< ၂ ဓမ္မရာဇဝင် 19 >

1 ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည် တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ၏။
ဒါ​ဝိဒ်​မင်း​သည်​အ​ဗ​ရှ​လုံ​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း ယွာ​ဘ​ထံ​သို့ သ​တင်း​ရောက်​ရှိ​လာ​၏။-
2 ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်ကြင်နာတော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ ကြား၍၊
မင်း​ကြီး​သည်​သား​တော်​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​၏​တပ်​သား​အ​ပေါင်း​တို့​အ​ဖို့ ထို​နေ့​၌​အောင်​ပွဲ​သည်​ဝမ်း​နည်း​ပူ​ဆွေး​ပွဲ ဖြစ်​ရ​လေ​၏။-
3 စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက်၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။
တိုက်​ပွဲ​မှ​ထွက်​ပြေး​ခဲ့​သ​ဖြင့်​ရှက်​ကြောက် နေ​သည့်​စစ်​သား​များ​ကဲ့​သို့ သူ​တို့​သည်​မြို့ ထဲ​သို့​တိတ်​တ​ဆိတ်​ပြန်​လည်​ဝင်​ရောက် လာ​ကြ​၏။-
4 ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး၍၊ အိုငါ့သား အဗရှလုံ၊ အိုအဗ ရှလုံ၊ ငါ့သား၊ ငါ့သားဟု ကြီးသောအသံ နှင့် ငိုကြွေးတော်မူ၏။
မင်း​ကြီး​သည်​မျက်​နှာ​ကို​အုပ်​၍``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား'' ဟု​ကျယ်​လောင်​စွာ​ငို​ကြွေး​တော်​မူ​၏။
5 ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏ အသက်မှစ၍ သားတော် သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့အရှက်ကွဲစေတော်မူပြီ။
ယွာ​ဘ​သည်​ဘု​ရင့်​အိမ်​တော်​သို့​သွား​၍``ယ​နေ့ အ​ရှင်​သည်​အ​ရှင်​၏​အ​သက်​ကို​လည်း​ကောင်း၊ အ​ရှင့်​သား​သ​မီး၊ မိ​ဖု​ရား​မောင်း​မ​တို့​၏ အ​သက်​ကို​လည်း​ကောင်း​ကယ်​ဆယ်​သော အ​ရှင့်​လူ​တို့​အား​ချီး​မြှင့်​မည့်​အ​စား ရှုတ်​ချ​တော်​မူ​လေ​ပြီ။-
6 ရန်သူတို့ကိုချစ်၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ၏။ မှူးမတ်များ၊ ကျွန်များတို့ကို ပမာဏပြုတော် မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ။ အဗရှလုံသည် အသက်ရှင်၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင်ပါ၏။
အ​ရှင်​သည်​မိ​မိ​အား​ချစ်​မြတ်​နိုး​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရှင့်​အား​မုန်း​သူ​တို့​ကို ထောက်​ခံ​အား​ပေး​တော်​မူ​ပြီ။ မိ​မိ​၏​တပ်​မှူး များ​နှင့်​တပ်​သား​များ​အား​မည်​သို့​မျှ​ပ​မာ​ဏ မ​ပြု​ကြောင်း​ထင်​ရှား​စေ​တော်​မူ​ပြီ။ ယ​ခု အ​ခါ​၌​အ​ကျွန်ုပ်​တို့​အား​လုံး​သေ​၍​အ​ဗ ရှ​လုံ​အ​သက်​ရှင်​လျက်​နေ​မည်​ဆို​ပါ​မူ အ​ရှင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​မည် ဖြစ်​ကြောင်း​အ​ကျွန်ုပ်​သိ​မြင်​နိုင်​ပါ​၏။-
7 ယခုမှာထတော်မူပါ။ ကြွ၍ကိုယ်တော်ကျွန် တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ။ ကြွတော်မမူ လျှင် ယနေ့ညမှာ အထံတော်၌ လူတယောက်မျှမနေပါ။ ထိုအမှုသည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ကိုယ်တော်၌ ဖြစ်လေသမျှသော အမှုထက်သာ၍ ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော်၊
