< ၄ ဓမ္မရာဇဝင် 17 >
1 ၁ ယုဒရှင်ဘုရင်အာခတ် နန်းစံဆယ်နှစ်နှစ် တွင် ဧလာသားဟောရှေသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံလေ၏။
Vào năm thứ mười hai đời A-cha, vua Giu-đa, Ô-sê, con Ê-la lên làm vua Ít-ra-ên, cai trị chín năm tại Sa-ma-ri.
2 ၂ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက် ကိုပြု၏။ သို့သော်လည်း သူ့ရှေ့မှာ ဖြစ်ဘူးသော ဣသ ရေလရှင်ဘုရင်တို့ပြုသော ဒုစရိုက်ကိုမမှီ။
Ô-sê làm điều ác trước mặt Chúa Hằng Hữu nhưng không đến nỗi như các vua Ít-ra-ên trước.
3 ၃ ထိုမင်းကိုအာရှုရိ ရှင်ဘုရင်ရှာလမနေဇာသည် စစ်ချီ၍ ဟောရှေသည် ကျွန်ခံသဖြင့် အခွန်ဆက်ရ၏။
Sanh-ma-na-sa, vua A-sy-ri đem quân đánh Ít-ra-ên. Ô-sê thua, phải thần phục và nạp cống lễ cho A-sy-ri.
4 ၄ နောက်တဖန်နှစ်တိုင်းဆက်ရသော အခွန်ကို မဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဘမ်းဆီး၍ ထောင်ထဲမှာ ချုပ်ထားပြီးလျှင်၊
Nhưng Ô-sê mưu phản, sai sứ giả đi Ai Cập nhờ vua Sô giúp đỡ. Hành động này không qua khỏi mắt vua A-sy-ri. Ngoài ra, Ô-sê bắt đầu ngưng nạp cống thuế hằng năm cho A-sy-ri, nên vua A-sy-ri bắt Ô-sê xiềng lại, đem bỏ tù.
5 ၅ ဣသရေလပြည်တရှောက်လုံးသို့စစ်ချီ၍၊ ရှမာရိမြို့သို့ ရောက်သော် သုံးနှစ်ဝိုင်းထား၏။
Quân A-sy-ri đánh phá khắp nơi và vây Sa-ma-ri suốt ba năm.
6 ၆ ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင် သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။
Vào năm thứ chín đời Ô-sê, Sa-ma-ri thất thủ. Người Ít-ra-ên bị bắt đày qua A-sy-ri, bị tập trung tại Cha-la, và trên bờ Sông Cha-bo ở Gô-xan, và các thành trong nước Mê-đi.
7 ၇ အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖာ ရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့ သည် ပြစ်မှား၍ အခြားတပါးသော ဘုရားတို့ကို ရိုသေ ကြ၏။
Những việc này xảy ra vì người Ít-ra-ên phạm tội với Chúa Hằng Hữu, Đức Chúa Trời của họ, Đấng đã đem họ ra khỏi Ai Cập, đã cứu họ khỏi quyền lực của Pha-ra-ôn. Họ đi thờ các thần khác,
8 ၈ သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင်ဘုရင်တို့ ထုံးစံသို့လိုက်ကြ၏။
theo thói tục xấu xa của các thổ dân bị Chúa Hằng Hữu đuổi đi để lấy đất cho họ ở, và theo quy lệ sai lầm của các vua Ít-ra-ên mới lập ra.
9 ၉ မိမိတို့ ဘုရားသခင်ထာဝရဘုရားတဘက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့် သော မျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သောမြို့ဖြစ်စေ၊ မြို့ရွာ အလုံးစုံတို့၌ မြင့်သောအရပ်ကို တည်ကြ၏။
Dân chúng lén lút làm những việc bất chính và việc không đẹp lòng Chúa Hằng Hữu Đức Chúa Trời của họ; xây miếu thờ tà thần trên các chỗ cao khắp nơi, ngay cả trên vọng canh, thành lũy;
10 ၁၀ ရုပ်တုဆင်းတုနှင့်အာရှရပင်တို့ကို မြင့်သော ကုန်းရှိသမျှတို့ အပေါ်မှာ၎င်း၊၊ စိမ်းသောသစ်ပင်ရှိသမျှအောက်မှား၎င်း၊တည်ထောင်ပြုစုကြ၏။
dựng trụ thờ, tượng nữ thần A-sê-ra trên đồi núi, dưới cây xanh;
11 ၁၁ သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှအပေါ် မှာ နံ့သာပေါင်းကိုမီးရှို့၍ ထာဝရဘုရား၏ အမျက်တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မအမှုတို့ကို ပြုကြ၏။
đốt hương trong các miếu trên đồi giống như các dân đã bị Chúa Hằng Hữu đuổi đi. Các hành động gian ác này đã làm Chúa nổi giận.
