< တမန်တော်ဝတ္ထု 13 >
1 ၁ အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေ ပြည်သားလုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ၊ ဆရာပြုသူရှိကြ၏။
၁အန္တိအုတ် မြို့တွင် ရှိ သော အသင်းတော် ၌ ဗာနဗ မှစ၍ နိဂါ ဟု ခေါ်ဝေါ် သော ရှုမောင် ၊ ကုရေနေ ပြည်သားလုကိ ၊ စော်ဘွား ဟေရုဒ် ၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင် နှင့် ရှောလု တည်းဟူသောပရောဖက် ပြုသူ၊ ဆရာ ပြုသူရှိ ကြ၏။
2 ၂ ထိုသူတို့သည်သခင်ဘုရား ဝတ်ကိုပြု၍ အစာကို ရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှါ ဗာနဗနှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့်တော် မူသည် အတိုင်း၊
၂ထိုသူ တို့သည်သခင် ဘုရား ဝတ် ကိုပြု၍ အစာ ကို ရှောင်ကြစဉ်၊ သန့်ရှင်း သောဝိညာဉ် တော်က၊ ငါခန့်ထား သောအမှု ကို ဆောင်ရွက်စေခြင်းငှာ ဗာနဗ နှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့် တော်မူသည် အတိုင်း၊
3 ၃ အစာရှောင်၍ ပဌနာပြုလျက်၊ ထိုသူတို့ခေါင်း ပေါ်မှာ လက်ကို တင်၍လွှတ်လိုက်ကြ၏။
၃အစာရှောင် ၍ ပဌနာ ပြုလျက် ၊ ထိုသူ တို့ခေါင်း ပေါ်မှာလက် ကို တင် ၍လွှတ် လိုက်ကြ၏။
4 ၄ ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ် တော်မူသောအားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့ သွား၍ ထိုမြို့မှ သင်္ဘောနှင့် လွှင့်သဖြင့်၊ ကုပရုကျွန်းသို့ ရောက်ကြ၏။
၄ထိုသို့ သန့်ရှင်း သော ဝိညာဉ် တော် စေလွှတ် တော်မူသောအားဖြင့် ၊ ထိုသူ တို့သည် သေလုကိ မြို့သို့ သွား ၍ ထို မြို့မှ သင်္ဘောနှင့်လွှင့် သဖြင့်၊ ကုပရု ကျွန်းသို့ ရောက်ကြ၏။
5 ၅ ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားစရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏ လက်ထောက် ဖြစ်သတည်း။
၅ရှာလမိ မြို့၌ ရှိ နေစဉ်၊ ယုဒ တရားစရပ် များတွင် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။ ယောဟန် သည်လည်း ထိုသူတို့၏ လက်ထောက် ဖြစ်သတည်း။
6 ၆ တကျွန်းလုံးကို ရှောက်၍ပါဖုမြို့သို့ရောက်လျှင်၊
၆တစ်ကျွန်း လုံး ကို ရှောက် ၍ ပါဖု မြို့သို့ရောက်လျှင်၊
7 ၇ ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတ်သမားကို မြို့ဝန် မင်းသေရဂိပေါလု ထံ၌တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့်ရှောလုတို့ကို ခေါ်ပင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော် ကိုနာလိုသောစိတ်ရှိသော်၊
၇ဗာယေရှု အမည် ရှိသော ယုဒ အမျိုးသားမိစ္ဆာ ပရောဖက် ဖြစ်သော နတ် ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်း သေရဂိ ပေါလု ထံ၌တွေ့ ကြ၏။ ထိုမြို့ဝန် သည် ပညာ သတိရှိသဖြင့်၊ ဗာနဗ နှင့် ရှောလု တို့ကို ခေါ်ပင့် ၍ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော် ကိုနာ လိုသောစိတ် ရှိသော်၊
8 ၈ အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှါ တမန်တော်တို့ကို ဟန့်တားလေ၏။
၈အနက် အားဖြင့်နတ် ဝိဇ္ဇာအတတ်သမားဟု ဆိုလို သော ဧလုမ အမည်ရှိသောထိုသူ သည် မြို့ဝန် ကို ယုံကြည် ခြင်းမှ လွှဲ အံ့သောငှာတမန်တော် တို့ကို ဟန့်တား လေ၏။
9 ၉ ထိုအခါပေါလုဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက်၊
၉ထိုအခါပေါလု ဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်ပြည့် သဖြင့်၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ ကြည့်ရှုလျက်၊
10 ၁၀ လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်း တရား၏ ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။
၁၀လှည့်ဖြား ခြင်း၊ အကျိုး ကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံ သော မာရ်နတ် ၏သား ၊ ဖြောင့်မတ် ခြင်း တရား၏ ရန်သူ ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်း ခရီးတို့ကို မ ဖျက်ဆီးဘဲမနေနိုင်သလော။
11 ၁၁ ယခုပင်ထာဝရဘုရား၏ လက်တော်သည် သင့်အပေါ်သို့ ရောက်၍၊ နေကိုမျှမမြင်နိုင်အောင် အင်တန် ကာလပတ်လုံး သင်၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏခြင်းတွင်မျက်စိမြှေးရှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကို ရှာလျက် တလည်လည်ရှိ၍နေ၏။
၁၁ယခုပင် ထာဝရ ဘုရား၏ လက် တော်သည် သင့် အပေါ်သို့ ရောက်၍၊ နေ ကိုမျှမ မြင် နိုင်အောင် အင်တန်ကာလပတ်လုံးသင်၏ မျက်စိ ကွယ်လိမ့်မည် ဟု ပေါလုဆိုသော ခဏခြင်း တွင်မျက်စိမြှေးရှက် ၍ မှောင်မိုက် အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူ တို့ကို ရှာ လျက် တလည်လည် ရှိ၍နေ၏။
12 ၁၂ ထိုအကြောင်းအရာကိုမြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာ တော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။
၁၂ထို အကြောင်းအရာကိုမြင် လျှင်၊ မြို့ဝန် သည် ယုံကြည် ခြင်းသို့ ရောက် ၍၊ သခင် ဘုရား၏ ဒေသနာ တော်ကို အလွန်အံ့ဩ မိန်းမော၍ နေ၏။
13 ၁၃ ပေါလုနှင့်ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန် သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ပြန်လေ၏။
၁၃ပေါလု နှင့်ပါ သောသူ တို့သည် ပါဖု မြို့မှ လွှင့် ၍ ပံဖုလိ ပြည်၊ ပေရဂေ မြို့သို့ ရောက် ကြလျှင်၊ ယောဟန် သည် သူ တို့ထံမှ ထွက် ၍ ယေရုရှလင် မြို့သို့ ပြန် လေ၏။
14 ၁၄ ပေရဂမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားစရပ် သို့ဝင်၍ထိုင်ကြ၏။
၁၄ပေရဂေ မြို့မှ ထွက်သွား ပြန်၍ ပိသိဒိ ပြည်၊ အန္တိအုတ် မြို့သို့ ရောက် လျှင်၊ ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ထိုင် ကြ၏။
15 ၁၅ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကိုဘတ်ရွတ်ပြီးမှ၊ တရားစရပ်မှူး တို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမ စရာ စကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။
၁၅ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းကိုဘတ်ရွတ် ပြီးမှ ၊ တရားစရပ်မှူး တို့သည်၊ ညီအစ်ကို တို့၊ လူ များအား ဆုံးမ စရာ စကား ရှိ လျှင် ဟောပြော ကြပါဟု လူကိုစေလွှတ် ၍ ကြားပြော စေ၏။
16 ၁၆ ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ် ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင် ကြလော့။
၁၆ထိုအခါ ပေါလု သည်ထ ၍ မိမိ လက် နှင့် အမှတ်ပေး လျက်၊ ဣသရေလ လူ မှစ၍ ဘုရားသခင် ကို ကြောက်ရွံ့ သောသူ တို့၊ နားထောင် ကြလော့။
