< ၂ ဓမ္မရာဇဝင် 17 >

1 တဖန်အဟိသောဖေလက၊ ကျွန်တော်သည် လူတသောင်းနှစ်ထောင်တို့ကို ရွေကောက်ပါရစေ။ ယနေ့ ညဉ့်ပင် ကျွန်တော်ထ၍ ဒါဝိဒ်ကိုလိုက်ပါမည်။
Então Aitofel disse a Absalão: Eu escolherei agora doze mil homens, e me levantarei, e seguirei a Davi esta noite;
2 သူသည်မောလျက် လက်အားနည်းလျက် နေစဉ်အခါ ကျွန်တော်တိုက်၍ သူ့ကိုထိတ်လန့်စေမည်။ သူ၌ ပါသော လူအပေါင်းတို့သည် ပြေးကြ၍၊ ရှင်ဘုရင်ကိုသာ ကျွန်တော်လုပ်ကြံပါမည်။
E o atacarei quando ele estiver cansado e fraco das mãos; eu o atemorizarei, e todo aquele povo que está com ele fugirá, e ferirei ao rei somente.
3 လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်ရှာသောသူတယောက်တည်းကိုရလျှင်၊ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင်၊
Assim farei tornar todo aquele povo a ti: e quando eles houverem voltado, (pois aquele homem é o que tu queres) todo aquele povo estará em paz.
4 ထိုစကားကိုအဗရှလံနှင့် ဣသရေလအမျိုး အသက်ကြီးသူတို့သည် နှစ်သက်ကြ၏။
Esta razão apareceu bem a Absalão e a todos os anciãos de Israel.
5 ထိုအခါ အဗရှလုံက၊ အာခိလူရှဲကိုလည်းခေါခဲ့။ ငါတို့သည် သူ၏စကားကိုနာကြားကြကုန်အံ့ဟုဆိုသည် အတိုင်း၊
E disse Absalão: Chama também agora a Husai arquita, para que também ouçamos o que ele dirá.
6 ဟုရှဲသည်လာ၍ အဗရှလုံက၊ အဟိသောဖေလသည် ဤမည်သောအကြံကိုပေးပြီ။ သူ၏စကားကို နားထောင် သင့်သလော။ သို့မဟုတ် သင်ပြောလော့ဟုဆိုလျှင်၊
E quando Husai veio a Absalão, falou-lhe Absalão, dizendo: Assim disse Aitofel; seguiremos seu conselho, ou não? Dize tu.
7 ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ၌ မလျော်ပါ။
Então Husai disse a Absalão: O conselho que deu esta vez Aitofel não é bom.
8 ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကို၎င်း၊ ကိုယ်တော်သိတော်မူ၏။ ခမည်းတော် သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။
E acrescentou Husai: Tu sabes que teu pai e os seus são homens valentes, e que estão com amargura de ânimo, como a ursa no campo quando lhe tiraram os filhos. Além disso, teu pai é homem de guerra, e não terá a noite com o povo.
9 ယခုမှာသူသည် မြေတွင်းတစုံတခု၌ ပုန်းလျက်နေပါလိမ့်မည်။ သို့မဟုတ်အခြားသောအရပ်၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦးလဲ၍သေလျှင် ထိုသိတင်းကိုကြားသောသူက၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည်။
Eis que ele estará agora escondido em alguma cova, ou em outro lugar: e se ao princípio caírem alguns dos teus, ouvirá quem o ouvir, e dirá: O povo que segue a Absalão foi derrotado.
10 ၁၀ ထိုအခါ ရဲရင့်သောသူ၊ ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသောသူသည် စိတ်ပျက်ပါလိမ့်မည်။ ခမည်းတော်သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ သူ၌ပါသော သူတို့သည် ရဲရင့်ခြင်းသတ္တိရှိသောသူဖြစ်ကြောင်းကို၎င်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြပါ၏။
Assim ainda o homem valente, cujo coração seja como coração de leão, sem dúvida desmaiará: porque todo Israel sabe que teu pai é homem valente, e que os que estão com ele são esforçados.
11 ၁၁ သို့ဖြစ်၍ ကျွန်တော်သည် အကြံပေးပါမည်။ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ၌ စည်းဝေး၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည်။
Aconselho, pois, que todo Israel se junte a ti, desde Dã até Berseba, em multidão como a areia que está à beira do mar, e que tu em pessoa vás à batalha.
