< ၂ ဓမ္မရာဇဝင် 21 >

1 ထိုနောက်ဒါဝိဒ်လက်ထက်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ်၍၊ ဒါဝိဒ်သည်ထာဝရ ဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ဂိဗောင် လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကို သတ်တတ် သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ၏။
ထိုနောက် ဒါဝိဒ် လက်ထက် ၌ သုံး နှစ် ပတ်လုံးအစာ အာဟာရ ခေါင်းပါးခြင်းဖြစ် ၍၊ ဒါဝိဒ် သည်ထာဝရဘုရား ကို မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ဂိဗောင် လူတို့ကိုသတ် သော ရှောလု နှင့် လူအသက် ကိုသတ် တတ် သော ရှောလုအမျိုး ကြောင့် ဤအမှုရောက်လေပြီဟု မိန့် တော်မူ၏။
2 ဂိဗောင်လူတို့သည် ဣသရေလအမျိုးအဝင် မဟုတ်၊ ကျန်ကြွင်းသော အာမောရိအမျိုးဖြစ်ကြ၏။ ဣသရေလအမျိုးတို့သည် သူတို့အား သစ္စာဂတိထားကြ သော်လည်း၊ ရှောလုသည် ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူတို့ကို သတ်မည်ဟု အားထုတ် သတည်း။
ဂိဗောင် လူတို့သည် ဣသရေလ အမျိုး အဝင် မ ဟုတ်၊ ကျန်ကြွင်း သော အာမောရိ အမျိုးဖြစ်ကြ၏။ ဣသရေလ အမျိုး တို့သည် သူ တို့အား သစ္စာ ဂတိထားကြ သော်လည်း ၊ ရှောလု သည် ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူ တို့ကိုသတ် မည်ဟု အားထုတ် သတည်း။
3 ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ်၍၊ သင်တို့အဘို့ အဘယ်သို့ပြုရမည်နည်း။ သင်တို့သည် ထာဝရဘုရား၏ အမွေတော်ကို ကောင်းကြီးပေးစေခြင်း ငှါ အဘယ်သို့အပြစ်ဖြေရမည်နည်းဟု မေးလျှင်၊
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင် လူတို့ကို ခေါ်၍၊ သင် တို့အဘို့ အဘယ်သို့ ပြု ရမည်နည်း။ သင်တို့သည် ထာဝရဘုရား ၏ အမွေ တော်ကို ကောင်းကြီး ပေးစေခြင်းငှါ အဘယ်သို့ အပြစ် ဖြေရမည်နည်းဟုမေး လျှင်၊
4 ဂိဗောင်လူတို့က၊ ကျွန်တော်တို့သည်ရှောလုနှင့် သူ၏အမျိုး၌ရွှေငွေကိုမတောင်းပါ။ ကျွန်တော်တို့ အတွက် ဣသရေလအမျိုးသားတစုံတယောက်ကိုမျှ ကိုယ်တော်သည် မသတ်ရဟု ပြန်လျှောက်ကြသော်၊ သင်တို့ တောင်း သည်အတိုင်း ငါပြုမည်ဟု မိန့်တော်မူ၏။
ဂိဗောင် လူတို့က၊ ကျွန်တော် တို့သည်ရှောလု နှင့် သူ ၏အမျိုး ၌ ရွှေ ငွေ ကိုမ တောင်းပါ။ ကျွန်တော် တို့ အတွက် ဣသရေလ အမျိုးသားတစုံတယောက် ကိုမျှ ကိုယ်တော်သည် မ သတ် ရဟု ပြန် လျှောက်ကြသော် ၊ သင် တို့တောင်း သည်အတိုင်း ငါပြု မည်ဟု မိန့် တော်မူ၏။
5 သူတို့ကလည်း၊ ကျွန်တော်တို့ကို ညှဉ်းဆဲ၍ ဣသရေလနိုင်ငံအတွင်း၌ အလျှင်းမနေရမည်အကြောင်း သုတ်သင်ပယ်ရှင်းခြင်းငှါ ကြိုးစားသောသူ၏။