ယ​ခု​အ​ရှင်​ကြွ​တော်​မူ​၍​အ​ရှင်​၏​လူ​တို့ အား​မေတ္တာ​စ​ကား​ကို​မိန့်​တော်​မူ​ပါ။ ထို​သို့ အရှင်​ပြု​တော်​မ​မူ​ပါ​လျှင်​နက်​ဖြန်​နံ​နက် ၌​ထို​သူ​တို့​အ​နက်​တစ်​ဦး​တစ်​ယောက်​မျှ အ​ရှင်​နှင့်​အ​တူ​ရှိ​နေ​တော့​မည်​မ​ဟုတ် သ​ဖြင့် အ​ရှင့်​တစ်​သက်​တွင်​အ​ဆိုး​ရွား ဆုံး​သော​ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ကြုံ​ရ​မည် ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​တိုင်​တည်​၍​ကျိန် ဆို​ပါ​၏'' ဟု​လျှောက်​လေ​၏။-
8 ရှင်ဘုရင်သည် ထ၍တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ထိုင်တော်မူသည်ကို လူအပေါင်း တို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။
ထို​အ​ခါ​မင်း​ကြီး​သည်​ထ​ပြီး​လျှင်​မြို့ တံ​ခါး​အ​နီး​သို့​သွား​၍​ထိုင်​တော်​မူ​၏။ လူ တို့​သည်​ထို​အရပ်​တွင်​မင်း​ကြီး​ရှိ​တော်​မူ ကြောင်း​ကြား​သော​အ​ခါ​အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​ကြ​၏။ ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ထွက်​ပြေး​ကြ​၏။-
9 ထိုနောက်၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူ တို့လက်မှ ငါတို့ကိုကယ်နှုတ်တော်မူပြီ။ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏။
တစ်​ပြည်​လုံး​တွင်​လူ​တို့​က``ဒါ​ဝိဒ်​မင်း​သည် ငါ​တို့​ကို​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ သူ​သည်​ငါ​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​အ​ဗ​ရှ​လုံ​အ​တွက်​ကြောင့်​တိုင်း ပြည်​ကို​စွန့်​ခွာ​သွား​လေ​ပြီ။-
10 ၁၀ ငါတို့ ဘိသိက်ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက်ပွဲ၌သေပြီ။ ယခုမှာ ရှင်ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။
၁၀ငါ​တို့​သည်​အ​ဗ​ရှ​လုံ​အား​ငါ​တို့​၏​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​ခဲ့​ကြ​သော်​လည်း သူ​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သွား​လေ​ပြီ။ ထို့​ကြောင့် ဒါ​ဝိဒ်​မင်း​အား​ပြန်​လည်​ခေါ်​ဆောင်​ရန် အ​ဘယ်​ကြောင့် ငါ​တို့​မ​ကြံ​စည်​ဘဲ​နေ​ကြ ပါ​သ​နည်း'' ဟူ​၍​အ​ချင်း​ချင်း​ငြင်း​ခုံ ပြော​ဆို​ကြ​၏။
11 ၁၁ ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဖာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍၊ ယုဒ အမျိုးသက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကား၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ၊ ဣသရေလအမျိုးသား အပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ။
