< တမန်တော်ဝတ္ထု 16 >

1 ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက် လေ၏။ လုတ္တရမြို့၌ တိမောသေ အမည်ရှိသော တပည့်တော်တယောက် ရှိ၏။ သူ၏ အမိကား၊ ယုံကြည်သောယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။
A venit la Derbe și la Listra; și iată că era acolo un ucenic, numit Timotei, fiul unei iudeice credincioase, dar tatăl său era grec.
2 ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့ တွင်အသရေရှိသောသူဖြစ်၏။
Frații care erau la Listra și la Iconiu au dat o mărturie bună despre el.
3 ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါအလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကိုထိုအရပ်တို့၌ ရှိသောယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။
Pavel a vrut ca el să meargă cu el; l-a luat și l-a circumcis din cauza iudeilor care erau în acele părți, căci toți știau că tatăl lui era grec.
4 သူတို့သည် မြို့များကို ရှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ် တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင် ဘို့ရာ အပ်ပေးကြ၏။
Pe când mergeau prin cetăți, le transmiteau decretele pe care trebuiau să le respecte și care fuseseră rânduite de apostolii și de bătrânii care erau la Ierusalim.
5 ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက် အားဖြင့် တနေ့ထက်တနေ့တိုးပွားများပြား ကြ၏။
Astfel, adunările se întăreau în credință și se înmulțeau în fiecare zi.
6 ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ် တော်သည်မြစ်တားတော်မူသဖြင့်၊
După ce au străbătut ținutul Frigiei și al Galatiei, Duhul Sfânt le-a interzis să vorbească în Asia.
7 မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေး တော်မူသောကြောင့်၊
După ce au ajuns vizavi de Mysia, au încercat să intre în Bitinia, dar Duhul Sfânt nu le-a permis.
8 မုသိပြည်အနားမှာ ရှောက်၍ တရောမြို့သို့ ရောက်ကြ၏။
Trecând de Mysia, au coborât la Troa.
9 ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန်၏။
O viziune i-a apărut lui Pavel în timpul nopții. Era un om din Macedonia care stătea în picioare, îl implora și îi spunea: “Treci în Macedonia și ajută-ne”.
10 ၁၀ ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။
După ce a văzut viziunea, imediat am căutat să mergem în Macedonia, ajungând la concluzia că Domnul ne-a chemat să le vestim Vestea cea Bună.
11 ၁၁ ထိုကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက် ကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန် နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။
Așadar, pornind din Troa, am pornit din Troa, am făcut drum drept spre Samotracia, iar a doua zi spre Neapolis;
12 ၁၂ ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်း ဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလ အတန်အရာနေကြ၏။
și de acolo spre Filipi, care este un oraș din Macedonia, cel mai important din district, o colonie romană. Am stat câteva zile în acest oraș.
13 ၁၃ ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ် ရှိတတ်ရာမြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အားဟောပြောကြ၏။
În ziua de Sabat, ne-am dus în afara cetății, la marginea unui râu, unde am crezut că este un loc de rugăciune, și am luat loc și am vorbit cu femeile care se adunaseră.
14 ၁၄ ထိုအခါ နီမောင်သောအထည်အလိပ်ကို ရောင်းသော သွာတိုရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှါ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။
Ne-a ascultat o femeie numită Lidia, vânzătoare de purpură, din cetatea Tiatira, o femeie care se închina lui Dumnezeu. Domnul i-a deschis inima ca să asculte cele spuse de Pavel.
15 ၁၅ ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကို ခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန် ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍ နေကြပါဟုတောင်းပန်လျက် ငါတို့ကို အနိုင် သွေးဆောင်လေ၏။
După ce ea și familia ei au fost botezate, ne-a rugat, zicând: “Dacă ați judecat că sunt credincioasă Domnului, intrați în casa mea și rămâneți.” Așa ne-a convins ea.
16 ၁၆ ထိုနောက်မှ ငါတို့သည် ပဌာနာစရပ်သို့ သွား စဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိ သခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ် တယောက်သည် ငါတို့ကိုဆီးကြိုလေ၏။
Pe când ne duceam la rugăciune, ne-a întâlnit o fată cu duh de ghicitoare, care aducea stăpânilor ei mult câștig prin ghicire.
17 ၁၇ ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့ လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။
Urmărindu-ne pe Pavel și pe noi, ea a strigat: “Acești oameni sunt slujitori ai Dumnezeului Celui Preaînalt, care ne vestesc o cale de mântuire!”
18 ၁၈ ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာ လျက်လှည့်ကြည့်၍၊ သင်သည်သူ၏ အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ဟု ထိုနတ်ကိုဆိုသောခဏခြင်းတွင် နတ်သည်ထွက်သွား၏။
Ea a făcut acest lucru timp de mai multe zile. Dar Pavel, foarte supărat, s-a întors și i-a spus duhului: “Îți poruncesc în numele lui Isus Hristos să ieși din ea!”. A ieșit chiar în acea oră.
19 ၁၉ သူ၏သခင်တို့သည် နောက်တဖန် စီးပွားဖြစ်လိမ့်မည်ဟု မြော်လင့်စရာအကြောင်းမရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့် သိလတို့ကို ဘမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။
Dar când stăpânii ei au văzut că speranța câștigului lor a dispărut, i-au prins pe Pavel și pe Sila și i-au târât în piață în fața conducătorilor.
