< တမန်တော်ဝတ္ထု 15 >

1 ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒ ပေးကြ၏။
यहूदियाबाट केही मानिसहरू आए र भाइहरूलाई यसो भन्दै सिकाए, “जबसम्म तपाईंहरूले मोशाको विधिअनुसार खतना गर्नुहुन्‍न, तबसम्म तपाईंहरू बाँच्‍न सक्‍नुहुन्‍न ।”
2 ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေး ငြင်းခုံခြင်းများသောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့်ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့်သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကိုစီရင်ကြ၏။
जब पावल र बारनाबासको तिनीहरूसँग विरोध र विवाद भयो तब यस प्रश्‍नलाई लिएर पावल, बारनाबास र अरू केही मानिस यरूशलेममा प्रेरित र एल्डरहरूकहाँ जानुपर्छ भनी भाइहरूले निर्णय गरे ।
3 အသင်းတော်သည်လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကို ရှောက်သွား၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်း တို့ကို အလွန်ဝမ်းမြောက်စေကြ၏။
त्यसकारण उनीहरू मण्डलीद्वारा पठाइए अनि फोनिसिया र सामरिया भएर गए र गैरयहूदीहरू विश्‍वासमा आएका कुरा घोषणा गरे । उनीहरूले सबै दाजुभाइहरूमा ठुलो आनन्द ल्याए ।
4 ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်း ကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူ သမျှတို့ကို ပြန်ကြားကြ၏။
जब उनीहरू यरूशलेममा आए, उनीहरूलाई मण्डली, प्रेरितहरू र एल्डरहरूद्वारा स्वागत गरियो, र यसरी उनीहरूसँग परमेश्‍वरले गर्नुभएका सबै कामहरूको प्रतिवेदन उनीहरूलाई सुनाए ।
5 ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက်၊ တပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏ တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ၏။
फरिसी दलबाट विश्‍वास गरेका केही मानिसहरू उठे र भने, “तिनीहरूलाई खतना गर्न र मोशाको व्यवस्था पालन गर्न आज्ञा दिनु आवश्यक छ ।”
6 ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့် ရှုဆင်ခြင်ခြင်းငှါ စည်းဝေးကြ၏။
त्यसैले यस विषयमा विचार गर्न प्रेरितहरू र एल्डरहरू भेला भए ।
7 များစွာသောဆွေးနွေးငြင်းခုံခြင်းရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိ တရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင် တော်မူသည်ကို သင်တို့သိကြ၏။
धेरै छलफलपछि, पत्रुस उठे र तिनीहरूलाई भने, “भाइहरू, केही समय अगाडि परमेश्‍वरले तपाईंहरूको माझमा गर्नुभएको एउटा छनौट तपाईंहरूलाई थाहै छ कि मेरो मुखद्वारा गैरयहूदीहरूले सुसमाचारको वचन सुन्‍न सकून् र विश्‍वास गरून् ।
8 စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်း တူသူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။
मानिसहरूका हृदय जान्‍नुहुने परमेश्‍वरले हामीलाई जस्तै तिनीहरूलाई पवित्र आत्मा दिएर तिनीहरूलाई गवाही दिनुहुन्छ ।
9 ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါတို့ကို ခြားနားစေတော်မမူ။
विश्‍वासद्वारा तिनीहरूका हृदय शुद्ध गर्नुभएर उहाँले हामीहरू र तिनीहरूका बिचमा कुनै भेदभाव गर्नुभएन ।
10 ၁၀ သို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။
अब यसकारण हाम्रा पिताहरूले र हामीहरूले बोक्‍न नसकेको जुवा चेलाहरूको घाँटीमा राख्‍नैपर्छ भनी तपाईंहरू किन परमेश्‍वरको परीक्षा गर्नुहुन्छ?
