< ၂ ဓမ္မရာဇဝင် 13 >
1 ၁ ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသော နှမတယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။
Davut'un oğlu Avşalom'un Tamar adında güzel bir kızkardeşi vardı. Davut'un başka bir oğlu, Amnon Tamar'a gönül verdi.
2 ၂ ချစ်အားကြီးသောကြောင့် နာ၍နေ၏။ နှမတော်သည် အပျိုကညာဖြစ်၏။ သူ၌အဘယ်သို့ အလို ပြည့်စုံမည်ကို အာမနုန်သည် ကြံ၍မရနိုင်။
Amnon üvey kızkardeşi Tamar yüzünden yatağa düşecek kadar üzüntüye kapıldı. Çünkü Tamar erden bir kızdı ve Amnon ona bir şey yapmayı olanaksız görüyordu.
3 ၃ ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန်၏ အဆွေခင်ပွန်းဖြစ်၏။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ်၏။
Amnon'un Davut'un kardeşi Şima'nın oğlu Yonadav adında çok akıllı bir arkadaşı vardı.
4 ၄ ကိုယ်တော်သည် ရှင်ဘုရင်၏ သားတော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ ပိန်ချုံးတော်မူ သနည်း။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင်၊ အာမနုန်က၊ ငါ့ညီအဗရှလုံ၏ နှမတာမာကို တပ်သော စိတ်ရှိသည်ဟု ပြန်ပြော၏။
Yonadav Amnon'a, “Ey kral oğlu, neden böyle her sabah üzgün görünüyorsun?” diye sordu, “Bana anlatamaz mısın?” Amnon, “Üvey kardeşim Avşalom'un kızkardeşi Tamar'a gönül verdim” diye yanıtladı.
5 ၅ ယောနဒပ်ကလည်း၊ ခုတင်ပေါ်မှာ တုံးလုံးနေ၍ နာဟန်ဆောင်ပါ။ ခမည်းတော်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အကျွန်ုပ်နှမတာမာလာ၍ ကျွေးမွေးပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင်၍ သူလက်၌စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ ချက်ပါစေဟု အခွင့်တောင်းရမည်ဟု အကြံပေးသည် အတိုင်း၊
Yonadav, “Yatağa yat ve hastaymış gibi yap” dedi, “Baban seni görmeye gelince ona şöyle dersin: ‘Lütfen kızkardeşim Tamar gelip bana yiyecek versin. Yemeği önümde hazırlasın ki, ona bakayım, elinden yiyeyim.’”
6 ၆ အာမနုန်သည် တုံးလုံးနေ၍ နာဟန်ပြု၏။ ရှင်ဘုရင်သည် အကြည့်အရှုကြွလာတော်မူသောအခါ၊ အာမနုန်က၊ အကျွန်ုပ်နှမတာမာလာပါစေ။ သူလက်၌ အကျွန်ုပ်သည် စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ မုန့်ပြားနှစ်ပြားကို လုပ်ပါစေဟု ရှင်ဘုရင်အား အခွင့်တောင်းလေ၏။
Böylece Amnon yatağa yatıp hastaymış gibi yaptı. Kral onu görmeye gelince, Amnon, “Lütfen kızkardeşim Tamar gelip önümde iki gözleme hazırlasın da elinden yiyeyim” dedi.
7 ၇ ဒါဝိဒ်သည်လည်း တာမာအိမ်သို့ လူကို စေလွှတ်၍၊ သင်၏မောင် အာမနုန်အိမ်သို့ သွားပြီးလျှင် စားစရာကို ချက်ပေးပါဟု မှာလိုက်သည်အတိုင်း၊
Davut, sarayda yaşayan Tamar'a, “Haydi kardeşin Amnon'un evine gidip ona yiyecek hazırla” diye haber gönderdi.
8 ၈ တာမာသည် မောင်အာမနုန်အိမ်သို့ သွား၍ အာမနုန်သည် တုံးလုံးနေ၏။ တာမာသည် မုန့်ညက်ကို ယူ၍ နယ်ပြီးမှ၊ မောင်ရှေ့မှာ မုန့်ပြားတို့ကို လုပ်၍ ဖုတ် လေ၏။
Tamar yatmakta olan kardeşi Amnon'un evine gitti. Hamur alıp yoğurdu, önünde gözleme yapıp pişirdi.
