< ၄ ဓမ္မရာဇဝင် 23 >

1 ထိုအခါရှင်ဘုရင်သည် ယုဒပြည်သူ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊
ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊-
2 ယုဒပြည်သူယေရုရှလင်မြို့သား၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်၌ တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ၏။
ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ဆင်း​ရဲ ချမ်း​သာ​မ​ရွေး​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ကြွ တော်​မူ​၏။ မင်း​ကြီး​သည်​ထို​သူ​အ​ပေါင်း​တို့ အား ဗိ​မာန်​တော်​ထဲ​တွင်​တွေ့​ရှိ​ရ​သော​ပ​ဋိ ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​အ​သံ​ကျယ် စွာ​ဖတ်​ပြ​တော်​မူ​၏။-
3 ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ် ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာ ရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကိုဝန်ခံကြ၏။
သူ​သည်​ဘု​ရင့်​ကျောက်​တိုင်​အ​နီး​တွင်​ရပ် လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​တ​ရား​တော် နှင့်​ပ​ညတ်​တော်​တို့​ကို ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​စောင့်​ထိန်း​ပါ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။
4 နောက်တဖန်ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ ဒုတိယယဇ် ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုဃ်းကောင်းကင် တန်ဆာအဘို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင် မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။
ထို​နောက်​ယော​ရှိ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ၊ သူ​၏​လက်​ထောက်​ယဇ်​ပု​ရော​ဟိတ် များ​နှင့် ဗိ​မာန်​တော်​အ​ဝင်​ဝ​တွင်​တာ​ဝန်​ကျ သည့်​အ​စောင့်​တပ်​သား​များ​အား​ဗာ​လ​ဘု​ရား၊ အာ​ရှ​ရ​ဘု​ရား​မ​နှင့်​ကြယ်​နက္ခတ်​တို့​ကို ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ပစ္စည်း​အ​သုံး အ​ဆောင်​တို့​ကို ဗိ​မာန်​တော်​ထဲ​မှ​ထုတ်​ဆောင် လာ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ မင်း​ကြီး​သည် ဤ​ပစ္စည်း​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို မြို့ ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​အ​နီး​တွင်​မီး​ရှို့​ပြီး လျှင် ပြာ​ကို​ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​သွား စေ​၏။-
5 ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ ရွာ၌ မြင့်သော အရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒရှင်ဘုရင် ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကို၎င်း၊ ဗာလဘုရား၊ နေလရာသီစောင့် အစရှိသော မိုဃ်းကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့ သော သူတို့ကို၎င်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။
သူ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ နီး​နား​ဝန်း​ကျင်​တွင် ရုပ်​တု​များ​ကို​ယဇ်​ပူ ဇော်​ရန်​ယု​ဒ​ဘု​ရင်​များ​ခန့်​အပ်​ထား​သည့် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း​ကောင်း၊ ဗာ​လ ဘု​ရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်​တို့​ကို​ယဇ်​ပူ​ဇော် ကြ​သည့် ယဇ်​ပု​ရော​ဟိတ်​များ​ကို​လည်း ကောင်း​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။
6 အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။
သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား သည့်​တံ​ခွန်​တိုင်​ကို​လည်း ဗိ​မာန်​တော်​ထဲ​မှ​ဖယ် ရှား​ကာ မြို့​ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​သို့​ထုတ်​ပြီး လျှင်​မီး​ရှို့​လေ​သည်။ ထို​နောက်​ပြာ​ကို​ညက်​အောင် ထောင်း​၍ အ​များ​ပြည်​သူ​တို့​၏​သင်္ချိုင်း​မြေ​ပေါ် တွင်​ကြဲ​ဖြန့်​လေ​သည်။-
7 မိန်းမတို့သည် အာရှရပင်အဘို့ ကုလားကာကို ရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။
ဘာ​သာ​ရေး​ဆိုင်​ရာ​ပြည့်​တန်​ဆာ​ တို့​၏​နေ​အိမ်​များ​ကို​လည်း​ဖျက်​ဆီး​တော်​မူ​၏။ (အာ​ရှာ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ၌ အ​သုံး​ပြု​သည့်​ဝတ်​လုံ​များ​ကို​ထို​နေ​အိမ် များ​တွင်​အ​မျိုး​သ​မီး​တို့​ရက်​လုပ်​ကြ​သည်။-)
8 ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှ မခေါ်ခဲ့၍၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာမြင့်သော အရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညှုးစေတော်မူ၏။ ယေရုရှလင်မြို့ဝန် ယောရှု၏ တံခါးဝလက်ဝဲဘက်နားမှာတည်သော မြို့တံခါး၏ ကုန်း တို့ကိုလည်း ဖြိုဖျက်တော်မူ၏။
မင်း​ကြီး​သည်​ယု​ဒ​မြို့​များ​မှ​ယဇ်​ပု​ရော ဟိတ်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ပြီး​လျှင် တစ်​ပြည်​လုံး​ရှိ​ထို​သူ​တို့​ယဇ်​ပူ ဇော်​ခဲ့​သော​ပလ္လင်​များ​ကို​ညစ်​ညမ်း​စေ​တော် မူ​၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ​မြို့​တံ​ခါး​မ ကြီး​၏​လက်​ဝဲ​ဘက်​တွင်​မြို့​ဝန်​ယော​ရှု​တည် ဆောက်​ထား​သည့်​တံ​ခါး​အ​နီး ဆိတ်​နတ်​မိစ္ဆာ တို့​အား​ဆက်​ကပ်​ထား​သော​ယဇ်​ပလ္လင်​များ ကို​လည်း​ဖြို​ဖျက်​တော်​မူ​၏။-
9 မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ် တို့သည်၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ၊ အပေါင်းအဘော်တို့နှင့် တဆေးမဲ့မုန့်ကို စားရ သော အခွင့်သာရှိကြ၏။
အ​ဆို​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန် တော်​တွင် အ​မှု​တော်​ဆောင်​ခွင့်​မ​ရ​ကြ​သော် လည်း မိ​မိ​တို့​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​ရ ရှိ​ကြ​သည့်​တ​ဆေး​မဲ့​မုန့်​ကို​မူ​စား​ခွင့်​ရ ကြ​၏။
10 ၁၀ အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရား အား မီးဖြင့် မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညှုးစေတော် မူ၏။
၁၀နောက်​တစ်​ဖန်​မည်​သူ​မျှ​မော​လုတ်​ဘု​ရား အား သား​သ​မီး​ကို​မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​စေ​ရန် ယော​ရှိ​မင်း​သည်​ဟိန္နုံ​ချိုင့်​ဝှမ်း​ရှိ​ရုပ်​တု​ကိုး ကွယ်​ရာ​တော​ဖက်​ဟု​ခေါ်​သော​အ​ရပ်​ကို လည်း​ညစ်​ညမ်း​စေ​တော်​မူ​၏။-
11 ၁၁ ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား၊ ဝင်းတော် တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။
၁၁သူ​သည်​နေ​ကို​ဆက်​ကပ်​ပူ​ဇော်​ရန်​ယု​ဒ​ဘု​ရင် တို့​ပေး​လှူ​ထား​သည့်​မြင်း​တို့​ကို​ဖယ်​ရှား​၍ ဝတ် ပြု​ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ရ​ထား​များ ကို​လည်း​မီး​ရှို့​တော်​မူ​၏။ (ဤ​အ​ရာ​များ​ကို အ​ထက်​တန်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​သူ​နာ​သမ္မေ လက်​၏​အိမ်​အ​နီး​ဗိ​မာန်​တော်​ဝင်း​အ​ဝင်​ဝ တွင်​ထား​ရှိ​သည်။-)
12 ၁၂ ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့် အပေါ်မှာတည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် တည်ထားသော ပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချ ချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ ပစ်တော်မူ၏။
