< ၄ ဓမ္မရာဇဝင် 5 >
1 ၁ ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်းနေမန်သည် မိမိ သခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရ သောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။
Naaman, Konungens härhöfvitsman af Syrien, var en härlig man för sin herra, och mycket aktad; förty genom honom hade Herren gifvit salighet i Syrien; och han var en mägtig man, dock spitelsk.
2 ၂ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွား စဉ်တွင်၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန်၏မယားထံ၌ ကျွန်ခံရ၏။
Och krigsmännerna i Syrien voro utfallne, och hade bortfört en liten pigo utur Israels land; och hon var i tjenst när Naamans hustru.
3 ၃ ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရော ဖက်သည် သခင်၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။
Hon sade till sina fru: Ack! att min herre vore när den Propheten i Samarien, den skulle väl göra honom fri ifrå hans spitelsko.
4 ၄ နေမန်သည် မိမိအရှင်ထံသို့ ဝင်၍ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက်၏။
Då gick hon in till sin herra, och gaf honom det tillkänna, och sade: Så och så hafver den pigan af Israels land sagt.
5 ၅ ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့် တော်အတိုင်း၊ နေမန်သည် ငွေအခွက်တရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊
Konungen i Syrien sade: Så far dit, och jag vill skrifva Israels Konung ett bref till. Och han drog dit, och tog med sig tio centener silfver, och sextusend gylden, och tio högtidskläder;
6 ၆ ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏စာကို သွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား၊ ကိုယ်တော် သည် ငါ့ကျွန်နေမန်၏နူနာကို ပျောက်စေခြင်းငှါ သူ့ကို ဤစာနှင့် အတူငါစေလွှတ်သည်ဟု ပါသတည်း။
Och förde brefvet till Israels Konung, och det lydde alltså: När detta bref kommer till dig, si, så vet att jag hafver sändt min tjenare Naaman till dig, att du gör honom fri ifrån hans spitelsko.
7 ၇ ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ၊ မိမိအဝတ်ကို ဆုတ်၍၊ ငါသည်အသက်ပေးပိုင်၊ နှုတ်ပိုင် သော ဘုရားဖြစ်သောကြောင့်၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့စေလွှတ်သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ကို အဘယ် မျှလောက်ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။
När Israels Konung las brefvet, ref han sin kläder sönder, och sade: Är jag då Gud, att jag skulle kunna döda och lif gifva, efter han sänder till mig, att jag skall göra den mannen fri ifrå hans spitelsko? Märker och ser, huru han söker tillfälle emot mig.
8 ၈ ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကို ဆုတ် သည်ဟု ဘုရားသခင်၏ လူဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက်ရှိသည်ကိုသိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။
Då Elisa den Guds mannen det hörde, att Israels Konung hade rifvit sin kläder sönder, sände han till honom, och lät säga honom: Hvi hafver du rifvit din kläder? Låt honom komma till mig, att han må förnimma att en Prophet är i Israel.
9 ၉ ထိုကြောင့်၊ နေမန်သည် မြင်းရထားကို စီးသွား၍ ဧလိရှဲအိမ်ရှေ့ မှာ ရပ်နေ၏။
Alltså kom Naaman med hästar och vagnar, och höll för Elisa husdörr.
10 ၁၀ ဧလိရှဲက၊ သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင် အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ် ၍ ပြောစေ၏။
Då sände Elisa ett båd till honom, och lät säga honom: Gack bort, och två dig sju resor i Jordan; och ditt kött skall komma sig till igen, och varda rent.
11 ၁၁ နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာ ရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏နာမကို ခေါ်၍ မိမိလက်နှင့်သုံးသပ် သဖြင့် နူနာကို ပျောက်စေမည်ဟု ငါထင်၏။
Då vardt Naaman vred, och drog sina färde, och sade: Jag mente han skulle komma hitut till mig, och gå fram, och åkalla Herrans sins Guds Namn, och med sine hand taga på rummet, och så bota spitelskona.
