< ၂ ဓမ္မရာဇဝင် 20 >

1 ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလအမျိုး၊ ငါတို့သည် ဒါဝိဒ်၌ တဘို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊
Accidit quoque ut ibi esset vir Belial, nomine Seba, filius Bochri, vir Iemineus: et cecinit buccina, et ait: Non est nobis pars in David, neque hereditas in filio Isai: revertere in tabernacula tua Israel.
2 ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
Et separatus est omnis Israel a David, secutusque est Seba filium Bochri: viri autem Iuda adhaeserunt regi suo a Iordane usque Ierusalem.
3 ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ၏။
Cumque venisset rex in domum suam in Ierusalem, tulit decem mulieres concubinas, quas dereliquerat ad custodiendam domum, et tradidit eas in custodiam, alimenta eis praebens: et non est ingressus ad eas, sed erant clausae usque in diem mortis suae in viduitate viventes.
4 ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ၏။
Dixit autem rex Amasae: Convoca mihi omnes viros Iuda in diem tertium, et tu adesto praesens.
5 အာမသသည်သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။
Abiit ergo Amasa ut convocaret Iudam, et moratus est extra placitum quod ei constituerat rex.
6 ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည်သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ ကျွန်တို့ကိုခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ ဝင်၍ ငါတို့ လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊
Ait autem David ad Abisai: Nunc magis afflicturus est nos Seba filius Bochri quam Absalom: tolle igitur servos domini tui, et persequere eum, ne forte inveniat civitates munitas, et effugiat nos.
7 အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့်ခေရသိ လူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ၏။
Egressi sunt ergo cum eo viri Ioab, Cerethi quoque et Phelethi: et omnes robusti exierunt de Ierusalem ad persequendum Seba filium Bochri.
8 ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား၏။ သွားစဉ်တွင်ထားသည် လျှော၍ကျ၏။
Cumque illi essent iuxta lapidem grandem, qui est in Gabaon, Amasa veniens occurrit eis. Porro Ioab vestitus erat tunica stricta ad mensuram habitus sui, et desuper accinctus gladio dependente usque ad ilia, in vagina, qui fabricatus levi motu egredi poterat, et percutere.
9 ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။
Dixit itaque Ioab ad Amasam: Salve mi frater. Et tenuit manu dextera mentum Amasae, quasi osculans eum.
10 ၁၀ လက်ဝဲလက်၌ကိုင်သောထားကို အာမသသည်သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာ ချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကို လိုက် ကြ၏။
Porro Amasa non observavit gladium, quem habebat Ioab, qui percussit eum in latere, et effudit intestina eius in terram, nec secundum vulnus apposuit. Ioab autem, et Abisai frater eius persecuti sunt Seba filium Bochri.
11 ၁၁ သူအနားမှာ ယွာဘ၏ လူတယောက်သည် ရပ်၍ ယွာဘနှင့် ဒါဝိဒ်ဘက်၌နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။
Interea quidam viri, cum stetissent iuxta cadaver Amasae, de sociis Ioab, dixerunt: Ecce qui esse voluit pro Ioab comes David.
12 ၁၂ အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူအပေါင်းတို့ သည် ရပ်၍ နေကြသည်ကို ယွာဘ၏ လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။
Amasa autem conspersus sanguine, iacebat in media via. Vidit hoc quidam vir quod subsisteret omnis populus ad videndum eum, et amovit Amasam de via in agrum, operuitque eum vestimento, ne subsisterent transeuntes propter eum.
13 ၁၃ ထိုသို့လမ်းမကရွေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာလနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
Amoto ergo illo de via, transibat omnis vir sequens Ioab ad persequendum Seba filium Bochri.
14 ၁၄ ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့ တိုင်အောင် ဣသရေလတိုင်းခရိုင်ရှိသမျှကို ရှောက်သွား ၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘ နောက်သို့ လိုက်ကြ၏။
Porro ille transierat per omnes tribus Israel usque in Abelam, et Bethmaacha: omnesque viri electi congregati fuerant ad eum.