၁၁ဤ​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ပြော​ဆို နေ​ကြ​သည့်​သ​တင်း​သည် ဒါ​ဝိဒ်​ထံ​သို့ ရောက်​ရှိ​လာ​၏။ ``အ​ဘယ်​ကြောင့်​သင်​တို့ သည်​မိ​မိ​တို့​ဘု​ရင်​အား​နန်း​တော်​သို့​ပြန် လည်​ခေါ်​ဆောင်​ရန် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​နောက်​ကျ​လျက်​နေ​ကြ​ပါ သ​နည်း။-
12 ၁၂ သင်တို့သည် ငါ့ညီအစ်ကို၊ ငါ့အရိုး၊ ငါ့အသား ဖြစ်၍၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့် နောက်ကျကြသနည်းဟူ၍၎င်း၊
၁၂သင်​တို့​သည်​ငါ​၏​ဆွေ​မျိုး၊ ငါ​၏​သွေး​သား များ​ဖြစ်​ကြ​၏။ ငါ့​အား​ပြန်​လည်​ခေါ်​ဆောင် ရန်​အ​ဘယ်​ကြောင့်​နောက်​ကျ​နေ​ရ​ပါ​သ​နည်း'' ဟု​မေး​မြန်း​စေ​ရန်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​ကို​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-
13 ၁၃ အာမသအားလည်း၊ သင်သည် ငါ့အသား ငါ့အရိုးတို့ အဝင်ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့ မှာ ယွာဘ၏ကိုယ်စားအစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ပြုတော်မူစေသတည်း ဟူ၍၎င်း၊ ပြောကြလော့ဟု မှာလိုက်တော်မူ၏။
၁၃ထို့​ပြင်​အာ​မ​သ​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​၏။ ယ​ခု​အ​ချိန်​မှ​စ​၍​သင့်​အား​ယွာ​ဘ ၏​နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ငါ ခန့်​ထား​ပြီ။ ယင်း​သို့​ငါ​မ​ပြု​ပါ​မူ​ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ စေ​သော'' ဟု​ပြော​ကြား​ရန်​လည်း​မှာ​တော်​မူ လိုက်​၏။-
14 ၁၄ ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီ တညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။
၁၄ဒါ​ဝိဒ်​၏​စ​ကား​ကြောင့်​ယု​ဒ​ပြည်​သူ​ပြည် သား​အ​ပေါင်း​တို့​၏​စိတ်​ကို​ညွှတ်​စေ​သ​ဖြင့် သူ​တို့​က``မင်း​ကြီး​နှင့်​မှူး​မတ်​အ​ပေါင်း​တို့ ပြန်​ကြွ​တော်​မူ​ပါ'' ဟု​လျှောက်​စေ​ကြ​၏။
15 ၁၅ ထိုအခါ ရှင်ဘုရင်သည် ပြန်၍ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီး ဦးကြိုပြု၍ ယော်ဒန်မြစ်တဘက်သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွားကြ၏။
၁၅အ​ပြန်​ခ​ရီး​တွင်​မင်း​ကြီး​အား​မြစ်​တစ်​ဘက် ကမ်း​သို့​ပို့​ဆောင်​ပေး​ရန် ဂိ​လ​ဂါ​လ​မြို့​သို့ လာ​ရောက်​ကြ​သည့်​ယု​ဒ​ပြည်​သား​တို့ သည်​ယော်​ဒန်​မြစ်​မှ​နေ​၍​ခရီး​ဦး​ကြို ပြု​ကြ​လေ​သည်။-
16 ၁၆ ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ အလျင်အမြန် လိုက်လာ၏။
၁၆ထို​အ​ချိန်​၌​ပင်​လျှင်​ဂေ​ရ​၏​သား၊ ဗာ​ဟု ရိမ်​မြို့​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရှိ​မိ​သည် လည်း ဒါ​ဝိဒ်​မင်း​ကို​ကြို​ဆို​ရန်​ယော်​ဒန်​မြစ် သို့​အ​လျင်​အ​မြန်​လာ​ရောက်​၏။-
17 ၁၇ သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏သားတကျိပ် ငါးယောက်၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။
