< ၂ ဓမ္မရာဇဝင် 1 >
1 ၁ ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလတ်လူတို့ကို လုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊
Saul var dåen, og David var attkomen frå sigeren yver Amalek og hadde halde seg i Siklag tvo dagar.
2 ၂ သုံးရက်မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပြပ်ဝပ်လျက်ရှိခိုး၏။
Då hende det seg tridje dagen at han fekk sjå ein mann kom springande frå Sauls-lægret med sundrivne klæde og mold på hovudet. Då han kom burtåt David, fall han å gruve til jordi.
3 ၃ ဒါဝိဒ်ကလည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးလျှင်၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။
David spurde honom: «Kvar kjem du ifrå?» Han svara: «Eg hev kome meg undan frå Israels-lægret.»
4 ၄ ဒါဝိဒ်ကလည်း၊ အမှုကားအဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟုမေးလျှင်၊ သူက ဣသရေလလူတို့ သည် စစ်တိုက်ရာတွင် ပြေး၍အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။
«Kor hev det gjenge?» spurde David, «seg meg det!» Han svara: «Folket rømde frå striden, mange av herfolket fall og døydde; Saul og Jonatan, son hans, er døydde og.»
5 ၅ ထိုသိတင်းကိုကြားပြောသောလုလင်အား ဒါဝိဒ်က၊ ရှောလုနှင့် သားတော်ယောနသန် သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင်၊
David spurde sveinen som kom med tidendi: «Kor veit du at Saul og Jonatan, son hans, er daude?»
6 ၆ ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကို ထောင်၍နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။
Då svara tidendsveinen: «Av eit hende høvde eg til å koma upp på Gilboafjellet og fekk sjå Saul studde seg til spjotet sitt, medan stridsvognerne og hestfolket sette inn på honom.
7 ၇ ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင်၍ခေါ်ပါ၏။
Han vende seg og såg meg, og ropte på meg, og eg svara ja;
8 ၈ ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။
Han spurde meg kven eg var; eg svara eg var ein amalekit.
9 ၉ ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသော ဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊
So bad han meg: «Kom hit og drep meg! eg hev fenge baneridi, alt med det endå er liv i meg.»
10 ၁၀ လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍သတ်ပါ၏။ ခေါင်းတော် ၌ဆောင်းသောဦးရစ်နှင့်လက်ရုံးတော်၌ဝတ်သောလက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။
Eg gjekk då fram og gav honom banestyngen. Eg skyna han kunde ikkje liva når han stupte. Eg tok so hovudgullet og ein armring av honom og bar hit til deg, herre!»
11 ၁၁ ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကိုဆွဲဆုတ်၍၊ သူ၏လူအပေါင်းတို့သည် ထိုနည်းတူပြုကြ၏။
Då tok David og reiv sund klædi sine. Sameleis gjorde alle fylgjesveinarne hans.
12 ၁၂ ရှောလုမှစ၍ သားတော်ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ထားဖြင့် လဲသေသောကြောင့်၊ သူတို့အတွက် ညဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။
Dei øya og gret og fasta alt til kvelden, for di Saul og Jonatan, son hans, og Herrens folk og Israels ætt hadde falle for sverd.
13 ၁၃ ထိုသိတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် တပါးအမျိုးသား အာမလက်လူ ဖြစ်ပါ၏ဟုပြန်လျှောက်သော်၊
David spurde tiendsveinen: «Kvar er du ifrå?» Han svara: «Framandmanns son, amalekit er eg.»
14 ၁၄ ဒါဝိဒ်က၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ သင့်လက်ကိုအဘယ်သို့ ဆန့်ဝံ့ သနည်းဟုဆိုလျက်၊
Då sagde David med honom: «Kor våga du leggja hand på den som Herren hev salva, og drepe honom?»
15 ၁၅ လုလင်တယောက်ကိုခေါ်၍၊ သူ့ကို သွားသတ်တော့ဟုဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍ သတ် လေ၏။
Og David ropa på ein av sveinarne sine og sagde: «Hit, og hogg honom ned!» Og han gav honom banehogg.
16 ၁၆ ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟုဆို၏။
«Ditt blod kome yver ditt hovud, » sagde David; «din eigen munn vitna mot deg då du sagde: «Eg hev drepe honom som Herren hadde salva.»»
17 ၁၇ ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမည်တမ်း၍၊
David kvad eit syrgjekvæde yver Saul og Jonatan, son hans
18 ၁၈ ယုဒအမျိုးသားတို့အား သင်စေသော လေး သီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊
han baud dei skulde læra Juda-borni «Kvædet um bogen», det finst uppskrive i boki åt den rettvise:
19 ၁၉ အိုဣသရေလဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။
Israels prydnad! drepen ligg du på haugarne dine! Ai ei! falne er kjemporne dine!
20 ၂၀ ထိုသိတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။
Gjet det ikkje i Gat! Lat deim ikkje gleda seg i Askalons-gatorne, so ikkje filistardøtter skal frygda seg og døtter av u-umskorne fegnast!
21 ၂၁ အိုဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသောရှောလု ဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။
Og Gilboafjell! gjev dogg og regn ei må falla på dykk! og ingen åke gro med offergåvor! Der kasta kjemporne skjoldarne frå seg. Skjolden åt Saul - aldri med olje han meir vert smurd!
22 ၂၂ သူရဲတို့၏အသွေး၊ ခွန်အားကြီးသော သူတို့၏ ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု ၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။
Av bøygde aldri Jonatans boge frå blod åt falne, frå feitta åt kjempor. Og aldri kom sverdet hans Saul kom att med ugjort!
23 ၂၃ ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။
Saul og Jonatan, elska og ljuvlege, uskiljande både i liv og daude! snøggare var dei enn ørnar, sterkare var dei enn løvor.
24 ၂၄ အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသော ကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော် မူ၏။
Israels døtter! Gråt for Saul, han som klædde dykk i yndeleg skarlak, han som prydde med gull dykkar klæde!
25 ၂၅ စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အို ယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌သင်သည် အသေခံ လေပြီတကား။
Ai ei! kjemporne fall i striden! Jonatan, drepen ligg han på haugarne dine!
26 ၂၆ ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သော မေတ္တာသည် အံ့ဩဘွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍၊ အားကြီးသောမေတ္တာဖြစ်၏။
Sårt eg deg syrgjer, Jonatan, bror min! Utifrå yndeleg var du for meg. Kjærleiken din kjærare var meg enn kvende-elsk.
27 ၂၇ သူရဲတို့သည်းသေကြပြီတကား။ စစ်တိုက် လက်နက်တို့သည် ဆုံကြပြီးတကားဟု ပါသတည်း။
Ai ei! at kjempor fall, og båe strids-sverdi øyddest!