< ၂ သက်သာလောနိတ် 3 >
1 ၁ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပက်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊
Heoi, E oku teina, inoi mo matou, kia rere te kupu a te Ariki, kia whai kororia, kia pena me tena i a koutou:
2 ၂ အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည် အကြောင်း၊ ငါတို့အဘို့ ဆုတောင်းကြလော့။ လူတိုင်း သစ္စာရှိသည် မဟုတ်။
Kia whakaorangia hoki matou i nga tangata poauau, i nga tangata kino: kahore hoki nga tangata katoa e whakapono.
3 ၃ သို့သော်လည်း၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သင်တို့ကိုမြဲမြံစေ၍၊ မကောင်းအမှု အရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။
Otiia e pono ana te Atua, mana koutou e whakau, e tiaki i te tangata kino.
4 ၄ ငါတို့ပညတ်သည် အတိုင်းသင်တို့သည် ယခုကျင့်ကြ၏။ နောက်၌လည်းကျင့်ကြလိမ့်မည်ဟု သခင် ဘုရားကို အမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။
Na e u ana to matou whakaaro i roto i te Ariki ki a koutou, kei te mahi koutou, a ka mahi ano i a matou e whakaako nei ki a koutou.
5 ၅ ဘုရားသခင်ကို ချစ်စေခြင်းငှါ၎င်း၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော။
Ma te Ariki hoki e whakatika o koutou ngakau ki te aroha o te Atua, ki te ngakau ata tatari o te Karaiti.
6 ၆ တနည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင် ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထား ကြ၏။
Na, ko ta matou whakahau atu tenei ki a koutou, e oku teina, i runga i te ingoa o to tatou Ariki, o Ihu Karaiti, mawehe ke i nga teina katoa e he ana te whakahaere, kahore nei e rite ki a matou whakarerenga iho i roto i a ratou.
7 ၇ အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။
E matau na hoki koutou ki nga mea e tika ai ta koutou whakarite ki a matou: kihai hoki i he ta matou whakahaere i roto i a koutou;
8 ၈ အဘယ်သူ၏ အစာကိုမျှအလိုအလျောက် မစား။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညဉ့်မပြတ်လုပ်ဆောင်ကြ၏။
Kihai hoki matou i kai noa i te taro i te ringa o tetahi tangata, engari i roto i te mahi nui, i te uaua, me te mahi tonu i te ao, i te po, kei whakataimahatia e matou tetahi o koutou.
9 ၉ ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဘို့ ပုံသက်သေဖြစ် စေခြင်းငှါပြုကြ၏။
Ehara ra i te mea kahore o matou take, engari kia meinga ai matou hei tauria mo koutou, kia rite ai ta koutou ki ta matou.
10 ၁၀ အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူ မည်သည်ကား၊ အစာကိုလည်းမစားစေနှင့်ဟု ပညတ်ထားကြပြီ။
Ana hoki i a matou e noho ana i a koutou, ko ta matou whakahau tenei ki a koutou, ki te kore tetahi e pai ki te mahi, kaua ia e tukua kia kai.
11 ၁၁ မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသော သူအချို့ တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ၏။
Kei te rongo hoki matou tera etahi e he ana te whakahaere i roto i a koutou, kahore rawa e mahi, engari e pokanoa ana ki a etahi.
12 ၁၂ ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ လုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်း သွေးဆောင်ကြ၏။
Na, ko ta matou ako, ko ta matou whakahau tenei ki aua tangata pera, i roto i to tatou Ariki, i a Ihu Karaiti, me mahi marie ratou, ka kai i a ratou na ake kai.
13 ၁၃ ညီအစ်ကိုတို့အားလျော့ စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့။
Ko koutou ia, e oku teina, kei ngakaukore ki te mahi pai.
14 ၁၄ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစုံတယောက်သောသူသည် နားမထောင်ဘဲ နေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဘော်မလုပ်ကြနှင့်။
Na ki te kore tetahi e ngohengohe ki ta matou kupu i tenei pukapuka, kia marama te tohu i a ia, kei piri koutou ki a ia, kia whakama ai ia.
15 ၁၅ သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကို ကဲ့သို့မှတ်၍ သတိပေးကြလော့။
Otiia kaua e mea he hoariri ia, engari whakatupatoria, ano he teina.
16 ၁၆ ငြိမ်သက်ခြင်း၏ သခင်သည် ကိုယ်တော်တိုင် သင်တို့၌ အစဉ်မပြတ်ခပ်သိမ်းသော အမူအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အပေါင်းနျင့်အတူ ရှိတော်မူပါစေ သော။
Na, ma te Ariki pu o te rangimarie e hoatu te rangimarie ki a koutou i nga wa katoa, i nga mea katoa. Kia noho te Ariki ki a koutou katoa.
17 ၁၇ ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်း အချက်ကို ကိုယ်လက်နှင့်ရေးထား၏။ ဤသို့ရေးထား လေ့ရှိ၍၊ ငါရေးသမျှသော ဩဝါဒ၏ လက္ခဏာဖြစ်၏။
Ko te oha aku, a Paora, na toku ringaringa ake, ko te tohu ia i nga pukapuka katoa; he pena taku tuhituhi.
18 ၁၈ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
Kia tau te aroha noa o to tatou Ariki, o Ihu Karaiti ki a koutou katoa. Amine.