< ၂ ဓမ္မရာဇဝင် 11 >

1 အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်၍ ရဗ္ဗာ မြို့ကို ဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။
ထို​နှစ်​နွေ​ဦး​ပေါက်​၍ ဘု​ရင်​တို့​စစ်​တိုက် ထွက်​လေ့​ရှိ​သည့်​အ​ချိန်​ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည်​ယွာ​ဘ​အား​သူ​၏​တပ်​မှူး​များ နှင့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို​စေ​လွှတ်​ရာ သူ​တို့​သည်​အမ္မုန်​ပြည်​သား​တို့​ကို​နှိမ်​နင်း​၍ ရဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ​၏။ ဒါ​ဝိဒ်​မူ​ကား ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ရစ်​သ​တည်း။
2 နောက်တနေ့ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင်၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။
တစ်​နေ့​သ​၌​ည​နေ​ခင်း​အ​ချိန်​တွင်​ဒါ​ဝိဒ် သည်​အိပ်​စက်​နား​နေ​ရာ​မှ​နိုး​ထ​၍ နန်း​တော် အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​စင်္ကြံ​လျှောက်​နေ စဉ် ရှု​ချင်​ဖွယ်​အ​ဆင်း​လှ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရေ​ချိုး​နေ​သည်​ကို​မြင်​တော်​မူ​၏။-
3 ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။
သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​လူ​လွှတ်​၍​မည်​သူ​ဖြစ် ကြောင်း​စုံ​စမ်း​စေ​ရာ​ဧ​လျံ​၏​သ​မီး၊ ဟိတ္တိ အ​မျိုး​သား​ဥ​ရိ​ယ​၏​ဇ​နီး​ဗာ​သ​ရှေ​ဘ ဖြစ်​ကြောင်း​ကို​သိ​ရှိ​တော်​မူ​ရ​၏။-
4 တဖန်လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ ပြန်ပြီးမှ၊
မင်း​ကြီး​သည်​လူ​လွှတ်​၍​ထို​အ​မျိုး​သ​မီး အား​ခေါ်​စေ​ပြီး​လျှင်​သူ​နှင့်​ချစ်​တင်း​နှီး​နှော တော်​မူ​၏။ (ဗာ​သ​ရှေ​ဘ​သည်​မိန်း​မ​တို့​ဋ္ဌမ္မ တာ​ရာ​သီ​ပန်း​ပွင့်​မှု​ကို​သန့်​စင်​ပြီး​စ​အ​ချိန် ဖြစ်​သ​တည်း) ထို​နောက်​ဗာ​သ​ရှေ​ဘ​သည် အိမ်​သို့​ပြန်​၏။-
5 ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ်၍၊ကျွန်မ၌ ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
မိ​မိ​၌​ပ​ဋိ​သန္ဓေ​ရှိ​နေ​ကြောင်း​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​ထံ​သို့​သ​တင်း​ပေး​ပို့​လျှောက် ထား​လေ​သည်။
6 ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း၊ ယွာဘသည်စေလွှတ်၍၊
ထို​အ​ခါ​ဒါ​ဝိဒ်​သည်``ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​ယွာ​ဘ​ထံ​သို့ လူ​လွှတ်​မှာ​ကြား​တော်​မူ​၏။ သို့​ဖြစ်​၍​ယွာ​ဘ သည်​ဥ​ရိ​ယ​အား​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​လိုက် လေ​သည်။-
7 ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘ ကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ၊
ဥရိယ​ရောက်​ရှိ​လာ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ နှင့်​စစ်​သည်​တော်​များ​၏​ကျန်း​မာ​ရေး​နှင့်​စစ်​ပွဲ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။-
8 သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။
ထို​နောက်​မင်း​ကြီး​သည်​ဥ​ရိ​ယ​အား``အိမ်​သို့ ပြန်​၍​ခေတ္တ​နား​နေ​လော့'' ဟု​ဆို​၏။ ဥ​ရိ​ယ ထွက်​ခွာ​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​၏ အိမ်​သို့​လက်​ဆောင်​တစ်​ခု​ပေး​ပို့​လိုက်​၏။-
9 သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။
သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​အိမ်​သို့​မ​ပြန်​ဘဲ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​နန်း​တော် တံ​ခါး​ဝ​၌​အိပ်​လေ​သည်။-
10 ၁၀ ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊
၁၀ဤ​သို့​ဥ​ရိ​ယ​အိမ်​မ​ပြန်​ဘဲ​နေ​ခဲ့​ကြောင်း ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ့​အား``သင် သည်​ခ​ရီး​ဝေး​မှ​ယ​ခု​ပင်​ပြန်​လည်​ရောက် ရှိ​လာ​သည်​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့် အိမ်​သို့​မ​ပြန်​ဘဲ​နေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။
11 ၁၁ ဥရိယက၊ သေတ္တာတော်နှင့်ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ၏။
၁၁ဥ​ရိ​ယ​က``ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယု​ဒ ပြည်​သား​တို့​သည် ရပ်​ဝေး​တွင်​စစ်​တိုက်​လျက် ရှိ​နေ​ကြ​ပါ​သည်။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​ပါ​၏။ အ​ကျွန်ုပ်​၏ ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​တပ်​မှူး​များ​သည်​လည်း ကွင်း​ပြင်​ထဲ​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​ရ ကြ​ပါ​၏။ အ​ဘယ်​သို့​လျှင်​အ​ကျွန်ုပ်​သည် အိမ်​သို့​ပြန်​၍​စား​သောက်​ကာ​မ​ယား​နှင့် ပျော်​မွေ့​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ထို​သို့​မ​ပြု​နိုင်​ကြောင်း​ကျိန်​ဆို​ပါ​၏'' ဟု​လျှောက်​၏။
12 ၁၂ ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။
၁၂ထို့​ကြောင့်​ဒါ​ဝိဒ်​က``သို့​ဖြစ်​လျှင်​ဤ​အ​ရပ်​တွင် ပင်​ယ​နေ့​နား​နေ​လော့။ နက်​ဖြန်​သင့်​အား​ပြန်​၍ လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​ဥ​ရိ​ယ သည်​ထို​နေ့​နှင့်​နောက်​တစ်​နေ့​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​လေ​သည်။-
13 ၁၃ ဒါဝိဒ်သည်လည်း ဥရိယကိုခေါ်၍ ရှေ့တော်၌ စားသောက်လျက် ယစ်မူးသည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့ မသွားဘဲ၊ အရှင်၏ ကျွန်တို့နှင့်အတူ အိပ်ခြင်းငှါ ထွက်သွားလေ၏။
၁၃ဒါ​ဝိဒ်​သည်​သူ့​အား​ည​စာ​စား​ရန်​ဖိတ်​ခေါ်​ပြီး လျှင်​ယစ်​မူး​အောင်​သောက်​စား​စေ​၏။ သို့​သော် လည်း​ဥ​ရိ​ယ​သည်​ထို​ည​၌​လည်း​အိမ်​သို့​မ ပြန်​ဘဲ​နန်း​တော်​အ​စောင့်​တပ်​သား​များ​၏ အ​ခန်း​တွင်​စောင်​ခင်း​၍​အိပ်​လေ​သည်။
14 ၁၄ နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယ လက်တွင် ယွာဘသို့ ပေးလိုက်၏။
၁၄နောက်​တစ်​နေ့​၌​ဒါ​ဝိဒ်​သည်​ယွာ​ဘ​ထံ​သို့ စာ​တစ်​စောင်​ရေး​၍​ဥ​ရိ​ယ​နှင့်​ပေး​လိုက်​၏။-
15 ၁၅ မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး၌ ဥရိယကို ခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ ရောက်၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း။
၁၅စာ​တွင်``တိုက်​ပွဲ​အ​ပြင်း​ထန်​ဆုံး​ရှေ့​တန်း​စစ် မျက်​နှာ​သို့​ဥ​ရိ​ယ​အား​စေ​လွှတ်​လော့။ ထို နောက်​သူ​အ​သတ်​ခံ​ရ​စေ​ရန်​သင်​သည်​နောက် သို့​ဆုတ်​ခွာ​လာ​ခဲ့​လော့'' ဟု​ပါ​ရှိ​၏။-
16 ၁၆ အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကို ခန့်ထားလေ၏။
၁၆ထို့​ကြောင့်​ယွာ​ဘ​သည်​မြို့​ကို​မိ​မိ​ဝိုင်း​ရံ လျက်​နေ​စဉ် ဥ​ရိ​ယ​အား​ရန်​သူ​အင်​အား ကြီး​မား​သည့်​စစ်​မျက်​နှာ​သို့​စေ​လွှတ်​၏။-
17 ၁၇ မြို့သားတို့သည် ထွက်၍ယွာဘနှင့် စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။
၁၇ရန်​သူ​တပ်​သား​တို့​သည်​မြို့​ထဲ​မှ​ထွက်​လာ ပြီး​နောက် ယွာ​ဘ​၏​တပ်​သား​များ​နှင့်​တိုက် ခိုက်​ကြ​ရာ ဒါ​ဝိဒ်​၏​တပ်​မှူး​အ​ချို့​ကျ​ဆုံး သွား​ကြ​လေ​သည်။ ယင်း​သို့​ကျ​ဆုံး​သူ​တို့ အ​ထဲ​တွင်​ဥ​ရိ​ယ​လည်း​ပါ​၏။
18 ၁၈ ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ်၍၊
၁၈ထို​နောက်​ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​သို့​တိုက်​ပွဲ အ​ကြောင်း​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကာ၊-
19 ၁၉ သင်သည်ရှင်ဘုရင်ထံတော်၌ စစ်သိတင်းကို အကုန်အစင်ကြား လျှောက်ပြီးလျှင်၊