12 ၁၂ ထိုသို့ခမည်းတော်ကိုတွေ့သော အရပ်တစုံတခု၌ သူ့ထံသို့ရောက်လျှင်၊ မြေပေါ်မှာ နှင်းကျကဲ့သို့ သူ့ကိုလွှမ်းမိုး၍ သူနှင့်သူ၌ရှိသောသူတယောက်မျှ မကျန်ကြွင်းရ။
Então lhe acometeremos em qualquer lugar que puder achar-se, e viremos contra ele como quando o orvalho cai sobre a terra, e a ninguém deixaremos dele, e de todos os que com ele estão.
13 ၁၃ ၎င်းနည်းခမည်းတော်သည် မြို့တမြို့ထဲသို့ ဝင်လျှင်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြိုးများကို ယူခဲ့၍ ထိုမြို့၌ ကျောက်စရစ်တခုကိုမျှ မကျန်စေခြင်းငှါ ချိုင့်ထဲသို့ ဆွဲချရကြမည်ဟု လျှောက်လေသော်၊
E se se recolher em alguma cidade, todos os de Israel trarão cordas àquela cidade, e a arrastaremos até o ribeiro, que nunca mais apareça pedra dela.
14 ၁၄ အဗရှလုံနှင့် ဣသရေလအမျိုးသားအပေါင်းတို့က၊ အာခိလူဟုရှဲပေးသော အကြံထက်သာ၍ကောင်း သည်ဟု ပြောဆိုကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် အဗရှလုံ၌ ဘေးရောက်စေခြင်းငှါ၊ အဟိသော ဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ၏။
Então Absalão e todos os de Israel disseram: O conselho de Husai arquita é melhor que o conselho de Aitofel. Porque o SENHOR havia ordenado que o acertado conselho de Aitofel se frustrasse, para que o SENHOR fizesse vir o mal sobre Absalão.
15 ၁၅ ထိုအခါ ဟုရှဲသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့အား၊ အဟိသောဖေလသည် ဤမည်သော အကြံကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့ အားပေးပြီ။ ကျွန်ုပ်သည်လည်း ဤမည်သောအကြံကို ပေးပြီ။
Disse logo Husai a Zadoque e a Abiatar sacerdotes: Assim e assim aconselhou Aitofel a Absalão e aos anciãos de Israel: e desta maneira aconselhei eu.
16 ၁၆ သို့ဖြစ်၍ ဒါဝိဒ်ထံသို့အလျင်အမြန်စေလွှတ်၍ ယနေ့ညမှာ တောလွင်ပြင်၌ မနေပါနှင့်။ အလျင်အမြန် ကူးသွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့ သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက် မည်အကြောင်း မှာလိုက်သဖြင့်၊
Portanto enviai imediatamente, e dai aviso a Davi, dizendo: Não fiques esta noite nos campos do deserto, mas sim passa logo o Jordão, para que o rei não seja consumido, e todo aquele povo que com ele está.
17 ၁၇ ယောနသန်နှင့် အဟိမတ်သည် မြို့ထဲသို့ဝင်လျှင် သူတပါးမြင်မည်စိုးသောကြောင့်၊ အင်္ရောဂေလရွာ နားမှာ နေရစဉ်တွင်၊ မိန်းမကလေးတယောက်သွား၍ ပြောသည်အတိုင်းသူတို့သည် ဒါဝိဒ်မင်းကြီးထံသို့ သွား၍ လျှောက်ကြ၏။
E Jônatas e Aimaás estavam junto à fonte de Rogel, porque não podiam eles mostrar-se vindo à cidade; foi, portanto, uma criada, e deu-lhes o aviso: e eles foram, e noticiaram-no ao rei Davi.
18 ၁၈ သို့ရာတွင် လူကလေးတယောက်သည် ထိုသူတို့ကိုမြင်၍ အဗရှလုံအား လျှောက်လေ၏။ သူတို့သည် အလျင်အမြန်သွား၍ ဗာဟုရိမ်မြို့တွင် အိမ်တအိမ်သို့ဝင်သဖြင့် ထိုအိမ်ဝင်းထဲမှာရှိသော ရေတွင်းသို့ ဆင်း၍၊
Porém foram vistos por um jovem, o qual deu conta a Absalão: porém os dois se apressaram em caminhar, e chegaram à casa de um homem em Baurim, que tinha um poço em seu pátio, dentro do qual se meteram.
19 ၁၉ မိန်းမသည်ရေတွင်းဝကို ဖုံးပြီးမှ ဆန်ကိုလှန်း၍ ထားသောကြောင့် ထိုအမှုသည် မထင်ရှား။
E tomando a mulher da casa uma manta, estendeu-a sobre a boca do poço, e estendeu sobre ela o grão trilhado; e não se penetrou o negócio.
