< ၂ ဓမ္မရာဇဝင် 4 >

1 အာဗနာသည် ဟေဗြုန်မြို့၌ သေကြောင်းကို ရှောလူ၏သားသည် ကြားသော် အားလျော့၏။ ဣသ ရေလလူအပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ၏။
Nghe tin Áp-ne chết tại Hếp-rôn, Ích-bô-sết, con của Sau-lơ, bủn rủn tay chân, và những người Ít-ra-ên theo vua đều kinh hoàng.
2 ရှောလု၏သား၌ ဗာနာနှင့် ရေခပ်အမည် ရှိသော သူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ၏။ သူတို့ သည် ဗင်္ယာမိန်အမျိုးဗေရာသိအနွယ် ရိမ္မုန်၏သား ဖြစ်ကြ ၏။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော် လည်း၊
Ích-bô-sết có hai quan trưởng tên là Ba-a-na và Rê-cáp, đều là con trai của Rim-môn ở Bê-ê-rốt thuộc đại tộc Bên-gia-min. Người Bê-ê-rốt được kể là vào tộc Bên-gia-min,
3 ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး၍ ယနေ့တိုင်အောင် တည်းခိုလျက် နေကြသတည်း။
mặc dù người Bê-ê-rốt đã trốn vào Ghi-tha-im và ở vẫn đó cho đến nay.
4 ရှောလု၏သား ယောနသန်၌ ခြေဆွံ့သော သားတယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသော အခါ၊ ယေဇရေလမြို့မှ ရှောလုနှင့်ယောန သန်တို့၏ သိတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ ပြေးစဉ် တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည် ကျ၍ ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။
(Giô-na-than, con Sau-lơ, có một con trai tên là Mê-phi-bô-sết bị bại chân do lúc được tin Sau-lơ và Giô-na-than tử trận ở Gít-rê-ên, bà nhũ mẫu vội vàng bế nó chạy, lúc ấy mới năm tuổi, chẳng may, làm nó ngã nên nó bị bại chân.)
5 ဗေရောသိအမျိုး ရိမ္မုန်၏သားရေခပ်နှင့် ဗာနာတို့ သည် ဣရှဗောရှက်အိမ်သို့သွား၍ မွန်းတည့်အချိန်၌ ရောက်၏။ ထိုအချိန်၌ ဣရှဗောရှက်သည် အိပ်တတ်၏။
Rê-cáp và Ba-a-na, con của Rim-môn xứ người Bê-ê-rốt, đến nhà Ích-bô-sết vào một buổi trưa trong khi vua đang ngủ.
6 ထိုညီအစ်ကိုရေခပ်နှင့် ဗာနာတို့သည် စပါးကို ထုတ်ဟန်ဆောင်၍ အိမ်အလယ်သို့ ဝင်ပြီးလျှင်၊
Họ vào nhà trong, lấy cớ đi lấy lúa mì, rồi lẻn vào phòng ngủ,
7 အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက်၏ဝမ်းကို ထိုး၍သတ်သဖြင့်၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တညဉ့်လုံးလွင်ပြင်လမ်းဖြင့်ပြေး၍ လွတ်ကြ ၏။
đâm thủng bụng và chặt đầu Ích-bô-sết, lấy đầu chạy trốn, theo đường đồng bằng đi suốt đêm.
8 ဣရှဗောရှက်၏ ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ် ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူရှောလု၏ သားဣရှဗောရှက်၏ ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင် မင်းကြီးခံရတော်မူသော အပြစ်ကိုထာဝရဘုရားသည် ရှောလု၌၎င်း၊ သူ၏အမျိုးအနွယ်၌၎င်း၊ ယနေ့ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊
Đến Hếp-rôn, họ dâng đầu cho Đa-vít và nói: “Đây là thủ cấp của Ích-bô-sết, con của Sau-lơ kẻ thù của vua, người săn mạng vua. Ngày nay Chúa Hằng Hữu trả thù Sau-lơ và con cháu của hắn cho vua.”
9 ဒါဝိဒ်က၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊
Nhưng, Đa-vít trả lời Rê-cáp và Ba-a-na: “Ta thề trước Chúa Hằng Hữu, là Đấng đã cứu ta khỏi mọi nghịch cảnh,
10 ၁၀ အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက်စရာသိတင်းကိုပြောမည်အကြံရှိလျက်၊ ရှောလု သေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသိတင်းကို ပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍သတ်၏။
rằng ta sẽ giết người nào báo cho ta tin Sau-lơ chết, tưởng đã báo cho ta tin mừng. Đó là phần thưởng ta cho hắn lúc ở Xiếc-lác.
11 ၁၁ ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကိုသူ၏ အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင်သူ၏ အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည်မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သားရေခပ်နှင့် ညီဗာနာအားဆိုပြီးလျှင်၊
Thế mà bây giờ, có những kẻ hung ác giết một người vô tội đang ngủ trong nhà mình. Lẽ nào ta tha cho họ, không đòi đền mạng Ích-bô-sết hay sao?”
12 ၁၂ လုလင်တို့ကကိုမိန့်တော်မူ၍ ထိုသူနှစ်ယောက် ကိုက်သတ်ကြ၏။ လက်ခြေတို့ကိုဖြတ်၍ ဟေဗြုန် ရေကန်အနားမှာ ဆွဲထားကြ၏။ ဣရှဗောရှက်၏ ဦးခေါင်းကိုကားယူ၍ ဟေဗြုန်မြို့တွင် အားဗနာသင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။
Rồi Đa-vít ra lệnh cho các thuộc hạ giết hai người ấy. Họ bị chặt tay, chặt chân và bị treo thây bên hồ Hếp-rôn.

< ၂ ဓမ္မရာဇဝင် 4 >