< ၂ ဓမ္မရာဇဝင် 10 >

1 ထိုနောက် အမ္မုန်ရှင်ဘုရင်သည် သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
След това, царят на амонците умря, и вместо него се възцари син му Анун.
2 ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှါ ကျွန်တို့ကို စေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။
Тогава Давид каза: Ща покажа благост към Ануна Наасовия син, както баща му показа благост към мене. И така Давид прати чрез слугите си да го утешат за баща му. А когато Давидовите слуги дойдоха в земята на амонците,
3 အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင် ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေ သော သူတို့ကိုစေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်း ငှာသာသူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြ သော်။
първенците на амонците рекоха на господаря си Ануна: Мислиш ли, че от почит към баща ти Давид ти е изпратил утешители? Не е ли пратил Давид слугите си при тебе, за да разузнаят града и да го съгледат та да го съсипе?
4 ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
Затова Анун хвана Давидовите слуги та обръсна половината от брадите им, и отряза дрехите им до половина - до бедрата им, и ги отпрати.
5 ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ၏။
А когато известиха това на Давида, той изпрати човеци да ги посрещнат, (понеже мъжете се крайно срамуваха), и да им рекат от царя: Седете в Ерихон догде пораснат брадите ви, и тогава се върнете.
6 အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူကို စေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူ တထောင်၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားကြ၏။
А като видяха амонците, че станаха омразни на Давида, амонците пратиха та наеха двадесет хиляди пешаци от вет-реовските сирийци и совенските сирийци, и хиляда мъже от царя на Мааха, и двадесет хиляди души от товските мъже.
7 ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
И когато чу това Давид, прати Иоава и цялото множество силни мъже.
8 အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး၏ လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
И амонците излязоха та се строиха за бой при входа на портата; а сирийците от Сова и Реов, и мъжете от Тов и Мааха бяха отделно на полето.
9 ယွာဘသည်လည်း၊ ရှေ့၌၎င်း၊ နောက်၌၎င်း စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့ တဘက်၌စစ်ခင်းကျင်း၏။
А Иоав, като видя, че бяха се строили за бой против него отпред и отзад, избра измежду всичките отборни Израилеви мъже, та ги опълчи против сирийците;
10 ၁၀ ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊
а останалите люде даде в ръката на брата си Ависей, който ги опълчи против амонците.
11 ၁၁ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။
И каза: Ако сирийците надделеят над мене, тогава ти ще ми дойдеш на помощ; а ако амонците надделеят над тебе, тогава аз ще ти дойда на помощ.
12 ၁၂ ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည် အတိုင်းစီရင်တော် မူစေသတည်းဟု ဆိုပြီးမှ၊
Дерзай, и нека бъдем мъжествени за людете си и за градовете на нашия Бог; а Господ нека извърши каквото Му се вижда угодно.
13 ၁၃ သူ၌ပါသောလူများနှင့်တကွ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
И тъй, Иоав и людете, които бяха с него, стъпиха в сражение против сирийците; а те побягнаха от него.
14 ၁၄ ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှ ထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
А когато амонците видяха, че сирийците побягнаха, тогава и те побягнаха от Ависея и влязоха в града. Тогава Иоав се оттегли от амонците та дойде в Ерусалим.
15 ၁၅ ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တဖန်စည်းဝေးကြ၏။
А сирийците, като видяха, че бяха поразени от Израиля, пак се събраха всички заедно.
16 ၁၆ ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တဘက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
И Адарезер прати да известят сирийците, които бяха оттатък реката; и те дойдоха в Елам, с Совака, военачалника на Адарезера, на чело.
17 ၁၇ ထိုသိတင်းကိုကြားလျှင်၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍၊ ယော်ဒန်မြစ် ကို ကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ၏။ ရှုရိလူတို့သည် ဒါဝိဒ်တဘက်၌ စစ်ခင်းကျင်း၍ တိုက်သောအခါ၊
И когато се извести на Давида, той събра целия Израил и премина Иордан та дойде в Елам. А сирийците се опълчиха против Давида и се биха с него.
18 ၁၈ ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက် ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌ သေ၏။
Но сирийците побягнаха пред Израиля; и Давид изби от сирийците мъжете на седемстотин колесници и четиридесет хиляди конници, и порази военачалника им Совак, и той умря там.
19 ၁၉ ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးနှင့် မိဿဟာယဖွဲ့၍ ကျွန်ခံ ကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။
И така, всичките царе, подвластни на Адарезера, като видяха, че бяха победени от Израиля, сключиха мир с Израиля и им се подчиниха. И сирийците не смееха вече да помагат на амонците.

< ၂ ဓမ္မရာဇဝင် 10 >