20 ၂၀ အဗရှလုံ၏ ကျွန်တို့သည်ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့်ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတဘက်သို့ ကူးကြပြီဟု ပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ပြန်သွားကြ၏။
Chegando logo os criados de Absalão à casa à mulher, disseram-lhe: Onde estão Aimaás e Jônatas? E a mulher lhes respondeu: Já passaram o vau das águas. E quando eles os buscaram e não os acharam voltaram a Jerusalém.
21 ၂၁ ပြန်သွားသောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းထဲကတက်၍ ဒါဝိဒ်မင်းကြီးထံသို့ သွားပြီးလျှင်၊ မြစ်တဘက်သို့ အလျင်အမြန်ထ၍ ကြွတော်မူပါ။ အဟိသောဖေလသည် ကိုယ်တော်တဘက်၌ ဤမည်သော အကြံကိုပေးပါပြီဟု လျှောက်သော်၊
E depois que eles se houveram ido, aqueles saíram do poço, e foram-se, e deram aviso ao rei Davi; e disseram-lhe: Levantai-vos e apressai-vos a passar as águas, porque Aitofel deu tal conselho contra vós.
22 ၂၂ ဒါဝိဒ်နှင့် လူအပေါင်းတို့သည် ထ၍ ယော်ဒန်မြစ်ကိုကူးကြ၏။ မိုယ်းလင်းသောအခါ မကူးသောသူတယောက် မျှမရှိ။
Então Davi se levantou, e todo aquele povo que com ele estava, e passaram o Jordão antes que amanhecesse; nem sequer faltou um que não passasse o Jordão.
23 ၂၃ အဟသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင်ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့ သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုး တပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သဂြိုဟ်ကြ၏။
E Aitofel, vendo que não se havia praticado seu conselho, preparou seu asno, e levantou-se, e foi-se à sua casa em sua cidade; e depois de dar ordens acerca de sua casa, enforcou-se e morreu, e foi sepultado no sepulcro de seu pai.
24 ၂၄ ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်လေ၏။ အဗရှလုံသည်လည်း ဣသရေလလူအပေါင်းတို့နှင့်အတူ ယော်ဒန်မြစ်ကို ကူးလေ၏။
E Davi chegou a Maanaim, e Absalão passou o Jordão com toda a gente de Israel.
25 ၂၅ အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ၌ အာမသကို ခန့်ထား၏။ အာမသကား၊ ယွာဘ အမိ ဇေရုယာ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ၏သား ဖြစ်သတည်း။
E Absalão constituiu a Amasa, sobre o exército em lugar de Joabe, o qual Amasa foi filho de um homem de Israel chamado Itra, o qual havia se deitado com Abigail filha de Naás, irmã de Zeruia, mãe de Joabe.
26 ၂၆ ဣသရေလအမျိုးတို့နှင့် အဗရှလုံသည် ဂိလဒ်ပြည်၌ တပ်ချကြ၏။
E Israel assentou acampamento com Absalão na terra de Gileade.
27 ၂၇ ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်သောအခါ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ်၏သား ရှေဘိ၊ လော ဒေဗာမြို့သား အမျေလ၏သား မာခိရ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က၊
E logo que Davi chegou a Maanaim, Sobi filho de Naás de Rabá dos filhos de Amom, e Maquir filho de Amiel de Lo-Debar, e Barzilai gileadita de Rogelim,
28 ၂၈ ထိုလူတို့သည် တော၌ရေစာ ငတ်မွတ်လျက် ပင်ပန်းလျက် နေရပါသည်တကားဟုဆို၍၊ ဒါဝိဒ်နှင့် သူ၏လူများ စားစရာဘို့ ဂျုံဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်မျိုး၊ ပဲမျိုး၊
Trouxeram a Davi e ao povo que estava com ele, camas, e bacias, e vasilhas de barro, e trigo, e cevada, e farinha, e grão tostado, favas, lentilhas, e grãos tostados,
29 ၂၉ ပျားရည်၊ နို့ဓမ်း၊ သိုး၊ ဒိန်ခဲနှင့်တကွ အိပ်ရာ၊ လင်ပန်း၊ မြေခွက်များကို ဆောင်ခဲ့ကြသည်။
Mel, manteiga, ovelhas, e queijos de vacas, para que comessem; porque disseram: Aquele povo está faminto, e cansado, e terá sede no deserto.

< ၂ ဓမ္မရာဇဝင် 17 >