< ၄ ဓမ္မရာဇဝင် 9 >
1 ၁ ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်း လော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။
Prorok pak Elizeus povolal jednoho z synů prorockých, a řekl jemu: Přepaš bedra svá, a vezmi tuto nádobku oleje do ruky své, a jdi do Rámot Galád.
2 ၂ ရောက်သောအခါ၊ နိမ်ရှိသားယောရှဖတ်၏သား ယေဟုကို ရှာ၍သူ့ထံသို့ ဝင်လျက်၊ သူ့ကိုသူ၏အပေါင်း အဘော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင်၊
A když tam přijdeš, uzříš tam Jéhu, syna Jozafata syna Namsi. K němuž když přijdeš, vyvoláš ho z prostředku bratří jeho, a uvedeš ho do nejtajnějšího pokojíku.
3 ၃ ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကို လောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်း မလင့်ဘဲ ပြေးလော့ဟု မှာထားလေ၏။
A vezma nádobku oleje, vyleješ na hlavu jeho a díš: Toto praví Hospodin: Pomazuji tebe za krále nad Izraelem. A hned otevra dvéře, utec a nemeškej se.
4 ၄ ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား၏။
I odšel mládenec ten služebník prorokův do Rámot Galád.
5 ၅ ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။
A když přišel, aj, knížata vojska seděli. I řekl: Mámť něco povědíti, ó kníže. I řekl Jéhu: Komu ze všech nás? Odpověděl: Tobě, ó kníže.
6 ၆ ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။
Vyvstav tedy, všel do vnitřku. I vylil olej na hlavu jeho a řekl jemu: Toto praví Hospodin, Bůh Izraelský: Pomazuji tebe za krále nad lidem Hospodinovým, nad Izraelem.
7 ၇ ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။
A zmorduješ dům Achaba pána svého; neboť pomstím krve služebníků svých proroků, a krve všech služebníků Hospodinových z ruky Jezábel.
8 ၈ အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ၊ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည်။
A tak zahyne všecken dům Achabův, a vypléním z domu Achabova močícího na stěnu, a zajatého i zanechaného v Izraeli.
9 ၉ အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့၎င်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေမည်။
Učiním zajisté domu Achabovu, jako domu Jeroboámovu syna Nebatova, a jako domu Bázy syna Achiášova.
10 ၁၀ ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိ။ ယေဇ ရေလမြေကွက်၌၊ ခွေးတို့သည်သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့်၍ ပြေး၏။
Jezábel pak sežerou psi na poli Jezreel, a nebude, kdo by ji pochoval. A rychle otevřev dvéře, utekl.
11 ၁၁ ထိုအခါ ယေဟုသည် မိမိသခင်၏ ကျွန်တို့ရှိရာ သို့ ထွက်၍၊ တယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကို၎င်း၊ သူပြောသော စကားကို၎င်း သိကြ၏ဟုဆိုသော်၊
A když Jéhu vyšel k služebníkům pána svého, řekl mu jeden: Dobře-li se děje? Proč přišel ten blázen k tobě? Odpověděl jim: Vy znáte člověka i řeč jeho.
12 ၁၂ သူတို့က ငါတို့မသိ။ ပြောပါလော့ဟု ဆိုပြန် သော်၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊
I řekli: Klamť jest, pověz nám medle. Kterýž řekl: Takto a takto mluvil mi, řka: Toto praví Hospodin: Pomazuji tě za krále nad Izraelem.
13 ၁၃ သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
Tedy rychle vzali jeden každý roucho své, a prostřeli pod něj na nejvyšším stupni, a troubíce v troubu, pravili: Kralujeť Jéhu.
14 ၁၄ ထိုသို့နိမ်ရှိသားယောရှဖတ်၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူ အပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏။
Zatím spuntoval se Jéhu syn Jozafata, syna Namsi, proti Joramovi, (když Joram ostříhaje Rámot Galád spolu se vším Izraelem, před Hazaelem králem Syrským,
15 ၁၅ သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။
Navrátil se byl Joram král, aby se hojil v Jezreel na rány, kterýmiž ho ranili Syrští, když bojoval proti Hazaelovi králi Syrskému). A řekl Jéhu: Vidí-li se vám, nechť nevychází žádný z města, kterýž by šel a oznámil to v Jezreel.
16 ၁၆ ထိုသို့ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေ သောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့ သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာ ခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။
I vsedl na vůz Jéhu a jel do Jezreel, nebo Joram ležel tam. Ochoziáš také král Judský přijel byl, aby navštívil Jorama.
17 ၁၇ ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊
V tom strážný, kterýž stál na věži v Jezreel, když viděl houf Jéhu přicházející, řekl: Vidím jakýsi houf. I řekl Joram: Povolej jízdného, a pošli vstříc jim, aby se otázal: Jest-li pokoj?
