< ၂ ဓမ္မရာဇဝင် 21 >
1 ၁ ထိုနောက်ဒါဝိဒ်လက်ထက်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ်၍၊ ဒါဝိဒ်သည်ထာဝရ ဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ဂိဗောင် လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကို သတ်တတ် သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ၏။
၁ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
2 ၂ ဂိဗောင်လူတို့သည် ဣသရေလအမျိုးအဝင် မဟုတ်၊ ကျန်ကြွင်းသော အာမောရိအမျိုးဖြစ်ကြ၏။ ဣသရေလအမျိုးတို့သည် သူတို့အား သစ္စာဂတိထားကြ သော်လည်း၊ ရှောလုသည် ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူတို့ကို သတ်မည်ဟု အားထုတ် သတည်း။
၂(ဂိဗောင်မြို့မှလူတို့သည်ကားဣသရေလ အမျိုးသားများမဟုတ်။ သူတို့သည်အာ မောရိအမျိုးသားလူနည်းစုဖြစ်၍ သူတို့ အားဣသရေလအမျိုးသားတို့ကကာ ကွယ်စောင့်ရှောက်မည်ဟုကတိထားခဲ့၏။ သို့ ရာတွင်ရှောလုသည်ဣသရေလနှင့်ယုဒ ပြည်သူတို့အတွက် စိတ်ထက်သန်မှုကြောင့် ဂိဗောင်မြို့မှလူတို့အားသုတ်သင်ရန် ကြိုးစားခဲ့သတည်း။-)
3 ၃ ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ်၍၊ သင်တို့အဘို့ အဘယ်သို့ပြုရမည်နည်း။ သင်တို့သည် ထာဝရဘုရား၏ အမွေတော်ကို ကောင်းကြီးပေးစေခြင်း ငှါ အဘယ်သို့အပြစ်ဖြေရမည်နည်းဟု မေးလျှင်၊
၃ထို့ကြောင့်ဒါဝိဒ်သည်ဂိဗောင်မြို့မှလူတို့ ကိုခေါ်၍``ငါသည်သင်တို့အဖို့အဘယ် အမှုကိုပြုရပါမည်နည်း။ သင်တို့သည် ထာဝရဘုရား၏လူမျိုးတော်အားကောင်း ချီးပေးကြစေရန် ငါသည်သင်တို့ခံခဲ့ရ သည့်မတရားမှုအတွက်တစ်ခုခုပြု လုပ်ပေးလိုပါသည်'' ဟုမိန့်တော်မူလျှင်၊
4 ၄ ဂိဗောင်လူတို့က၊ ကျွန်တော်တို့သည်ရှောလုနှင့် သူ၏အမျိုး၌ရွှေငွေကိုမတောင်းပါ။ ကျွန်တော်တို့ အတွက် ဣသရေလအမျိုးသားတစုံတယောက်ကိုမျှ ကိုယ်တော်သည် မသတ်ရဟု ပြန်လျှောက်ကြသော်၊ သင်တို့ တောင်း သည်အတိုင်း ငါပြုမည်ဟု မိန့်တော်မူ၏။
၄ထိုသူတို့က``ရှောလုတို့မိသားစုနှင့်အကျွန်ုပ် တို့အချင်းပွားမှုကိုရွှေငွေနှင့်ပေးလျော်၍ မရနိုင်ပါ။ အကျွန်ုပ်တို့သည်အဘယ်ဣသ ရေလအမျိုးသားကိုမျှလည်းမသတ်လို ပါ'' ဟုလျှောက်ထားကြ၏။ ``ထိုသို့ဖြစ်ပါမူသင်တို့အတွက်အဘယ်သို့ ပြုစေလိုပါသနည်း'' ဟုမေးတော်မူလျှင်၊
5 ၅ သူတို့ကလည်း၊ ကျွန်တော်တို့ကို ညှဉ်းဆဲ၍ ဣသရေလနိုင်ငံအတွင်း၌ အလျှင်းမနေရမည်အကြောင်း သုတ်သင်ပယ်ရှင်းခြင်းငှါ ကြိုးစားသောသူ၏။
၅ထိုသူတို့က``ရှောလုသည်ဣသရေလနိုင်ငံ အတွင်း၌ အကျွန်ုပ်တို့အမျိုးသားများ အလျှင်းမကျန်ရစ်ရအောင်သုတ်သင်ပစ် ရန်ကြံရွယ်ခဲ့ပါ၏။-