၁၇သူ​နှင့်​အ​တူ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​ပေါင်း တစ်​ထောင်​ပါ​၏။ ထို့​ပြင်​ရှော​လု​မိ​သား​စု ၏​အ​စေ​ခံ​ဇိ​ဘ​သည်​လည်း​မိ​မိ​၏​သား တစ်​ဆယ့်​ငါး​ယောက်၊ အ​စေ​ခံ​နှစ်​ဆယ်​နှင့် အ​တူ​လာ​ရောက်​လေ​သည်။ သူ​တို့​သည်​မင်း ကြီး​၏​အ​လျင်​ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ ကြ​၏။-
18 ၁၈ ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှါ၎င်း၊ အလိုတော်ကိုဆောင်ခြင်းငှါ၎င်း၊ သွားလာလျက် ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပြပ်ဝပ်၍၊
၁၈သူ​တို့​သည်​ဘု​ရင့်​အိမ်​တော်​သား​တို့​ကို မြစ်​တစ်​ဘက်​သို့​ပို့​ဆောင်​ပေး​ရန်​နှင့် မင်း ကြီး​အ​လို​ရှိ​ရာ​ကို​ဆောင်​ရွက်​ပေး​ရန် မြစ်​ကို​ကူး​ကြ​၏။ မင်း​ကြီး​သည်​မြစ်​ကို​ကူး​ရန်​အ​သင့်​ပြင် ဆင်​နေ​စဉ်​ရှိ​မိ​သည်​ရှေ့​တော်​၌​ပျပ်​ဝပ် ပြီး​လျှင်၊-
19 ၁၉ ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်း တော်မမူပါနှင့်။
၁၉အ​ရှင်​မင်း​ကြီး၊ အ​ရှင်​ယေ​ရု​ရှ​လင်​မြို့ မှ​ထွက်​ကြွ​တော်​မူ​စဉ်​အ​ခါ​က အ​ရှင့် အား​အ​ကျွန်ုပ်​ပြစ်​မှား​ခဲ့​သည်​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ ထို​အ​မှု​အ​တွက်​အ​ကျွန်ုပ် အား​ရန်​ငြိုး​ထား​တော်​မ​မူ​ပါ​နှင့်။ ထို အ​မှု​ကို​မေ့​ပျောက်​တော်​မူ​ပါ။-
20 ၂၀ ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ် တော်ကျွန်သိပါ၏။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင်၊ ကျွန်တော်သည် ယနေ့အရှင် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ လာပါပြီဟု လျှောက် လေ၏။
၂၀အ​ရှင်၊ အ​ကျွန်ုပ်​သည်​ပြစ်​မှား​မိ​ပါ​ပြီ။ သို့ ဖြစ်​၍​မြောက်​ဘက်​အ​နွယ်​ဝင်​များ​ထဲ​မှ အ​ကျွန်ုပ်​သည်​ဦး​စွာ​ပ​ထ​မ​အ​ရှင်​မင်း ကြီး​အား ယ​နေ့​လာ​ရောက်​ကြို​ဆို​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။
21 ၂၁ ဇေရုယာသား အဘိရှဲကလည်း၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လော ဟုဆိုသော်၊
၂၁ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​က``ရှိ​မိ​အား​သေ ဒဏ်​ပေး​သင့်​ပါ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို​ကျိန်​ဆဲ သူ​ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။
22 ၂၂ ဒါဝိဒ်က၊ အိုဇေရုယာသားတို့၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော။ ငါသည် ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လောဟုမိန့်တော်မူ၍၊
၂၂သို့​ရာ​တွင်​ဒါ​ဝိဒ်​သည် အ​ဘိ​ရှဲ​နှင့်​သူ​၏ အစ်​ကို​ယွာ​ဘ​အား``သင်​တို့​ထင်​မြင်​ချက် ကို​အ​ဘယ်​သူ​တောင်း​ခံ​ပါ​သ​နည်း။ သင် တို့​သည်​ငါ့​ကို​ဒုက္ခ​ပေး​လို​ကြ​ပါ​သ​လော။ ငါ​သည်​ကား​ယ​ခု​အ​ခါ​ဣသ​ရေ​လ​ဘု​ရင် ဖြစ်​လေ​ပြီ။ ထို့​ကြောင့်​အ​ဘယ်​ဣသ​ရေ​လ အ​မျိုး​သား​ကို​မျှ​မ​သတ်​ရ​ကြ'' ဟု ဆို​ပြီး​လျှင်၊-
23 ၂၃ ရှိမိအားလည်း၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ၏။
၂၃ရှိ​မိ​အား``သင်​သည်​သေ​ဒဏ်​ခံ​ရ​မည်​မ​ဟုတ် ကြောင်း​ငါ​က​တိ​ပြု​၏'' ဟု​မိန့်​တော်​မူ​၏။