၁၂အာ​ခတ်​မင်း​စံ​ခဲ့​သည့်​အ​ဆောင်​တော်​အ​ထက် ရှိ​နန်း​တော်​အ​မိုး​ပေါ်​တွင်​ယု​ဒ​ဘု​ရင်​တို့ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​ဝင်း​နှစ်​ခု​အ​တွင်း​မ​နာ​ရှေ မင်း​ဆောက်​လုပ်​ခဲ့​သော ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း​ယော​ရှိ​မင်း​သည်​ဖြို​ဖျက်​၍​ကြေ​မွ အောင်​ဖျက်​ဆီး​ပြီး​လျှင် ကေဒြုန်​ချိုင့်​ဝှမ်း ထဲ​သို့​ပစ်​ချ​လိုက်​လေ​သည်။-
13 ၁၃ ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ျာဘက်၌ ရွံရှာဘွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဘွယ် သော မောဘဘုရား ခေမုရှ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရားမိလကုံအဘို့ တည်သော ကုန်းတို့ကို လည်း ရှင်ဘုရင် ညစ်ညှုးစေတော်မူ၏။
၁၃ယော​ရှိ​သည်​ယေ​ရု​ရှ​လင်​မြို့​၏​အ​ရှေ့၊ သံ လွင်​တောင်​၏​တောင်​ဘက်​၌​ဇိ​ဒုန်​ဘု​ရား​အာ​ရှ တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့်​အမ္မုန်​ဘု​ရား မော​လုတ်​တို့​ကို​ကိုး​ကွယ်​ရန် ရှော​လ​မုန်​မင်း​ကြီး တည်​ဆောက်​ခဲ့​သော​ယဇ်​ပလ္လင်​များ​ကို​လည်း ညစ်​ညမ်း​စေ​တော်​မူ​၏။-
14 ၁၄ ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့ နှင့် ပြည့်စေတော်မူ၏။
၁၄ယော​ရှိ​မင်း​သည်​ကျောက်​တိုင်​များ​ကို​ဖြို​ဖျက် ၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ခုတ်​လှဲ​ကာ ယင်း​တို့​တည်​ရာ​ဌာ​န​များ​တို့​ကို လူ​သေ​အ​ရိုး​တို့​နှင့်​ပြည့်​စေ​လေ​၏။-
15 ၁၅ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် ၏သား ယေရောဗောင်သည်၊ ဗေသလမြို့၌တည်သော ကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက် ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။
၁၅သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ် ကူး​လွန်​ရန် ရှေ့​ဆောင်​လမ်း​ပြ​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​မင်း​တည်​ဆောက်​ခဲ့​သည့်​ဗေ​သ​လ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​ကို​လည်း​ဖြို​ဖျက်​လေ သည်။ ယော​ရှိ​သည်​ယဇ်​ပလ္လင်​ကို​ဖြို​ချ​ပြီး​လျှင် အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား​သော တံ​ခွန်​တိုင်​ကို​မီး​ရှို့​၏။-
16 ၁၆ ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကို စေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီး လျှင်၊ ထိုအမှုကို အထက်ကဘော်ပြသော ဘုရားသခင် ၏လူ ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ညစ်ညူးစေတော် မူ၏။
၁၆ထို​နောက်​သူ​သည်​လှည့်​လည်​၍​ကြည့်​သော​အ​ခါ တောင်​ပေါ်​တွင်​သင်္ချိုင်း​အ​ချို့​ကို​တွေ့​မြင်​သ​ဖြင့် ထို​သင်္ချိုင်း​များ​မှ​လူ​ရိုး​တို့​ကို​ထုတ်​ယူ​ကာ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​စေ​၏။ ဤ​နည်း​အား​ဖြင့် မင်း​ကြီး​သည် ထို​ယဇ်​ပလ္လင်​ကို​ညစ်​ညမ်း​စေ​တော် မူ​သ​တည်း။ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​လွန် လေ​ပြီး​သော​အ​ခါ​က ယေ​ရော​ဗောင်​မင်း​သည် မိ​မိ​ကျင်း​ပ​သည့်​ဘာ​သာ​ရေး​ပွဲ​တော်​အ​ခါ ၌​ယဇ်​ပလ္လင်​အ​နီး​တွင်​ရပ်​လျက်​နေ​စဉ် ပ​ရော ဖက်​တစ်​ပါး​ဟော​ကြား​ခဲ့​သည့်​ဗျာ​ဒိတ်​တော် အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။ ယော​ရှိ​မင်း​သည် လှည့်​လည်​၍ ကြည့်​ပြန်​ရာ​ယင်း​သို့​ဟော​ကြား ခဲ့​သည့်​ပ​ရော​ဖက်​၏​သင်္ချိုင်း​ကို​တွေ့​မြင် လျှင်၊-
17 ၁၇ ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ် ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ် ပလ္လင်၌ပြုတော်မူသော အမှုကို၊ ယုဒပြည်မှလာ၍ ဘော်ပြသော ဘုရားသခင်၏ လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော်၊
