< ၂ ဓမ္မရာဇဝင် 16 >
1 ၁ ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ၊ မေဖိဗောရှက်၏ ကျွန်ဇိဘသည် ကုန်းနှီး တင်သောမြည်းနှစ်စီးနှင့်တကွ၊ မုန့်လုံးနှစ်ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည်ဘူတလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။
Da David var kommet et lite stykke fremover fra toppen, fikk han se Siba, Mefibosets tjener, som kom ham i møte med et par asener med kløv; på dem var det to hundre brød og hundre rosinkaker og hundre stykker sommerfrukt og en skinnsekk med vin.
2 ၂ ရှင်ဘုရင်ကလည်း၊ အဘယ်သို့ပြုခြင်းငှါ ဤဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင်၊ ဇိဘက၊ မြည်း တို့သည် နန်းတော်သားများ စီးဘို့၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဘို့၊ စပျစ်ရည်သည်လည်း တော၌မော သောသူများသောက်ဘို့ ဖြစ်ပါသည်ဟု လျှောက်၏။
Da sa kongen til Siba: Hvad vil du med dette? Siba svarte: Asenene skal kongens husfolk ha til å ride på, og brødet og sommerfruktene skal være til mat for tjenerne, og vinen til drikke for dem som blir utmattet i ørkenen.
3 ၃ ရှင်ဘုရင်ကလည်း၊ သင့်သခင်၏ သားသည် အဘယ်မှာရှိသနည်းဟုမေးလျှင် ဇိဘက၊ ယေရုရှလင်မြို့ ၌ နေရစ်ပါ၏။ ယနေ့မှာ ဣသရေလအမျိုးသည် ငါ့အဘ၏ နိုင်ငံကိုငါ့အား ပြန်ပေးလိမ့်မည်ဟု ဆိုကြောင်းကို လျှောက်လေသော်၊
Kongen sa: Men hvor er din herres sønn? Siba svarte: Han er fremdeles i Jerusalem; han sa: Idag vil Israels hus gi mig igjen min fars kongedømme.
4 ၄ ရှင်ဘုရင်က၊ မေဖိဗောရှက်နှင့် ဆိုင်သမျှသော ဥစ္စာသည် သင့်ဥစ္စာဖြစ်စေဟု ဇိဘအား မိန့်တော်မူ၏။ ဇိဘကလည်း၊ အရှင်မင်းကြီး ကျွန်တော်သည်ရှေ့တော်၌ မျက်နှာရပါမည်အကြောင်း ရှိခိုးအသနားတော် ခံပါသည်ဟု ပြန်လျှောက်လေ၏။
Da sa kongen til Siba: Du skal få alt det som Mefiboset har. Og Siba sa: Jeg kaster mig til jorden; la mig finne nåde for min herre kongens øine!
5 ၅ ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ၏။
Da kong David kom til Bahurim, kom det ut derfra en mann som var i slekt med Sauls hus og hette Sime'i, Gera's sønn; han kom bannende
6 ၆ ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်းတို့ကို ကျောက်ခဲနှင့် ပစ်လေ၏။ လူများအပေါင်းနှင့် မှူးတော် မတ်တော်အပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရှိကြ၏။
og kastet med sten efter David og alle kong Davids tjenere, mens alt folket og alle de djerveste krigsmenn gikk med ham, både på høire og venstre side.
7 ၇ ရှိမိကျိန်ဆဲသောစကားဟူမူကား၊ သွားဟဲ့၊ သွားဟဲ့။ လူ့အသက်ကို သတ်သောအဓမ္မလူ၊
Og Sime'i bante ham med de ord: Bort, bort med dig, din blodhund, din niding!
8 ၈ ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရ သက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သား အဗရှလုံလက်၌အပ်တော်မူပြီ။ သင်သည်လူအသက်ကို သတ် သောသူဖြစ်သောကြောင့်ကြည့်ပါ။ အမှုကြီးရောက်လေပြီဟုဆို၏။
Herren har nu latt komme igjen over dig alt det blod som har flytt i Sauls hus, han i hvis sted du blev konge, og Herren har gitt kongedømmet til din sønn Absalom; se, nu er du kommet i den ulykke du har fortjent; for en blodhund er du.
9 ၉ ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင်၊
Da sa Abisai, Serujas sønn, til kongen: Hvorfor skal denne døde hund banne min herre kongen? La mig gå der bort og slå hodet av ham!
10 ၁၀ ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေ စေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြုသနည်းဟု အဘယ်သူဆိုရမည်နည်းဟူ၍၎င်း၊
Men kongen sa: Hvad har jeg med eder å gjøre, I Serujas sønner? Når han banner, og når Herren har sagt til ham: Bann David! - hvem tør da si: Hvorfor gjorde du det?
11 ၁၁ ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကို ရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရားမှာထားတော်မူပြီ။
Og David sa til Abisai og til alle sine tjenere: Se, min sønn, som er utgått av mitt liv, står mig efter livet; hvor meget mere ikke da denne benjaminitt! La ham bare banne! For Herren har befalt ham det.