12 ၁၂ ထာဝရဘုရား ပညတ်တော်မူသောအမှု၊ ရုပ်တု ဆင်းတုတို့၌ ပူဇော်ခြင်းအမှုကို ပြုကြ၏။
Họ thờ thần tượng, mặc dù Chúa Hằng Hữu đã ngăn cấm.
13 ၁၃ သို့ရာတွင်ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသော တရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့် ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟော ဆရာများတို့ ဖြင့်ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေ ခံတော်မူသော်လည်း၊
Chúa Hằng Hữu sai các tiên tri cảnh cáo Ít-ra-ên và Giu-đa để họ bỏ đường tội ác, tuân giữ điều răn, luật lệ Ngài đã dùng các tiên tri truyền cho tổ tiên họ thuở xưa.
14 ၁၄ သူတို့သည်နားမထောင်။ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သော ဘိုးဘေးတို့ လည်ပင်း ကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
Nhưng họ nào có nghe, lại cứ ngoan cố chẳng kém gì tổ tiên, không tin Chúa Hằng Hữu, Đức Chúa Trời mình.
15 ၁၅ စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ်၍အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော် မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ၏။
Họ coi thường luật lệ và giao ước Ngài đã kết với tổ tiên họ, và những lời cảnh cáo của Ngài. Họ theo các thần nhảm nhí, và chính họ trở nên người xằng bậy. Mặc dù Chúa cấm đoán, họ vẫn bắt chước những dân tộc sống chung quanh.
16 ၁၆ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်ရှိသမျှတို့ကို စွန့်၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကို လည်းဝတ်ပြုကြ၏။
Họ khước từ tất cả các điều răn của Chúa Hằng Hữu, Đức Chúa Trời mình, đúc hai tượng bò con, tượng A-sê-ra, thờ lạy Ba-anh, và các tinh tú trên trời.
17 ၁၇ သားသမီးတို့ကို မီးဖြင့်ပူဇော်ကြ၏။ နတ်ဝိဇ္ဇာ အတတ်ပြုစားသော အတတ်ကို သုံးဆောင်၍ ထာဝရ ဘုရား၏ အမျက်တော်ကိုနှိုးဆော်ခြင်းငှါ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမည်ဟု ကိုယ်ကိုရောင်းကြ၏။
Họ đem con trai, con gái thiêu sống để tế thần. Họ tin bói toán, phù thủy, và chuyên làm điều ác trước mặt Chúa Hằng Hữu, khiến Ngài giận vô cùng.
18 ၁၈ ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက်ထွက်၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ၏။ ယုဒအမျိုးမှတပါး အခြားသော အမျိုးမကျန်ကြွင်းရ။
Ngài đuổi họ đi nơi khác, chỉ để cho đại tộc Giu-đa ở lại.
19 ၁၉ ယုဒအမျိုးမူကား၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရား၏ပညတ်တရားတော်ကိုမစောင့်၊ ဣသရေလအမျိုးလိုက် သော ထုံးစံဓလေ့သို့ လိုက်ကြ၏။
Giu-đa cũng chẳng tuân giữ các điều răn của Chúa Hằng Hữu, Đức Chúa Trời mình, nhưng theo gương Ít-ra-ên.
20 ၂၀ ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး ရှိသမျှကို ရွံရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သော သူတို့ လက်၌အပ်တော်မူ၏။
Vì thế, Chúa Hằng Hữu từ bỏ tất cả con cháu Gia-cốp, trừng phạt họ, và để cho kẻ thù bóc lột họ. Cuối cùng Ngài đuổi họ đi nơi khác.
21 ၂၁ ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှ ဆုတ်ဖဲ့၍၊ သူတို့သည် နေဗတ်၏ သားယေရောဗောင်ကို ရှင်ဘုရင် အရာ၌ခန့်ထားကြ၏။ ယေရောဗောင်သည်လည်း ထာဝရဘုရားနောက်တော်သို့ လိုက်ရာလမ်းမှ ဣသ ရေလအမျိုးကို လွှဲစေ၍ ဒုစရိုက်ကြီးကို ပြုစေ၏။
Khi Ít-ra-ên tách ra khỏi chủ quyền nhà Đa-vít, họ tôn Giê-rô-bô-am, con Nê-bát, làm vua. Giê-rô-bô-am khiến Ít-ra-ên bỏ Chúa Hằng Hữu, phạm tội nặng nề.