9 ၉ ပုကန်ပြားကိုလည်းယူ၍ အာမနုန်ရှေ့မှာ လောင်းထားသော်လည်း သူသည်မစားဘဲ လူအပေါင်း တို့ကို ငါ့ထံမှ ထွက်သွားစေဟုဆိုသဖြင့်၊ လူအပေါင်းတို့သည် ထွက်သွားကြ၏။
Tavayı alıp gözlemeyi önüne koyduysa da Amnon yemek istemedi. “Yanımdan herkesi çıkarın” diye buyruk verdi. Herkes çıktı.
10 ၁၀ တာမာအားလည်း၊ သင့်လက်၌ ငါစားရအောင် အခန်းထဲသို့ ယူခဲ့လော့ဟုဆိုသည်အတိုင်း၊ တာမာသည် မိမိလုပ်သော မုန့်ပြားတို့ကို ယူ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ၏။
Sonra Amnon Tamar'a, “Yemeği yatak odama getir de, elinden yiyeyim” dedi. Tamar hazırladığı gözlemeleri kardeşi Amnon'un yatak odasına götürdü.
11 ၁၁ ထိုသို့အာမနုန်စားစရာဘို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကို ဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။
Yesin diye yemeği ona yaklaştırınca, Amnon Tamar'ı yakalayarak, “Gel, benimle yat, kızkardeşim” dedi.
12 ၁၂ တာမာကလည်းမပြုပါနှင့် ငါ့မောင်။ ငါ့ကိုမရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြု သင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။
Ama Tamar, “Hayır, kardeşim, beni zorlama!” dedi, “İsrail'de böyle şey yapılmamalıdır! Bu iğrençliği yapma!
13 ၁၃ ပြုလျှင်ငါသည် ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း။ သင်သည်လည်း ဣသရေလအမျိုး၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင်ကို လျှောက်ပါလော့။ လျှောက်လျှင်မပေးစားဘဲ နေတော် မမူပါဟု ပြောဆိုသော်လည်း၊
Sonra ben utancımı nasıl üstümden atarım? Sense İsrail'de alçak biri durumuna düşersin. Ne olur krala söyle; o beni senden esirgemez.”
14 ၁၄ အာမနုန်သည် နားမထောင်။ နှမထက်အားကြီးသဖြင့် အနိုင်ပြု၍ အိပ်လေ၏။
Ne var ki, Amnon Tamar'ı dinlemek istemedi. Daha güçlü olduğu için onunla zorla yattı.
15 ၁၅ တဖန်အာမနုန်သည် နှမကိုအလွန်မုန်းပြန်၏။ အရင်ချစ်အား ကြီးသည်ထက် မုန်းအားသာ၍ကြီးသဖြင့်၊ သင်ထ၍သွားတော့ဟုဆို၏။
Bundan sonra Amnon Tamar'dan öylesine nefret etti ki, ona duyduğu nefret, beslemiş olduğu sevgiden daha güçlüydü. Amnon Tamar'a, “Kalk, git!” dedi.
16 ၁၆ နှမကလည်း အကြောင်းမရှိပါ။ ငါ၌ပြုဘူးသောအပြစ်ထက် ယခုနှင်ထုတ်သော အပြစ်သာ၍ ကြီးသည် ဟု ဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။
Tamar, “Hayır” dedi, “Çünkü beni kovman, bana yaptığın öbür kötülükten daha büyük bir kötülüktür.” Ama Amnon onu dinlemek istemedi.
17 ၁၇ အစေခံကျွန်တယောက်ကို ခေါ်၍ ဤမိန်းမကို နှင်ထုတ်လော့။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင်၏။
Hizmetindeki uşağı çağırıp, “Bu kadını yanımdan dışarı çıkar, ardından da kapıyı sürgüle” dedi.
18 ၁၈ အပျိုကညာဖြစ်သော ရှင်ဘုရင်၏ သမီးတော် ဝတ်တတ်သည်အတိုင်း၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည် နှင်ထုတ်၍ သူနောက်မှာ တံခါးကျင်ထိုးလေ၏။
Uşak Tamar'ı dışarı çıkarıp ardından kapıyı sürgüledi. Tamar uzun kollu bir giysi giymişti. Kralın erden kızları böyle giyinirlerdi.
19 ၁၉ တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင်၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ၊ ခေါင်းပေါ်၌ လက်တင်၍ ငိုကြွေးလျက် ပြန်သွား၏။
Tamar başına kül saçıp sırtındaki uzun kollu giysiyi yırttı. Elini başına koyup ağlaya ağlaya gitti.