12 ၁၂ ဒမာသက်ပြည်၌အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက်သာ၍ ကောင်းသည် မဟုတ် လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလောဟု ဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။
Äro icke Abana och Pharphars vatten i Damascon bättre än all vatten i Israel, att jag må två mig deruti, och varda ren? Och vände sig, och for sin väg med vrede.
13 ၁၃ ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက် လော့ဟု စီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူ သင့်ပါသည်တကားဟု လျှောက်ကြသော်၊
Då gingo hans tjenare till honom, och talade till honom, och sade: Min fader, om Propheten hade sagt dig något dråpeligit före, skulle du icke hafva gjort det? Huru mycket mer, medan han säger till dig: Två dig, så varder du ren?
14 ၁၄ နေမန်သည် သွား၍ ဘုရားသခင်၏ လူစီရင် သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ်နှစ် သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။
Då steg han af, och doppade sig i Jordan sju resor, såsom Guds mannen sagt hade; och hans kött kom till sig igen, såsom en ung drängs kött, och vardt ren.
15 ၁၅ သို့ပြီးမှ လိုက်သော သူအပေါင်းတို့နှင့်တကွ ဘုရားသခင်၏ လူထံသို့ပြန်လာ၍ သူ့ရှေ့၌ရပ်လျက်၊ ဣသရေလပြည်မှတပါး အဘယ်ပြည်၌မျှ ဘုရားသခင် မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ၏။
Och han vände om igen till Guds mannen, med all sin skara. Och då han kom in, gick han fram för honom, och sade: Si, jag vet, att ingen Gud är i all land, utan i Israel; så tag nu välsignelse af dinom tjenare.
16 ၁၆ ဧလိရှဲကလည်း၊ ငါကိုးကွယ်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း မခံမယူရဟုဆိုလျှင်၊ ခံယူစေခြင်းငှါ တဖန် တိုက်တွန်းသော်လည်း ငြင်းပယ် လျက်နေ၏။
Men han sade: Så sant som Herren lefver, för hvilkom jag står, jag tager det icke. Och han nödgade honom, att han skulle tågat; men han ville icke.
17 ၁၇ နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန် သည် မြည်းနှစ်စီးနှင့် တင်၍မြေအနည်းငယ်ကို ယူပါရ စေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာ ယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှ တပါးအခြားသော ဘုရားအား နောက်တဖန် မပူဇော်ပါ။
Då sade Naaman: Må då icke dinom tjenare varda gifvet en börda af denna jordene, så mycket som två mular orka bära? ty din tjenare vill icke mer androm gudom offra, och bränneoffer göra, utan Herranom;
18 ၁၈ သို့သော်လည်း အကျွန်ုပ်သခင်သည် ကိုးကွယ် အံ့ဟု ရိမ္မုန်ဘုရား၏ကျောင်းသို့သွား၍ အကျွန်ုပ်ကို မှီလျက်ရိမ္မုန်ကျောင်း၌ ကိုယ်ကို ညွှတ်သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ်လျှင်၊ ထာဝရဘုရားသည် ကိုယ်တော်ကျွန်ကို အပြစ်လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊
Att Herren ville derutinnan vara dinom tjenare nådelig, när jag tillbeder i Rimmons hus, när min herre går uti Rimmons hus till att tillbedja der, och han stödjer sig vid mina hand.
19 ၁၉ ဧလိရှဲက၊ ငြိမ်ဝပ်စွာသွားလော့ဟု ဆို၏။ နေမန် သည် သွား၍ အဝေးသို့မရောက်မှီ၊
Han sade till honom: Far i frid. Och han for ifrå honom ett litet stycke vägs på markene.
20 ၂၀ ဘုရားသခင်၏လူဧလိရှဲ၏ကျွန်ဂေဟာဇိက၊ ဤရှုရိလူနေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူ့နောက်သို့ ငါလိုက်၍ တစုံတခုကို ယူမည်ဟု အကြံရှိလျက်၊
Då tänkte Gehasi, Gudsmannens Elisa tjenare: Si, min herre hafver spart denna Syren Naaman, så att han intet hafver tagit af honom, det han hit hade; så sant som Herren lefver, jag vill löpa efter honom, och taga något af honom.