6 ၆ သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာ ဂိဗာမြို့၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဘို့ ဆွဲထားပါမည်ဟု လျှောက်သော်၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ၏။
၆သို့ဖြစ်၍သူ၏သားမြေးခုနစ်ယောက်ကို အကျွန်ုပ်တို့အားပေးအပ်တော်မူပါ။ အကျွန်ုပ် တို့သည်ထာဝရဘုရားရွေးချယ်ခန့်ထား တော်မူသည့်ဘုရင်ရှောလု၏ဌာနေ၊ ဂိဗာ မြို့တွင်သူတို့အားထာဝရဘုရား၏ရှေ့ တော်၌စက်တိုင်တင်ပါမည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူတို့ကိုငါပေးအပ်မည်'' ဟုမိန့်တော်မူ၏။
7 ၇ သို့သော်လည်း ဒါဝိဒ်နှင့် ရှောလု၏သား ယောန သန်တို့သည် ထာဝရဘုရားရှေ့တော်၌ တယောက်နှင့် တယောက် သစ္စာဂတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သောမေဖိဗောရှက်ကို နှမြောတော်မူ၏။
၇ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် ယော နသန်နှင့်မိမိပြုခဲ့သည့်သစ္စာကတိကို ထောက်၍ ယောနသန်၏သား၊ ရှောလု၏မြေး မေဖိဗောရှက်၏အသက်ကိုချမ်းသာ ပေး၍၊-
8 ၈ သို့ဖြစ်၍ ရှင်ဘုရင်သည် အဲအာသမီးရိဇပ ဘွားမြင်သော ရှောလု၏ သားအာမောနိနှင့် မေဖိ ဗောရှက်နှစ်ယောက်မှစ၍၊ ရှောလု၏ သမီးမေရပ်တွင် မေဟောလသိအမျိုး ဗာဇိလဲ၏ သားအဒြေလမြင်သော သားငါးယောက်တို့ကို ယူ၍၊
၈အဲအာ၏သမီးရိဇပနှင့်ရှောလုရရှိသည့် သားတော်အာမောနိနှင့်မေဖိဗောရှက်နှစ် ယောက်၊ မေဟောလမြို့နေဗာဇိလဲ၏သား အဒြေလနှင့်ရှောလု၏သမီးမိရပ်ရရှိ သည့်သားငါးယောက်တို့ကို ဂိဗောင်မြို့မှ လူတို့အားပေးအပ်တော်မူ၏။-
9 ၉ ဂိဗောင်လူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော်၌ ဆွဲထား၍၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါး ရိတ်စကာလ၊ တနေ့ခြင်းတွင် အသေသတ်ခြင်းကို ခံရ၍ တပြိုင်နက် သေကြ၏။
၉ဂိဗောင်မြို့မှလူတို့သည်ထိုသူတို့အား တောင်ပေါ်တွင် ထာဝရဘုရား၏ရှေ့တော် ၌စက်တိုင်တင်လိုက်ကြ၏။ ထိုသူခုနစ် ယောက်စလုံးတို့သည်နွေဦးပေါက်မုယော စပါးရိတ်သိမ်းစကာလ၌တစ်ပြိုင်နက် သေကြလေသည်။
10 ၁၀ အဲအာသမီး ရိဇပသည် စပါးရိတ်စကာလမှစ၍ မိုဃ်းမရွာမှီတိုင်အောင် လျှော်တေကို ယူ၍ ကျောက်ပေါ် မှာ အိပ်စရာဘို့ခင်းလျက်၊ နေ့အချိန်တွင် အလောင်း ကောင်အပေါ်၌ငှက်မနား၊ ညဉ့်အချိန်တွင် သားရဲမကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။
၁၀ထိုအခါအဲအာ၏သမီး၊ ရှောလု၏မောင်းမ တော်ရိဇပသည် လျှော်တေဝတ်ကိုအလောင်း များထားရာကျောက်ပေါ်မှာမိုးပြီးလျှင် စပါးရိတ်သိမ်းစကာလမှစ၍ မိုးဦးကျ ချိန်တိုင်အောင်အလောင်းများကိုနေ့အချိန် ၌လေသတ္တဝါ၊ ညဥ့်အချိန်၌မြေသတ္တဝါ တို့မချဉ်းကပ်စေရန်စောင့်ရှောက်လျက်နေ လေ၏။
