< ၄ ဓမ္မရာဇဝင် 25 >
1 ၁ ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
I hans niende Regeringsaar paa den tiende Dag i den tiende Maaned drog Kong Nebukadnezar af Babel da med hele sin Hær mod Jerusalem og belejrede det, og de byggede Belejringstaarne imod det rundt omkring;
2 ၂ ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
og Belejringen varede til Kong Zedekias's ellevte Regeringsaar.
3 ၃ ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
Paa den niende Dag i den fjerde Maaned blev Hungersnøden haard i Byen, og Folket fra Landet havde ikke Brød.
4 ၄ ခါလဒဲ လူတို့သည်မြို့ရိုးကို ဖြိုဖောက်၍ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့ သည် ညဉ့်အခါ ပြေး၍မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
Da blev Byens Mur gennembrudt. Kongen og alle Krigsfolkene flygtede om Natten gennem Porten mellem de to Mure ved Kongens Have, medens Kaldæerne holdt Byen omringet, og han tog Vejen ad Arabalavningen til.
5 ၅ ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကို လိုက်၍ ယေရိခေါလွင်ပြင်၌ မှီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲ အပေါင်းတို့သည် လွင့်ပြေးကြ၏။
Men Kaldæernes Hær satte efter Kongen og indhentede ham paa Jerikosletten, efter at hele hans Hær var blevet splittet til alle Sider.
6 ၆ ရန်သူတို့သည် ရှင်ဘုရင်ကိုဘမ်းဆီး၍ ဗာဗုလုန် ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည် အတိုင်း၊
Saa greb de Kongen og bragte ham op til Ribla til Babels Konge, der fældede Dommen over ham.
7 ၇ ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူကိုကြေးဝါးကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။
Hans Sønner lod han henrette i hans Paasyn, og paa Zedekias selv lod han Øjnene stikke ud; derpaa lod han ham lægge i Kobberlænker, og saaledes førte de ham til Babel.
8 ၈ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ် ကိုးနှစ်၊ ပဥ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ လာ၍၊
Paa den syvende Dag i den femte Maaned, det var Babels Konge Nebukadnezars nittende Regeringsaar, kom Nebuzar'adan, Øversten for Livvagten, Babels Konges Tjener, til Jerusalem.
9 ၉ ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
Han satte Ild paa HERRENS Hus og Kongens Palads og alle Husene i Jerusalem; paa alle Stormændenes Huse satte han Ild;
10 ၁၀ ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။
og Murene om Jerusalem nedbrød alle Kaldæernes Folk, som Øversten for Livvagten havde med sig.
11 ၁၁ ထိုအခါကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွား လေ၏။
De sidste Folk, som var tilbage i Byen, og Overløberne, der var gaaet over til Babels Konge, og de sidste Haandværkere førte Nebuzar'adan, Øversten for Livvagten, bort.
12 ၁၂ သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကိုထားခဲ့လေ၏။
Men nogle af de fattigste at Folket fra Landet lod Øversten for Livvagten blive tilbage som Vingaardsmænd og Agerdyrkere.
13 ၁၃ ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။
Kobbersøjlerne i HERRENS Hus, Stellene og Kobberhavet i HERRENS Hus slog Kaldæerne i Stykker og førte Kobberet til Babel.
14 ၁၄ အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှ တို့ကိုလည်း ယူသွားကြ၏။
Karrene, Skovlene, Knivene, Kanderne og alle Kobbersagerne, som brugtes ved Tjenesten, røvede de;
15 ၁၅ ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။
ogsaa Panderne og Skaalene, alt, hvad der helt var af Guld eller Sølv, røvede Øversten for Livvagten.
16 ၁၆ ဗိမာန်တော်၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ် တိုင်၊ ရေကန်တခု၊ အခြေအမြစ်များ၌ပါသော ကြေးဝါ သည် အချိန်အားဖြင့် အတိုင်းမသိ များ၏။
De to Søjler, Havet og Stellene, som Salomo havde ladet lave til HERRENS Hus — Kobberet i alle disse Ting var ikke til at veje.
17 ၁၇ တိုင်အမြင့်ကားတဆယ်ရှစ်တောင်ရှိ၏။ ကြေးဝါ တိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ၍၊ ထိပ်ပတ်လည်း ကြေးဝါကွန် ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ်၍ ကွန်ရွက်နှင့် ပြည့်စုံ၏။
Atten Alen høj var den ene Søjle, og der var et Søjlehoved af Kobber oven paa den, tre Alen højt, og rundt om Søjlehovederne var der Fletværk og Granatæbler, alt af Kobber; og paa samme Maade var det med den anden Søjle.
