< ၂ ဓမ္မရာဇဝင် 8 >
1 ၁ ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ၏။
Bir süre sonra Davut Filistliler'i yenip boyunduruğu altına aldı ve Meteg-Amma'yı Filistliler'in yönetiminden çıkardı.
2 ၂ မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစုကိုချမ်းသာပေး၏။ ထိုသို့မောဘ အမျိုးသားတို့သည် ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။
Moavlılar'ı da bozguna uğrattı. Onları yere yatırıp iple ölçtü. Ölçtüğü iki sırayı öldürdü, bir bütün sırayı sağ bıraktı. Moavlılar Davut'un haraç ödeyen köleleri oldular.
3 ၃ ဇောဘမင်းကြီးရဟောဘ၏ သားဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကိုသိမ်းယူခြင်းငှါ သွားသော အခါ၊ ဒါဝိဒ်သည် တိုက်ဖျက်၍၊
Davut Fırat'a kadar krallığını yeniden kurmaya giden Sova Kralı Rehov oğlu Hadadezer'i de yendi.
4 ၄ ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာတို့ကိုသိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိုသမျှတို့ကို ဖျက်ဆီးလေ၏။
Bin yedi yüz atlısıyla yirmi bin yaya askerini ele geçirdi. Yüz savaş arabası için gereken atların dışındaki bütün atları da sakatladı.
5 ၅ ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊
Sova Kralı Hadadezer'e yardıma gelen Şam Aramlıları'ndan yirmi iki bin kişiyi öldürdü.
6 ၆ ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထားသဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
Sonra Şam Aramlıları'nın ülkesine askeri birlikler yerleştirdi. Onlar da Davut'un haraç ödeyen köleleri oldular. RAB Davut'u gittiği her yerde zafere ulaştırdı.
7 ၇ ဟာဒဒေဇာ၏ ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင် သွား၏။
Davut Hadadezer'in komutanlarının taşıdığı altın kalkanları alıp Yeruşalim'e götürdü.
8 ၈ ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား၏။
Ayrıca Hadadezer'in yönetimindeki Betah ve Berotay kentlerinden bol miktarda tunç aldı.
9 ၉ ဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ် လုပ်ကြံကြောင်းကို၊ ဟာမတ်မင်းကြီးတောဣသည် ကြားလျှင်၊
Hama Kralı Toi, Davut'un Hadadezer'in bütün ordusunu bozguna uğrattığını duydu.
10 ၁၀ မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီး ပေးစေခြင်းငှါ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ယောရံသည် ငွေဖလား၊ ရွှေဖလား၊ ကြေးဝါ ဖလားတို့ကို ဆောင်လျက်လာ၏။
Toi Kral Davut'u selamlamak ve Hadadezer'le savaşıp yendiği için onu kutlamak üzere oğlu Yoram'ı ona gönderdi. Çünkü Toi Hadadezer'le sürekli savaşmıştı. Yoram Davut'a altın, gümüş, tunç armağanlar getirdi.
11 ၁၁ ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူအောင်မြင်သောရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၌ သိမ်းယူသော ရွှေငွေကို၎င်း၊
Kral Davut bu armağanları yendiği bütün uluslardan –Aram, Moav, Ammonlular, Filistliler ve Amalekliler'den– ele geçirdiği altın ve gümüşle birlikte RAB'be adadı. Bunun yanısıra Sova Kralı Rehov oğlu Hadadezer'den yağmalanan altınla gümüşü de RAB'be adadı.
12 ၁၂ ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ၏ ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရား အား ပူဇော်၏။
13 ၁၃ ဆားချိုင့်တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံရာမှ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေ ကြီး၏။
Davut Tuz Vadisi'nde on sekiz bin Edomlu öldürüp dönünce üne kavuştu.
14 ၁၄ ဧဒုံပြည်အရပ်ရပ်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မတော်မူ၏။
Edom'un her yanına askeri birlikler yerleştirdi. Edomlular'ın tümü Davut'un köleleri oldular. RAB Davut'u gittiği her yerde zafere ulaştırdı.
15 ၁၅ ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ် တော်မူ၏။
Bütün İsrail'de krallık yapan Davut halkına doğruluk ve adalet sağladı.
16 ၁၆ ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ အဟိလုပ်၏ သားယောရှဖတ်သည် အတွင်းဝန် ဖြစ်၏။
Seruya oğlu Yoav ordu komutanı, Ahilut oğlu Yehoşafat devlet tarihçisiydi.
17 ၁၇ အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
Ahituv oğlu Sadok'la Aviyatar oğlu Ahimelek kâhin, Seraya yazmandı.
18 ၁၈ ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့ သည်လည်း မင်းသားအရာနှင့် နေကြ၏။
Yehoyada oğlu Benaya Keretliler'le Peletliler'in komutanıydı. Davut'un oğullarıysa kâhindi.