< ၂ ဓမ္မရာဇဝင် 13 >
1 ၁ ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသော နှမတယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။
၁ဒါဝိဒ် ၏သား အဗရှလုံ ၌ တာမာ အမည် ရှိသောအဆင်း လှသော နှမ တယောက်ရှိ ၏။ ဒါဝိဒ် ၏သား အာမနုန် သည် ထိုနှမ ကို ချစ် လေ၏။
2 ၂ ချစ်အားကြီးသောကြောင့် နာ၍နေ၏။ နှမတော်သည် အပျိုကညာဖြစ်၏။ သူ၌အဘယ်သို့ အလို ပြည့်စုံမည်ကို အာမနုန်သည် ကြံ၍မရနိုင်။
၂ချစ်အားကြီးသောကြောင့်နာ ၍နေ၏။ နှမတော်သည် အပျို ကညာဖြစ်၏။ သူ ၌ အဘယ်သို့အလို ပြည့်စုံမည်ကို အာမနုန် သည် ကြံ၍မရနိုင်။
3 ၃ ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန်၏ အဆွေခင်ပွန်းဖြစ်၏။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ်၏။
၃ဒါဝိဒ် အစ်ကို ရှိမာ သား ယောနဒပ် သည် အာမနုန် ၏ အဆွေ ခင်ပွန်းဖြစ်၏။ ထိုယောနဒပ် သည် လိမ္မာ သောသူဖြစ်၏။
4 ၄ ကိုယ်တော်သည် ရှင်ဘုရင်၏ သားတော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ ပိန်ချုံးတော်မူ သနည်း။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင်၊ အာမနုန်က၊ ငါ့ညီအဗရှလုံ၏ နှမတာမာကို တပ်သော စိတ်ရှိသည်ဟု ပြန်ပြော၏။
၄ကိုယ်တော် သည် ရှင်ဘုရင် ၏ သား တော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ပိန်ချုံး တော်မူသနည်း။ ကျွန်တော် ကို မ ပြော ချင်သလော ဟုမေး လျှင် ၊ အာမနုန် က၊ ငါ့ ညီ အဗရှလုံ ၏ နှမ တာမာ ကို တပ်သောစိတ် ရှိသည်ဟု ပြန်ပြော ၏။
5 ၅ ယောနဒပ်ကလည်း၊ ခုတင်ပေါ်မှာ တုံးလုံးနေ၍ နာဟန်ဆောင်ပါ။ ခမည်းတော်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အကျွန်ုပ်နှမတာမာလာ၍ ကျွေးမွေးပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင်၍ သူလက်၌စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ ချက်ပါစေဟု အခွင့်တောင်းရမည်ဟု အကြံပေးသည် အတိုင်း၊
၅ယောနဒပ် ကလည်း ၊ ခုတင် ပေါ် မှာ တုံးလုံး နေ၍ နာ ဟန်ဆောင်ပါ။ ခမည်းတော် သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အကျွန်ုပ် နှမ တာမာ လာ ၍ ကျွေးမွေး ပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင် ၍ သူ လက် ၌ စား ရမည်အကြောင်း၊ အကျွန်ုပ် ရှေ့ မှာ ချက် ပါစေဟု အခွင့်တောင်း ရမည်ဟု အကြံပေးသည် အတိုင်း၊