11 ၁၁ ရှောလု၏ကိုယ်လုပ်တော်အဲ အာသမီး ရိဇပပြု သော အမှုကို ဒါဝိဒ်သည် ကြားသောအခါ၊
၁၁ရိဇပ၏အပြုအမူကိုသိရှိတော်မူသော အခါ၊-
12 ၁၂ ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကို သတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဇက်ရှမ်လမ်းမှ ခိုးသွားသောဂိလဒ်ပြည်ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော် ယောနသန်အရိုးတို့ကိုယူ၍၊
၁၂ဒါဝိဒ်သည်ဂိလဒ်ပြည်သို့သွား၍ယာဗက်မြို့ သားတို့ထံမှ ရှောလုနှင့်ယောနသန်၏အရိုး တို့ကိုဆောင်ယူတော်မူ၏။ (ယာဗက်မြို့သား တို့သည်ထိုအရိုးတို့ကိုဗက်ရှန်မြို့ရင်ပြင်မှ လျှို့ဝှက်စွာဆောင်ယူခဲ့ကြ၏။ ဖိလိတ္တိအမျိုး သားတို့သည်ဂိလဗောတောင်ပေါ်တွင် ရှောလု ကိုသတ်ပြီးနောက်သူ၏အလောင်းနှင့်ယော နသန်၏အလောင်းကိုဗက်ရှန်မြို့ရင်ပြင် တွင်ဆွဲထားကြသည်။-)
13 ၁၃ ထိုအရပ်မှဆောင်သွားသဖြင့်၊ ဆွဲထားသော သူတို့၏ အရိုးများကိုလည်း စုသိမ်းပြီးလျှင်၊
၁၃ဒါဝိဒ်သည်ရှောလုနှင့်ယောနသန်တို့၏ အရိုးကိုယူပြီးနောက် စက်တိုင်အတင်ခံ ရသောခုနစ်ယောက်တို့၏အရိုးတို့ကို လည်းစုသိမ်းတော်မူ၏။-
14 ၁၄ ဗင်္ယာမိန်ပြည်။ ဇေလရှာ၊ ရှောလုအဘ ကိရှ၏ သင်္ချိုင်း၌ သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြ ပြီးသည်နောက်၊ နိုင်ငံတော်အဘို့ ဆုတောင်းသော စကားကို ဘုရားသခင် နားထောင်တော်မူ၏။
၁၄ထိုနောက်သူတို့သည်ထိုအရိုးများကိုရှောလု နှင့်ယောနသန်၏အရိုးတို့နှင့်အတူဗင်္ယာမိန် နယ်၊ ဇေလမြို့ရှိရှောလု၏ခမည်းတော်ကိရှ ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ သူတို့သည်မင်း ကြီးမိန့်မှာတော်မူလိုက်သမျှတို့ကိုဆောင် ရွက်ကြ၏။ ထိုနောက်ဘုရားသခင်သည်ပြည် တော်အတွက် ထိုသူတို့တောင်းလျှောက်သည့် ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူ၏။
15 ၁၅ နောက်တဖန် ဖိလိတ္တိလူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက်၍ ၊ ဒါဝိဒ်နှင့်သူ၏ ကျွန်တို့ သည် ဆီးကြို၍ တိုက်လှန်ကြစဉ်၊ ဒါဝိဒ်သည် မောပန်း လျက်နေလေ၏။
၁၅ဖိလိတ္တိအမျိုးသားတို့နှင့်ဣသရေလအမျိုး သားတို့သည်တစ်ဖန်စစ်ဖြစ်ကြပြန်၏။ ဒါဝိဒ် နှင့်လူတို့သည် ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရောက်တိုက်ခိုက်ကြ၏။ တိုက်ပွဲတစ်ခုတွင် ဒါဝိဒ်သည်မောပန်းလျက်နေ၏။-
16 ၁၆ ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံး ပိဿာရှိသော ကြေးဝါလှံကို ကိုင်၍၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက်ဒါဝိဒ်ကို သတ်မည်ဟု ကြံလေ၏။
