśakathāṁ niśamya taṁ svayoḥ samīpam ānīya śuddharūpeṇeśvarasya kathām abodhayatām|
27 ၂၇ ထိုသူသည် အခါယပြည်သို့သွားခြင်းငှါ အလိုရှိ သည်ဖြစ်၍၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည်မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သော သူတို့ကို အလွန်ထောက်မလေ၏။
paścāt sa ākhāyādeśaṁ gantuṁ matiṁ kṛtavān, tadā tatratyaḥ śiṣyagaṇo yathā taṁ gṛhlāti tadarthaṁ bhrātṛgaṇena samāśvasya patre likhite sati, āpallāstatropasthitaḥ san anugraheṇa pratyayināṁ bahūpakārān akarot,
28 ၂၈ ယေရှုသည်ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့၏စကားကို အားကြီးစွာ ပယ်ဖျက်လေ၏။
phalato yīśurabhiṣiktastrāteti śāstrapramāṇaṁ datvā prakāśarūpeṇa pratipannaṁ kṛtvā yihūdīyān niruttarān kṛtavān|

< တမန်တော်ဝတ္ထု 18 >