15 ၁၅ ရှေဘတည်းခိုသောဗက်မာခပြည်၊ အာဗေလမြို့ ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတဘက်တချက်၌ မြေရိုးကို ဖို့ကြ၏။ ယွာဘနှင့်သူ၏ လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှါ ထိုးဖေါက်ကြ၏။
Venerunt itaque et oppugnabant eum in Abela, et in Bethmaacha, et circumdederunt munitionibus civitatem, et obsessa est urbs: omnis autem turba, quae erat cum Ioab, moliebatur destruere muros.
16 ၁၆ ထိုအခါပညာရှိသော မိန်းမတယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း၊
Et exclamavit mulier sapiens de civitate: Audite, audite, dicite Ioab: Appropinqua huc, et loquar tecum.
17 ၁၇ ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည်ယွာဘဟုတ်သလောဟုမေးလျှင်၊ ငါဟုတ်သည် ဟုဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနား ထောင်လျက် နေသည်ဟု ဆိုသော်၊
Qui cum accessisset ad eam, ait illi: Tu es Ioab? Et ille respondit: Ego. Ad quem sic locuta est: Audi sermones ancillae tuae. Qui respondit: Audio.
18 ၁၈ မိန်းမက၊ အကယ်စငင်စစ် အာဗေလမြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။
Rursumque illa, Sermo, inquit, dicebatur in veteri proverbio: Qui interrogant, interrogent in Abela: et sic proficiebant.
19 ၁၉ ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူဖြစ်ပါ၏။ကိုယ်တော်သည် မြို့တမြို့ တည်းဟူသော ဣသရေလအမျိုးတွင် အမိတယောက်ကို ဖျက်ဆီးခြင်းငှါ ရှာတော်မူ၏။ ထာဝရဘုရား၏ အမွေ တော်ကို မျိုခြင်းငှါ အဘယ်ကြောင့် အလိုရှိတော်မူ သနည်းဟု လျှောက်လျှင်၊
Nonne ego sum quae respondeo veritatem in Israel, et tu quaeris subvertere civitatem, et evertere matrem in Israel? Quare praecipitas hereditatem Domini?
20 ၂၀ ယွာဘက၊ မျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ဝေးပါစေသော။
Respondensque Ioab, ait: Absit, absit hoc a me: non praecipito, neque demolior.
21 ၂၁ ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ၏သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင် ဒါဝိဒ်ကို ပုန်ကန်ပြီ။ ထိုသူကို အပ်လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ ဦးခေါင်းကိုကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ၊
Non sic se habet res, sed homo de monte Ephraim Seba, filius Bochri cognomine, levavit manum suam contra regem David: tradite illum solum, et recedemus a civitate. Et ait mulier ad Ioab: Ecce caput eius mittetur ad te per murum.
22 ၂၂ ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကို ဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့ နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။
Ingressa est ergo ad omnem populum, et locuta est eis sapienter: qui abscissum caput Sebae filii Bochri proiecerunt ad Ioab. et ille cecinit tuba, et recesserunt ab urbe, unusquisque in tabernacula sua: Ioab autem reversus est Ierusalem ad regem.
23 ၂၃ ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။
Fuit ergo Ioab super omnem exercitum Israel: Banaias autem filius Ioiadae super Cerethaeos et Phelethaeos.
24 ၂၄ အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ အဟိ လုပ်သားယော ရှဖတ်သည် အတွင်းဝန်ဖြစ်၏။
Aduram vero super tributa: porro Iosaphat filius Ahilud, a commentariis.
25 ၂၅ ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။
Siva autem, scriba: Sadoc vero et Abiathar, sacerdotes.
26 ၂၆ ယဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ်၏။
Ira autem Iairites erat sacerdos David.

< ၂ ဓမ္မရာဇဝင် 20 >