24 ၂၄ ရှောလု၏သားမေဖိဗောရှက်သည်လည်း ရှင် ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ လာ၏။ ရှင်ဘုရင်ထွက် သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော် မမူမှီတိုင်အောင်၊ သူသည် ခြေတို့ကိုမပြုစု၊ မုတ်ဆိတ်ကို မပြင်ဆင်၊ အဝတ် ကို မလျှော်ဘဲနေပြီ။
၂၄ထို​နောက်​ရှော​လု​၏​မြေး​မေ​ဖိ​ဗော​ရှက်​သည် မင်း​ကြီး​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​လာ​ရောက် ၏။ သူ​သည်​မင်း​ကြီး​ယေ​ရု​ရှ​လင်​မြို့​က​ထွက် ခွာ​သွား​ချိန်​မှ​အ​စ​ပြု​၍ အောင်​မြင်​စွာ​ပြန် လည်​ရောက်​ရှိ​လာ​ချိန်​အ​ထိ မိ​မိ​၏​ခြေ​တို့ ကို​မ​ဆေး၊ မုတ်​ဆိတ်​ကို​မ​ညှပ်၊ အ​ဝတ်​အ​စား ကို​လည်း​မ​လျှော်​မ​ဖွတ်​ဘဲ​နေ​၏။-
25 ၂၅ ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ ယေရုရှလင်မြို့ သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော် မူလျှင်၊
၂၅မင်း​ကြီး​သည်​မေ​ဖိ​ဗော​ရှက်​ယေ​ရု​ရှ​လင် မြို့​မှ​ရောက်​ရှိ​လာ​သော​အ​ခါ``မေ​ဖိ​ဗော​ရှက်၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ​နှင့်​အ​တူ​မ လိုက်​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
26 ၂၆ အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွားခြင်းငှါ မြည်းကိုကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ၊ ကျွန်တော်ကျွန် သည် ကျွန်တော်ကို လှည့်စားပါ၏။
၂၆မေ​ဖိ​ဗော​ရှက်​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သိ တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​သည်​ခြေ​ဆွံ့ သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ မြည်း​စီး​၍​လိုက်​နိုင်​ရန်​မြည်း​ကို​ကုန်း​နှီး အ​တင်​ခိုင်း​သော်​လည်း​အ​ကျွန်ုပ်​၏​အ​စေ​ခံ သည်​အ​ကျွန်ုပ်​အား​လှည့်​စား​ပါ​၏။-
27 ၂၇ အရှင်မင်းကြီးထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။
၂၇သူ​သည်​အ​ကျွန်ုပ်​အ​ကြောင်း​ကို​လည်း​မင်း ကြီး​အား​လိမ်​လည်​လျှောက်​ထား​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့​ဖြစ်​သ​ဖြင့် မိ​မိ​မှန်​ကန် သည်​ဟု​အရှင်​ထင်​မြင်​တော်​မူ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​၏။-
28 ၂၈ ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင် မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲ တော်၌ စားသောသူတို့နှင့် အတူကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊
၂၈အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​ထောင်​စု​သား အ​ပေါင်း​တို့​သည် အ​ရှင်​၏​လက်​တွင်​ကွပ်​မျက် ခြင်း​ကို​ခံ​ထိုက်​သူ​များ​ဖြစ်​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အ​ရှင့်​စား တော်​ပွဲ​တွင်​စား​သောက်​ခွင့်​ကို​ပေး​တော်​မူ ပါ​၏။ အ​ရှင်​မင်း​ကြီး​ထံ​မှ​အ​ဘယ်​အ​ရာ ကို​မျှ​ထပ်​မံ​အ​သ​နား​ခံ​ရန်​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။
