< တမန်တော်ဝတ္ထု 11 >
1 ၁ တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ် ကိုများတို့သည် ကြားသိကြ၏။
Zizan manzani ba, baba mri vayi wa bana he Yahudiya ba wo ndi bi kora ba ngame ba kpa lantre Rji.
2 ၂ ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊
Niwa Bitrus a hon ye rhi ni Urushelima, biwa ba he ni grjhi bi hanbru'a ba tre ba;
3 ၃ သင်သည် အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့် ပေါင်းဘော် ၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။
nda tre ndi, wuka zontu ni biwa bana hanbru na, ndi rhi ni ba!
4 ၄ ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင် အောင် ဘော်ပြသည်ကား၊
Ama Bitrus alu kri mla bla kpi ba ni bawu ndi,
5 ၅ ငါသည်ယုပွေမြို့၌ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။
Mi sia bre ni mi gbu Joppa, u Mi kri hra too ra, toh ekpe si grjhi ye, a rjuto kikle nk'ma bla wa basii chuwo si grji rji ni shulu, ba vuu nji ni nton nza ma. A grji ye ni me.
6 ၆ ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သောသားမျိုး၊ တွားတတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင်၏။
Mi ya'u nzrime ni rhimre nitu ma, Mi toh n'ma rju bi gbungblu meme, bi zren ni za nza, meme bi ki ni tsutsu miji, bi nha ni meme baba nchinche bi shulu.
7 ၇ ထိုအခါ၊ ပေတရု၊ ထ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား၏။
Mle mi wo lan tre nda hla nimu ndi, “Lu kri, Bitrus, wuu ndi tan!”
8 ၈ ငါကလည်းမဖြစ်နိုင်ပါသခင်။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲ သို့တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။
Mi tre ndi, “Ana toki na, Bachi, nitu ni son mu, meme kpe wu kpa ti meme na ri ninyumu na.”
9 ၉ နောက်တဖန် စကားသံကား၊ ဘုရားသခင်စင် ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။
Ama ilan a k'ma sa nimu rji ni shulu ndi, 'Ekpe wa Irji k'ma ti sa'a, wuna yo ndi a ti rji na.
10 ၁၀ ထိုသို့သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ဆွဲယူပြန်လေ၏။
Ikpe yi a zren ti nkpu tra, mle ba gbron k'ma hon hi ni shulu.
11 ၁၁ ထိုခဏခြင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ် သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။
Bika mla toh, niki, ndji tra ba kri wruki ni kontra ko wa kina he nimi'a; ba ton ba ye nime rji ni Caesarea.
12 ၁၂ ငါသည်တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်းဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့် အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။
Ruhu a tre gbangban nime du mi huba hi, ni du mi na yaba ti nkan na. Mri vayi tanne biyi ba hume, u ki rihi nimiko igu'a.
13 ၁၃ ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှား စွာရပ်လျက်၊ သင်သည်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။
A vu bla ni tawu nitu wa a toh Maleka a kri ni koma nda hla wu ndi, “Ton ndji me hi ni Joppa du ba hi nji Siman ye, wa ba yo ndi Bitrus.
14 ၁၄ ထိုပေတရုသည် သင်မှစ၍ သင်၏ အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်း တရားစကား ကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြား လေ၏။
Ani tre niyi nitu lan tre wa ani kpayi chuwo, iwu baba bi kome!
15 ၁၅ ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက် ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။
Niwa mi guchi si tre ni ba, Ruhu Tsatsra a kuni tumba, tsra ni wa a ku nita ni mumla'a.
16 ၁၆ ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့် မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။
Mi tika ni lan tre Bachi, niwa a tre ndi “Yohana a tie batisma ni mma, ama biyi bi kpa batisma wu Ruhu Tsatsra.”
17 ၁၇ သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည် နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည်အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။
Niki, Irji nita nuba kpe tsra niwa a nuta hamma ni du ta han, niwa ki kpanyme ni Bachi Yesu Kristi, me mi nha, wa mi kri sen nyu ni Irji?
18 ၁၈ ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ် ဘုရား သခင်သည် အသက်ရှင်စေခြင်းအလိုငှါ၊ နောင်တ တရားကို တပါးအမျိုးသားတို့အားလည်းပေးတော်မူပြီဟု ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
Niwa ba wo kpi biyi, bana sa tre ni tuma ngana, ama nda nzu nde Irji hon nda tre ndi, “Irji niu kma sron sran vri ni biwa ba bi kora'a ngame.”
19 ၁၉ ထိုမှတပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
Zizan, biwa bana vra nitu iya wa a rirhi ni tu Istifanus, ba zren gbangban ka ri ni Phoenicia, Cyprus mba Antioch, ndani bla lan tre ni Yahudawa ba megen.
20 ၂၀ နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။
Ama bari mba, ndji bi Cyprus mba Cyrene ba ye ni Antioch nda bla ni biwa ba Greek ngame, ndani d'bu ni bau, tre ndindi nitu Bachi Yesu.
21 ၂၁ သခင်ဘုရား၏လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။
Iwo Bachi a he niba, gbugbu ndji ba kpanyme nda k'ma ye ni Bachi.
22 ၂၂ ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော် သည်ကြားလျှင်၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ၏။
Itre ni tu mba aka ku ni ton ekklisiya ni Urushelima, u baka ton Barnabas du rju zren gbagban mu ka ri ni Antioch.
23 ၂၃ ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူး တော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ၏။
Niwa a ye nda toh ti ndindi wu Irji, a ngri nda nronba duba kri ngbangba ni Bachi ni suron mba riri.
24 ၂၄ ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ယုံကြည်ခြင်းနှင့်၎င်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။
Nitu ana ndji wu ndindi suron, shuni Ruhu Tsatsra mba suron kri ngbangban, u ndji gbugbu ba ka nhani Bachi.
25 ၂၅ ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား၏။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။
Barnabas alu wruhi Tarsus nitu hi wa to Shawulu.
26 ၂၆ ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။
Niwa a too'a, a njiwu ye ni Antioch, Aye heme ndi ba ki ni ekklisiya wu seri wawu, nda du ba gbrontu yo bubu riri nda zita tsro ndji gbugbu'u. A he ni Antioch mba ba guchi yo mri ko bi hu; a ndi Krista.
27 ၂၇ ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ သို့လာကြ၏။
Zizan ni vi biyi, anabawa bari ba grji ye ni Antioch, rji ni Urushelima.
28 ၂၈ ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူ တယောက်သည်ထ၍၊ မြေတပြင်လုံး၌ အစာ အာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့် ဘော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက်၌ဖြစ်သတည်း။
Iri mba, ni nde Agabus, a lu kri, ni chon Ruhu Tsatsra, nda tre ndi mem yon ni ye ku ni ngbran meme wawu. Ekpe a ye he toki ni ba vi wu Claudius.
29 ၂၉ ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကို တို့အား အကူအမပေးလိုက် မည်ဟု၊
Nikima, mri ko bi hu'a, tsra ni gbengblen ma, ba zontu nda tru izo mba hi ni mri vayi wa ba he ni Judiya.
30 ၃၀ စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ ထံသို့ပေးလိုက်ကြ၏။
Ba tie kpeyi, nda tru nklen hi ni bi ninkon'a zu jni wo Barnabas mba Shawulu.