6 ၆ အာမနုန်သည် တုံးလုံးနေ၍ နာဟန်ပြု၏။ ရှင်ဘုရင်သည် အကြည့်အရှုကြွလာတော်မူသောအခါ၊ အာမနုန်က၊ အကျွန်ုပ်နှမတာမာလာပါစေ။ သူလက်၌ အကျွန်ုပ်သည် စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ မုန့်ပြားနှစ်ပြားကို လုပ်ပါစေဟု ရှင်ဘုရင်အား အခွင့်တောင်းလေ၏။
၆အာမနုန် သည် တုံးလုံး နေ၍ နာ ဟန်ပြု၏။ ရှင် ဘုရင်သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အာမနုန် က၊ အကျွန်ုပ် နှမ တာမာ လာ ပါစေ။ သူ လက် ၌ အကျွန်ုပ်သည် စား ရမည်အကြောင်း ၊ အကျွန်ုပ် ရှေ့ မှာ မုန့်ပြား နှစ် ပြားကို လုပ် ပါစေဟု ရှင်ဘုရင် အား အခွင့်တောင်း လေ၏။
7 ၇ ဒါဝိဒ်သည်လည်း တာမာအိမ်သို့ လူကို စေလွှတ်၍၊ သင်၏မောင် အာမနုန်အိမ်သို့ သွားပြီးလျှင် စားစရာကို ချက်ပေးပါဟု မှာလိုက်သည်အတိုင်း၊
၇ဒါဝိဒ် သည်လည်း တာမာ အိမ် သို့ လူကို စေလွှတ်၍၊ သင် ၏မောင် အာမနုန် အိမ် သို့ သွား ပြီးလျှင် စားစရာ ကို ချက် ပေးပါဟု မှာလိုက် သည်အတိုင်း၊
8 ၈ တာမာသည် မောင်အာမနုန်အိမ်သို့ သွား၍ အာမနုန်သည် တုံးလုံးနေ၏။ တာမာသည် မုန့်ညက်ကို ယူ၍ နယ်ပြီးမှ၊ မောင်ရှေ့မှာ မုန့်ပြားတို့ကို လုပ်၍ ဖုတ် လေ၏။
၈တာမာ သည် မောင် အာမနုန် အိမ် သို့ သွား ၍ အာမနုန်သည် တုံးလုံး နေ၏။ တာမာသည် မုန့်ညက် ကို ယူ ၍ နယ် ပြီးမှ ၊ မောင်ရှေ့ မှာ မုန့်ပြား တို့ကို လုပ် ၍ ဖုတ် လေ၏။
9 ၉ ပုကန်ပြားကိုလည်းယူ၍ အာမနုန်ရှေ့မှာ လောင်းထားသော်လည်း သူသည်မစားဘဲ လူအပေါင်း တို့ကို ငါ့ထံမှ ထွက်သွားစေဟုဆိုသဖြင့်၊ လူအပေါင်းတို့သည် ထွက်သွားကြ၏။
၉ပုကန်ပြား ကိုလည်း ယူ ၍ အာမနုန်ရှေ့ မှာ လောင်း ထားသော်လည်း သူသည်မ စားဘဲ လူ အပေါင်း တို့ကို ငါ့ ထံမှ ထွက်သွား စေဟုဆို သဖြင့် ၊ လူ အပေါင်း တို့သည် ထွက်သွား ကြ၏။
10 ၁၀ တာမာအားလည်း၊ သင့်လက်၌ ငါစားရအောင် အခန်းထဲသို့ ယူခဲ့လော့ဟုဆိုသည်အတိုင်း၊ တာမာသည် မိမိလုပ်သော မုန့်ပြားတို့ကို ယူ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ၏။
၁၀တာမာ အား လည်း ၊ သင့် လက် ၌ ငါစား ရအောင် အခန်း ထဲသို့ ယူ ခဲ့လော့ဟုဆို သည်အတိုင်း ၊ တာမာ သည် မိမိလုပ် သော မုန့်ပြား တို့ကို ယူ ၍ မောင် အာမနုန် ရှိရာအခန်း ထဲသို့ ဝင် လေ၏။
11 ၁၁ ထိုသို့အာမနုန်စားစရာဘို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကို ဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။
၁၁ထိုသို့အာမနုန်စားစရာဘို့ ယူ ခဲ့သောအခါ ၊ သူသည် နှမလက်ကို ဆွဲ ၍၊ ငါ့ နှမ ၊ ငါ နှင့် အိပ် ပါဟု ဆို ၏။
12 ၁၂ တာမာကလည်းမပြုပါနှင့် ငါ့မောင်။ ငါ့ကိုမရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြု သင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။
