< ၄ ဓမ္မရာဇဝင် 22 >
1 ၁ ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ်စိုးစံလေ၏။ မယ်တော် ကား၊ ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒ အမည်ရှိ၏။
Jošiji je bilo osam godina kad se zakraljio. Kraljevao je trideset i jednu godinu u Jeruzalemu. Mati mu se zvala Jedida, kći Adajina, i bila je iz Boskata.
2 ၂ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။
Činio je što je pravo u Jahvinim očima. U svemu je hodio putem svoga oca Davida, ne skrećući ni desno ni lijevo.
3 ၃ ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံ သားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့။
Osamnaeste godine svoga kraljevanja Jošija posla svoga tajnika Šafana, sina Asalijahina, sina Mešulamova, u Dom Jahvin i reče mu:
4 ၄ ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါး စောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့်၊
“Idi velikom svećeniku Hilkiji da ti pripremi novac koji je odnesen u Dom Jahvin i koji su čuvari praga sakupili od naroda.
5 ၅ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သော သူ၊
Neka ga uruči poslovođama postavljenim u Domu Jahvinu, a oni neka isplate radnike koji popravljaju Dom Jahvin,
6 ၆ လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက်၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။
drvodjelje, graditelje i zidare, i da se kupuje drvo i kamenje klesano što je potrebno za popravak Doma.
7 ၇ သို့ရာတွင် ထိုငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် စာရင်းမပေး ရကြ။
Ali neka se ne traži od njih račun za uručeni novac jer oni rade pošteno.”
8 ၈ ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေး တော်ရှာဖန်အားဆိုလျက်၊ ကျမ်းစာကို အပ်၍ စာရေး တော်ဘတ်၏။
Veliki svećenik Hilkija reče tajniku Šafanu: “Našao sam Knjigu Zakona u Domu Jahvinu.” I Hilkija dade knjigu Šafanu, koji ju je pročitao.
9 ၉ တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကိုမှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍၎င်း၊
Tajnik Šafan dođe kralju te ga izvijesti: “Tvoje sluge”, reče on, “pokupile su novac koji se našao u Domu i predale su ga poslovođama postavljenim u Domu Jahvinu.”
10 ၁၀ ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကိုအပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
Tada tajnik Šafan obavijesti kralja: “Svećenik Hilkija dade mi jednu knjigu.” I Šafan je poče čitati pred kraljem.
11 ၁၁ ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊
Čuvši riječi Knjige Zakona, kralj razdrije haljine svoje.
12 ၁၂ ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန် အသဟိကိုခေါ်၍၊
I naredi svećeniku Hilkiji, Šafanovu sinu Ahikamu, Mikinu sinu Akboru, tajniku Šafanu i kraljevu sluzi Asaji:
13 ၁၃ ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်း စာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရား သည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
“Idite i upitajte Jahvu o meni, i o narodu, i o svoj Judeji zbog ove knjige što je nađena, jer je velika Jahvina jarost što se izlila na nas zato što naši očevi nisu slušali riječi ove knjige, nisu vršili što nam je u njoj napisano.”
14 ၁၄ ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရော ဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
Svećenik Hilkija, Ahikam, Akbor, Šafan i Asaja odoše proročici Huldi, ženi Šaluma, sina Tikvina, sina Harkasova, čuvara odjeće; ona je živjela u Jeruzalemu, u novom gradu. Kad joj to kazaše,
15 ၁၅ မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊
ona im reče: “Ovako veli Jahve, Bog Izraelov: 'Kažite čovjeku koji vas je poslao k meni:
16 ၁၆ ယုဒရှင်ဘုရင် ဘတ်သော ကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။
Ovako veli Jahve: Evo, dovest ću nesreću na ovaj grad i na njegove stanovnike, izvršit ću sve što kaže knjiga koju je pročitao judejski kralj.
17 ၁၇ အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ။ ထိုကြောင့်ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
Jer su me ostavili i prinose žrtve tuđim bogovima da bi me ljutili svim djelima ruku svojih, planut će jarost moja na to mjesto i neće se ugasiti.'
18 ၁၈ ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ သင်တို့ ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား၊
A judejskom kralju, koji vas je poslao po Jahvin savjet, recite ovo: 'Ovako veli Jahve, Bog Izraelov: Riječi si čuo.
19 ၁၉ ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့်ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို၎င်း၊ ဤအရပ်သား တို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြား သောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနား ထောင်၏။
Ali kako ti je omekšalo srce i jer si se ponizio pred Jahvom čuvši što sam objavio tome gradu i njegovim stanovnicima, koje će pogoditi pustošenje i prokletstvo, i jer si razdro haljine svoje i plakao preda mnom, zato sam te uslišio' - riječ je Jahvina.
20 ၂၀ ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
'Evo, sjedinit ću te s ocima tvojim i s mirom ćeš leći u grob da ne vidiš svojim očima svu nesreću koju ću svaliti na ovo mjesto.'” Oni odnesoše taj odgovor kralju.