< ၄ ဓမ္မရာဇဝင် 21 >
1 ၁ မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဟဇ္ဇိဘအမည်ရှိ၏။
므낫세가 위에 나아갈 때에 나이 십이세라 예루살렘에서 오십 오년을 치리하니라 그 모친의 이름은 헵시바더라
2 ၂ ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှ ထာဝရဘုရားနှင့် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
므낫세가 여호와 보시기에 악을 행하여 여호와께서 이스라엘 자손 앞에서 쫓아내신 이방 사람의 가증한 일을 본받아서
3 ၃ ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်ကို လည်း ပြုစု၏။ မိုဃ်းကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။
그 부친 히스기야의 헐어버린 산당을 다시 세우며 이스라엘 왕 아합의 소위를 본받아 바알을 위하여 단을 쌓으며 아세라 목상을 만들며 하늘의 일월 성신을 숭배하여 섬기며
4 ၄ ယေရုရှလင်မြို့၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ် ပလ္လင်တည်းဟူသော၊
여호와께서 전에 이르시기를 내가 내 이름을 예루살렘에 두리라 하신 여호와의 전의 단들을 쌓고
5 ၅ ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။
또 여호와의 전 두 마당에 하늘의 일월 성신을 위하여 단들을 쌓고
6 ၆ မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာ သော ဒုစရိုက်ကိုပြု၏။
또 그 아들을 불 가운데로 지나게 하며 점치며 사술을 행하며 신접한 자와 박수를 신임하여 여호와 보시기에 악을 많이 행하여 그 진노를 격발하였으며
7 ၇ ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည် ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။
또 자기가 만든 아로새긴 아세라 목상을 전에 세웠더라 옛적에 여호와께서 이 전에 대하여 다윗과 그 아들 솔로몬에게 이르시기를 내가 이스라엘 모든 지파중에서 택한 이 전과 예루살렘에 내 이름을 영원히 둘지라
8 ၈ ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေ မှာထား သမျှသော တရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသော ပြည်မှ သူတို့ကို နောက်တဖန် ငါမရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
만일 이스라엘이 나의 모든 명령과 나의 종 모세의 명한 모든 율법을 지켜 행하면 내가 그들의 발로 다시는 그 열조에게 준 땅에서 떠나 유리하지 않게 하리라 하셨으나
9 ၉ သူတို့သည် နားမထောင်၊ ဣသရေလအမျိုးသား တို့ရှေ့မှာ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှါ မနာရှေ သည် သွေးဆောင်လေ၏။
이 백성이 듣지 아니하였고 므낫세의 꾀임을 받고 악을 행한 것이 여호와께서 이스라엘 자손 앞에서 멸하신 열방보다 더욱 심하였더라
10 ၁၀ ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရော ဖက်တို့ဖြင့် မိန့်တော်မူသည်ကား၊
여호와께서 그 종 모든 선지자들로 말씀하여 가라사대
11 ၁၁ ယုဒရှင်ဘုရင် မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဘူး သော အာမောရိလူတို့ပြုသမျှထက် သာ၍ရွံရှာဘွယ် သော ဤဒုစရိုက်တို့ကို ပြုသောကြောင့်၎င်း၊ မိမိရုပ်တု ဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့် ၎င်း၊
유다 왕 므낫세가 이 가증한 일과 악을 행함이 그 전에 있던 아모리 사람의 행위보다 더욱 심하였고 또 그 우상으로 유다를 범죄케 하였도다
12 ၁၂ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့၊ ယုဒ ပြည်၌ ဘေးရောက်စေမည်။
그러므로 이스라엘 하나님 여호와가 말하노니 내가 이제 예루살렘과 유다에 재앙을 내리리니 듣는 자마다 두 귀가 울리리라
13 ၁၃ ယေရုရှလင်မြို့ အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ ချိန်ကြိုးကို ငါတန်းချမည်။ ပုကန်ကို သုတ်၍ သုတ်ပြီးမှ မှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။
내가 사마리아를 잰 줄과 아합의 집을 다림보던 추로 예루살렘에 베풀고 또 사람이 그릇을 씻어 엎음 같이 예루살렘을 씻어 버릴지라
14 ၁၄ ကျန်ကြွင်းသောငါ့အမွေ လူတို့ကိုငါစွန့်၍ရန်သူလက်သို့ အပ်သဖြင့်၊ သူတို့သည်ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက် ရာဖြစ်ကြလိမ့်မည်။
내가 나의 기업에서 남은 자를 버려 그 대적의 손에 붙인즉 저희가 모든 대적에게 노략과 겁탈이 되리니
15 ၁၅ အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တု ပြည်က ထွက်သော နေ့မှစ၍ ယနေ့တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု၍ ငါ့အမျက်ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏။
이는 애굽에서 나온 그 열조 때부터 오늘까지 나의 보기에 악을 행하여 나의 노를 격발하였음이니라 하셨더라
16 ၁၆ မနာရှေသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကို ပြစ်မှားစေသောအပြစ်မှ တပါးအပြစ်မရှိသော သူအများတို့ကို သတ်၍ ယေရု ရှလင်မြို့တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှါပြု၏။
므낫세가 여호와 보시기에 악을 행하여 유다로 범하게한 그 죄외에 또 무죄한 자의 피를 심히 많이 흘려 예루살렘 이 가에서 저 가까지 가득하게 하였더라
17 ၁၇ မနာရှေပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
므낫세의 남은 사적과 무릇 그 행한바와 범한 죄는 유다 왕 역대지략에 기록되지 아니하였느냐
18 ၁၈ မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
므낫세가 그 열조와 함께 자매 그 궁궐 동산 곧 웃사의 동산에 장사되고 그 아들 아몬이 대신하여 왕이 되니라
19 ၁၉ အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက် အမည်ရှိ၏။
아몬이 위에 나아갈 때에 나이 이십 이세라 예루살렘에서 이년을 치리하니라 그 모친의 이름은 므술레멧이라 욧바 하루스의 딸이더라
20 ၂၀ ထိုမင်းသည် ခမည်းတော် မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
아몬이 그 부친 므낫세의 행함 같이 여호와 보시기에 악을 행하되
21 ၂၁ ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက်၏။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ်၏။
그 부친의 행한 모든 길로 행하여 그 부친의 섬기던 우상을 섬겨 경배하고
22 ၂၂ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍ ထာဝရဘုရား၏ လမ်းတော်ကိုလွှဲရှောင်၏။
그 열조의 하나님 여호와를 버리고 그 길로 행치 아니하더니
23 ၂၃ မိမိကျွန်တို့သည် သင်းဖွဲ့၍ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။
그 신복들이 반역하여 왕을 궁중에서 죽이매
24 ၂၄ အာမုန်မင်းကြီးတဘက်၌ သင်းဖွဲ့သော သူ အပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက်၍ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။
그 국민이 아몬 왕을 반역한 사람들을 다 죽이고 그 아들 요시야로 대신하여 왕을 삼았더라
25 ၂၅ အာမုန်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
아몬의 행한바 남은 사적은 유다 왕 역대지략에 기록되지 아니하였느냐
26 ၂၆ ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ် ခြင်းကိုခံ၍၊ သားတော်ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
아몬이 웃시야의 동산 자기 묘실에 장사되고 그 아들 요시야가 대신하여 왕이 되니라