၁၂တာမာကလည်းမ ပြုပါနှင့် ငါ့ မောင်။ ငါ့ ကိုမ ရှုတ်ချ ပါနှင့်။ ဣသရေလ အမျိုး၌ ဤသို့ သောအမှုကို မ ပြု သင့်၊ ဤ အမှု ဆိုးကို မ ပြု ပါနှင့်။
13 ၁၃ ပြုလျှင်ငါသည် ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း။ သင်သည်လည်း ဣသရေလအမျိုး၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင်ကို လျှောက်ပါလော့။ လျှောက်လျှင်မပေးစားဘဲ နေတော် မမူပါဟု ပြောဆိုသော်လည်း၊
၁၃ပြုလျှင်ငါ သည် ရှက် ခြင်းနှင့် အဘယ် သို့ကင်းလွတ် မည်နည်း။ သင် သည်လည်း ဣသရေလ အမျိုး၌ လူမိုက် ကဲ့သို့ ဖြစ် လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင် ကို လျှောက် ပါလော့။ လျှောက်လျှင်မ ပေးစားဘဲ နေတော် မ မူပါဟု ပြောဆို သော်လည်း၊
14 ၁၄ အာမနုန်သည် နားမထောင်။ နှမထက်အားကြီးသဖြင့် အနိုင်ပြု၍ အိပ်လေ၏။
၁၄အာမနုန်သည် နား မ ထောင်။ နှမ ထက် အားကြီး သဖြင့် အနိုင် ပြု၍ အိပ် လေ၏။
15 ၁၅ တဖန်အာမနုန်သည် နှမကိုအလွန်မုန်းပြန်၏။ အရင်ချစ်အား ကြီးသည်ထက် မုန်းအားသာ၍ကြီးသဖြင့်၊ သင်ထ၍သွားတော့ဟုဆို၏။
၁၅တဖန် အာမနုန် သည် နှမကိုအလွန် မုန်း ပြန်၏။ အရင်ချစ် အားကြီး သည်ထက် မုန်း အားသာ၍ကြီး သဖြင့် ၊ သင်ထ ၍သွား တော့ဟုဆို ၏။
16 ၁၆ နှမကလည်း အကြောင်းမရှိပါ။ ငါ၌ပြုဘူးသောအပြစ်ထက် ယခုနှင်ထုတ်သော အပြစ်သာ၍ ကြီးသည် ဟု ဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။
၁၆နှမကလည်း အကြောင်း မ ရှိပါ။ ငါ ၌ ပြု ဘူးသော အပြစ်ထက် ယခု နှင်ထုတ် သော အပြစ် သာ၍ကြီး သည် ဟု ဆို သော်လည်း ၊ အာမနုန်သည် နား မ ထောင်။
17 ၁၇ အစေခံကျွန်တယောက်ကို ခေါ်၍ ဤမိန်းမကို နှင်ထုတ်လော့။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင်၏။
၁၇အစေခံ ကျွန် တယောက်ကို ခေါ် ၍ ဤ မိန်းမကို နှင်ထုတ် လော့။ သူ နောက် မှာ တံခါးကျင် ထိုးလော့ဟု စီရင် ၏။
18 ၁၈ အပျိုကညာဖြစ်သော ရှင်ဘုရင်၏ သမီးတော် ဝတ်တတ်သည်အတိုင်း၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည် နှင်ထုတ်၍ သူနောက်မှာ တံခါးကျင်ထိုးလေ၏။
၁၈အပျို ကညာဖြစ်သော ရှင်ဘုရင် ၏ သမီး တော် ဝတ် တတ်သည်အတိုင်း၊ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဝတ်လျက်ရှိသောတာမာကို အစေခံ ကျွန်သည် နှင်ထုတ် ၍ သူ နောက် မှာ တံခါးကျင် ထိုးလေ၏။