၁၇ဤ​သင်္ချိုင်း​ကား​မည်​သူ​၏​သ​င်္ချိုင်း​ဖြစ် သ​နည်း'' ဟု​မေး​တော်​မူ​၏။ ဗေ​သ​လ​မြို့​သား​တို့​က``ဤ​သင်္ချိုင်း​သည် ယု​ဒ ပြည်​မှ​လာ​သော​ပ​ရော​ဖက်​၏​သင်္ချိုင်း​ဖြစ်​ပါ သည်။ ထို​ပ​ရော​ဖက်​ကား​ဤ​အ​ရပ်​ရှိ​ယဇ်​ပလ္လင် တွင် အ​ရှင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို ကြို​တင်​ဟော​ကြား​ခဲ့​သူ​ဖြစ်​ပါ​၏'' ဟု​ပြန်​၍ လျှောက်​ထား​ကြ​၏။
18 ၁၈ ရှင်ဘုရင်က၊ ရှိစေလော့။ ထိုသူ၏အရိုးတို့ကို အဘယ်သူမျှ မရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ၏ အရိုးတို့နှင့် ရှမာရိမြို့မှ လာသောပရောဖက်အရိုး တို့ကို ရှိစေကြ၏။
၁၈ယော​ရှိ​က``ထို​သင်္ချိုင်း​ကို​ရှိ​မြဲ​ရှိ​စေ​လော့။ သူ​၏​အ​ရိုး​တို့​ကို​မ​ရွှေ့​မ​ပြောင်း​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​၏​အ​ရိုး​တို့​ကို​လည်း​ကောင်း၊ ရှမာ​ရိ မြို့​မှ​လာ​သော​ပ​ရော​ဖက်​၏​အ​ရိုး​တို့​ကို​လည်း ကောင်း​မ​ရွှေ့​မ​ပြောင်း​ဘဲ​ထား​ကြ​၏။
19 ၁၉ ဣသရေလရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ရှမာရိမြို့ရွာတို့၌ မြင့်သောအရပ်ပေါ်မှာ တည်လုပ်သောအိမ်ရှိသမျှတို့ကိုလည်း ယောရှိမင်းသည် ပယ်ရှား၍၊ ဗေသလမြို့၌ ပြုသမျှအတိုင်း ပြုတော်မူ၏။
၁၉ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​ပြည်​အ​မြို့​မြို့ အ​ရွာ​ရွာ​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖြို​ဖျက်​တော်​မူ​၏။ ထို​ဌာ​န​များ​ကို​တည်​ဆောက် ခြင်း​အား​ဖြင့် ဣသ​ရေ​လ​ဘု​ရင်​တို့​သည်​ထာ​ဝရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ သ​တည်း။ ယော​ရှိ​သည်​ဗေ​သ​လ​မြို့​တွင်​ပြု တော်​မူ​သ​ကဲ့​သို့ ထို​ယဇ်​ပလ္လင်​အ​ပေါင်း​တို့ ကို​လည်း​ပြု​တော်​မူ​၏။-
20 ၂၀ မြင့်သော အရပ်နှင့် ဆိုင်သောယဇ်ပုရောဟိတ် အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက်၍၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော် မူ၏။
၂၀သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် အ​မှု​ထမ်း​သော​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့ ကို မိ​မိ​တို့​ယဇ်​ပူ​ဇော်​သည့်​ပလ္လင်​များ​ပေါ်​တွင် တင်​၍​သတ်​ပြီး​လျှင် လူ​သေ​အရိုး​တို့​ကို​ထို ပလ္လင်​များ​အ​ပေါ်​တွင်​မီး​ရှို့​လေ​သည်။ ထို​နောက် မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။
21 ၂၁ တဖန်ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ ၌လာသည်အတိုင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား အား ပသခါပွဲကို ဆောင်ကြလော့ဟု လူအပေါင်းတို့ကို မိန့်တော်မူ၏။
၂၁ယော​ရှိ​မင်း​သည်​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​တော်​တွင် ပါ​ရှိ​သည့်​အ​တိုင်း လူ​တို့​အား​မိ​မိ​တို့​ဘု​ရား သခင်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သည့်​ပ​သ​ခါ​ပွဲ​ကျင်း​ပ​ကြ​ရန်​အ​မိန့်​ပေး တော်​မူ​၏။-
22 ၂၂ အကယ်၍ ဣသရေလအမျိုးကို အုပ်စိုးသော တရားသူကြီးလက် ထက်မှစ၍၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက် ကာလပတ်လုံး၊ ထိုသို့သော ပသခါပွဲကို တခါမျှမဆောင်ကြ။
၂၂ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ခဲ့​သော​တ​ရား​သူ ကြီး​များ​၏​လက်​ထက်​မှ​စ​၍ အ​ဘယ်​ဣ​သ​ရေ​လ ဘု​ရင်​သို့​မ​ဟုတ်​ယုဒ​ဘု​ရင်​မျှ ဤ​ပ​သ​ခါ​ပွဲ မျိုး​ကို​ကျင်း​ပ​ခဲ့​ဖူး​သည်​မ​ရှိ။-
23 ၂၃ ယောရှိမင်းကြီးနန်းစံ ဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့၌ ထာဝရဘုရားအား ဆောင်ကြသတည်း။