22 ၂၂ သို့ဖြစ်၍ ယေရောဗောင်ပြုသော ဒုစရိုက်လမ်း သို့ ဣသရေလအမျိုးသားတို့သည် အစဉ်တစိုက် လိုက်ကြ၏။
Người Ít-ra-ên phạm tất cả tội Giê-rô-bô-am phạm. Họ không từ một tội nào,
23 ၂၃ ထာဝရဘုရားသည် မိမိကျွန်ပရောဖက် အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလ အမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမှီ တိုင်အောင် သူတို့သည် ထိုဒုစရိုက်အပြစ်ကို မရှောင် ဘဲလိုက်ကြ၏။ ထိုကြောင့်နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင် ခံရကြ၏။
cho đến khi Chúa Hằng Hữu đuổi họ đi, như Ngài đã bảo đầy tớ Ngài là các tiên tri cảnh cáo họ trước. Như vậy, người Ít-ra-ên bị đày qua A-sy-ri, và họ ở đó cho đến ngày nay.
24 ၂၄ အာရှုရိရှင်ဘုရင်သည်လည်း၊ ဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရီမြို့ ရွာတို့ကို သိမ်းယူ၍ နေရာကျကြ၏။
Vua A-sy-ri đem dân ở Ba-by-lôn, Cư-tha, A-va, Ha-mát, và Sê-phạt-va-im đến định cư ở trong các thành của Sa-ma-ri và các thành khác của Ít-ra-ên.
25 ၂၅ နေရာကျစက ထာဝရဘုရားကို မရိုသေသော ကြောင့်၊ ခြင်္သေ့တို့ကို စေလွှတ်၍ အချို့တို့ကို ကိုက်စေ တော်မူ၏။
Khi mới đến đất Ít-ra-ên, những người này không kính sợ Chúa Hằng Hữu, nên Ngài cho sư tử đến giết một số.
26 ၂၆ ထိုကြောင့်အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိမြို့ရွာတို့၌ ထားတော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည်စောင့်ဘုရား၏တရားကို နားမလည်သော ကြောင့်၊ ထိုဘုရားသည် ခြင်္သေ့တို့ကိုစေလွှတ်၍ နေရာကျ သော သူတို့ကို သတ်ပါသည်ဟု အာရှုရိရှင်ဘုရင်အား လျှောက်ကြသော်၊
Khi vua A-sy-ri nhận được phúc trình: “Những người được đem qua Sa-ma-ri không biết luật của Thần địa phương, nên Thần ấy sai sư tử vồ họ chết.”
27 ၂၇ အာရှုရိရှင်ဘုရင်က၊ ထိုပြည်မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တယောက်ကို ပြန်ပို့ကြ။ သူသည်သွား၍ ထိုပြည်စောင့်ဘုရား၏တရားကို သွန်သင်လျက်နေပါလေ စေဟု မိန့်တော်မူသည်အတိုင်း၊
Vua ra lệnh đem một thầy tế lễ Ít-ra-ên đã bị đày trở về Sa-ma-ri, để dạy những người định cư luật lệ của Thần địa phương.
28 ၂၈ ရှမာရိမြို့မှသိမ်းခဲ့သော ယဇ်ပုရောဟိတ် တယောက်သည် ပြန်၍ ဗေသလမြို့၌နေလျက်၊ ထာဝရ ဘုရားကို အဘယ်သို့ ရိုသေရမည်ကို သွန်သင်လေ၏။
Vậy, một thầy tế lễ từ Sa-ma-ri được đưa về Bê-tên, dạy những người mới đến cách phụng thờ Chúa Hằng Hữu.
29 ၂၉ သို့သော်လည်း ထိုလူမျိုးအသီးအသီးတို့သည် မိမိတို့ဘုရားကို လုပ်၍ နေရာကျသောမြို့ရွာတွင် မြင့် သောအရပ်ပေါ်မှာ ရှမာရိမြို့သား လုပ်နှင့်သော အိမ်တို့ ၌ တင်ထားကြ၏။
Tuy nhiên, những người này vẫn thờ thần của nước họ. Họ để tượng thần trong miếu trên đồi gần thành mình ở. Các miếu này đã được người Ít-ra-ên xây cất trước kia.
30 ၃၀ ဗာဗုလုန်မြို့သားတို့သည် သုကုတ်ဗေနုတ် ဘုရား၊ ကုသမြို့သားတို့သည် နေရဂါလဘုရား၊ ဟာမတ် မြို့သားတို့သည် အရှိမဘုရား၊
Người Ba-by-lôn thờ thần Su-cốt Bê-nốt; người Cúc thờ Nẹt-ganh; người Ha-mát thờ A-si-ma;
31 ၃၁ အာဝမြို့သားတို့သည် နိဗဟာဇဘုရားနှင့် တာတက်ဘုရားကို လုပ်ကြ၏။ သေဖရဝိမ်မြို့သားတို့ သည်လည်း သေဖရဝိမြို့စောင့်ဘုရား အာဒြဓမ္မလက်နှင့် အာနမ္မေလက်ဘုရားတို့အား သားသမီးကိုမီးရှို့၍ ပူဇော် ကြ၏။
người A-va thờ Nếp-hát và Tạt-tác; người Sê-phạt-va-im thiêu con tế thần A-tra-mê-léc và A-na-mê-léc.