17 ၁၇ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့်ထိုပြည်မှ နှုတ်ဆောင် တော်မူ၏။
၁၇ဣသရေလ အမျိုး ၏ ဘုရားသခင် သည် ငါ တို့ ဘိုးဘေး များကို ရွေးကောက် တော်မူ၍၊ အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ်သော ထိုလူမျိုး ကို ချီးမြှောက် သဖြင့်၊ ထင်ရှားသော လက် တော်နှင့် ထိုပြည် မှ နှုတ်ဆောင် တော်မူ၏။
18 ၁၈ အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။
၁၈အနှစ် လေးဆယ်မျှလောက် သော ကာလ ပတ်လုံးတော ၌ ကျွေးမွေးတော်မူ၏။
19 ၁၉ ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ၏။
၁၉ခါနာန် ပြည် ၌ လူ ခုနစ် မျိုးတို့ကို ပယ်ရှား ပြီးလျှင် ၊ ထိုပြည် ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ၏။
20 ၂၀ ထိုနောက်မှပရောဖက်ရှမွေလမပေါ်မရှိမှီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကိုပေးတော်မူ၏။
၂၀ထိုနောက်မှ ပရောဖက် ရှမွေလ မ ပေါ်မရှိမှီ အနှစ် လေးရာ ငါးဆယ် မျှလောက် သော ကာလပတ်လုံး၊ တရားသူကြီး တို့ကိုပေး တော်မူ၏။
21 ၂၁ နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသော အခါရှောလု အမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ၏။
၂၁နောက် တဖန်ရှင်ဘုရင် ကို တောင်း ကြသောအခါရှောလု အမည်ရှိသော ကိရှ ၏သား ၊ ဗင်္ယာမိန် အမျိုး ဖြစ်သောသူ ကို အနှစ် လေးဆယ် ပတ်လုံးပေး တော်မူ၏။
22 ၂၂ နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူ အားသက်သေခံတော်မူလျက်၊စိတ်နှလုံး၌ ညီညွတ်သည် ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှ၏ သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။
၂၂နောက်မှ ထိုသူ ကိုပယ် ၍၊ ဣသရေလ ရှင်ဘုရင် အရာ၌ ဒါဝိဒ် ကို ချီးမြောက် တော်မူ၏။ ထိုသူ အားသက်သေခံ တော်မူလျက်၊စိတ် နှလုံး၌ ညီညွတ်သည် ဖြစ်၍ငါ့ အလို ကိုပြည့်စုံစေမည့်သူ ၊ ယေရှဲ ၏သား ဒါဝိဒ် ကို ငါတွေ့ ရပြီဟု မိန့် တော်မူ၏။
23 ၂၃ ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်း စေတော်မူပြီ။
၂၃ထိုသူ ၏အမျိုးအနွယ် ထဲ၌ ဘုရားသခင် သည် ဂတိ တော်အတိုင်း ကယ်တင် သောသခင်ယေရှု ကို ဣသရေလ လူတို့အား ပေါ်ထွန်း စေတော်မူပြီ။
24 ၂၄ ထိုသခင်ကြွလာတော်မမူမှီ ယောဟန်သည် ဣသရေလလူ အပေါင်းတို့အား နောင်တနှင့် စပ်ဆိုင် သော ဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။
၂၄ထိုသခင် ကြွလာ တော်မ မူမှီ ယောဟန် သည် ဣသရေလ လူ အပေါင်း တို့အား နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟောပြော နှင့်လေ၏။
25 ၂၅ ယောဟန်သည်မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသောသူတပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို၏။
၂၅ယောဟန် သည်မိမိဆောင်ရွက်ရသော အမှု ကိုပြု၍ နေစဉ်တွင်၊ ငါ သည် အဘယ်သူ ဖြစ် သည်ကို သင်တို့ ထင်မှတ် ကြသနည်း။ ငါ သည် ထိုသူဖြစ် သည်မ ဟုတ်။ ငါ့ နောက် ကြွလာ သောသူတစ်ပါးရှိသေး၏။ ထိုသူ ၏ ခြေနင်း တော်ကို ငါမ ချွတ် ထိုက် ဟုဆို ၏။