၁၆ဣရှဗိဗေနုပ်ဟုနာမည်တွင်သောအလွန် ထွားကြိုင်းသူလူတစ်ယောက်သည် ဒါဝိဒ် အားလုပ်ကြံမည်ပြု၏။ သူသည်ဋ္ဌားတစ် လက်ကိုကိုင်ဆောင်ထား၏။ သူ၏ကြေးဝါ လှံသည်ခုနစ်ပေါင်လေး၏။ ဇေရုယာသား အဗိရှဲသည်ဒါဝိဒ်ကိုကူညီ၍ဖိလိတ္တိ လူကိုတိုက်သတ်လေ၏။-
17 ၁၇ ဇေရုယာသားအဘိရှဲသည် ကူညီ၍ ဖိလိတ္တိ လူကို တိုက်သတ်လေ၏။ ထိုအခါ ဒါဝိဒ်၏ လူတို့က၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသော ကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက် တဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက် ကြ၏။
၁၇ဒါဝိဒ်၏လူတို့သည်မင်းကြီးအား နောက် တစ်ဖန်မိမိတို့နှင့်အတူစစ်ပွဲသို့လိုက် တော်မမူရန်ကတိပြုစေကြ၏။ သူတို့ က``အရှင်သည်ဣသရေလအမျိုးသား တို့၏မျှော်လင့်ရာဖြစ်တော်မူပါ၏။ အကျွန်ုပ် တို့သည်အရှင့်အားဘေးမရောက်စေလိုပါ'' ဟုလျှောက်ထားကြ၏။
18 ၁၈ နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖ ကို သတ်လေ၏။
၁၈ထိုနောက်ဂေါဘမြို့တွင်ဖိလိတ္တိအမျိုး သားတို့နှင့်တစ်ဖန်တိုက်ပွဲဖြစ်ပြန်ရာ ဟုရှ မြို့သားသိဗေခဲသည်သာဖနာမည်ရှိ အလွန်ထွားကျိုင်းသူကိုသတ်ဖြတ်လိုက် လေသည်။
19 ၁၉ နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဗက်လင်မြို့သားဖြစ်သော ယဣရ၏သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျက်၏ ညီလာခမိ ကို သတ်လေ၏။
၁၉ဂေါဘမြို့၌ပင်ဖိလိတ္တိအမျိုးသားတို့ နှင့်အခြားတိုက်ပွဲတစ်ခုဖြစ်ပြန်၏။ ထို တိုက်ပွဲတွင်ယာဣရ၏သား၊ ဗက်လင်မြို့ သားဧလဟာနန်သည်ဂါသမြို့သား ဂေါလျတ်ကိုသတ်ဖြတ်လိုက်၏။ ဂေါလျတ် ၏လှံရိုးသည်ယက်ကန်းလက်လိပ်တန် တမျှကြီးသတည်း။
20 ၂၀ နောက်တဖန် ဂါသမြို့မှ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်။
၂၀ထိုနောက်တစ်ဖန်ဂါသမြို့၌ပင်တိုက်ပွဲ တစ်ခုဖြစ်ပြန်၏။ ထိုတိုက်ပွဲတွင်စစ်တိုက် ဝါသနာပါ၍အလွန်ထွားကျိုင်းသူလူ တစ်ယောက်ပါရှိ၏။ သူ၏လက်များတွင် လက်ချောင်းခြောက်ချောင်းစီနှင့်ခြေများ တွင်ခြေချောင်းခြောက်ချောင်းစီရှိ၏။-
21 ၂၁ ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ် လေ၏။
၂၁သူသည်ဣသရေလအမျိုးသားတို့အား ကြိုးစားပြောဆိုသဖြင့် ဒါဝိဒ်၏အစ်ကို ရှိမာ၏သားယောနသန်ကသူ့ကိုသတ် လိုက်လေသည်။
22 ၂၂ ထိုသူလေးယောက်တို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး၏သားဖြစ်၍၊ ဒါဝိဒ်နှင့်သူ၏ကျွန်တို့ လက်ဖြင့် သေကြ၏။
၂၂ဤလူလေးယောက်တို့သည်ဂါသမြို့ရှိထွား ကျိုင်းသူများအမျိုးအနွယ်မှဆင်းသက် ပေါက်ဖွားလာသူများဖြစ်ကြ၏။ သူတို့ သည်ဒါဝိဒ်နှင့်နောက်ပါတို့၏လက်ရုံးရည် ဖြင့်ကျဆုံးရကြလေသတည်း။