၂၃ယ​ခု​ယော​ရှိ​၏​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ ယေ​ရု​ရှ​လင်​မြို့​တွင်​ပ​သ​ခါ​ပွဲ​ကို​ကျင်း​ပ ခြင်း​ဖြစ်​သ​တည်း။
24 ၂၄ ထိုမှတပါး၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ် ဟိလ ခိတွေ့သော ကျမ်းစာ၌ပါသော စကားအတိုင်း ကျင့်လို သောငှါ၊ ယောရှိမင်းသည် စုန်း၊ နတ်ဝင်၊ တေရပ် ရုပ်တုမှ စ၍ ရုပ်တုဆင်းတုများကို၎င်း၊ ယေရုရှလင်မြို့နှင့် ယုဒ ပြည်လုံးတွင် ရွံရှာဘွယ်သောအရာ တွေ့သမျှတို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏။
၂၄ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​တွင် ယဇ်​ပု​ရော​ဟိတ် မင်း​တွေ့​ရှိ​ခဲ့​သည့်​ကျမ်း​စာ​တော်​၌​ဖော်​ပြ​ထား သော​ပ​ညတ်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​တစ်​ပြည်​လုံး​၌​တွေ့ ရှိ​သ​မျှ​နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ၊ အိမ်​စောင့်​နတ်​အ​ရုပ်​များ၊ ရုပ်​တု​များ​နှင့် အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဝတ္ထု​ပစ္စည်း​များ ကို​ဖယ်​ရှား​တော်​မူ​၏။-
25 ၂၅ မောရှေတရား၌ ပါသမျှကို ကျင့်သဖြင့်၊ စိတ် နှလုံး အကြွင်းမဲ့အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရား အထံတော်သို့ ပြောင်းလဲ၍၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တယောက်မျှ မဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။
၂၅ယ​ခင်​အ​ခါ​များ​က​ယော​ရှိ​ကဲ့​သို့​မော​ရှေ ၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​၍ စိတ်​စွမ်း၊ ဉာဏ်​စွမ်း၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ ဘု​ရား​အား ကိုး​ကွယ်​သည့်​ဘု​ရင်​တစ်​ပါး​မျှ မ​ပေါ်​စ​ဖူး။ သူ​၏​နောက်​၌​လည်း​မ​ပေါ်​ခဲ့ ချေ။-
26 ၂၆ သို့ရာတွင် မနာရှေသည် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ပြစ်မှားသော အပြစ် ရှိသမျှတို့ကြောင့်၊ ယုဒအမျိုး၌ ပြင်းစွာ အမျက်ထွက်၍ စိတ်တော်မပြေ။
၂၆သို့​သော်​မ​နာ​ရှေ​မင်း​ပြု​ခဲ့​သည့်​အ​ပြစ်​များ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​ရာ​ယ​ခု​တိုင် အောင်​ပင်​အ​မျက်​တော်​မ​ပြေ​ချေ။-
27 ၂၇ ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှား သကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည်။ ငါရွေးချယ် သော ယေရုရှလင်မြို့ကို၎င်း၊ အကြင်ဗိမာန်၌ငါ့နာမကို ငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကို၎င်း၊ ငါစွန့်ပစ် မည်ဟု မိန့်တော်မူ၏။
၂၇ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣသ​ရေ​လ​ပြည်​ကို ပြု​သ​ကဲ့​သို့ ယု​ဒ​ပြည်​ကို​လည်း​ပြု​မည်။ ယု​ဒ ပြည်​သူ​တို့​ကို ငါ​၏​မျက်​မှောက်​တော်​မှ​နှင်​ထုတ် မည်။ ငါ​ရွေး​ချယ်​ထား​သည့်​ယေရု​ရှ​လင်​မြို့​နှင့် ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာ​န​အ​ဖြစ် ငါ​သတ်​မှတ်​ပေး​သော​ဗိ​မာန်​တော်​ကို​ပင်​ငါ စွန့်​ခွာ​မည်'' ဟု​မိန့်​တော်​မူ​၏။
28 ၂၈ ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
၂၈ယော​ရှိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-
29 ၂၉ ထိုမင်းလက်ထက်၌ အဲဂုတ္တု ဖာရောဘုရင် နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ၍၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှါ ထွက်ရာ တွင်၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ၊ ယောရှိမင်း သည် အသက်ဆုံးလေ၏။