11 ၁၁ သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည် နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရု ပြောဆို၏။
तर हामी विश्‍वास गर्दछौँ कि हामीहरू प्रभु येशूको अनुग्रहद्वारा बचाइनेछौँ, जसरी तिनीहरू पनि बचाइए ।’’
12 ၁၂ ထိုအခါဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူ သမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာ နေ၍နားထောင်ကြ၏။
तिनीहरूले पावल र बारनाबासद्वारा गैरयहूदीहरूका माझमा परमेश्‍वरले गर्नुभएका चिह्न र आश्‍चर्यकर्महरूको विवरण सुनिरहँदा सारा भिड चुपचाप रह्‍यो ।
13 ၁၃ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြ လော့။
तिनीहरूले बोल्न छोडेपछि, याकूबले जवाफ दिँदै भने, “भाइहरू हो, मेरा कुरा सुन्‍नुहोस् ।
14 ၁၄ ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့် အရှုကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြော ခဲ့ပြီ။
परमेश्‍वरले आफ्नो नाउँको खातिर तिनीहरूबाटै एक जाति लिनलाई कसरी पहिले गैरयहूदीहरूलाई कृपादृष्‍टिकासाथ सहायता गर्नुभयो भनी सिमोनले बताएका छन् ।
15 ၁၅ ထိုအကြောင်းအရာသည်လည်း ပရောဖက် တို့၏ စကားနှင့် ညီ၏။
यससँग अगमवक्‍ताका वचनहरू सहमत छन्, किनकि यसरी लेखिएको छ,
16 ၁၆ ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရ ဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည်။
यी कुराहरूपछि म फर्केर आउनेछु, र म दाऊदको ढलेको पाल फेरि निर्माण गर्नेछु, यसका भग्‍नावशेषहरूलाई म उठाउनेछु र फेरी पुनर्स्थापित गर्नेछु ।
17 ၁၇ လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု။
ताकि बाँकी रहेको मानिसहरू र सबै गैरयहूदीहरू लगायत मेरो नाउँद्वारा बोलाइएकाहरूले प्रभुलाई खोज्‍न सकून्।
18 ၁၈ ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူ သမျှသော အမှုအရာတို့ကိုသိတော်မူသည်။ (aiōn g165)
, जसले यी प्राचीन समयदेखि थाहा कुराहरू गर्नुहुने प्रभुले यसरी भन्‍नुहुन्छ । (aiōn g165)
19 ၁၉ ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော် သို့ပြောင်းလဲသော သူတို့ကို မနှောင့်ရှက် ဘဲလျက်၊
त्यसकारण मेरो विचार यो छ कि परमेश्‍वरतिर फर्कने गैरयहूदीहरूलाई हामीले दुःख दिनुहुँदैन ।
20 ၂၀ ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင် စေခြင်းငှါ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။
तर हामीले तिनीहरूलाई यो लेख्छौँ कि तिनीहरू मूर्तिहरूको अशुद्धताबाट, व्यभिचारबाट र घाँटी अठ्याएर मारेको मासु र रगतबाट अलग रहून् ।
21 ၂၁ အကြောင်းမူကား၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ်၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့်၊ မောရှေ၏ တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
किनभने हरेक सहरमा मोशाको व्यवस्थाका कुराहरू हरेक सबाथमा पुस्तौंदेखि मानिसहरूले सभाघरहरूमा प्रचार गर्दै र पढ्दै आएका छन् ।”
22 ၂၂ ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက် ၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်းသဘောညီညွတ်ကြ၏။
त्यसपछि मण्डलीका अगुवाहरू यहूदा बरसाबास र सिलासलाई छानेर पावल र बारनाबासका साथमा तिनीहरूलाई एन्टिओखिया पठाउने कुरा सबै प्रेरितहरू, एल्डरहरू र सारा मण्डलीसहितलाई कुरा असल लाग्यो ।
23 ၂၃ သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
तिनीहरूले यो लेखे, “एन्टिओखिया, सिरिया र किलिकियामा भएका गैरयहूदी भाइहरू, प्रेरितहरू, एल्डरहरू, भाइहरूलाई अभिवादन ।
24 ၂၄ လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှ ထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကားဖြင့်၊ သင်တို့၏ စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရ သည်ဖြစ်၍၊
हामीले त्यस्तो गर्ने आज्ञा नगरेका केही मानिसहरू हाम्रो बिचबाट तपाईंहरूकहाँ आएर तपाईंहरूको आत्मालाई दु: खित पार्ने खालका शिक्षाहरू दिएर तपाईंहरूलाई दुःख दिइरहेका छन् ।
25 ၂၅ ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကြောင့် မိမိ အသက်ကို စွန့်စားသော သူတည်းဟူသော၊
त्यसैकारण हाम्रा प्रिय पावल र बारनाबासका साथमा कोही मानिसहरूलाई छानेर तपाईंहरूकहाँ पठाउन हामी सहमत भयौँ र यो हामी सबैलाई असल लाग्यो ।