20 ၂၀ စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ရှက်တတ်ပါ၏။
După ce i-au adus în fața magistraților, aceștia au spus: “Acești oameni, fiind iudei, ne agită cetatea
21 ၂၁ ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင် တတ်ပါ၏ ဟုလျှောက်ဆိုကြလျှင်၊
și susțin obiceiuri pe care nouă, fiind romani, nu ne este îngăduit să le acceptăm sau să le respectăm.”
22 ၂၂ စုဝေးသောလူတို့သည် သူတို့တဘက်၌ တပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါ စီရင်ကြ၏။
Mulțimea s-a ridicat împotriva lor, iar magistrații le-au rupt hainele și au poruncit să fie bătuți cu toiege.
23 ၂၃ ရိုက်၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာ စောင့်စေ ဟု ထောင်မှူးကို မှာလိုက်၍ ထောင်ထဲမှာ လှောင်ထား ကြ၏။
După ce le-au aplicat multe lovituri, i-au aruncat în închisoare, însărcinând pe temnicer să-i păzească în siguranță.
24 ၂၄ ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင်ထဲမှာ လှောင်၍ ထိတ်ခတ်လျက်ထား၏။
După ce a primit o astfel de poruncă, i-a aruncat în închisoarea interioară și le-a asigurat picioarele în lanțuri.
25 ၂၅ သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ၏။
Dar, pe la miezul nopții, Pavel și Sila se rugau și cântau cântări lui Dumnezeu, iar cei închiși îi ascultau.
26 ၂၆ ထိုခဏခြင်းတွင် မြေကြီးသည်ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်းလှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏။
Deodată s-a produs un cutremur mare, încât s-au zguduit temeliile închisorii; și îndată s-au deschis toate ușile, și toate legăturile tuturor au fost desfăcute.
27 ၂၇ ထောင်မှူးသည်နိုး၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့်၊ ထားကို အိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ၏။
Temnicerul, fiind trezit din somn și văzând ușile închisorii deschise, și-a scos sabia și era pe punctul de a se sinucide, crezând că prizonierii au scăpat.
28 ၂၈ ပေါလုကလည်း၊ ကိုယ်ကိုအဖြစ်မပြုနှင့်။ ငါတို့ အပေါင်းသည် ရှိကြ၏ဟုကြီးသောအသံနှင့် ဟစ်၍ ပြောဆို၏။
Dar Pavel a strigat cu glas tare: “Nu-ți face rău, căci suntem cu toții aici!”
29 ၂၉ ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီး မှ ပြေးဝင်၍၊ ပေါလုနှင့် သိလတို့၏ခြေရင်း၌ တုန်လှုပ် လျက် ပြပ်ဝပ်လေ၏။
A chemat lumină, a intrat, a sărit înăuntru, a căzut tremurând înaintea lui Pavel și a lui Sila,
30 ၃၀ သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။
i-a scos afară și a zis: “Domnilor, ce trebuie să fac ca să mă mântuiesc?”
31 ၃၁ ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊
Ei au zis: “Credeți în Domnul Isus Hristos și veți fi mântuiți, tu și casa ta.”
32 ၃၂ ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။
Ei i-au spus cuvântul Domnului lui și tuturor celor care erau în casa lui.
33 ၃၃ ထိုညဉ့်၊ ထိုအချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့်သိလ တို့ကိုယူ၍ဒဏ်ချက်ရာများကို ဆေး ကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့် တကွဗတ္တိဇံကို ချက်ခြင်းခံလေ၏။
La aceeași oră din noapte, i-a luat și le-a spălat rănile, și îndată s-a botezat el și toată casa lui.
34 ၃၄ တဖန်ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ၏။
I-a urcat în casa lui, le-a pus mâncare înaintea lor și s-a bucurat foarte mult împreună cu toată casa lui, pentru că a crezut în Dumnezeu.
35 ၃၅ နံနက်ရောက်သောအခါစစ်ကဲတို့သည် ရုံလုလင်တို့ကို စေလွှတ်၍၊ ထိုလူတို့ကို လွှတ်စေ ဟုမှာလိုက်ကြ၏။
Dar, când s-a făcut ziuă, magistrații au trimis pe sergenți, zicând: “Lasă-i să plece pe oamenii aceia.”
36 ၃၆ ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော၍၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှါ စစ်ကဲ တို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့်ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင်၊
Temnicerul a raportat aceste cuvinte lui Pavel, zicând: “Magistrații au trimis să te lase să pleci; ieși acum și du-te în pace.”
37 ၃၇ ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ် ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နှုတ်ယူကြစေဟု ရုံးလုလင်တို့ အားပြောဆို၏။
Dar Pavel le-a zis: “Ne-au bătut în public, fără judecată, niște romani, și ne-au aruncat în temniță! Ne eliberează ei acum în secret? Nu, cu siguranță, ci să vină ei înșiși și să ne scoată afară!”
38 ၃၈ ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့်သိလတို့သည် ရောမလူ ဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊
Și sergenții au raportat aceste cuvinte magistraților, care s-au temut când au auzit că erau romani,
39 ၃၉ ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နှုတ်ယူ၍၊ ထိုမြို့မှထွက်သွားပါမည် အကြောင်း တောင်းပန်ကြ၏။
și au venit și i-au rugat. După ce i-au scos afară, i-au rugat să plece din oraș.
40 ၄၀ ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှ ထွက်၍ လုဒိအိမ်သို့ ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှထွက်သွား ကြ၏။
Au ieșit din închisoare și au intrat în casa Lidiei. După ce i-au văzut pe frați, i-au încurajat, apoi au plecat.

< တမန်တော်ဝတ္ထု 16 >