< ၂ တိမောသေ 1 >

1 ယေရှုခရစ်၌တည်သော အသက်ကိုပေးမည်ဟုဂတိတော်နှင့်အညီ၊ ဘုရားသခင်၏ အလိုတော် အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည် ငါ့ချစ်သားတိမောသေကို ကြားလိုက်ပါ၏။
khrIShTena yIshunA yA jIvanasya pratij nA tAmadhIshvarasyechChayA yIshoH khrIShTasyaikaH preritaH paulo. ahaM svakIyaM priyaM dharmmaputraM tImathiyaM prati patraM likhAmi|
2 ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိ ပါစေသော။
tAta Ishvaro. asmAkaM prabhu ryIshukhrIShTashcha tvayi prasAdaM dayAM shAnti ncha kriyAstAM|
3 သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှါ အလွန်လွမ်းသောစိတ်ရှိသဖြင့်၎င်း၊
aham A pUrvvapuruShAt yam IshvaraM pavitramanasA seve taM dhanyaM vadanaM kathayAmi, aham ahorAtraM prArthanAsamaye tvAM nirantaraM smarAmi|
4 သင်၏အဘွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်၎င်း၊
yashcha vishvAsaH prathame loyInAmikAyAM tava mAtAmahyAm unIkInAmikAyAM mAtari chAtiShThat tavAntare. api tiShThatIti manye
5 နေ့ညဉ့်မပြတ်ဆုတောင်း ပဌနာပြုသည်တွင်၊ သင့်ကိုမခြားမလပ် အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသော စိတ်စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရား သခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။
tava taM niShkapaTaM vishvAsaM manasi kurvvan tavAshrupAtaM smaran yathAnandena praphallo bhaveyaM tadarthaM tava darshanam AkA NkShe|
6 ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည် အကြောင်း၊ ငါသည်သင့်ကို သတိပေး၏။
ato heto rmama hastArpaNena labdho ya Ishvarasya varastvayi vidyate tam ujjvAlayituM tvAM smArayAmi|
7 အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။
yata Ishvaro. asmabhyaM bhayajanakam AtmAnam adattvA shaktipremasatarkatAnAm Akaram AtmAnaM dattavAn|
8 ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့်အကျဉ်းခံရသောသူဖြစ်သောငါကို ၎င်း ရှက်ကြောက်ခြင်းမရှိနှင့်။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။
ataevAsmAkaM prabhumadhi tasya vandidAsaM mAmadhi cha pramANaM dAtuM na trapasva kintvIshvarIyashaktyA susaMvAdasya kR^ite duHkhasya sahabhAgI bhava|
9 ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။ (aiōnios g166)
so. asmAn paritrANapAtrANi kR^itavAn pavitreNAhvAnenAhUtavAMshcha; asmatkarmmahetuneti nahi svIyanirUpANasya prasAdasya cha kR^ite tat kR^itavAn| sa prasAdaH sR^iShTeH pUrvvakAle khrIShTena yIshunAsmabhyam adAyi, (aiōnios g166)
10 ၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှား လျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန် ခြင်းအကြောင်းကို ဧဝံရေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
kintvadhunAsmAkaM paritrAtu ryIshoH khrIShTasyAgamanena prAkAshata| khrIShTo mR^ityuM parAjitavAn susaMvAdena cha jIvanam amaratA ncha prakAshitavAn|
11 ၁၁ ထိုတရားကို ဟောပြောသောသူအရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ တပါးအမျိုးသားတို့၏ ဆရာ အရာ၌၎င်း ငါ့ကိုခန့်ထားတော်မူပြီ၊
tasya ghoShayitA dUtashchAnyajAtIyAnAM shikShakashchAhaM niyukto. asmi|
12 ၁၂ ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ၏။
tasmAt kAraNAt mamAyaM klesho bhavati tena mama lajjA na jAyate yato. ahaM yasmin vishvasitavAn tamavagato. asmi mahAdinaM yAvat mamopanidhe rgopanasya shaktistasya vidyata iti nishchitaM jAnAmi|
13 ၁၃ ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။
hitadAyakAnAM vAkyAnAm AdarsharUpeNa mattaH shrutAH khrIShTe yIshau vishvAsapremnoH kathA dhAraya|
14 ၁၄ သင်၌အပ်ထားသော အရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်အား ဖြင့် စောင့်ရှောက်လော့။
aparam asmadantarvAsinA pavitreNAtmanA tAmuttamAm upanidhiM gopaya|
15 ၁၅ အာရှိပြည်၌နေသော သူအပေါင်းတို့သည် ငါ့ကိုပယ်ကြပြီဟု၊ သင်သည် ကြားသိ၏။ ထိုသူတို့တွင် ဖုဂေလုနှင့် ဟေရမောဂင်ပါသတည်း။
AshiyAdeshIyAH sarvve mAM tyaktavanta iti tvaM jAnAsi teShAM madhye phUgillo harmmaginishcha vidyete|
16 ၁၆ ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌သက်ရောက်ပါစေသော။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊
prabhuranIShipharasya parivArAn prati kR^ipAM vidadhAtu yataH sa punaH puna rmAm ApyAyitavAn
17 ၁၇ ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက်ငါ့ကိုရှာ၍တွေ့၏။
mama shR^i Nkhalena na trapitvA romAnagare upasthitisamaye yatnena mAM mR^igayitvA mamoddeshaM prAptavAn|
18 ၁၈ သူသည်ထိုနေ့ရက်၌ သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည်ဧဖက်မြို့၌လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ၏။
ato vichAradine sa yathA prabhoH kR^ipAbhAjanaM bhavet tAdR^ishaM varaM prabhustasmai deyAt| iphiShanagare. api sa kati prakArai rmAm upakR^itavAn tat tvaM samyag vetsi|

< ၂ တိမောသေ 1 >