< ၄ ဓမ္မရာဇဝင် 22 >

1 ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ်စိုးစံလေ၏။ မယ်တော် ကား၊ ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒ အမည်ရှိ၏။
ယောရှိ သည် အသက် ရှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံးဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဗောဇကတ် မြို့သားအဒါယ ၏သမီး ယေဒိဒ အမည် ရှိ၏
2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။
ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၍ လက်ျာ ဘက်လက်ဝဲ ဘက်သို့မ လွှဲ ၊ အဘ ဒါဝိဒ် လိုက်သမျှ သောလမ်း သို့ လိုက် လေ၏
3 ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံ သားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့။
ယောရှိ မင်းကြီး နန်းစံဆယ် ရှစ် နှစ် တွင် ၊ မေရှုလံ သား ဖြစ်သော အာဇလိ ၏သား စာရေး တော်ရှာဖန် ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိ ထံသို့ သွား လော့
4 ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါး စောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့်၊
ဗိမာန် တော်သို့ဆောင် ခဲ့၍ လူ များလက်မှ တံခါး စောင့် ခံယူ သော ငွေ ကို ယဇ် ပုရောဟိတ်မင်း ရေတွက် သဖြင့်၊”
5 ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သော သူ၊
ဗိမာန် တော်အုပ် ၊ အမှု တော်စောင့် တို့၌ အပ် ၍ ၊ ဗိမာန် တော်ပြိုပျက် ရာကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ၊”
6 လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက်၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။
လက်သမား နှင့် ပန်းရန် သမားလုပ်သည် အတွက် ၊ ဗိမာန် တော်ပြုပြင် စရာ ကျောက် နှင့် သစ်သား ကို ဝယ် သည်အတွက် ဝေပေး ရမည်အကြောင်း မှာထား၍ ဗိမာန် တော်သို့ စေလွှတ် တော်မူ၏
7 သို့ရာတွင် ထိုငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် စာရင်းမပေး ရကြ။
သို့ရာတွင် ထိုငွေ ကို လက်ခံ သောသူ တို့ သည် သစ္စာ စောင့် သောသူဖြစ် သောကြောင့် စာရင်း မ ပေးရကြ
8 ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေး တော်ရှာဖန်အားဆိုလျက်၊ ကျမ်းစာကို အပ်၍ စာရေး တော်ဘတ်၏။
ယဇ် ပုရောဟိတ်မင်းဟိလခိ ကလည်း ၊ ပညတ္တိ ကျမ်းစာစောင် ကို ဗိမာန် တော်၌ ငါတွေ့ ပြီဟု စာရေး တော်ရှာဖန် အား ဆို လျက်၊ ကျမ်းစာ ကို အပ် ၍ စာရေး တော်ဘတ် ၏
9 တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကိုမှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍၎င်း၊
တဖန် စာရေး တော်ရှာဖန် သည် ရှင်ဘုရင် ထံသို့ သွား ၍ ၊ ကိုယ်တော် ကျွန် တို့သည် ဗိမာန် တော်၌ တွေ့ သော ငွေ ကိုမှုတ်ပြီးမှ၊ ဗိမာန် တော်အုပ် ၊ အမှု တော်စောင့် တို့၌ အပ် ပါပြီဟူ၍၎င်း၊”
10 ၁၀ ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကိုအပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
၁၀ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် ၌ စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြား လျှောက်လျက် ၊ ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏
11 ၁၁ ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊
၁၁ရှင် ဘုရင်သည် ပညတ္တိ ကျမ်း စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍၊ “
12 ၁၂ ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန် အသဟိကိုခေါ်၍၊
၁၂ယဇ်ပုရောဟိတ် ဟိလခိ ၊ ရှာဖန် သား အဟိကံ ၊ မိက္ခါ သား အာခဗော် ၊ စာရေး တော်ရှာဖန် ၊ မိမိကျွန် အသဟိ ကိုခေါ် ၍၊ “
13 ၁၃ ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်း စာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရား သည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
၁၃ယခု တွေ့ သော ကျမ်း စကား ကြောင့် ငါ့ အတွက် ၊ လူ များအတွက် ၊ ယုဒ အမျိုးသားအပေါင်း တို့အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ငါ တို့အဘို့ ဤ ကျမ်းစာ ၌ ရေးထား သမျှ သောစကား တို့ကို ဘိုးဘေး တို့သည် နား မ ထောင်မကျင့် ဘဲနေသောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်း စွာအမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏
14 ၁၄ ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရော ဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
၁၄ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား ၊ အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် ပြင်မြို့၌ နေ သည်ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ ၊ အဟိကံ ၊ အာခဗော် ၊ ရှာဖန် ၊ အသဟိ တို့ သည်ထိုမိန်းမ ထံသို့ သွား ၍ ပြော ဆိုကြ၏
15 ၁၅ မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊
၁၅မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သောသူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား၊ “
16 ၁၆ ယုဒရှင်ဘုရင် ဘတ်သော ကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။
၁၆ယုဒ ရှင်ဘုရင် ဘတ် သော ကျမ်း စကား လာသမျှ အတိုင်း ငါ သည် ဤ အရပ် ၌ ၎င်း၊ ဤ အရပ်သားတို့၌ ၎င်း ၊ ဘေး ရောက် စေမည်
17 ၁၇ အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ။ ထိုကြောင့်ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
၁၇အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာ တို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲ လောင် ရလိမ့်မည်ဟု မိန့်တော်မူ၏
18 ၁၈ ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ သင်တို့ ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား၊
၁၈ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါ သင် တို့ကို စေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလ အမျိုး ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူကြောင်း ကိုထိုရှင် ဘုရင်အား တဖန် ပြန် လျှောက်ရမည်ကား၊ “
19 ၁၉ ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့်ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို၎င်း၊ ဤအရပ်သား တို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြား သောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနား ထောင်၏။
၁၉ဤအရပ်သားတို့သည် ဖျက်ဆီး ရာနှင့် ကျိန်ဆဲ ရာ ဖြစ် ရကြလိမ့်မည်ဟု ဤ အရပ် ကို ၎င်း ၊ ဤအရပ် သား တို့ကို၎င်း ၊ ငါခြိမ်းချောက် သော စကားကို သင် သည် ကြား သောအခါ ၊ နူးညံ့ သောစိတ်ရှိ၍ ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကို ပြုသောကြောင့် သင့်စကားကို ငါ နားထောင် ၏
20 ၂၀ ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
၂၀ငါ သည်သင့် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍ ၊ သင် သည် ငြိမ်ဝပ် စွာသင်္ချိုင်း သို့ ရောက် ရလိမ့်မည်။ ဤ အရပ် ၌ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် မ တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက်ကြ၏

< ၄ ဓမ္မရာဇဝင် 22 >