< တမန်တော်ဝတ္ထု 17 >
1 ၁ ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကို ရှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာယုဒတရားစရပ်ရှိ၏။
Paul le Silas sia Amphipolis le Apollonia a kantan zawk uh ciang in, Thessalonica theng uh hi, tua mun ah Judah te synagogue om hi:
2 ၂ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ ဝင်၍၊ ဥပုသ် နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊
Taciang Paul sia ama ngeina bang in, synagogue sung ah tum a, sabbath ni nithum sung amate taw laithiangtho sung thu te kikum uh hi.
3 ၃ ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှ ထမြောက်ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ၏။
Christ sia a thuak kul hamtang a hi na le thina pan thokik hamtang tu hi; ci in note tung ah ka pualak hi Jesus sia Christ a hihi, ci in pualak in hil thiang hi.
4 ၄ ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဘော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ၏။
Amate sung pan pawlkhat te in um uh a, Paul le Silas te kipawlpui uh hi; taciang tua te sung ah biakna sang a kipumpiak Greek mihon tampi le numei lampui tampi kihel uh hi.
5 ၅ ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကို ခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှါရှာကြ၏။
Ahihang a um ngawl Judah mite in haza uh a, van zuakna lamdung a vakvai mannung ngawl mite sam uh hi, taciang honpi khat hong pha uh a khuapi sung ah buaina piangsak uh hi, taciang Jason i inn sim uh a, mipi mai ah pusua tu in zong uh hi.
6 ၆ မတွေ့လျှင်၊ ယာသုန်နှင့်ညီအစ်ကိုအချို့တို့ကို မင်းအရာရှိ တို့ထံသို့ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။
Taciang amate in a mu ngawl uh ciang in, Jason le suapui pawlkhat te khuapi ulian te kung ah kai uh a, hileitung lumlet te himun zong ah hongpai uh hi;
7 ၇ ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ။ ထို သူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍၊ ယေရှုအမည် ရှိသော ရှင်ဘုရင်တပါး ရှိသည်ဆိုတတ်ပါ၏ဟု ဟစ်ကြော်လျက်၊
Amate sia Jason in ama inn ah tungsak hi: hi te theampo in Caesar thupiakna te langpan uh a, Jesus a kici a dang kumpi khat om hi, ci uh hi, ci in au lialua uh hi.
8 ၈ မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏ စိတ်ကို ထိုသို့သော စကားအားဖြင့် နှောင့်ရှက်ကြ၏။
Hi thu te mipi te le khuapi ulian te in a zak uh ciang in, buai mama uh hi.
9 ၉ ထိုအခါ ယာသုန်မှစ၍ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ၏။
Taciang Jason le a dang te sia a kisam za dangka liausak uh a, tua zawkciang in suaktasak kik uh hi.
10 ၁၀ ညဉ့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့်သိလကို ဗေရိမြို့သို့ ချက်ခြင်းလွှတ်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားစရပ်သို့ ဝင်ကြ၏။
Zan ciang in suapui te in Paul le Silas sia Berea ah a zan a zan in paisak uh hi: tua mun a thet uh ciang in Judah mite i synagogue sung ah tum uh hi.
11 ၁၁ ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။
Hi te sia Thessalonica mite sang in a thinsung uh phazaw hi, thalawptak in thu ngai uh a, tua a ngai uh thu te a man le man ngawl nisim laithiangtho sung ah zong uh hi.
12 ၁၂ ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမ တို့နှင့် ယောက်ျားအများတို့သည် လည်း ယုံကြည်ကြ၏။
Tua ahikom amate sung ah mi tampi in um uh a; a zatak huai Greek nupi pasal tampi om uh hi.
13 ၁၃ ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်က ပတ်တရားတော်ကိုဟောပြောသည်ကို၊ သက်သာလော နိတ်မြို့သားဖြစ်သော ယုဒလူ တို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။
Ahihang Thesslonica a om Judah mite in Berea khua ah zong Paul in Pathian thuhil hi, ci a heak uh ciang in, hongpai uh a, mipi te thawn uh hi.
14 ၁၄ ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။
Tua zawk pociang in suapui te in Paul sia tuipi sang ah paisak uh hi: ahihang Silas le Timothy sia Berea ah taamlai hi.
15 ၁၅ ပေါလုကိုပို့သောသူတို့သည် အာသင်မြို့ တိုင်အောင် ပို့ဆောင်ပြီးမှ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ ၍ပြန်ကြ၏။
Paul a tha te in Athens dong tha uh hi: taciang Silas le Timothy sia manlangtak hongpai tu in thu nga uh a, pai uh hi.
16 ၁၆ ပေါလုသည်အာသင်မြို့၌ သိလနှင့် တိမောသေ တို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူ ပန်ခြင်းသို့ရောက်၏။
Paul sia Athen pan Silas le Timothy te ngak in a om laitak, tua khuapi sung ah milim biakna bebek om hi, ci a mu ciang in, a thinsung sutha mama hi.
17 ၁၇ ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍ ဘုရား ကို ကိုးကွယ်သော သူတို့နှင့်၎င်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။
Tua ahikom Judah mite i biakna lampui te taw synagogue sung ah thu ki nial uh a, vanzuakna ah a kisikpui te taw nisim in ki nial uh hi.
