< တမန်တော်ဝတ္ထု 11 >
1 ၁ တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ် ကိုများတို့သည် ကြားသိကြ၏။
Atumwi ndi abale a ku Yudeya konse anamva kuti anthu a mitundu ina analandiranso Mawu a Mulungu.
2 ၂ ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊
Tsono Petro atafika ku Yerusalemu, abale amene anali a mdulidwe anamutsutsa iye,
3 ၃ သင်သည် အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့် ပေါင်းဘော် ၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။
ndipo anati, “Iwe unalowa mʼnyumba ya anthu osachita mdulidwe ndi kudya nawo.”
4 ၄ ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင် အောင် ဘော်ပြသည်ကား၊
Koma Petro anayamba kuwafotokozera zonse mwatsatanetsatane momwe zinachitikira kuti,
5 ၅ ငါသည်ယုပွေမြို့၌ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။
“Ine ndimapemphera mu mzinda wa Yopa ndipo ndili ngati wokomoka ndinaona masomphenya. Ndinaona chinthu chokhala ngati chinsalu chachikulu chikutsika kuchokera kumwamba chogwiridwa msonga zake zinayi, ndipo chinatsikira pa ine.
6 ၆ ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သောသားမျိုး၊ တွားတတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင်၏။
Ine ndinayangʼana mʼkati mwake ndipo ndinaona nyama za miyendo inayi za mʼdziko lapansi, zirombo, zokwawa, ndi mbalame zamlengalenga.
7 ၇ ထိုအခါ၊ ပေတရု၊ ထ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား၏။
Kenaka ine ndinamva mawu akuti, ‘Petro, Imirira. Ipha, nudye.’
8 ၈ ငါကလည်းမဖြစ်နိုင်ပါသခင်။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲ သို့တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။
“Ine ndinayankha kuti, ‘Ayi, Ambuye! Pakuti chinthu chodetsedwa ndi chonyansa sindinadyepo pakamwa pangapa.’
9 ၉ နောက်တဖန် စကားသံကား၊ ဘုရားသခင်စင် ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။
“Mawu ochokera kumwamba ananenanso kachiwiri kuti, ‘Chimene Mulungu wachiyeretsa usanene kuti ndi chodetsedwa.’
10 ၁၀ ထိုသို့သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ဆွဲယူပြန်လေ၏။
Zimenezi zinachitika katatu ndipo kenaka zonse zinatengedwa kupita kumwamba.
11 ၁၁ ထိုခဏခြင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ် သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။
“Nthawi yomweyo anthu atatu amene anatumidwa kuchokera ku Kaisareya anayima pa nyumba yomwe ndimakhalayo.
12 ၁၂ ငါသည်တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်းဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့် အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။
Mzimu anandiwuza kuti ndisakayike, koma ndipite nawo. Abale asanu ndi mmodzi awa anapitanso nane ndipo tinalowa mʼnyumba ya munthuyo.
13 ၁၃ ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှား စွာရပ်လျက်၊ သင်သည်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။
Iye anatiwuza mmene anaonera mngelo atayimirira mʼnyumba mwake ndi kumuwuza kuti, ‘Tumiza anthu ku Yopa kuti akayitane Simoni wotchedwa Petro.
14 ၁၄ ထိုပေတရုသည် သင်မှစ၍ သင်၏ အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်း တရားစကား ကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြား လေ၏။
Iye adzakuwuza uthenga umene udzapulumutsa iwe ndi a pa banja ako.’
15 ၁၅ ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက် ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။
“Nditangoyamba kuyankhula, Mzimu Woyera anafika pa iwo monga momwe anafikira pa ife poyamba paja.
16 ၁၆ ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့် မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။
Kenaka ndinakumbukira zimene Ambuye ananena kuti, ‘Yohane anabatiza ndi madzi, koma inu mudzabatizidwa ndi Mzimu Woyera.’
17 ၁၇ သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည် နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည်အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။
Tsono ngati Mulungu anawapatsa iwo mphatso yomweyo imene anatipatsa ife, amene tinakhulupirira Ambuye Yesu Khristu, ndine yani kuti nditsutsane ndi Mulungu?”
18 ၁၈ ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ် ဘုရား သခင်သည် အသက်ရှင်စေခြင်းအလိုငှါ၊ နောင်တ တရားကို တပါးအမျိုးသားတို့အားလည်းပေးတော်မူပြီဟု ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
Iwo atamva zimenezi analibenso chonena ndipo anayamika Mulungu nati, “Potero Mulungu wapatsa anthu a mitundu ina mwayi wotembenuka mtima ndi kulandira moyo.”
19 ၁၉ ထိုမှတပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
Tsopano amene anabalalika chifukwa cha mazunzo amene anayamba ataphedwa Stefano, anapita mpaka ku Foinike, ku Kupro ndi ku Antiokeya, ndipo ankalalikira kwa Ayuda okha.
20 ၂၀ နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။
Komabe, ena pakati pawo ochokera ku Kupro ndi ku Kurene anapita ku Antiokeya ndipo iwo anayamba kuyankhulanso kwa Agriki, nawawuza za Uthenga Wabwino wa Ambuye Yesu.
21 ၂၁ သခင်ဘုရား၏လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။
Mphamvu ya Ambuye inali nawo ndipo anthu ambiri anakhulupirira natembenukira kwa Ambuye.
22 ၂၂ ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော် သည်ကြားလျှင်၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ၏။
Mbiri imeneyi inamveka ku mpingo wa ku Yerusalemu ndipo iwo anatumiza Barnaba ku Antiokeya.
23 ၂၃ ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူး တော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ၏။
Atafika ndi kuona chisomo cha Mulungu pa iwo, anakondwa ndi kuwalimbikitsa anthu onsewo kuti apitirire kukhala woona mu mtima mwa Ambuye.
24 ၂၄ ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ယုံကြည်ခြင်းနှင့်၎င်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။
Barnabayo anali munthu wabwino, wodzazidwa ndi Mzimu Woyera ndi chikhulupiriro ndipo gulu lalikulu la anthu linabwera kwa Ambuye.
25 ၂၅ ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား၏။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။
Kenaka Barnaba anapita ku Tarisisi kukafuna Saulo,
26 ၂၆ ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။
ndipo pamene anamupeza anabwera naye ku Antiokeya. Barnaba ndi Saulo anasonkhana ndi mpingo kwa chaka chimodzi naphunzitsa anthu ambirimbiri. Okhulupirirawo anayamba kutchedwa Akhristu ku Antiokeya.
27 ၂၇ ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ သို့လာကြ၏။
Masiku amenewo ku Antiokeya kunafika aneneri ena ochokera ku Yerusalemu.
28 ၂၈ ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူ တယောက်သည်ထ၍၊ မြေတပြင်လုံး၌ အစာ အာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့် ဘော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက်၌ဖြစ်သတည်း။
Mmodzi wa iwo dzina lake Agabu, anayimirira ndipo Mzimu anamutsogolera kunenera zamʼtsogolo kuti padzakhala njala yayikulu pa dziko lonse lapansi. (Izi zinachitikadi nthawi ya ulamuliro wa Klaudiyo).
29 ၂၉ ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကို တို့အား အကူအမပေးလိုက် မည်ဟု၊
Ophunzirawo, aliyense monga mwakupata kwake, anatsimikiza kuthandiza abale okhala ku Yudeya.
30 ၃၀ စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ ထံသို့ပေးလိုက်ကြ၏။
Izi anazichitadi ndipo anatuma Barnaba ndi Saulo kukapereka mphatsozo kwa akulu a mpingo.