< ၂ ဓမ္မရာဇဝင် 11 >
1 ၁ အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်၍ ရဗ္ဗာ မြို့ကို ဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။
過了一年,到列王出戰的時候,大衛又差派約押,率領臣僕和以色列眾人出戰。他們就打敗亞捫人,圍攻拉巴。大衛仍住在耶路撒冷。
2 ၂ နောက်တနေ့ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင်၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။
一日,太陽平西,大衛從床上起來,在王宮的平頂上遊行,看見一個婦人沐浴,容貌甚美,
3 ၃ ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။
大衛就差人打聽那婦人是誰。有人說:「她是以連的女兒,赫人烏利亞的妻拔示巴。」
4 ၄ တဖန်လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ ပြန်ပြီးမှ၊
大衛差人去,將婦人接來;那時她的月經才得潔淨。她來了,大衛與她同房,她就回家去了。
5 ၅ ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ်၍၊ကျွန်မ၌ ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
於是她懷了孕,打發人去告訴大衛說:「我懷了孕。」
6 ၆ ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း၊ ယွာဘသည်စေလွှတ်၍၊
大衛差人到約押那裏,說:「你打發赫人烏利亞到我這裏來。」約押就打發烏利亞去見大衛。
7 ၇ ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘ ကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ၊
烏利亞來了,大衛問約押好,也問兵好,又問爭戰的事怎樣。
8 ၈ သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။
大衛對烏利亞說:「你回家去,洗洗腳吧!」烏利亞出了王宮,隨後王送他一分食物。
9 ၉ သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။
烏利亞卻和他主人的僕人一同睡在宮門外,沒有回家去。
10 ၁၀ ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊
有人告訴大衛說:「烏利亞沒有回家去。」大衛就問烏利亞說:「你從遠路上來,為甚麼不回家去呢?」
11 ၁၁ ဥရိယက၊ သေတ္တာတော်နှင့်ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ၏။
烏利亞對大衛說:「約櫃和以色列與猶大兵都住在棚裏,我主約押和我主的僕人都在田野安營,我豈可回家吃喝、與妻子同寢呢?我敢在王面前起誓:我決不行這事!」
12 ၁၂ ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။
大衛吩咐烏利亞說:「你今日仍住在這裏,明日我打發你去。」於是烏利亞那日和次日住在耶路撒冷。
13 ၁၃ ဒါဝိဒ်သည်လည်း ဥရိယကိုခေါ်၍ ရှေ့တော်၌ စားသောက်လျက် ယစ်မူးသည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့ မသွားဘဲ၊ အရှင်၏ ကျွန်တို့နှင့်အတူ အိပ်ခြင်းငှါ ထွက်သွားလေ၏။
大衛召了烏利亞來,叫他在自己面前吃喝,使他喝醉。到了晚上,烏利亞出去與他主的僕人一同住宿,還沒有回到家裏去。
14 ၁၄ နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယ လက်တွင် ယွာဘသို့ ပေးလိုက်၏။
次日早晨,大衛寫信與約押,交烏利亞隨手帶去。
15 ၁၅ မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး၌ ဥရိယကို ခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ ရောက်၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း။
信內寫着說:「要派烏利亞前進,到陣勢極險之處,你們便退後,使他被殺。」
16 ၁၆ အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကို ခန့်ထားလေ၏။
約押圍城的時候,知道敵人那裏有勇士,便將烏利亞派在那裏。
17 ၁၇ မြို့သားတို့သည် ထွက်၍ယွာဘနှင့် စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။
城裏的人出來和約押打仗;大衛的僕人中有幾個被殺的,赫人烏利亞也死了。
18 ၁၈ ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ်၍၊
於是,約押差人去將爭戰的一切事告訴大衛,
19 ၁၉ သင်သည်ရှင်ဘုရင်ထံတော်၌ စစ်သိတင်းကို အကုန်အစင်ကြား လျှောက်ပြီးလျှင်၊
又囑咐使者說:「你把爭戰的一切事對王說完了,
20 ၂၀ ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။
王若發怒,問你說:『你們打仗為甚麼挨近城牆呢?豈不知敵人必從城上射箭嗎?
21 ၂၁ ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။
從前打死耶路‧比設兒子亞比米勒的是誰呢?豈不是一個婦人從城上拋下一塊上磨石來,打在他身上,他就死在提備斯嗎?你們為甚麼挨近城牆呢?』你就說:『王的僕人-赫人烏利亞也死了。』」
22 ၂၂ ယွာဘမှာထားသည်အတိုင်း ထိုတမန်သည် သွား၍ ဒါဝိဒ်အား ကြားလျှောက်သည်ကား၊
使者起身,來見大衛,照着約押所吩咐他的話奏告大衛。
23 ၂၃ ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍ တိုက်ကြပါ၏။
使者對大衛說:「敵人強過我們,出到郊野與我們打仗,我們追殺他們,直到城門口。
24 ၂၄ လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ်၍ ကိုယ်တော်ကျွန်အချို့သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်း သေပါ၏ဟု လျှောက်လျှင်၊
射箭的從城上射王的僕人,射死幾個,赫人烏利亞也死了。」
25 ၂၅ ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။
王向使者說:「你告訴約押說:『不要因這事愁悶,刀劍或吞滅這人或吞滅那人,沒有一定的;你只管竭力攻城,將城傾覆。』可以用這話勉勵約押。」
26 ၂၆ ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက် နေ၏။
烏利亞的妻聽見丈夫烏利亞死了,就為他哀哭。
27 ၂၇ ငိုကြွေးမြည်တမ်းချိန် လွန်မှ၊ ဒါဝိဒ်သည် လူကို စေလွှတ၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ ရောက်၍ သားယောက်ျားကို ဘွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။
哀哭的日子過了,大衛差人將她接到宮裏,她就作了大衛的妻,給大衛生了一個兒子。但大衛所行的這事,耶和華甚不喜悅。