18 ၁၈ မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက်၍ ပြန်မလာပါဟုဆိုသော်၊
I vyjel jízdný proti nim a řekl: Takto praví král: Jest-li pokoj? Odpověděl Jéhu: Co tobě do pokoje? Jeď za mnou. Protož oznámil to strážný, řka: Přijel posel až k nim, ale nevracuje se.
19 ၁၉ ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက် လော့ဟု ဆို၏။
Ještě poslal druhého jízdného. Kterýž přijel k nim a řekl: Takto praví král: Jest-li pokoj? Odpověděl Jéhu: Co tobě do pokoje? Jeď za mnou.
20 ၂၀ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏။
Opět oznámil to strážný, řka: Přijel až k nim, ale nevrací se. Příjezd pak jest jako příjezd Jéhu syna Namsi; nebo vztekle jede.
21 ၂၁ ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။
Tedy řekl Joram: Zapřáhni. I zapřáhl k vozu jeho. Takž vyjel Joram král Izraelský a Ochoziáš král Judský, každý na voze svém, a vyjevše proti Jéhu, potkali se s ním na poli Nábota Jezreelského.
22 ၂၂ ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊
I stalo se, když uzřel Joram Jéhu, že řekl: Jest-liž pokoj, Jéhu? Odpověděl: Jaký pokoj, poněvadž ještě smilství Jezábel matky tvé a kouzelnictví její velmi mnohá trvají?
23 ၂၃ ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကားဟု ဆိုလျက် လှည့်၍ ပြေး၏။
Pročež obrátiv se Joram, utíkal a řekl Ochoziášovi: Zrada, Ochoziáši!
24 ၂၄ ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာမှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။
Ale Jéhu pochytiv lučiště, postřelil Jorama mezi ramenem jeho, tak že střela pronikla srdce jeho. I padl na voze svém.
25 ၂၅ ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။
Zatím řekl Jéhu Badakerovi, hejtmanu svému: Vezma, povrz jej na pole Nábota Jezreelského; nebo pamatuješ, když jsme já a ty jeli spolu za Achabem otcem jeho, že Hospodin vynesl proti němu pohrůžku tuto, řka:
26 ၂၆ အကယ်စင်စစ်နာဗုတ်အသွေး၊ သူ့သားတို့၏ အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှုဗိဒကကို ဆို၏။
Zajisté krve Nábotovy a krve synů jeho, kterouž jsem viděl včera, řekl Hospodin, pomstím na tobě na poli tomto. Hospodin to řekl, nyní tedy vezma, povrz jej na pole, vedlé řeči Hospodinovy.
27 ၂၇ ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။
Ochoziáš pak král Judský uzřev to, utíkal cestou k domu zahradnímu. Ale honil ho Jéhu a řekl: I toho zabíte na voze jeho. Takž ho ranili, když vyjížděl k Guru, kteréž jest podlé Jibleam. I utekl do Mageddo a tam umřel.
28 ၂၈ သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့ တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။
Kteréhož vloživše na vůz služebníci jeho, vezli jej do Jeruzaléma, a pochovali jej v hrobě jeho s otci jeho v městě Davidově.
29 ၂၉ ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။
Léta jedenáctého Jorama syna Achabova počal kralovati Ochoziáš nad Judou.
30 ၃၀ ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။
Potom Jéhu přijel do Jezreel. O čemž když uslyšela Jezábel, ulíčila tvář svou, a ozdobila hlavu svou, a vyhlédala z okna.
31 ၃၁ ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင်၊
A když Jéhu jel skrze bránu, řekla: Jest-li pokoj, ó Zamri, mordéři pána svého?
32 ၃၂ ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။
On pak pozdvih tváři své k oknu, řekl: Kdo drží se mnou, kdo? I vyhlédli na něj dva či tři komorníci její.
33 ၃၃ ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊
Jimž řekl: Svrzte ji. Kteřížto svrhli ji. I pokropena jest krví její stěna i koni; a tak pošlapal ji.
34 ၃၄ စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း၊
A když přijel, jedl a pil, a řekl: Pohleďte již na tu zlořečenou a pochovejte ji, nebť jest dcera královská.
35 ၃၅ သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန် လာ၍ ကြားလျှောက်ကြ၏။
Protož odšedše, aby ji pochovali, nenalezli z ní než leb a nohy a dlaně rukou.
36 ၃၆ ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။
A navrátivše se, pověděli jemu. Kterýž řekl: Slovo Hospodinovo jest, kteréž mluvil skrze služebníka svého, Eliáše Tesbitského, řka: Na poli Jezreel žráti budou psi tělo Jezábel.
37 ၃၇ သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။
Budiž tedy tělo Jezábel na poli Jezreel, jako hnůj na svrchku pole, tak aby žádný neřekl: Tato jest Jezábel.