သူတို့ကလည်း၊ ကျွန်တော် တို့ကို ညှဉ်းဆဲ ၍ ဣသရေလ နိုင်ငံ အတွင်း၌ အလျှင်းမနေရမည်အကြောင်းသုတ်သင် ပယ်ရှင်းခြင်းငှါကြိုးစား သော သူ ဖြစ်၏။
6 သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာ ဂိဗာမြို့၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဘို့ ဆွဲထားပါမည်ဟု လျှောက်သော်၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ၏။
သား ခုနစ် ယောက်တို့ကို ကျွန်တော် တို့လက်သို့ အပ် တော်မူပါ။ ထာဝရဘုရား ရွေးချယ် တော်မူသောရှောလု နေရာ ဂိဗာ မြို့၌ ထိုသူ တို့ကို ကျွန်တော်တို့သည် ထာဝရဘုရား အဘို့ ဆွဲထား ပါမည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က ငါ အပ် မည်ဟု မိန့် တော်မူ၏။
7 သို့သော်လည်း ဒါဝိဒ်နှင့် ရှောလု၏သား ယောန သန်တို့သည် ထာဝရဘုရားရှေ့တော်၌ တယောက်နှင့် တယောက် သစ္စာဂတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သောမေဖိဗောရှက်ကို နှမြောတော်မူ၏။
သို့သော်လည်း ဒါဝိဒ် နှင့် ရှောလု ၏သား ယောနသန် တို့သည် ထာဝရဘုရား ရှေ့တော်၌ တယောက်နှင့် တယောက်သစ္စာ ဂတိထားသောကြောင့် ၊ ရှင် ဘုရင်သည် ရှောလု ၏သား ယောနသန် မြင်သောမေဖိဗောရှက် ကို နှမြော တော်မူ၏။
8 သို့ဖြစ်၍ ရှင်ဘုရင်သည် အဲအာသမီးရိဇပ ဘွားမြင်သော ရှောလု၏ သားအာမောနိနှင့် မေဖိ ဗောရှက်နှစ်ယောက်မှစ၍၊ ရှောလု၏ သမီးမေရပ်တွင် မေဟောလသိအမျိုး ဗာဇိလဲ၏ သားအဒြေလမြင်သော သားငါးယောက်တို့ကို ယူ၍၊
သို့ဖြစ်၍ ရှင် ဘုရင်သည် အဲအာ သမီး ရိဇပ ဘွားမြင် သော ရှောလု ၏ သား အာမောနိ နှင့် မေဖိဗောရှက် နှစ် ယောက်မှစ၍၊ ရှောလု ၏ သမီး မေရပ် တွင် မေဟောလသိ အမျိုး ဗာဇိလဲ ၏ သား အဒြေလ မြင် သော သား ငါး ယောက်တို့ကို ယူ ၍၊
9 ဂိဗောင်လူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော်၌ ဆွဲထား၍၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါး ရိတ်စကာလ၊ တနေ့ခြင်းတွင် အသေသတ်ခြင်းကို ခံရ၍ တပြိုင်နက် သေကြ၏။
ဂိဗောင် လူတို့လက် သို့ အပ် သဖြင့် ၊ သူတို့သည် တောင် ပေါ် တွင် ထာဝရဘုရား ရှေ့ တော်၌ ဆွဲထား ၍ ၊ ထိုသူ ခုနစ် ယောက်တို့သည် မုယော စပါး ရိတ် စ ကာလ၊ တနေ့ ခြင်းတွင် အသေ သတ်ခြင်းကို ခံရ၍ တပြိုင်နက် သေ ကြ၏။
10 ၁၀ အဲအာသမီး ရိဇပသည် စပါးရိတ်စကာလမှစ၍ မိုဃ်းမရွာမှီတိုင်အောင် လျှော်တေကို ယူ၍ ကျောက်ပေါ် မှာ အိပ်စရာဘို့ခင်းလျက်၊ နေ့အချိန်တွင် အလောင်း ကောင်အပေါ်၌ငှက်မနား၊ ညဉ့်အချိန်တွင် သားရဲမကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။