19 ၁၉ တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင်၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ၊ ခေါင်းပေါ်၌ လက်တင်၍ ငိုကြွေးလျက် ပြန်သွား၏။
၁၉တာမာ သည်လည်း ခေါင်း ပေါ် မှာ ပြာ ကိုတင် ၍ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဆုတ် ပြီးမှ ၊ ခေါင်း ပေါ် ၌ လက် တင် ၍ ငိုကြွေး လျက် ပြန် သွား၏။
20 ၂၀ မောင်ရင်းအဗရှလုံကလည်း၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော။ သို့သော်လည်း ငါ့နှမ တိတ်ဆိတ်စွာ နေလော့။ သူသည် သင်၏မောင်ဖြစ်၏။ ဤအမှုကိုမမှတ်နှင့်ဟုဆိုသော်၊ တာမာသည် မိမိမောင် အဗရှလုံအိမ်၌ ဆိတ်ညံစွာနေ၏။
၂၀မောင်ရင်း အဗရှလုံ ကလည်း ၊ ငါ့အစ်ကို အာမနုန် သည် သင် နှင့်အတူ ရှိ ပြီလော။ သို့သော်လည်း ငါ့ နှမ တိတ်ဆိတ် စွာ နေလော့။ သူ သည် သင် ၏မောင် ဖြစ်၏။ ဤ အမှု ကို မ မှတ် နှင့်ဟုဆို သော်၊ တာမာ သည် မိမိ မောင် အဗရှလုံ အိမ် ၌ ဆိတ်ညံ စွာနေ၏။
21 ၂၁ ဒါဝိဒ်မင်းကြီးသည် ထိုအမှုအလုံးစုံကို ကြားသိသောအခါ၊ အလွန်အမျက်ထွက်၏။
၂၁ဒါဝိဒ် မင်းကြီး သည် ထို အမှု အလုံးစုံ ကို ကြားသိ သောအခါ ၊ အလွန် အမျက် ထွက်၏။
22 ၂၂ အဗရှလုံသည် အစ်ကိုအာမနုန်အား ကောင်းသောစကား၊ မကောင်းသောစကားကိုမပြော။ သို့ရာတွင် နှမတာမာကို ရှုတ်ချသောကြောင့် အငြိုးထား၏။
၂၂အဗရှလုံ သည် အစ်ကိုအာမနုန် အား ကောင်း သောစကား၊ မကောင်း သောစကားကိုမ ပြော။ သို့ရာတွင်နှမ တာမာ ကို ရှုတ်ချ သောကြောင့် အငြိုး ထား၏။
23 ၂၃ ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကို ခံ၍ ရှင်ဘုရင်၏သားတော်အပေါင်းတို့ကို ခေါ်ဘိတ်လေ၏။
၂၃ထိုနောက် နှစ် နှစ်စေ့သောအခါ အဗရှလုံ သည် ဧဖရိမ် မြို့အနား ၊ ဗာလဟာဇော် ရွာမှာ သိုးမွေး ညှပ်ပွဲကို ခံ၍ ရှင်ဘုရင် ၏သား တော်အပေါင်း တို့ကို ခေါ်ဘိတ် လေ၏။
24 ၂၄ အဗရှလုံသည်လည်း ရှင်ဘုရင်ထံတော်သို့သွား၍၊ ကိုယ်တော်ကျွန်သည် သိုးမွေးညှပ်ပွဲကို ခံပါ၏။ ကျွန်များ တို့ကို ခေါ်၍ကိုယ်တော်ကျွန်နှင့်အတူ ကိုယ်တော်တိုင် ကြွတော်မူပါဟု လျှောက်လျှင်၊
၂၄အဗရှလုံ သည်လည်း ရှင်ဘုရင် ထံ တော်သို့သွား ၍ ၊ ကိုယ်တော် ကျွန် သည် သိုးမွေး ညှပ်ပွဲကို ခံပါ၏။ ကျွန် များ တို့ကို ခေါ်၍ကိုယ်တော် ကျွန် နှင့်အတူ ကိုယ်တော်တိုင် ကြွ တော်မူပါဟု လျှောက်လျှင်၊
25 ၂၅ ရှင်ဘုရင်ကမသွားသင့်ငါ့သား၊ လူအပေါင်းတို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့်၊ အဗရှလုံသွေးဆောင်သော်လည်း ကိုယ်တော်တိုင် မလိုက်ဘဲ ကောင်းကြီးပေး၏။