18 ၁၈ ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန်တော် တံခါးမှူး သုံးယောက်တို့ကို ဘမ်းဆီးလေ၏။
Øversten for Livvagten tog Ypperstepræsten Seraja, Andenpræsten Zefanja og de tre Dørvogtere;
19 ၁၉ စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ ကိုမြို့ထဲကခေါ်သွား၍၊
og fra Byen tog han en Hofmand, der havde Opsyn med Krigsfolket, og fem Mænd, der hørte til Kongens nærmeste Omgivelser, og som endnu fandtes i Byen, desuden Hærførerens Skriver, der udskrev Folket fra Landet til Krigstjeneste, og dertil tresindstyve Mænd af Folket fra Landet, der fandtes i Byen —
20 ၂၀ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ ပြီးလျှင်၊
dem tog Øversten for Livvagten Nebuzar'adan og førte til Babels Konge i Ribla;
21 ၂၁ ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတု့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရ သတည်း။
og Babels Konge lod dem dræbe i Ribla i Hamats Land. Saa førtes Juda i Landflygtighed fra sit Land.
22 ၂၂ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသော မင်းအရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကို ခန့်ထားတော်မူ၏။
Over de Folk, der blev tilbage i Judas Land, dem, Babels Konge Nebukadnezar lod blive tilbage, satte han Gedalja, Ahikams Søn, Sjafans Sønnesøn.
23 ၂၃ ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ် အရာ၌ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ၊ နာသနိသားဣရှမေလ၊ ကာရာသားယောဟနန်၊ နေတောဖတ်အမျိုး၊ တာနုမက် သားစရာယ၊ မာခလိအမျိုးသားယေဇနိတို့သည် မိမိ လူများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊
Da nu alle Hærførerne med deres Folk hørte, at Babels Konge havde indsat Gedalja, kom de til ham i Mizpa, Jisjmael, Netanjas Søn, Johanan, Kareas Søn, Seraja, Tanhumets Søn fra Netofa, og Ja'azanja, Ma'akatitens Søn, tillige med deres Folk.
24 ၂၄ ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရ မည်အခွင့်ကို မစိုးရမ်ကြနှင့်။ ဤပြည်၌နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။
Og Gedalja besvor dem og deres Folk og sagde: »Frygt ikke for Kaldæerne! Bliv i Landet og underkast eder Babels Konge, saa vil det gaa eder vel!«
25 ၂၅ သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာ သားသနိ၏ သားဣရှမေလသည် လူတကျိပ်နှင့်တကွ လာ၍ ဂေဒလိကို၎င်း၊ မိဇပါမြို့ ၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို၎င်း သေအောင် လုပ်ကြံ လေ၏။
Men i den syvende Maaned kom Jisjmael, Netanjas Søn, Elisjamas Sønnesøn, en Mand af kongelig Byrd, med ti Mænd og slog Gedalja ihjel tillige med de Judæere og Kaldæere, der var hos ham i Mizpa.
26 ၂၆ ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက် သောကြောင့် ထ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
Da brød hele Folket, store og smaa, og Hærførerne op og drog til Ægypten; thi de frygtede for Kaldæerne.
27 ၂၇ ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ် ခုနစ် ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရော ဒက်နန်းစံ စက၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲက နှုတ်၍ ချမ်းသာပေးလေ၏။
I det syv og tredivte Aar efter Kong Jojakin af Judas Bortførelse paa den syv og tyvende Dag i den tolvte Maaned tog Babels Konge Evil-Merodak, der i det Aar kom paa Tronen, Kong Jojakin af Juda til Naade og førte ham ud af Fængselet.
28 ၂၈ ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ ရှိသောမင်း ကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။
Han talte ham venligt til og gav ham Sæde oven for de Konger, der var hos ham i Babel.
29 ၂၉ ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သော အဝတ်ကို လဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ်အထံတော်၌ စားသောက်ရ၏။
Jojakin aflagde sin Fangedragt og spiste daglig hos ham, saa længe han levede.
30 ၃၀ အသက်ရှည်သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာဘို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။
Han fik sit daglige Underhold af Kongen, hver Dag hvad han behøvede for den Dag, saa længe han levede.