၁၀အဲအာ သမီး ရိဇပ သည် စပါးရိတ် စ ကာလမှစ၍ မိုဃ်း မ ရွာ မှီတိုင်အောင်လျှော်တေ ကို ယူ ၍ ကျောက် ပေါ် မှာ အိပ်စရာဘို့ ခင်း လျက်၊ နေ့ အချိန်တွင် အလောင်းကောင်အပေါ် ၌ငှက် မ နား ၊ ညဉ့် အချိန်တွင် သားရဲ မကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။
11 ၁၁ ရှောလု၏ကိုယ်လုပ်တော်အဲ အာသမီး ရိဇပပြု သော အမှုကို ဒါဝိဒ်သည် ကြားသောအခါ၊
၁၁ရှောလု ၏ကိုယ်လုပ်တော် အဲအာ သမီး ရိဇပ ပြု သော အမှုကို ဒါဝိဒ် သည် ကြား သောအခါ၊
12 ၁၂ ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကို သတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဇက်ရှမ်လမ်းမှ ခိုးသွားသောဂိလဒ်ပြည်ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော် ယောနသန်အရိုးတို့ကိုယူ၍၊
၁၂ဖိလိတ္တိ လူတို့သည် ဂိလဗော တောင်၌ ရှောလု ကို သတ် ၍၊ အလောင်းတော်ကိုဆွဲထား ရာဗက်ရှမ် လမ်း မှ ခိုးသွား သော ဂိလဒ် ပြည်ယာဗက်မြို့သူ မြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား ၍ ၊ ရှောလု အရိုး နှင့် သား တော် ယောနသန် အရိုး တို့ကိုယူ ၍၊
13 ၁၃ ထိုအရပ်မှဆောင်သွားသဖြင့်၊ ဆွဲထားသော သူတို့၏ အရိုးများကိုလည်း စုသိမ်းပြီးလျှင်၊
၁၃ထို အရပ်မှ ဆောင် သွားသဖြင့် ၊ ဆွဲထား သောသူတို့ ၏ အရိုး များကိုလည်း စုသိမ်း ပြီးလျှင်၊
14 ၁၄ ဗင်္ယာမိန်ပြည်။ ဇေလရှာ၊ ရှောလုအဘ ကိရှ၏ သင်္ချိုင်း၌ သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြ ပြီးသည်နောက်၊ နိုင်ငံတော်အဘို့ ဆုတောင်းသော စကားကို ဘုရားသခင် နားထောင်တော်မူ၏။
၁၄ဗင်္ယာမိန် ပြည် ၊ ဇေလ ရွာ၊ ရှောလုအဘ ကိရှ ၏ သင်္ချိုင်း ၌ သင်္ဂြိုဟ် ၍ ၊ ရှင်ဘုရင် မှာထား သမျှ အတိုင်း ပြု ကြ ပြီးသည်နောက် ၊ နိုင်ငံ တော်အဘို့ ဆုတောင်း သော စကားကို ဘုရား သခင်နားထောင်တော်မူ၏။
15 ၁၅ နောက်တဖန် ဖိလိတ္တိလူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက်၍ ၊ ဒါဝိဒ်နှင့်သူ၏ ကျွန်တို့ သည် ဆီးကြို၍ တိုက်လှန်ကြစဉ်၊ ဒါဝိဒ်သည် မောပန်း လျက်နေလေ၏။
၁၅နောက် တဖန် ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ၍ ၊ ဒါဝိဒ် နှင့် သူ ၏ ကျွန် တို့ သည် ဆီးကြို၍ တိုက်လှန် ကြစဉ်၊ ဒါဝိဒ် သည် မောပန်း လျက်နေလေ၏။
16 ၁၆ ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံး ပိဿာရှိသော ကြေးဝါလှံကို ကိုင်၍၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက်ဒါဝိဒ်ကို သတ်မည်ဟု ကြံလေ၏။