၂၅ရှင် ဘုရင်ကမ သွား သင့်ငါ့ သား ၊ လူအပေါင်း တို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆို သဖြင့် ၊ အဗရှလုံသွေးဆောင် သော်လည်း ကိုယ်တော်တိုင် မ လိုက် ဘဲ ကောင်းကြီး ပေး၏။
26 ၂၆ အဗရှလုံကလည်း၊ လိုက်တော်မမူလျှင်၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း၊
၂၆အဗရှလုံ ကလည်း ၊ လိုက်တော်မ မူလျှင် ၊ နောင်တော် အာမနုန် လိုက် ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင် ဘုရင်က အဘယ်ကြောင့် လိုက် စေရမည်နည်းဟု ဆို သော်လည်း၊
27 ၂၇ အဗရှလုံ ပူဆာသောကြောင့် အာမနုန်မှစ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ၏။
၂၇အဗရှလုံ ပူဆာ သောကြောင့် အာမနုန် မှစ၍ သား တော်ရှိသမျှ လိုက်ရသောအခွင့်ကိုပေး တော်မူ၏။
28 ၂၈ အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကို သောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန် ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည် အတိုင်း၊
၂၈အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊
29 ၂၉ သူတို့သည် အာမနုန်ကို ပြုကြ၏။ ထိုအခါ ရှင်ဘုရင်၏ သားတော်အပေါင်းတို့သည် ထ၍ လားကို စီးလျက် ပြေးသွားကြ၏။
၂၉သူတို့သည် အာမနုန် ကို ပြု ကြ၏။ ထိုအခါ ရှင်ဘုရင် ၏ သား တော်အပေါင်း တို့သည် ထ ၍ လား ကို စီး လျက် ပြေး သွားကြ၏။
30 ၃၀ သူတို့မရောက်မှီအခြားသူလာ၍၊ အဗရှလုံသည် အရှင်မင်းကြီး၏သားတော်အပေါင်းတို့ကို သတ်ပါပြီ။ တယောက်မျှမကျန်ကြွင်းပါဟု နားတော်လျှောက်လေ၏။
၃၀သူ တို့မရောက်မှီအခြားသူလာ ၍၊ အဗရှလုံ သည် အရှင်မင်းကြီး ၏သား တော်အပေါင်း တို့ကိုသတ် ပါပြီ။ တယောက် မျှမ ကျန်ကြွင်း ပါဟု နားတော်လျှောက် လေ၏။
31 ၃၁ ရှင်ဘုရင်သည်ထ၍ အဝတ်တော်ကို ဆုတ်လျက် မြေပေါ်မှာ တုံးလုံးနေ၏။ ကျွန်တော်အပေါင်းတို့ သည်လည်း၊ မိမိတို့အဝတ်ကို ဆုတ်လျက် အနားတော်၌ နေကြ၏။
၃၁ရှင် ဘုရင်သည်ထ ၍ အဝတ် တော်ကို ဆုတ် လျက် မြေ ပေါ် မှာ တုံးလုံး နေ၏။ ကျွန် တော်အပေါင်း တို့ သည်လည်း၊ မိမိတို့အဝတ် ကို ဆုတ် လျက် အနား တော်၌ နေကြ၏။
32 ၃၂ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနဒပ်က၊ အရှင်မင်းကြီး၏ သားတော်အပေါင်းတို့ကို သတ်လေပြီဟူသော စကားကို ယုံတော်မမူပါနှင့်။ အာမနုန်တယောက်တည်းသာ သေပါပြီ။ အဗရှလုံနှမတာမာကို အာမနုန်သည် ရှုတ်ချသောနေ့မှစ၍ ဤအမှုကိုသူ၏ မောင်စီရင်ပါပြီ။