29 ၂၉ ရှင်ဘုရင်က သင်၏အမှုအရာတို့ကို အဘယ် ပြောစရာရှိသနည်း။ သင်နှင့်ဇိဘသည်မြေကို ဝေ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ၏။
၂၉မင်း​ကြီး​က``သင်​နောက်​ထပ်​ပြော​ဆို​ရန်​မ​လို တော့​ပြီ။ ရှော​လု​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သင်​နှင့် ဇိ​ဘ​တစ်​ဝက်​စီ​ယူ​ကြ​ရန်​ငါ​ဆုံး​ဖြတ်​ပြီး ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
30 ၃၀ မေဖိဗောရှင်ကလည်း၊ အရှင်မင်းကြီးသည် နန်းတော်သို့တဖန် ငြိမ်ဝပ်စွာရောက်တော်မူသော ကြောင့်၊ သူသည်အလုံစုံတို့ကိုပင် ယူပါစေဟု လျှောက် လေ၏။
၃၀မေ​ဖိ​ဗော​ရှက်​က​လည်း``အား​လုံး​သူ့​ကို​ပင် ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​ကောင်း​မွန် ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​ခြင်း​နှင့်​ပင် လျှင်​အ​ကျွန်ုပ်​ကျေ​နပ်​လျက်​နေ​ပါ​၏'' ဟု လျှောက်​၏။
31 ၃၁ ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တဘက်သို့ ပို့ခြင်းငှါ ကိုယ်တော်နှင့်အတူ ကူးလေ၏။
၃၁ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​သည်​လည်း​မင်း ကြီး​အား ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ပို့​ဆောင် ရန်​ရော​ဂေ​လိမ်​မြို့​မှ​လာ​၏။-
32 ၃၂ ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိ၍ အိုသော သူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ်မြို့မှာ တပ်ချသော ကာလပတ်လုံးရှင်ဘုရင်ကို လုပ်ကျွေး၏။ အလွန်ရတတ် သော သူလည်းဖြစ်၏။
၃၂ဗာ​ဇိ​လဲ​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​၍​အ​လွန် အို​မင်း​နေ​လေ​ပြီ။ သူ​သည်​အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​သ​ဖြင့် မ​ဟာ​နိမ်​မြို့​တွင် မင်း​ကြီး​စ​ခန်း​ချ​နေ​စဉ်​အ​ခါ​က​စား​နပ် ရိက္ခာ​ထောက်​ပံ့​ခဲ့​သူ​ဖြစ်​၏။-
33 ၃၃ ရှင်ဘုရင်ကလည်း ငါနှင့်အတူ လိုက်လော့။ ယေရုရှလင်မြို့၌ သင့်ကိုငါနှင့်အတူ ငါလုပ်ကျွေးမည်ဟု ဗာဇိလဲအား အမိန့်ရှိလျှင်၊
၃၃မင်း​ကြီး​က​သူ့​အား``ငါ​နှင့်​အ​တူ​ယေ​ရု ရှ​လင်​မြို့​သို့​လိုက်​ခဲ့​လော့။ သင့်​အား​ငါ ကြည့်​ရှု​စောင့်​ရှောက်​မည်'' ဟု​ဆို​၏။
34 ၃၄ ဗာဇိလဲက၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင် မြို့သို့ သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက်ကျန်ကြွင်းပါသေးသနည်း။
၃၄သို့​ရာ​တွင်​ဗာ​ဇိ​လဲ​က``အ​ကျွန်ုပ်​သည်​ကြာ ကြာ​အ​သက်​ရှင်​ရ​တော့​မည်​မ​ဟုတ်​ပါ။ အ ဘယ်​ကြောင့်​အ​ရှင်​မင်း​ကြီး​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​လိုက်​ရ​ပါ​မည်​နည်း။-
35 ၃၅ ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော် ပိုင်းခြား၍ သိနိုင်ပါ မည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီးချင်းသည်မိန်းမဆိုသောအသံကိုကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည်အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။