26 ၂၆ အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရား သခင်ကို ကြောက်ရွံ့သောသူတို့၊ ဤ ကယ်တင်တော်မူခြင်းတရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။
၂၆အာဗြဟံ အမျိုး ဖြစ်သော ညီအစ်ကို မှစ၍သင် တို့တွင်ဘုရားသခင် ကို ကြောက်ရွံ့ သောသူ တို့၊ ကယ်တင် တော်မူခြင်းတရား စကားကို သင်တို့အား ကြား လိုက်တော်မူ၏။
27 ၂၇ ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို၎င်း၊ ဥပုသ်နေ့တိုင်းအစဉ် ဘတ်ရွက်သော ပရောဖက်တို့၏ စကားကို၎င်း၊ မသိ နားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သော အားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။
၂၇ယေရုရှလင် မြို့၌ နေ သောသူ တို့နှင့်တကွ မင်း များတို့သည် ထို သခင်ကို၎င်း၊ ဥပုသ်နေ့ တိုင်း အစဉ် ဘတ်ရွက် သော ပရောဖက် တို့၏ စကား ကို၎င်း ၊ မ သိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင် သော အားဖြင့် ၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံ စေကြပြီ။
28 ၂၈ ကိုယ်တော်၌သေထိုက်သောအပြစ် တစုံတခုကို မျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။
၂၈ကိုယ်တော် ၌သေ ထိုက်သောအပြစ် တစ်စုံတစ်ခုကို မျှ မ တွေ့ သော်လည်း၊ ကွပ်မျက် စေမည်အကြောင်း ပိလတ် မင်းထံ၌တောင်းလျှောက် ကြ၏။
29 ၂၉ ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထား သမျှတို့ကို ပြည့်စုံ စေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍သင်္ချိုင်းတွင်း၌ ထားကြ၏။
၂၉ထိုသခင် ကိုရည်မှတ် ၍ ကျမ်းစာ၌ ရေး ထား သမျှ တို့ကို ပြည့်စုံ စေပြီးလျှင် ၊ အလောင်းတော်ကို သစ် တိုင်မှ ချ ၍သင်္ချိုင်း တွင်း၌ ထား ကြ၏။
30 ၃၀ ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ တော်မူသည်ဖြစ်၍၊
၃၀ဘုရားသခင် သည် သေ ခြင်းမှထမြောက် စေတော်မူသည်ဖြစ်၍၊
31 ၃၁ ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူ တို့အားနေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြ တော်မူ၏။
၃၁ဂါလိလဲ ပြည်မှ ယေရုရှလင် မြို့သို့ နောက်တော်၌ လိုက်သော သူ တို့အားနေ့ရက် များစွာ ကိုယ် ကို ထင်ရှား ပြ တော်မူ၏။
32 ၃၂ ထိုသူတို့သည် လူများတို့အား သက်သေခံဖြစ် ကြ၏။
၃၂ထိုသူ တို့သည် လူ များတို့အား သက်သေခံ ဖြစ် ကြ၏။
33 ၃၃ ဆာလံကျမ်းဒုတိယခဏ်း၌လာသည်ကား၊ သင်သည်ငါ့သား ဖြစ်၏။
၃၃ဆာလံ ကျမ်းဒုတိယ ခဏ်း၌ လာ သည်ကား၊ သင် သည်ငါ့ သား ဖြစ် ၏။
34 ၃၄ ယနေ့ပင်သင့်ကိုငါဖြစ်သွားစေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ဂတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အား ပြည့်စုံတော်မူ သည်ဟူ၍၎င်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ် ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြော ကြ၏။
၃၄ယနေ့ ပင်သင့် ကိုငါ ဖြစ်ဘွား စေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင် သည် ယေရှု ကို ထမြောက် စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ ရှိ သော ဂတိ တော်ကို ထိုသူ တို့၏ သား ဖြစ်သောငါ တို့အား ပြည့်စုံ တော်မူသည်ဟူ၍၎င်း၊ ဒါဝိဒ် ၌မြဲမြံ သော ကျေးဇူးတော်ကို သင် တို့အား ငါပေး မည်ဟူသောဗျာဒိတ် တော်နှင့်အညီ ၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေ၍ ၊ နောက်တစ်ဖန် ပုပ်စပ် ခြင်းသို့ မပြန် ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါ တို့သည် သင် တို့အား ကြားပြော ကြ၏။