21 ၂၁ နေမန်နောက်သို့ လိုက်လေ၏။ လိုက်ကြောင်း ကို နေမန်သည် မြင်လျှင်၊ ကြိုဆိုအံ့သောငှါ ရထားမှ ဆင်း၍၊ ရှိသမျှကောင်းသလောဟုမေးသော်၊
Alltså jagade Gehasi efter Naaman; och då Naaman såg, att han lopp efter honom, steg han af vagnen emot honom, och sade: Går det väl till?
22 ၂၂ ဂေဟာဇိကကောင်းပါ၏။ ယခုတွင် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ။ ငွေအခွက်တဆယ်နှင့်အဝတ်နှစ်စုံကို သူတို့အဘို့ပေးပါလော့ဟု တောင်းစေခြင်းငှါ၊ ကျွန်တော် သခင်သည် ကျွန်တော်ကိုစေလွှတ်ပါပြီဟု ဆိုလျှင်၊
Han sade: Ja; men min herre hafver sändt mig, och låter dig säga: Si, nu på stundene äro till mig komne ifrå Ephraims berg två unga män utaf de Propheters söner. Gif dem en centener silfver, och tu högtidskläder.
23 ၂၃ နေမန်က၊ အခွက်နှစ်ဆယ်ကို မငြင်းယူပါလော့ ဟု တိုက်တွန်းလျက်၊ ငွေအခွက်နှစ်ဆယ်ကို အိတ်နှစ်လုံး၌ အဝတ်နှစ်စုံနှင့်တကွ စည်း၍ မိမိကျွန်နှစ်ယောက်အပေါ် မှာ တင်သဖြင့်၊ သူတို့သည်ဂေဟာဇိရှေ့၌ ထမ်းသွားရ၏။
Naaman sade: Gerna; tag två centener. Och han nödgade honom, och band två centener silfver i två säcker, och tu högtidskläder, och fick det två sina tjenare; och de båro det med honom.
24 ၂၄ မြို့ရိုးသို့ ရောက်သောအခါ၊ ထိုဥစ္စာကို ဂေဟာဇိ သည် ယူ၍ အိမ်၌သိုထားသဖြင့်၊ ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ၊
Och då han kom till mörkt rum, tog han det utaf deras händer, och lade det öfver en sido i huset, och lät männerna gå; och de gingo bort.
25 ၂၅ ကိုယ်တိုင်ဝင်၍ မိမိသခင့်ရှေ့၌ ရပ်နေ၏။ဧလိရှဲကလည်း၊ ဂေဟာဇိ၊ အဘယ်အရပ်သို့ သွားဘိ သနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်သည် အဘယ်အရပ် ကိုမျှ မသွားပါဟုပြန်ပြောသော်၊
Då gick han fram för sin herra. Och Elisa sade till honom: Hvadan kommer du, Gehasi? Han sade: Din tjenare hafver hvarken hit eller dit gångit.
26 ၂၆ ဧလိရှဲက၊ ထိုလူသည်သင့်ကို ကြိုဆိုအံ့သောငှါ၊ ရထားပေါ်မှ လှည့်သောအခါ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော။ ငွေကိုခံယူချိန်ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ကျွန် ယောက်ျား၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။
Han sade till honom: Månde icke mitt hjerta vandra med dig, då mannen vände om igen ifrå sin vagn emot dig? Nu, du hafver tagit silfver och kläder, oljogårdar, vingårdar, får, oxar, tjenare och tjenarinnor.
27 ၂၇ သို့ဖြစ်၍နေမန်၏ နူနာသည်သင်၌၎င်း၊ သင်၏ သားမြေး၌၎င်း၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ဖြူလျက်၊ သခင်ထံ မှ ထွက်သွား၏။
Men Naamans spitelska skall låda vid dig, och dina säd, till evig tid. Så gick han ut ifrå honom spitelsker såsom en snö.