< ၂ ဓမ္မရာဇဝင် 20 >
1 ၁ ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလအမျိုး၊ ငါတို့သည် ဒါဝိဒ်၌ တဘို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊
І трапився там негідний чоловік, а ім'я́ йому Ше́ва, син Біхрі́, веніяминівець. І засурми́в він у сурму́ та й сказав: „Немає нам ча́стки в Давиді, і нема нам спа́дщини у сина Єссе́євого! Ізраїлю, — усі до наме́тів своїх!“
2 ၂ ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
І пішов кожен ізра́їльтянин від Давида за Ше́вою, сином Біхрі, а юде́янин позостався при своє́му цареві від Йорда́ну й аж до Єрусалиму.
3 ၃ ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ၏။
І прийшов Давид до свого дому в Єрусалим. І взяв цар десять жіно́к наложниць, яких настановив був пильнувати дім, та й віддав їх до до́му сторо́жі; і він їх годував, але до них не прихо́див. І були вони ув'я́знені аж до дня своєї смерти, — удівство за життя чоловіка.
4 ၄ ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ၏။
І сказав цар до Амаси: „Склич мені юде́ян у три дні, а ти стань отут!“
5 ၅ အာမသသည်သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။
І пішов Амаса́, щоб скликати Юду, та спізни́вся від озна́ченого ча́су, про який він умовився.
6 ၆ ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည်သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ ကျွန်တို့ကိုခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ ဝင်၍ ငါတို့ လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊
І сказав Давид до Авішая: „Тепер Ше́ва, сни Біхрі́, зробить нам зло більше від Авесалома. Візьми́ ти слуг свого пана, та й поженися за ним, щоб він не знайшов собі тверди́нних міст, і не щез із наших оче́й“.
7 ၇ အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့်ခေရသိ လူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ၏။
І вийшли за ним Йоавові люди, і керетянин, і пелетянин та всі ли́царі, і повихо́дили вони з Єрусалиму, щоб гнатися за Шевою, сином Біхрі.
8 ၈ ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား၏။ သွားစဉ်တွင်ထားသည် လျှော၍ကျ၏။
Вони були при великому камені, що в Ґів'оні, а Амаса вийшов проти них. А Йоав був зодя́гнений в ша́ту свою, а на ній пояс із мечем, прип'я́тим на стегні́ його в пі́хві, з якої ле́гко вихо́див і вхо́див.
9 ၉ ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။
І сказав Йоав до Амаси: „Чи гаразд тобі, брате мій?“І Йоав узяв правою рукою Амасу за бороду, щоб поцілувати його.
10 ၁၀ လက်ဝဲလက်၌ကိုင်သောထားကို အာမသသည်သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာ ချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကို လိုက် ကြ၏။
А Амаса́ не остерігся меча, що був у Йоавовій руці. І той ударив його ним у живіт, і ви́лив нутро́ його на землю, і не повторив йому, а той помер... І Йоав та брат його Авішай гналися за Шевою, сином Біхрі.
11 ၁၁ သူအနားမှာ ယွာဘ၏ လူတယောက်သည် ရပ်၍ ယွာဘနှင့် ဒါဝိဒ်ဘက်၌နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။
А один з Йоавових слуг став над ним та й говорив: „Хто жадає Йоава, і хто за Давида, — за Йоавом!“
12 ၁၂ အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူအပေါင်းတို့ သည် ရပ်၍ နေကြသည်ကို ယွာဘ၏ လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။
А Амасу валявся в крові́ на сере́дині битої дороги. І побачив той чоловік, що ввесь народ став, то стягнув Амасу́ з битої дороги на поле, і накинув на нього оде́жину, бо бачив, що кожен прихо́див до нього та ставав.
13 ၁၃ ထိုသို့လမ်းမကရွေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာလနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
Як був він стя́гнений з битої дороги, пішов кожен чоловік за Йоавом, щоб гнатися за Ше́вою, сином Біхрі́.