35 ၃၅ ထိုကြောင့်ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော်၏ သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟုလာ၏။
၃၅ထိုကြောင့် ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော် ၏ သန့်ရှင်း သောသူ အား ပုပ်စပ် ခြင်းကို ရှိ စေတော်မ မူဟုလာ၏။
36 ၃၆ ဒါဝိဒ်သည်မိမိကာလ၌ ဘုရားသခင်၏ အလို တော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေး စုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်း သို့ ရောက်လေ၏။
၃၆ဒါဝိဒ် သည်မိမိ ကာလ ၌ ဘုရားသခင် ၏ အလို တော်ကို ဆောင်ရွက် ပြီးလျှင်၊ ကျိန်းစက် ၍ မိမိ ဘိုးဘေး စုထဲသို့ ဝင် သဖြင့် ပုပ်စပ် ခြင်း သို့ ရောက် လေ၏။
37 ၃၇ ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။
၃၇ဘုရားသခင် ထမြောက် စေတော်မူသော သူ မူကား ၊ ပုပ်စပ် ခြင်းသို့ မ ရောက် ။
38 ၃၈ ထိုကြောင့်ညီအစ်တို့ကို၊ ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို၎င်း၊
၃၈ထိုကြောင့် ညီအစ်ကို တို့၊ ထိုသခင် ၏ ကျေးဇူးတော်ကြောင့် အပြစ် လွှတ် ခြင်းတရားကို သင် တို့အား ဟောကြား သည်ကို၎င်း၊
39 ၃၉ ထိုသခင်ကိုယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှ တို့နှင့် လွတ်ရကြသည်ကို၎င်း သိမှတ် ကြလော့။
၃၉ထိုသခင် ကိုယုံကြည် သောသူ ရှိသမျှ တို့သည် မောရှေ ၏ တရား အတိုင်း မ လွတ် နိုင် သော အပြစ်ရှိသမျှ တို့နှင့် လွတ် ရကြသည်ကို၎င်း သိမှတ် ကြလော့။
40 ၄၀ အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။
၄၀အနာဂတ္တိ ကျမ်း၌ လာ သည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှု အံ့ဩ ၍ ပြယ်ပျောက် ခြင်းသို့ ရောက်ကြလော့။
41 ၄၁ အကြောင်းမူကား၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကိုသင်တို့ လက်ထက် ကာလ၌ ငါပြုသည်ကျမ်းစာ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။
၄၁အကြောင်းမူကား ၊ သင်တို့အားသူတစ်ပါး ပြညွှန် သော်လည်း ၊ သင် တို့မ ယုံသော အမှု ကိုသင် တို့ လက်ထက်ကာလ ၌ ငါ ပြု သည်ကျမ်းစာ၌ ပါသောအရာ ကို သင်တို့ အပေါ်သို့မ ရောက်စေမည်အကြောင်း ၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။
42 ၄၂ လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။
၄၂လူများတို့သည် တရားစရပ်မှ ထွက်သွား ကြစဉ်၊ ထို အကြောင်း အရာတို့ကို မိမိ တို့အား နောက် ဥပုသ်နေ့ ၌ ဟောပြော ပါမည်အကြောင်း တောင်းပန် ကြ၏။
43 ၄၃ အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများ တို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။
၄၃အစည်းအဝေး ပျက် ၍ ပြန်ကြသောအခါယုဒ လူမှစ၍ ဘုရား ကို ကိုးကွယ်သော ဘာသာဝင် သူများ တို့သည် ပေါလု နှင့် ဗာနဗ နောက် သို့ လိုက်ကြသည်ဖြစ်၍ထိုသူ တို့သည် ဘုရားသခင် ၏ ကျေးဇူး တော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော် တို့သည် ဖြားယောင်း ၍ ဆုံးမ ဩဝါဒပေးလေ၏။