၃၂ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနဒပ် က၊ အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့ကိုသတ် လေပြီဟူသောစကားကို ယုံ တော်မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ပါပြီ။ အဗရှလုံနှမ တာမာ ကို အာမနုန်သည် ရှုတ်ချ သောနေ့ မှစ၍ ဤအမှုကိုသူ၏ မောင်စီရင် ပါပြီ။
33 ၃၃ ယခုမှာ ကျွန်တော်သခင်အရှင်မင်းကြီး၏ သားတော်အပေါင်းတို့သည် သေကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မမူပါနှင့်။ အာမနုန်တယောက်တည်းသာ သေ၍ အဗရှလုံလည်း ပြေးပါလိမ့်မည်ဟု လျှောက်လေ ၏။
၃၃ယခု မှာ ကျွန်တော် သခင် အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့သည် သေ ကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ၍ အဗရှလုံ လည်း ပြေး ပါလိမ့်မည်ဟု လျှောက် လေ ၏။
34 ၃၄ ထိုအခါကင်းစောင့်လုလင်သည် မြော်ကြည့်၍၊ မိမိ နောက်၌ တောင်ခြေရင်းလမ်းမှာ လူများလာသည်ကို မြင်၏။
၃၄ထိုအခါ ကင်းစောင့် လုလင် သည် မြော် ကြည့် ၍ ၊ မိမိ နောက် ၌ တောင် ခြေရင်း လမ်း မှာ လူ များ လာ သည်ကို မြင် ၏။
35 ၃၅ ယောနဒပ်ကလည်း၊ အရှင်မင်းကြီး၏သားတော်တို့သည် လာကြပါပြီ။ ကိုယ်တော်ကျွန်ပြောသောစကား မှန်ပါ၏ဟု လျှောက်သည် အဆုံး၌၊
၃၅ယောနဒပ် ကလည်း ၊ အရှင်မင်းကြီး ၏သား တော်တို့သည် လာ ကြပါပြီ။ ကိုယ်တော် ကျွန် ပြောသောစကား မှန် ပါ၏ဟု လျှောက် သည် အဆုံး ၌၊
36 ၃၆ ရှင်ဘုရင်၏သားတော်တို့သည် ရောက်လာ၍ အသံကိုလွှင့်လျက် ငိုကြွေးကြ၏။ ရှင်ဘုရင်နှင့် ကျွန်တော် အပေါင်းတို့သည် ပြင်းစွာ ငိုကြွေးကြ၏။
၃၆ရှင်ဘုရင် ၏သား တော်တို့သည် ရောက် လာ၍ အသံ ကိုလွှင့် လျက် ငိုကြွေး ကြ၏။ ရှင်ဘုရင် နှင့် ကျွန် တော်အပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။
37 ၃၇ အဗရှလုံသည် ပြေး၍ ဂေရှုရမင်းကြီးအမိ ဟုဒ်သားတာလမဲထံသို့ သွား၏။ ဒါဝိဒ်သည် မိမိသား ကြောင့် နေ့တိုင်းငိုကြွေးမြည်တမ်းလေ၏။
၃၇အဗရှလုံ သည် ပြေး ၍ ဂေရှုရ မင်းကြီး အမိဟုဒ် သား တာလမဲ ထံသို့ သွား ၏။ ဒါဝိဒ်သည် မိမိ သား ကြောင့် နေ့ တိုင်းငိုကြွေး မြည်တမ်းလေ၏။
38 ၃၈ အဗရှလုံသည် ဂေရှုရမြို့သို့ ပြေးပြီးမှ သုံးနှစ် နေ၏။
၃၈အဗရှလုံ သည် ဂေရှုရ မြို့သို့ ပြေး ပြီးမှ သုံး နှစ် နေ ၏။
39 ၃၉ တဖန်ဒါဝိဒ်မင်းကြီးသည် အာမနုန်သေသောကြောင့်၊ ထိုသူကို အောက်မေ့သောစိတ်အား လျော့သဖြင့် အဗရှလုံကိုလွမ်းဆွတ်လျက်နေ၏။
၃၉တဖန် ဒါဝိဒ် မင်းကြီး သည် အာမနုန် သေ သောကြောင့် ၊ ထိုသူကို အောက်မေ့ သောစိတ်အားလျော့ သဖြင့် အဗရှလုံ ကို လွမ်းဆွတ် လျက်နေ၏။