12 ၁၂ ထာဝရဘုရားသည် ငါ၏ဒုက္ခကို ကြည့်ရှု၍ ယနေ့ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုး ကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။
Kanskje Herren ser til mig i min nød, så Herren gir mig lykke til gjengjeld for den forbannelse som har rammet mig idag.
13 ၁၃ ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း၌သွားစဉ်တွင်၊ ရှိမိသည် ဒါဝိဒ်တဘက်တချက်၊ တောင်ခါးပန်းနားမှာ ရှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့် ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။
Så gikk David og hans menn frem efter veien mens Sime'i gikk oppe i lien jevnsides med ham, og han gikk og bante, og han kastet med sten og sand mens han gikk der jevnsides med ham.
14 ၁၄ ရှင်ဘုရင်မှစ၍ နောက်တော်သို့ လိုက်သောသူအပေါင်းတို့သည် မောလျက်၊ ဗာဟုရိမ်မြို့သို့ရောက်၍ အမောအပန်းဖြေကြ၏။
Og kongen og alt folket som var med ham, drog inn i Ajefim og hvilte der.
15 ၁၅ အဗရှလုံနှင့် လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ ရောက်၍ အဟိသောဖေလလည်း ပါ၏။
Imidlertid var Absalom med alt sitt folk, Israels menn, kommet til Jerusalem og Akitofel var med ham.
16 ၁၆ ဒါဝိဒ်၏ အဆွေခင်ပွန်းအာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ၍၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းကြီးပေး၏။
Da nu arkitten Husai, Davids venn, kom til Absalom, sa Husai til Absalom: Kongen leve! Kongen leve!
17 ၁၇ အဗရှလုံကလည်း၊ သင်၏အဆွေခင်ပွန်း၌ ဤသို့ကျေးဇူးပြုသလော။ သင်၏အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင်၊
Da sa Absalom til Husai: Er dette din kjærlighet til din venn? Hvorfor drog du ikke med din venn?
18 ၁၈ ဟုရှဲက၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရားမှစ၍ ဤလူများနှင့် ဣသရေလလူများအပေါင်းတို့သည် ရွေးချယ်သောသူထံမှာ ကျွန်တော်ကျွန်ခံပါမည်။ ထိုသူထံမှာ နေပါမည်ဟူ၍၎င်း၊
Husai svarte: Nei, den som Herren og dette folk og alle Israels menn har utvalgt, ham vil jeg tilhøre, og hos ham vil jeg bli.
19 ၁၉ တဖန်အကြင်သူထံ၌ ကျွန်ခံရ၏။ ထိုသူ၏သားထံ၌ ကျွန်ခံရသည် မဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံရတူနည်းတူ ကိုယ်တော်ထံ၌လည်း ကျွန်ခံပါမည်ဟု၍၎င်း၊ အဗရှလုံအား လျှောက်ဆို၏။
Og for det annet: Hvem skulde jeg tjene? Skulde jeg ikke tjene hos hans sønn? Likesom jeg har tjent hos din far, således vil jeg og tjene dig.
20 ၂၀ အဗရှလုံကလည်း၊ ငါတို့သည်အဘယ်သို့ပြုရမည်ကို အကြံပေးပါဟု အဟိသောဖေလအား ဆိုလျှင်၊
Så sa Absalom til Akitofel: Gi nu I et råd og si hvad vi skal gjøre!
21 ၂၁ အဟိသောဖေလက၊ နန်းတော်ကို စောင့်စေခြင်းငှါ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ။ ခမည်းတော်သည်ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်း တို့သည်ကြား၍၊ ကိုယ်တော်ဘက်၌နေသော သူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည် အတိုင်း၊
Akitofel svarte: Gå inn til din fars medhustruer som han lot bli tilbake for å ta vare på huset! Når da hele Israel får høre at du har gjort dig forhatt hos din far, så vil motet økes hos alle som er med dig.
22 ၂၂ နန်းတော်ပေါ်မှာ အဗရှလုံအဘို့ မျက်နှာကြက်ကိုမိုး၍၊ သူသည် ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့မှာ ခမည်းတော်၏ ကိုယ်လုပ်တော်တို့ ရှိရာသို့ ဝင်လေ၏။
Så reiste de et telt for Absalom på taket, og Absalom gikk inn til sin fars medhustruer for hele Israels øine.
23 ၂၃ ထိုကာလ၌ အဟိသောဖေလ ပေးသောအကြံသည် ဘုရားသခင့်ထံတော်၌ မေးလျှောက်၍ခံရသော ဗျာဒိတ်တော်ကဲ့သို့ ဖြစ်၏။ သူပေးသမျှသောအကြံကို ဒါဝိဒ်နှင့် အဗရှလုံသည် ဗျာဒိတ်တော်ကဲ့သို့ မှတ်တတ် သတည်း။
I den tid gjaldt et råd som Akitofel gav, like så meget som om en hadde spurt Guds ord til råds; så meget gjaldt hvert råd av Akitofel både hos David og hos Absalom.