၃၅အ​ကျွန်ုပ်​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​ပါ​ပြီ။ အ​ဘယ်​အ​မှု​တွင်​မျှ​ပျော်​မွေ့​နှစ်​သက် ခြင်း​မ​ရှိ​တော့​ပါ။ စား​သောက်​သည့်​အ​စား အ​စာ​၏​အ​ရ​သာ​ကို​လည်း​မ​သိ​နိုင်​တော့ ပါ။ သီ​ချင်း​သံ​ကို​လည်း​မ​ကြား​နိုင်​ပါ။ အ ကျွန်ုပ်​သည်​အ​ရှင်​မင်းကြီး​အ​တွက်​ဝန်​လေး မည်​သာ​ဖြစ်​ပါ​၏။-
36 ၃၆ ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးနှင့် အတူ ယော်ဒန်မြစ်တဘက်သို့ အနည်းငယ်လိုက်ပါမည်။ ရှင်ဘုရင်သည် ဤမျှလောက်ကြီးစွာသော ဆုကို အဘယ် ကြောင့် ချပေးတော်မူမည်နည်း။
၃၆ဤ​သို့​ကြီး​မြတ်​သည့်​ဆု​လာဘ်​တော်​နှင့်​လည်း မ​ထိုက်​မ​တန်​ပါ။ သို့​သော်​အ​ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် အ​ရှင် နှင့်​အ​တူ​အ​နည်း​ငယ်​လိုက်​ပါ​မည်။-
37 ၃၇ ကိုယ်တော်ကျွန်သည် နေရင်းမြို့တွင် မိဘသင်္ချိုင်းနားမှာ သေရမည်အကြောင်း၊ ပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ သို့ရာတွင် ကိုယ်တော်ကျွန်ခိမဟံ ရှိပါ၏။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်းသူ၌ ပြုတော်မူပါဟု လျှောက် လေ၏။
၃၇မိ​ဘ​တို့​၏​သင်္ချိုင်း​အ​နီး​တွင်​သေ​နိုင်​ရန် အကျွန်ုပ်​အား​အိမ်​သို့​ပြန်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​သူ​သည်​အ​ကျွန်ုပ်​၏​သား​ခိ​မ​ဟံ​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး၊ သူ့​အား​ခေါ်​ဆောင် သွား​ပြီး​နောက်​သူ့​အ​တွက်​အရှင်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။
38 ၃၈ ရှင်ဘုရင်ကလည်း၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည်။ သင် အလိုရှိသည်အတိုင်းသူ၌ ငါပြုမည်။ သင်တောင်းသမျှကိုလည်း သင့်အဘို့ ငါပြုမည်ဟု မိန့်တော်မူ၏။
၃၈မင်း​ကြီး​က​လည်း``ငါ​သည်​သူ့​ကို​ခေါ်​သွား ပြီး​လျှင်​သင်​အ​လို​ရှိ​သည့်​အ​တိုင်း​သူ့​အ​တွက် ဆောင်​ရွက်​ပေး​မည်။ သင်​၏​အ​တွက်​သင်​တောင်း လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​ပြန်​လည် မိန့်​ကြား​တော်​မူ​၏။-
39 ၃၉ လူအပေါင်းတို့သည်လည်း ယော်ဒန်မြစ်ကို ကူးကြ၏။ ရှင်ဘုရင်သည် ကိုယ်တိုင်ကူးပြီးမှ၊ ဗာဇိလဲကို နမ်း၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် မိမိနေရာ သို့ ပြန်သွား၏။
၃၉ထို​နောက်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​၏။ မင်း​ကြီး​သည် ဗာ​ဇိ​လဲ​အား​နမ်း​ရှုပ်​ပြီး​လျှင်​ကောင်း​ချီး​ပေး တော်​မူ​၏။ ထို​နောက်​ဗာ​ဇိ​လဲ​သည်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။
40 ၄၀ ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ကြွတော်မူ၏။ ခိမဟံသည်လည်း လိုက်လေ၏။ ယုဒအမျိုးသားရှိသမျှ တို့နှင့် ဣသရေလအမျိုး သားတဝက်တို့သည် ရှင်ဘုရင် ကို ပို့ကြ၏။