၂၉ယော​ရှိ​နန်း​စံ​ချိန်​၌​အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည် အာ​ရှု​ရိ​ဘု​ရင်​ကို​စစ်​ကူ​ပေး​ရန်​တပ်​မ​တော် နှင့်​ဥ​ဖ​ရတ်​မြစ်​သို့​ချီ​တက်​လာ​၏။ ယော​ရှိ​မင်း သည်​အီ​ဂျစ်​တပ်​မ​တော်​ကို​မေ​ဂိဒ္ဒေါ​မြို့​တွင် ဆီး တား​ရန်​ကြိုး​စား​ရာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​တော် မူ​၏။-
30 ၃၀ ကျွန်တို့သည် ရထားတော်ပေါ်မှာ တင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ဘိသတ် ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။
၃၀သူ​၏​အရာ​ရှိ​များ​သည်​မင်း​ကြီး​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တွင်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​ပြီး​လျှင်​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ယုဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏ သား​တော်​ယော​ခတ်​ကို​ရွေး​ချယ်​ကာ​ဘိ​သိက် ပေး​၍​မင်း​မြှောက်​ကြ​လေ​သည်။
31 ၃၁ ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏ သမီးဟာမုတာလ အမည်ရှိ၏။
၃၁ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏ သ​မီး​ဟာ​မု​တာ​လ​ဖြစ်​၏။-
32 ၃၂ ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
၃၂ထို​မင်း​သည်​မိ​မိ​ဘိုး​ဘေး​တော်​တို့​၏​လမ်း​စဉ် ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၏။-
33 ၃၃ ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည်၊ ရိဗလမြို့မှာ အကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက် တဆယ်ကိုအခွန် တောင်းလေ၏။
၃၃အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​အား​ဟာ​မတ် ပြည်​ရိ​ဗ​လ​မြို့​၌​အ​ကျဉ်း​ချ​ထား​ပြီး​လျှင် ယု​ဒ​ပြည်​မှ​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ်​ထောင့် ငါး​ရာ​နှင့်​ရွှေ​အ​လေး​ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင် ကို အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​တောင်း​လေ​၏။ ထို​အ​ခါ မှ​စ​၍​ယော​ခတ်​၏​နန်း​သက်​မှာ​ကုန်​ဆုံး​သွား တော့​၏။-
34 ၃၄ ဖာရော နေခေါသည်လည်း၊ ယောရှိသား ဧလျာ ကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကိုပေး၏။ ယောခတ်ကို အဲဂုတ္တု ပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည်သေ၏။
၃၄နေ​ခေါ​မင်း​သည်​ယော​ရှ​၏​သား​တော်​ဧ​လျာ​ကိမ် အား ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး​၍ ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​၌​နန်း​တင်​လေ သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​၏။ ယော​ခတ်​သည်​ထို​ပြည်​၌​ပင်​ကွယ်​လွန် လေ​သည်။
35 ၃၅ ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့် တော်အတိုင်း၊ တပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင် အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီး တို့ကို ရွှေငွေခွဲသည်အတိုင်း၊ ကျပ်တည်းစွာ တောင်း၍ ဖာရောနေခေါအား ဆက်လေ၏။
၃၅ယော​ယ​ကိမ်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​တောင်း​ခံ သည့်​အ​ခွန်​ဘဏ္ဍာ​ကို​ဆက်​သ​နိုင်​ရန် ပြည်​သူ တို့​ထံ​မှ​ဋ္ဌ​န​အင်​အား​အ​လိုက်​အ​ချိုး​ကျ အ​ခွန်​တော်​ကို​ကောက်​ခံ​လေ​သည်။
36 ၃၆ ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ရုမမြို့သား ပေဒဲယ၏သမီး ဇေဗုဒအမည်ရှိ၏။
၃၆ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ​ရုမ​မြို့​သား ပေ​ဒဲ​ယ​၏​သမီး​ဇေ​ဗု​ဒ​ဖြစ်​၏။-
37 ၃၇ ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
၃၇ယော​ယ​ကိမ်​သည်​ဘေး​တော်​ဘိုး​တော်​တို့​၏ လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​အား​ပြစ် မှား​၏။

< ၄ ဓမ္မရာဇဝင် 23 >