44 ၄၄ နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ၏။
၄၄နောက်ဥပုသ်နေ့ ၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နားထောင် အံ့သောငှာတစ်မြို့လုံး ကုန်မတတ် စည်းဝေး ကြ၏။
45 ၄၅ ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ် နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။
၄၅ယုဒ လူတို့သည် အစည်းအဝေး တို့ကို မြင် လျှင် ငြူစူ သောစိတ် နှင့်ပြည့်စုံ သဖြင့်၊ ပေါလု ၏စကား ကို ငြင်းခုံ သည်သာမက ဆဲရေး ကြ၏။
46 ၄၆ ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။ (aiōnios )
၄၆ထိုအခါပေါလု နှင့် ဗာနဗ တို့က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင် တို့အား ရှေးဦးစွာ ဟောပြော ရ ၏။ သို့သော်လည်းသင်တို့သည်ပယ် ၍ ထာဝရ အသက် ကိုမိမိတို့မ ခံထိုက် သည်ဟု မိမိ တို့စီရင် ကြ သောကြောင့်၊ ထာဝရ ဘုရားသည် မှာ တော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါး အမျိုးသားတို့ ဆီသို့ လှည့် ကြ၏။ (aiōnios )
47 ၄၇ မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင်ကိုတပါး အမျိုးသားလင်းစရာဘို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။
၄၇မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင် သည် မြေကြီး စွန်း တိုင်အောင် ကယ်တင် ခြင်းကို ပြု စိမ့်သောငှာ၊ သင် ကိုတစ်ပါး အမျိုးသားလင်း စရာဘို့ ငါခန့်ထား ၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့် စွာ ပြောဆိုကြ၏။
48 ၄၈ ထိုစကားကို တပါးအမျိုးသားတို့သည်ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်းကြ၏။ ထာဝရ အသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြသဖြင့်၊ (aiōnios )
၄၈ထိုစကားကို တစ်ပါး အမျိုးသားတို့သည်ကြား လျှင် ဝမ်းမြောက် ၍ ထာဝရ ဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်း ကြ၏။ ထာဝရ အသက် ကို ရစေခြင်းငှာ ခန့်ထား တော်မူသော သူရှိသမျှ တို့သည် ယုံကြည် ခြင်းသို့ ရောက် ကြသဖြင့် ၊ (aiōnios )
49 ၄၉ ထာဝရဘုရား၏ သာသနာတော်သည် တပြည် လုံး၌ နှံပြားလေ၏။
၄၉ထာဝရ ဘုရား၏ သာသနာ တော်သည် တစ်ပြည်လုံး ၌ နှံ့ပြား လေ၏။
50 ၅၀ ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ ၏။
၅၀ထိုအခါ ဘုရားကိုကိုးကွယ် ၍ အသရေ ရှိသော မိန်းမ တို့နှင့် ထိုမြို့ ၌အကြီးအကဲ ဖြစ်သော သူများကို ယုဒ လူတို့သည် နှိုးဆော် ၍၊ ပေါလု နှင့် ဗာနဗ တို့ကို ညှဉ်းဆဲ စေသဖြင့်ထိုပြည် ၏နယ် မှ နှင်ထုတ် ကြ ၏။
51 ၅၁ တမန်တော်တို့သည် မိမိတို့ခြေဖဝါး၌ကပ်သော မြေမှုန့်ကို ထိုသူတို့အားခါလိုက်ပြီးမှ ၊ ဣကောနိမြို့သို့ သွားကြ၏။
၅၁တမန်တော်တို့သည် မိမိ တို့ခြေဖဝါး ၌ကပ်သော မြေမှုန့် ကို ထိုသူတို့အားခါ လိုက်ပြီးမှ ၊ ဣကောနိ မြို့သို့ သွား ကြ၏။
52 ၅၂ တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့် ၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်းပြည့်စုံကြ၏။
၅၂တပည့် တော်များတို့သည် ဝမ်းမြောက် ခြင်းနှင့် ၎င်း ၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်းပြည့်စုံ ကြ၏။