26 ၂၆ ငါတို့ချစ်သောဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက်သော သူ တို့ကို သင်တို့ဆီသို့စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့် အညီ၊
यी हाम्रा प्रभु येशू ख्रीष्‍टको नाउँको खातिर आफ्नो जीवनलाई जोखिममा पारेका मानिसहरू हुन् ।
27 ၂၇ ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့် ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ်ကြ၏။
त्यसैले हामीले यहूदा र सिलासलाई पठाएका छौँ, जसले तिमीहरूलाई त्यही कुराहरू बताउनेछन् ।
28 ၂၈ ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊
किनभने यी आवश्यक कुराहरूभन्दा बढि ठुलो भार तपाईंहरूमाथि नबोकाउन पवित्र आत्मा र हामीलाई असल लाग्यो ।
29 ၂၉ လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါးအခြားသော ဝန်သင်တို့၏ အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြ ပါစေသောဟုရေး၍ ပေးလိုက်သတည်း။
तपाईंहरू मूर्तिहरूलाई चढाइएका बलिदानका कुराहरू, रगत, घाँटी अठ्याएर मारेको थोकहरू र यौन अनैतिकताबाट अलग रहनुहोस् । यदि तपाईंहरूले आफैँलाई यी कुराहरूबाट अलग राख्‍नुभयो भने तपाईंहरूलाई भलो हुनेछ । बिदा ।”
30 ၃၀ ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့ သွား၍၊ လူအပေါင်းတို့ကို စုဝေးစေပြီး လျှင် မှာစာကိုအပ်ပေးကြ၏။
जब उनीहरू बिदा भएर एन्टिओखियामा आए । तिनीहरूलेभिडलाई एकसाथ भेला पारेपछि पत्र दिए ।
31 ၃၁ မှာစာကိုဘတ်ရွတ်သောအခါ ထိုသက်သာခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။
जब तिनीहरूले यसलाई पढे, उत्साहको कारण तिनीहरू आनन्दित भए ।
32 ၃၂ ယုဒနှင့် သိလတို့သည် ပရောဖက် ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်တို့ကို ဆုံးမ၍ မြဲမြံခိုင်ခံ့စေကြ၏။
यहूदा र सिलास पनि अगमवक्‍ताहरू भएकोले धेरै वचनहरूद्वारा भाइहरूलाई उत्साह दिए र तिनीहरूलाई बलियो पारे ।
33 ၃၃ ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာပြန်စေခြင်းငှါ ညီအစ်ကိုတို့သည် အခွင့်ပေးကြ၏။
उनीहरूले त्यहाँ केही समय बिताइसकेपछि भाइहरूको बिचबाट उनीहरूलाई पठाउनेहरूकहाँ शान्तिसाथ पठाइयो ।
34 ၃၄ သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။
(टिप्पणी: सबैभन्दा उत्तम प्राचीन पाण्डुलिपिहरूले “३४” पदलाई छोडेका छन् (प्रेरित १५:४० हेर्नुहोस्) तर सिमोनलाई त्यहाँ रहन नै असल लाग्यो ।
35 ၃၅ ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမ ဩဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ် တရားတည်း ဟူသော ဧဝံဂေလိတရားကိုဟောပြောကြ၏။
तर पावल र बारनाबास अरु धेरैकासाथ एन्टिओखियामा बसे । जहाँउनी सिकाए र प्रभुको वचन प्रचार गरे ।
36 ၃၆ အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို ဟောပြောဘူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့ သည် အဘယ်သို့ရှိနေသည်ကိုကြည့်ရှု၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗအားဆို၏။
केही दिनपछि पावलले बारनाबासलाई भने, “अहिले हामी फर्केर जाऔँ र हामीले प्रभुको वचन घोषणा गरेको हरेक सहरका भाइहरूलाई भेटौँ, र उनीहरू कस्ता छन हेरौँ ।
37 ၃၇ ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကို ခေါ်မည်ဟု အကြံရှိ၏။
बारनाबासले मर्कूस भनिने यूहन्‍नालाई पनि तिनीहरूसँगै लैजान चाहन्थे ।
38 ၃၈ ပေါလုက၊ ပံဖုလိပြည်၌သူတို့နှင့်ခွါ၍ အမှုထမ်း ရာသို့မလိုက် မသွားသောထိုသူကိုမခေါ်သင့်ဟု သဘောရှိ၏။
तर पावलले मर्कूसलाई लिएर जान ठिक छैन भनी विचार गरे । किनभने पाम्फिलियामा हुँदा उनी तिनीहरूबाट छुट्टिएर उनीहरूसँग काममा अगाडि गएनन् ।
39 ၃၉ ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည်မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။
तब त्यहाँ कडा असहमति उत्पन्‍न भयो । त्यसैकारण उनीहरू एकअर्काबाट छुट्टिए । अनि बारनाबासले मर्कूसलाई आफूसँगै लिएर साइप्रसतिर समुद्रयात्रा गरे ।
40 ၄၀ ညီအစ်ကိုတို့သည် ပေါလုကိုဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင်ထွက်၍၊
तर पावलले सिलासलाई छाने । भाइहरूद्वारा प्रभुको अनुग्रहमा सुम्पिएपछि उनी त्यहाँबाट बिदा भए ।
41 ၄၁ အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည် တို့ကို ရှောက်သွားလေ၏။
र उनी मण्डलीहरूलाई बलियो पार्दै सिरिया र किलिकिया भएर गए ।

< တမန်တော်ဝတ္ထု 15 >