20 ၂၀ မောင်ရင်းအဗရှလုံကလည်း၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော။ သို့သော်လည်း ငါ့နှမ တိတ်ဆိတ်စွာ နေလော့။ သူသည် သင်၏မောင်ဖြစ်၏။ ဤအမှုကိုမမှတ်နှင့်ဟုဆိုသော်၊ တာမာသည် မိမိမောင် အဗရှလုံအိမ်၌ ဆိတ်ညံစွာနေ၏။
Kardeşi Avşalom ona, “Seninle birlikte olan kardeşin Amnon muydu?” diye sordu, “Haydi, kızkardeşim, sesini çıkarma. O senin üvey kardeşindir. Bu olayın üzerinde durma.” Böylece Tamar, kardeşi Avşalom'un evinde yalnız ve üzgün yaşadı.
21 ၂၁ ဒါဝိဒ်မင်းကြီးသည် ထိုအမှုအလုံးစုံကို ကြားသိသောအခါ၊ အလွန်အမျက်ထွက်၏။
Kral Davut olup bitenleri duyunca çok öfkelendi.
22 ၂၂ အဗရှလုံသည် အစ်ကိုအာမနုန်အား ကောင်းသောစကား၊ မကောင်းသောစကားကိုမပြော။ သို့ရာတွင် နှမတာမာကို ရှုတ်ချသောကြောင့် အငြိုးထား၏။
Avşalom ise Amnon'a iyi kötü hiçbir şey söylemedi. Kızkardeşi Tamar'a tecavüz ettiği için Amnon'dan nefret ediyordu.
23 ၂၃ ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကို ခံ၍ ရှင်ဘုရင်၏သားတော်အပေါင်းတို့ကို ခေါ်ဘိတ်လေ၏။
Tam iki yıl sonra, Avşalom kralın bütün oğullarını kendi koyun kırkıcılarının bulunduğu Efrayim Kenti yakınındaki Baal-Hasor'a çağırdı.
24 ၂၄ အဗရှလုံသည်လည်း ရှင်ဘုရင်ထံတော်သို့သွား၍၊ ကိုယ်တော်ကျွန်သည် သိုးမွေးညှပ်ပွဲကို ခံပါ၏။ ကျွန်များ တို့ကို ခေါ်၍ကိုယ်တော်ကျွန်နှင့်အတူ ကိုယ်တော်တိုင် ကြွတော်မူပါဟု လျှောက်လျှင်၊
Avşalom krala gelip, “Koyunlarımı kırktırıyorum” dedi, “Lütfen kral ve görevlileri de kuluna katılsın.”
25 ၂၅ ရှင်ဘုရင်ကမသွားသင့်ငါ့သား၊ လူအပေါင်းတို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့်၊ အဗရှလုံသွေးဆောင်သော်လည်း ကိုယ်တော်တိုင် မလိုက်ဘဲ ကောင်းကြီးပေး၏။
Kral Davut, “Hayır, oğlum, hepimiz gelmeyelim, sana yük oluruz” diye yanıtladı. Avşalom üstelediyse de kral gitmek istemedi, ama onu kutsadı.
26 ၂၆ အဗရှလုံကလည်း၊ လိုက်တော်မမူလျှင်၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း၊
Bunun üzerine Avşalom, “Öyleyse izin ver de kardeşim Amnon bizimle gelsin” dedi. Kral, “Amnon neden seninle gelsin?” diye sordu.
27 ၂၇ အဗရှလုံ ပူဆာသောကြောင့် အာမနုန်မှစ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ၏။
Ancak Avşalom üsteleyince, kral Amnon'u ve bütün öbür oğullarını onunla gönderdi.
28 ၂၈ အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကို သောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန် ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည် အတိုင်း၊
Avşalom hizmetkârlarına şöyle buyurdu: “Dinleyin! Amnon'un şaraptan iyice keyiflendiği anı bekleyin. Size ‘Amnon'u vurun’ dediğim an onu öldürün. Korkmayın! Size buyruğu ben veriyorum. Güçlü ve yürekli olun!”
29 ၂၉ သူတို့သည် အာမနုန်ကို ပြုကြ၏။ ထိုအခါ ရှင်ဘုရင်၏ သားတော်အပေါင်းတို့သည် ထ၍ လားကို စီးလျက် ပြေးသွားကြ၏။
Hizmetkârlar Avşalom'un buyruğuna uyarak Amnon'u öldürdüler. Kralın öbür oğulları katırlarına atlayıp kaçtılar.
30 ၃၀ သူတို့မရောက်မှီအခြားသူလာ၍၊ အဗရှလုံသည် အရှင်မင်းကြီး၏သားတော်အပေါင်းတို့ကို သတ်ပါပြီ။ တယောက်မျှမကျန်ကြွင်းပါဟု နားတော်လျှောက်လေ၏။
Onlar yoldayken, Avşalom'un kralın bütün oğullarını öldürdüğü, hiçbirinin sağ kalmadığı söylentisi Davut'a ulaştı.
