< ၂ တိမောသေ 2 >
1 ၁ ငါ့သား၊ သင်သည် ယေရှုခရစ်၌ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။
Cwale iwe, banangu, mukozwe mu chishemo cha na mwa Kreste Jesu.
2 ၂ သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။
Mi ni zintu zimwa zuwa kwangu hakatu ke mpaki zingi, muzi tambike ku vantu va sepahala vete va wole ku luta vamwi hape.
3 ၃ ထိုသို့အလိုငှါ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့၊
Munyande muvukavo - vukukutu neme, sina ili isole lyi shiyeme lya Kreste Jesu.
4 ၄ စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှါ၊ လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။
Kakwina i sole lyi seveza nili suminwe muzintu zovunu vuhalo, kuti a tavise wina he wulu lyakwe.
5 ၅ ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။
Mi hape, haiva zumwi wi zuziliza kuva yo tiya, kazwatikiwa i kuwani yo mushukwe haisi ha yenderera ni milao.
6 ၆ လယ်လုပ်သောသူသည်လည်းအရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။
Mi itukero yo mulimi yo seveza ahulu kuti atambule inkavelo yakwe ye zimelantu kumatangilo.
7 ၇ ငါ့စကားကိုဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ဥာဏ်ကို သင့်အားပေးသနား တော်မူ ပါစေသော။
Hupule chini wamba, kaho Ireeza kamihe inkutwisiso muzintu zonse.
8 ၈ ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည်၊ ငါဟောသောဧဝံဂေလိတရားအတိုင်း၊ သေခြင်းမှ ထမြောက်တော်မူသည်ဟု အောက်မေ့လော့။
Muhupule Kreste Jesu, kuzwa kwi mbuto ya Davida, yava vuswa kuvamwi va fwire. Ichi chiya che ñusa lye ivangeli yangu.
9 ၉ ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင်ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည်ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။
Kecho ni nyanda mane kusika he nako yo kusuminwa sina ni chisinyi. Kono linzwi lya Ireeza kali suminwe.
10 ၁၀ ထိုကြောင့်ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ သူတို့အဘို့ အရာရာကို ငါသည်းခံရ၏။ (aiōnios )
Yahaho niva nyandi muzintu zonse kwavo vava ku ketetwe, kuti niva wole kuwana impuluso ina mwa Kreste Jesu, ni nkanya iya ku mamanimani. (aiōnios )
11 ၁၁ သစ္စာစကားဟူကား၊ ထိုသခင်နှင့်အတူသေလျှင်၊ အတူရှင်လိမ့်မည်။
Ichi chiwambo chi sepahala: “haiva tuva fwi naye, ka twikale naye hape.
12 ၁၂ သည်းခံလျှင်၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။
Haiva tu wonderela, katu vuse naye hape. Haiva ni tu musampula, katu sampule naye.
13 ၁၃ ငါတို့သည်မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။
Haiva katu sepahali, ushala na sepahala, kakuli ka woli ku lisampula iye mwine.
14 ၁၄ ဤအကြောင်းအရာများကို သူတပါးတို့အား သတိပေးလော့။ အဘယ်အကျိုးကိုမျှမပြုစု၊ ကြားနာသောသူတို့၏ စိတ်ကိုမှောက်လှန်လိုသောငှါ၊ စကားကြောင့်သာ ငြင်းခုံခြင်းကို မပြုမည်အကြောင်း၊ သခင်ဘုရားရှေ့၌ သစ္စာပေးလော့။
Uwondelele kuva hupulisa ke zi zintu. Uva kalimele havusu bwe ireeza kuti kanji va lilwisi ku amana ni ziyambo. Kelyi vaka kakwina chintu chimwi cho vutokwa. Kelyi vaka kwina kusinya sinya kwavo va teka.
15 ၁၅ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့။
Pange chi woleka kuti uve zumwi wa zuminwa kwa Ireeza, muveleki u sena cho kuswava, yo luta inako yonse inzwi lye niti.
16 ၁၆ တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။
Uzwe kwi ndava zo kuwamba wamba, zimi twala kuku nyazeleza ku mizwisa mwi nzila ina hande.
17 ၁၇ သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း။
Ku wamba kwavo kaku yende. Mukati kavo va Hymenaeus nima Philetus.
18 ၁၈ သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။
Ava nji vakwame va sena vava zuwa vuniti. Va wamba kuti ku vuka kuvafwire ckiva pangahali kale. Va chinca i ntumelo i vamwi.
19 ၁၉ သို့သော်လည်း၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏။
Ni hakuva bulyo, mutomo u kolete wa Ireeza uzimana. Ina nili swayo: “Simwine wizi avo vali vakwe” mi “yense u sumpa izina lya Simwine uswanela kuzwa ku zintu zi sena hande.”'
20 ၂၀ ကြီးစွာသောအိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာ ရှိသည်မဟုတ်၊ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသော တန်ဆာရှိ၏။
Mwi nzuvo i fumite, kakwina fela imponto ze gauda ni silivera. Kwina hape impoto zo kuveza hazi kuni nizo kuvumba he rongo. Zimwi zina musevezi u sepahala, ni zimwi zisa sepahali.
21 ၂၁ သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိကို စင်ကြယ်စေသောသူမည်သည်ကား၊ အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ၊ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည်။
Haiva kwina zumwi yoli joloza kuzi sa sepahali, muntu yo sepahala. Uvikitwe ku mbali, wina musevezi kwa Simwine, mi uvikilwe musevezi mulotu.
22 ၂၂ လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပဌနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက် လော့။
Uzwe kwi takazo zovu jaha. Tundamine zi chena, intumelo, irato, ni nkozo navo va sumpa kwa Simwine kuzwa kwi nkulo ichena.
23 ၂၃ မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။
Kono mukane vuhole ni mpuzo zi sena hande. Wizi kuti zi zala inkani.
24 ၂၄ သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။
Muhikana wa Simwine ka swaneli ku panga inkani. Kono uswanela kuva yo lukite ku vonse, yo wola ku ruta, ni kuwola ku lindila.
25 ၂၅ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊
Uswanela kuva wa chisemo ku luta vana vasa zumini va mulwisa. Mwendi Ireeza kawole kuvaha kuvaka ke ntuto ye niti.
26 ၂၆ မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်။
Kavave vena hande hape niku zwa mutuswa twa dyavulusu, kasamulaho okuva kwata che ntato yakwe.