32 ၃၂ ထာဝရဘုရားကိုလည်း ရိုသေ၍ သာမည လူတို့ကို မြင့်သော အရပ်ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား သဖြင့်၊ သူတို့သည် မြင့်သောအရပ် အိမ်တို့၌ လူများအဘို့ ယဇ်ပူဇော်ကြ၏။
Tuy kính sợ Chúa Hằng Hữu, họ vẫn chỉ định người của mình làm chức tế lễ tại các miếu trên đồi để dâng lễ vật cho thần mình.
33 ၃၃ ထိုသို့ထာဝရဘုရားကို ရိုသေကြ၏။ သိမ်းသွား ခြင်းကို ခံရသော လူမျိုးပြုသကဲ့သို့ မိမိတို့ဘုရားကိုလည်း ဝတ်ပြုကြ၏။
Như thế, họ vừa kính sợ Chúa, vừa thờ thần mình theo nghi thức cúng thờ của dân tộc mình.
34 ၃၄ ယနေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုက်ကြ သည်ဖြစ်၍၊ ထာဝရဘုရားကို ရိုသေရာမရောက်။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏။
Cho đến nay họ vẫn theo nghi thức cũ chứ không thật sự thờ phụng Chúa Hằng Hữu vì họ không theo đúng chỉ thị, luật lệ, điều răn của Chúa truyền cho con cháu Gia-cốp, người được Ngài đổi tên là Ít-ra-ên.
35 ၃၅ ထာဝရဘုရားသည်ထိုအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့၍၊ သင်တို့သည်အခြားတပါးသောဘုရားတို့ကို မရိုသေ၊ ဦးမညွှတ်၊ ဝတ်မပြု၊ ယဇ်မပူ ဇော်ရ။
Chúa Hằng Hữu đã kết ước với Ít-ra-ên, theo đó họ không được thờ phụng, phục vụ, cúng tế các thần khác,
36 ၃၆ သင်တို့ကို ကြီးသောတန်ခိုး၊ ဆန့်သောလက်ရုံး တော်အားဖြင့် အဲဂုတ္တုပြည်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားကိုသာ ရိုသေကိုးကွယ်၍ ယဇ်ပူဇော်ရမည်။
Nhưng chỉ phụng sự thờ lạy và dâng lễ vật lên Chúa Hằng Hữu, Đấng đã đem họ ra khỏi Ai Cập với quyền năng và phép lạ.
37 ၃၇ သင်တို့အဘို့ ရေးထားတော်မူသော စီရင်ထုံးဖွဲ့ ချက်ပညတ်တရားတို့ကို အစဉ်အမြဲ စောင့်ရှောက်ရမည်။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ။
Họ phải tuân giữ điều răn, luật lệ, và quy tắc của chính Ngài truyền cho. Họ không được thờ thần khác.
38 ၃၈ သင်တို့နှင့်ငါ ဖွဲ့သောပဋိညာဉ်ကို မမေ့လျော့ရ။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ။
Chúa Hằng Hữu đã cảnh cáo họ không được quên lãng giao ước này, không được thờ thần nào khác.
39 ၃၉ သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ရိုသေရမည်။ သို့ပြုလျှင် ရန်သူအပေါင်းတို့လက်မှ ကယ်နှုတ်တော် မူမည်ဟု မှာထားတော်မူ သော်လည်း၊
Họ chỉ thờ một mình Chúa Hằng Hữu là Chân Thần mình. Chỉ như thế, họ mới được Chúa cứu khỏi quyền lực kẻ thù.
40 ၄၀ သူတို့သည်နားမထောင်ရှေးထုံးစံဓလေ့သို့လိုက်ကြ၏။
Nhưng những người ấy không nghe, cứ thờ lạy theo lối cũ.
41 ၄၁ ထိုလူအမျိုးမျိုး ကိုယ်တိုင်မှစ၍၊ သားမြေး မြစ်တို့သည် ထာဝရဘုရားကိုရိုသေကြ၏။ ရုပ်တုဆင်းတုတို့ကိုလည်းဝတ်ပြုကြ၏။ မိရိုးဘလာသို့လိုက်၍ယနေ့တိုင်အောင်ကျင့်နေကြ၏။
Họ kính sợ Chúa Hằng Hữu, đồng thời cũng thờ thần tượng mình. Và cứ thế, đến nay con cháu họ vẫn theo đường lối ấy.