14 ၁၄ ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့ တိုင်အောင် ဣသရေလတိုင်းခရိုင်ရှိသမျှကို ရှောက်သွား ၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘ နောက်သို့ လိုက်ကြ၏။
А той перейшов серед усіх Ізраїлевих племе́н до Авелу та до Бет-Маахи, і серед усіх береян, — і були вони зі́брані, і теж пішли за ним.
15 ၁၅ ရှေဘတည်းခိုသောဗက်မာခပြည်၊ အာဗေလမြို့ ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတဘက်တချက်၌ မြေရိုးကို ဖို့ကြ၏။ ယွာဘနှင့်သူ၏ လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှါ ထိုးဖေါက်ကြ၏။
А Йоавові люди прийшли й облягли́ його в Авелі Бет-Маахи, і наси́пали при місті ва́ла, що стояв на передму́р'ї. А ввесь наро́д, що був з Йоавом, заходи́вся завали́ти му́ра.
16 ၁၆ ထိုအခါပညာရှိသော မိန်းမတယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း၊
І покликала мудра жінка з міста: „Слухайте, слухайте, — скажіть но Йоавові: Підійди сюди, й я бу́ду говорити до тебе!“
17 ၁၇ ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည်ယွာဘဟုတ်သလောဟုမေးလျှင်၊ ငါဟုတ်သည် ဟုဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနား ထောင်လျက် နေသည်ဟု ဆိုသော်၊
І він підійшов до неї, а та жінка сказала: „Чи ти Йоав?“А він відказав: „Я“. І вона сказала йому: „Послухай слів своєї невільниці!“А він відказав: „Я слухаю“.
18 ၁၈ မိန်းမက၊ အကယ်စငင်စစ် အာဗေလမြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။
І сказала вона, говорячи: „Коли́сь треба було перегово́рювати, а саме, — конче запитатися в Аве́лі, і так закінчи́ли б справу.
19 ၁၉ ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူဖြစ်ပါ၏။ကိုယ်တော်သည် မြို့တမြို့ တည်းဟူသော ဣသရေလအမျိုးတွင် အမိတယောက်ကို ဖျက်ဆီးခြင်းငှါ ရှာတော်မူ၏။ ထာဝရဘုရား၏ အမွေ တော်ကို မျိုခြင်းငှါ အဘယ်ကြောင့် အလိုရှိတော်မူ သနည်းဟု လျှောက်လျှင်၊
Я із спокійних та вірних міст Ізраїля, ти ж шукаєш погубити місто та матері́в серед Ізраїля. По́що ти нищиш спа́дщину Господню?“
20 ၂၀ ယွာဘက၊ မျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ဝေးပါစေသော။
А Йоав відповів та й сказав: „Борони Боже, борони мене, Боже! Присягаю, що не зни́щу й не ви́гублю!
21 ၂၁ ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ၏သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင် ဒါဝိဒ်ကို ပုန်ကန်ပြီ။ ထိုသူကို အပ်လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ ဦးခေါင်းကိုကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ၊
Це не так, бо чоловік з Єфремових гір, Ше́ва, син Біхрі, ім'я́ йому, підніс свою руку на царя на Давида. Дайте його само́го, й я піду від міста“. І сказала та жінка до Йоава: „Ось го́лову його кинуть тобі через мур!“
22 ၂၂ ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကို ဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့ နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။
І пішла та жінка до всього народу в своїй мудрості, — і відруба́ли голову Ше́ви, сина Біхрі, та й кинули до Йоава. А той засурми́в у сурму́, — і розійшлися від міста кожен до наметів своїх. А Йоа́в вернувся в Єрусалим до царя.
23 ၂၃ ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။
І став Йоав над усім Ізраїлевим ві́йськом, а Бена́я, син Єгоядин, над керетянином та над пелетянином;
24 ၂၄ အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ အဟိ လုပ်သားယော ရှဖတ်သည် အတွင်းဝန်ဖြစ်၏။
а Адорам — над даниною, а Йосафат, син Ахілудів, був канцлером;
25 ၂၅ ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။
а Сева — писарем, а Садок та Евіятар — священиками.
26 ၂၆ ယဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ်၏။
А також яірянин Іра був священиком у Давида.