၄၀မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​မှ​လူ​တို့​နှင့် ဣ​သ​ရေ​လ ပြည်​တစ်​ဝက်​မှ​လူ​တို့​သည်​မင်း​ကြီး​အား​လိုက် ပါ​ပို့​ဆောင်​ကြ​၏။ ထို​နောက်​မင်း​ကြီး​သည် ဂိ​လ​ဂါ​လ​မြို့​သို့​ဆက်​လက်​၍​ကြွ​တော်​မူ ၏။ ခိ​မ​ဟံ​သည်​လည်း​လိုက်​ပါ​သွား​လေ​သည်။-
41 ၄၁ တဖန်ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ် သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကို ခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သားကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တဘက်သို့ ပို့ရကြမည် နည်းဟုလျှောက်ကြသော်၊
၄၁ထို​အ​ခါ​ဣသ​ရေ​လ​အမျိုး​သား​အ​ပေါင်း​တို့ သည် မင်း​ကြီး​ထံ​လာ​၍``အ​ကျွန်ုပ်​တို့​၏​ညီ အစ်​ကို​များ​ဖြစ်​ကြ​သော​ယု​ဒ​ပြည်​သား တို့​သည်​အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​မိ​သား​စု၊ အ​ရှင့်​လူ​တို့​ကို​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့ ပို့​ဆောင်​ခွင့်​ရှိ​သည်​ဟု​အ​ဘယ်​ကြောင့်​ထင် မှတ်​ကြ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​ကြ​၏။
42 ၄၂ ယုဒအမျိုးသားအပေါင်းတို့က၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဘော်တော်သည်ဖြစ်၍၊ ဤအမှု၌ သင်တို့ သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။ ရှင်ဘုရင်၏ ရိက္ခာတော်ကို ငါတို့စားကြသလော။ ငါတို့အား တစုံတခု သော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုး သားတို့အား ပြန်ပြောကြ၏။
၄၂ယု​ဒ​ပြည်​သား​တို့​က``မင်း​ကြီး​သည်​ငါ​တို့ အ​နွယ်​ဝင်​ဖြစ်​သ​ဖြင့် ငါ​တို့​ထို​သို့​ပြု​ကြ ခြင်း​ဖြစ်​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ် ကြောင့်​အ​မျက်​ထွက်​ရ​ကြ​ပါ​သ​နည်း။ ငါ တို့​သည်​မင်း​ကြီး​၏​ရိက္ခာ​တော်​ကို​စား​၍ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ပါ​သ​လော'' ဟု ပြန်​ပြော​ကြ​၏။
43 ၄၃ ဣသရေလအမျိုးသားတို့ကလည်း၊ ငါတို့သည် ရှင်ဘုရင်၌ ဆယ်ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေးဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ၏။ သို့ရာတွင် ဣသရေလ အမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့ စကားသည်သာ၍ ခိုင်ခံ့၏။
၄၃ဣသ​ရေ​လ​ပြည်​သား​အ​ပေါင်း​တို့​က``ဒါ​ဝိဒ် မင်း​သည်​သင်​တို့​ပြော​သည့်​အ​တိုင်း​သင်​တို့ အ​နွယ်​ဝင်​ပင်​ဖြစ်​စေ​ကာ​မူ ငါ​တို့​သည်​သင် တို့​ထက်​ဆယ်​ဆ​ပို​၍​သူ့​အား​ပိုင်​ဆိုင်​ခွင့်​ရှိ ပါ​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ အား​အ​ထင်​သေး​ကြ​ပါ​သ​နည်း။ အ​မှန် စင်​စစ်​မင်း​ကြီး​အား​ပြန်​လည်​ဖိတ်​ခေါ်​ရန် ဦး​စွာ​ပ​ထ​မ​ပြော​ဆို​ကြ​သူ​များ​ကား ငါ​တို့​ပင်​ဖြစ်​ပါ​၏'' ဟု​ဆို​၏။ သို့​ရာ​တွင်​ဤ​သို့​အ​ရေး​ဆို​ရာ​တွင်​ယု​ဒ ပြည်​သား​တို့​က​ဣ​သ​ရေ​လ​ပြည်​သား​တို့ ထက်​ပို​၍​ပြင်း​ထန်​ကြ​၏။

< ၂ ဓမ္မရာဇဝင် 19 >