၁၉စေ​တ​မန်​အား``တိုက်​ပွဲ​အ​ကြောင်း​ကို​သင် အ​စီ​ရင်​ခံ​ပြီး​သော​အ​ခါ၊-
20 ၂၀ ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။
၂၀မင်း​ကြီး​သည်​အ​မျက်​ထွက်​လျက်`သင်​တို့​သည် ရန်​သူ​ကို​တိုက်​ခိုက်​ရန်​အ​ဘယ်​ကြောင့်​မြို့​အ​နီး သို့​ချဉ်း​ကပ်​ကြ​သ​နည်း။ မြို့​ရိုး​များ​မှ​နေ​၍ ရန်​သူ​တို့​သည်​မြား​များ​ဖြင့်​ပစ်​ခတ်​ကြ​မည် ကို​မ​သိ​ကြ​ပါ​သ​လော။-
21 ၂၁ ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။
၂၁ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​အ​ဘယ်​သို့ သေ​ရ​သည်​ကို​သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။ သေ​ဗက်​မြို့​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​သည် မြို့​ရိုး​ပေါ်​မှ​ကျိတ်​ဆုံ​ကျောက်​ကို​ပစ်​ချ​လိုက် သ​ဖြင့်​သူ​သေ​ခဲ့​ရ​၏။ သို့​ဖြစ်​၍​သင်​တို့​သည် အ​ဘယ်​ကြောင့်​မြို့​ရိုး​အ​နီး​သို့​ချဉ်း​ကပ်​ကြ သ​နည်း' ဟု​မေး​တော်​မူ​လိမ့်​မည်။ ထို​သို့​မင်း ကြီး​မေး​ခဲ့​သော်`အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​သည် လည်း​ကျ​ဆုံး​သွား​ပါ​၏' ဟု​ပြန်​လည်​လျှောက် ထား​လော့'' ဟု​မှာ​ကြား​လိုက်​လေ​သည်။
22 ၂၂ ယွာဘမှာထားသည်အတိုင်း ထိုတမန်သည် သွား၍ ဒါဝိဒ်အား ကြားလျှောက်သည်ကား၊
၂၂သို့​ဖြစ်​၍​စေ​တ​မန်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ယွာ​ဘ​အ​မိန့်​ပေး​လိုက်​သည့်​အ​တိုင်း​လျှောက် ထား​၏။-
23 ၂၃ ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍ တိုက်ကြပါ၏။
၂၃သူ​သည်​မင်း​ကြီး​အား``ရန်​သူ​တို့​သည်​အ​ကျွန်ုပ် တို့​ထက်​အင်​အား​ကြီး​မား​၍ အ​ကျွန်ုပ်​တို့​အား တိုက်​ခိုက်​ရန်​မြို့​ထဲ​မှ​မြို့​ပြင်​သို့​ထွက်​လာ​ကြ ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​သူ​တို့​အား မြို့​တံ​ခါး​ဝ​သို့​ပြန်​၍​တိုက်​ထုတ်​လိုက်​ကြ ပါ​၏။-
24 ၂၄ လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ်၍ ကိုယ်တော်ကျွန်အချို့သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်း သေပါ၏ဟု လျှောက်လျှင်၊
၂၄ထို​အ​ခါ​သူ​တို့​သည်​မြို့​ရိုး​မှ​မြား​များ​ဖြင့် ပစ်​ခတ်​ကြ​ရာ​အ​ရှင်​မင်း​ကြီး​၏​တပ်​မှူး​အ​ချို့ ကျ​ဆုံး​သွား​ပါ​၏။ အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​လည်း ကျ​ဆုံး​ပါ​၏'' ဟု​လျှောက်​လေ​၏။
25 ၂၅ ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။
၂၅မင်း​ကြီး​က​စေ​တ​မန်​အား``စစ်​ပွဲ​တွင်​မည်​သူ မည်​ဝါ​ကျ​ဆုံး​မည်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​ပြော​နိုင်။ သို့​ဖြစ်​၍​ယွာ​ဘ​အား​စိတ်​မ​ပျက် ရန်​အား​ပေး​စ​ကား​ပြော​ကြား​လော့။ မြို့​ကို ပို​မို​ပြင်း​ထန်​စွာ​တိုက်​စစ်​ဆင်​၍​သိမ်း​ယူ​ရန် ကို​လည်း​ပြော​လော့''ဟု​မှာ​တော်​မူ​လိုက်​၏။
26 ၂၆ ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက် နေ၏။
၂၆ဗာ​သ​ရှေ​ဘ​သည်​မိ​မိ​၏​ခင်​ပွန်း​ကျ​ဆုံး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ငို​ကြွေး မြည်​တမ်း​ခြင်း​ကို​ပြု​၏။-
27 ၂၇ ငိုကြွေးမြည်တမ်းချိန် လွန်မှ၊ ဒါဝိဒ်သည် လူကို စေလွှတ၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ ရောက်၍ သားယောက်ျားကို ဘွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။
၂၇ငို​ကြွေး​မြည်​တမ်း​ချိန်​ကုန်​လွန်​သော​အ​ခါ​ဒါ​ဝိဒ် သည် သူ့​အား​နန်း​တော်​သို့​ခေါ်​စေ​၍​မိ​ဖု​ရား​မြှောက် ရာ​သား​တော်​ကို​ဖွား​မြင်​လေ​သည်။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​ပြု​ခဲ့​သည့်​အ​မှု ကို​နှစ်​သက်​တော်​မ​မူ။

< ၂ ဓမ္မရာဇဝင် 11 >