31 ၃၁ ရှင်ဘုရင်သည်ထ၍ အဝတ်တော်ကို ဆုတ်လျက် မြေပေါ်မှာ တုံးလုံးနေ၏။ ကျွန်တော်အပေါင်းတို့ သည်လည်း၊ မိမိတို့အဝတ်ကို ဆုတ်လျက် အနားတော်၌ နေကြ၏။
Kral kalkıp giysilerini yırttı, yere kapandı. Bütün görevlileri de, giysileri yırtılmış, yanıbaşındaydılar.
32 ၃၂ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနဒပ်က၊ အရှင်မင်းကြီး၏ သားတော်အပေါင်းတို့ကို သတ်လေပြီဟူသော စကားကို ယုံတော်မမူပါနှင့်။ အာမနုန်တယောက်တည်းသာ သေပါပြီ။ အဗရှလုံနှမတာမာကို အာမနုန်သည် ရှုတ်ချသောနေ့မှစ၍ ဤအမှုကိုသူ၏ မောင်စီရင်ပါပြီ။
Davut'un kardeşi Şima'nın oğlu Yonadav şöyle dedi: “Efendim kral bütün oğullarının öldürüldüğünü sanmasın; yalnız Amnon öldü. Çünkü o üvey kızkardeşi Tamar'a tecavüz ettiği günden bu yana, Avşalom buna kararlıydı.
33 ၃၃ ယခုမှာ ကျွန်တော်သခင်အရှင်မင်းကြီး၏ သားတော်အပေါင်းတို့သည် သေကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မမူပါနှင့်။ အာမနုန်တယောက်တည်းသာ သေ၍ အဗရှလုံလည်း ပြေးပါလိမ့်မည်ဟု လျှောက်လေ ၏။
Onun için, ey efendim kral, bütün oğullarının öldüğü haberini dikkate alma; çünkü yalnız Amnon öldü.”
34 ၃၄ ထိုအခါကင်းစောင့်လုလင်သည် မြော်ကြည့်၍၊ မိမိ နောက်၌ တောင်ခြေရင်းလမ်းမှာ လူများလာသည်ကို မြင်၏။
Bu arada Avşalom kaçtı. Nöbetçi tepenin yamacındaki batı yolundan büyük bir kalabalığın geldiğini gördü.
35 ၃၅ ယောနဒပ်ကလည်း၊ အရှင်မင်းကြီး၏သားတော်တို့သည် လာကြပါပြီ။ ကိုယ်တော်ကျွန်ပြောသောစကား မှန်ပါ၏ဟု လျှောက်သည် အဆုံး၌၊
Yonadav krala, “İşte oğulların geliyor! Kulunun dediği gibi oldu” dedi.
36 ၃၆ ရှင်ဘုရင်၏သားတော်တို့သည် ရောက်လာ၍ အသံကိုလွှင့်လျက် ငိုကြွေးကြ၏။ ရှင်ဘုရင်နှင့် ကျွန်တော် အပေါင်းတို့သည် ပြင်းစွာ ငိုကြွေးကြ၏။
O konuşmasını bitirir bitirmez, kralın oğulları oraya varıp hıçkıra hıçkıra ağlamaya başladılar. Kral ve görevlileri de acı acı ağladılar.
37 ၃၇ အဗရှလုံသည် ပြေး၍ ဂေရှုရမင်းကြီးအမိ ဟုဒ်သားတာလမဲထံသို့ သွား၏။ ဒါဝိဒ်သည် မိမိသား ကြောင့် နေ့တိုင်းငိုကြွေးမြည်တမ်းလေ၏။
Avşalom Geşur Kralı Ammihut oğlu Talmay'ın yanına kaçtı. Davut ise oğlu Amnon için sürekli yas tutuyordu.
38 ၃၈ အဗရှလုံသည် ဂေရှုရမြို့သို့ ပြေးပြီးမှ သုံးနှစ် နေ၏။
Geşur'a kaçan Avşalom orada üç yıl kaldı.
39 ၃၉ တဖန်ဒါဝိဒ်မင်းကြီးသည် အာမနုန်သေသောကြောင့်၊ ထိုသူကို အောက်မေ့သောစိတ်အား လျော့သဖြင့် အဗရှလုံကိုလွမ်းဆွတ်လျက်နေ၏။
Kral Davut Avşalom'un yanına gitmeyi çok istiyordu. Çünkü Amnon'un ölümü konusunda avuntu bulmuştu.