၁၆ရေဖိမ် အမျိုး ဣရှဗိဗေနုပ် သည် အချိန် သုံး ပိဿာရှိသော ကြေးဝါ လှံ ကို ကိုင်၍ ၊ အသစ် သော စစ် တန်ဆာကို ဝတ်ဆင်လျက် ဒါဝိဒ် ကိုသတ် မည်ဟု ကြံလေ၏။
17 ၁၇ ဇေရုယာသားအဘိရှဲသည် ကူညီ၍ ဖိလိတ္တိ လူကို တိုက်သတ်လေ၏။ ထိုအခါ ဒါဝိဒ်၏ လူတို့က၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသော ကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက် တဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက် ကြ၏။
၁၇ဇေရုယာ သား အဘိရှဲ သည် ကူညီ ၍ ဖိလိတ္တိ လူကို တိုက် သတ်လေ၏။ ထိုအခါ ဒါဝိဒ် ၏ လူ တို့က၊ ဣသရေလ အလင်း ကွယ် မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ ကိုယ်တော်သည် ကျွန်တော် တို့နှင့်အတူ နောက် တဖန် စစ်ချီ ကြွ တော်မ မူရာဟု ကျိန်ဆို လျက် လျှောက် ကြ၏။
18 ၁၈ နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖ ကို သတ်လေ၏။
၁၈နောက် တဖန် ဂေါဘ မြို့မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ဟုရှသိ လူသိဗေခဲ သည် ရေဖိမ် အမျိုး သာဖ ကိုသတ် လေ၏။
19 ၁၉ နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဗက်လင်မြို့သားဖြစ်သော ယဣရ၏သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျက်၏ ညီလာခမိ ကို သတ်လေ၏။
၁၉နောက် တဖန် ဂေါဘ မြို့မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ဗက်လင် မြို့သားဖြစ်သော ယဣရ ၏သား ဧလဟာနန် သည် ရက်ကန်း လက်လိပ်နှင့်အမျှ ကြီးသောလှံ ရိုး ကိုသုံးစွဲသော ဂိတ္တိ အမျိုး ဂေါလျက် ၏ ညီလာခမိ ကိုသတ် လေ၏။
20 ၂၀ နောက်တဖန် ဂါသမြို့မှ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်။
၂၀နောက် တဖန် ဂါသ မြို့မှ စစ်တိုက် ကြစဉ်၊ အရပ် မြင့်၍ လက် တစ်ဘက်၌ လက် ခြောက် ချောင်းစီ၊ ခြေ တစ်ဘက်၌ ခြေ ခြောက် ချောင်းစီ၊ ပေါင်း နှစ် ဆယ်လေး ချောင်းရှိသောရေဖိမ် အမျိုးသား တယောက်သည်၊
21 ၂၁ ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ် လေ၏။
၂၁ဣသရေလ အမျိုးကို ကြိမ်းပ သောအခါ ၊ ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနသန် သည် ထိုသူ ကို သတ် လေ၏။
22 ၂၂ ထိုသူလေးယောက်တို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး၏သားဖြစ်၍၊ ဒါဝိဒ်နှင့်သူ၏ကျွန်တို့ လက်ဖြင့် သေကြ၏။
၂၂ထို သူလေး ယောက်တို့သည် ဂါသ မြို့၌ နေသောရေဖိမ် လူကြီး၏သား ဖြစ်၍၊ ဒါဝိဒ် နှင့် သူ ၏ကျွန် တို့ လက် ဖြင့် သေ ကြ၏။

< ၂ ဓမ္မရာဇဝင် 21 >