18 ၁၈ ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့ သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရသောလူသည် အဘယ်သိုပပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တကျွန်းတနိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏ တရားနှင့်ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။
Tua zawkciang in thu ngaisun thiam Epicurean te le Stoic te taw ki mu uh hi. Taciang pawlkhat te in, hi a papau sia bang son ziam? a dang pawlkhat te zong in, hisia pa sia ngamdang te pathian te thu son hi tu hi, ci uh hi: banghangziam cile Paul in amate tung ah Jesus le a thawkikna thu son hi.
19 ၁၉ ထိုအခါ၊ ထိုသူတို့သည် ပေါလုကိုခေါ်၍ အာရေတောင်သို့ ဆောင်သွားပြီးလျှင်၊ သင်သည် ဟော ပြောသော ဤအယူဝါဒသစ်ကို ငါတို့ သိအပ်သလော။
Taciang amate in Paul man uh hi, taciang Areopagas ah paipui uh a, hi hilna thak na son te kote zong ka heak tu uh kisam ziam?
20 ၂၀ ငါတို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော၏။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည် ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။
Banghangziam cile a tumdang te ka bil uh ah nong zasak hi: tua ahikom hi thu te i deina sia bangziam, ci ka he nuam uh hi, ci uh hi.
21 ၂၁ အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည် များ တို့သည် သိတင်းစကားကိုကြားပြောခြင်း၊ နား ထောင်ခြင်း အမှုမှတပါး အခြားသော အမှုဖြင့်ကာလကို မလွန်စေတတ်ကြ။
Banghangziam cile Athen mite le leangna te theampo in thuthak son tu, a hibale ngai tu simngawl bangma dang atu amate hun a zang bua uh hi.
22 ၂၂ ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်း အာသင်လူတို့၊ သင်တို့သည် ခပ်သိမ်း သော အရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင်ပါ၏။
Tua zawkciang in Paul sia Mars mual laizang ah ding a, no Athen mite, na theampo ah note sia biakna sang ah a hanciam mama te na hi uh hi, ci kong he hi.
23 ၂၃ လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှု သည်တွင်၊ ငါတို့ မသိသော ဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့ သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။
Banghangziam cile ka vakawm in biakna sang na hanciam nate ka en a, a ki he ngawl pathian atu ci a ki at biaktau khat ka mu hi. Tua ahikom note in he ngawlpi in na biak uh Pathian thu kong pualak hi.
24 ၂၄ လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှ သောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။
Tua Pathian sia leitung le a sung om theampo a vawtpa a hihi, ama sia van le lei i Topa hi a, khut taw a kisa biakinn sung ah om ngawl hi;
25 ၂၅ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့် တကွထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်း သောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစုံ တခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မဟုတ်။
Pathian sia mi theampo tung ah nuntakna, husan le na theampo a piapa ahikom, mihing te khut taw i vawtsak tu bangma kisam ngawl hi;
26 ၂၆ ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ ကိုတသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အားခွဲဝေစီမံသောအချိန် ကာလကို၎င်း၊ သူတို့၏ နေရာအပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏။
Taciang Ama in leitung theampo ah a om minam theampo sia thisan khat in vawt a, amate om tu hun te le a om na mun tu ngam te zong ngealkholsak siat hi;
27 ၂၇ အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။
Tabang in amate in Topa zong uh a, tham in a mu theina tu hi, Pathian sia eite khatsim kuama taw ki khuala ngawl hi:
28 ၂၈ ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွှယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသ တည်း။
Banghangziam cile i nungta a, i tuk i dian le i hina theampo sia Ama sung ah a hihi; tasia bangma in na laphuak te in zong, eite zong Ama suan te i hihi, ci hi.
29 ၂၉ ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ် သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။
Tabang in Pathian suan te i hi man in, mihing te khutthiam le ngaisutna taw a kivawt kham, ngun le suangtum milim bang in Pathian sia i ngaisut tu hi ngawl hi.
30 ၃၀ ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။
Mihing te in Pathian a heak ma hunlai in Pathian in a mu ngawl bang in omthong ngei napi; tu in mun theampo ah mi theampo maw ki sikkik tu in thupia hi:
31 ၃၁ အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြှောက် စေတော်မူ သော အားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။
Banghangziam cile nasep a piaksa mihing khat zang in leitung ah thutang suana tungtawn thu a khen tu ni ciangtan zo hi; tua thu sia a ma a hihi, ci in mi theampo tung ah kilangsak tu in tua pa sia thina pan thokiksak zo hi, ci hi.
32 ၃၂ သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည်ဟု ဆိုကြ၏။
Amate in mithi te thawkikna thu a zak uh ciang in, mi pawlkhat te in selno uh a: midang te in hi thu nangtung pan ka za kik nuam uh hi, ci uh hi.
33 ၃၃ ထိုသို့ဆိုကြသော အခါ ပေါလုသည် ထိုသူတို့ အထဲမှ ထွက်သွားလေ၏။
Taciang Paul sia amate sung pan in pusuak hi.
34 ၃၄ လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုသူတို့အဝင်ဒယောနုသိ အမည်ရှိသော အာရေတောင် မင်းတယောက်၊ ဒမောရိ အမည်ရှိသော မိန်းမတယောက်မှစ၍ အခြားသောသူရှိ ကြ၏။
Ahihang mi pawlkhat te in ama beal uh a, um uh hi: tua te sung ah Areopagas mi Dionysius, Damaris a kici nupi khat le midang te zong kihel uh hi.