< ၄ ဓမ္မရာဇဝင် 16 >

1 ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင်၍၊
Năm thứ mười bảy đời Phê-ca, con tra Rê-ma-lia, thì A-cha, con trai Giô-tham, vua Giu-đa, lên làm vua.
2 ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ်စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို မပြု၊
A-cha được hai mươi tuổi khi người lên làm vua; người cai trị mười sáu năm tại Giê-ru-sa-lem. Người chẳng làm điều thiện trước mặt Giê-hô-va Đức Chúa Trời người, như Đa-vít tổ phụ người, đã làm;
3 ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။
nhưng người đi theo con đường của các vua Y-sơ-ra-ên, thậm chí bắt chước theo gương gớm ghiếc của các dân tộc Đức Giê-hô-va đã đuổi khỏi trước mặt dân Y-sơ-ra-ên, mà đưa con trai mình qua lửa.
4 မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်၏။
Người cũng cúng tế và xông hương trên các nơi cao, trên gò và dưới các cây rậm.
5 ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။
Bấy giờ, Rô-xin, vua Sy-ri và Phê-ca, con trai Rê-ma-lia, vua Y-sơ-ra-ên, đều đi lên đặng hãm đánh Giê-ru-sa-lem; họ vây A-cha; nhưng không thắng người được.
6 သို့ရာတွင်၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည်လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
Aáy nhằm lúc đó Rê-xin, vua Sy-ri; khôi phục Ê-lát, về nước Sy-ri; người đuổi dân Giu-đa khỏi Ê-lát, và dân Sy-ri bèn đến Ê-lát, ở đó cho đến ngày nay.
7 ထိုကြောင့်အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကို စေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလ ရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။
A-cha sai sứ giả đến Tiếc-la-Phi-lê-se, vua A-si-ri, nói với người rằng: Tôi là kẻ tôi tớ vua, là con trai vua; hãy đi đến giải cứu tôi khỏi tay vua Sy-ri và vua Y-sơ-ra-ên đã dấy lên cùng tôi.
8 တဖန်ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက် ၌၎င်း ရှိသော ရွှေငွေကို ယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။
A-cha lấy bạc và vàng có ở trong đền thờ Đức Giê-hô-va và ở trong kho đền vua, gởi đem làm của lễ cho vua A-si-ri.
9 အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာ သက်မြို့သို့ စစ်ချီ၍ တိုက်ယူပြီးလဆင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်း သတ်၏။
Vua A-si-ri nhậm làm điều A-cha xin, đi lên hãm đánh Đa-mách và chiếm lấy, bắt đem dân cư nó sang Ki-rơ, và giết Rê-xin.
10 ၁၀ အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။
A-cha bèn đi đến Đa-mách đặng đón Tiếc-la-Phi-lê-se, vua A-si-ri. A-cha thấy một cái bàn thờ ở tại Đa-mách, bèn gởi kiểu mẫu và hình bàn thờ ấy tùy theo cách chế tạo nó, cho thầy tế lễ U-ri.
11 ၁၁ ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ။
Thầy tế lễ U-ri chế một cái bàn thờ y theo kiểu mà vua A-cha từ Đa-mách đã gởi đến; thầy tế lễ U-ri chế xong bàn thờ ấy trước khi vua trở về.
12 ၁၂ ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသော အခါ၊ ထိုယဇ်ပလ္လင်ကို မြင်၍ ချဉ်းကပ်သဖြင့်၊
Khi vua từ Đa-mách trở về, thấy bàn thờ bèn lại gần và dâng của lễ trên nó.
13 ၁၃ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့၏။ သွန်းလောင်းရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း၏။ မိဿဟာယယဇ်အသွေးကိုလည်း ယဇ် ပလ္လင်ပေါ်မှာဖြန်းလေ၏။
Người xông trên bàn thờ của lễ thiêu và của lễ chay mình, đổ ra lễ quán và huyết về của lễ thù ân tại trên đó.
14 ၁၄ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ် ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှ ရွေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။
Còn bàn thờ bằng đồng ở trước mặt Đức Giê-hô-va, thì người cất khỏi chỗ nó tại trước đền thờ, giữa bàn thờ mới và đền của Đức Giê-hô-va, rồi để nó bên bàn thờ của người, về phía bắc.
15 ၁၅ တဖန်ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည် ကား၊ နံနက် မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ် ပူဇော် သက္ကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးအသွေးကို လည်း ထိုပလ္လင်ပေါ်မှာဖြန်းလော့။ ကြေးဝါယဇ်ပလ္လင် သည် ငါမေးမြန်းစရာဘို့ ရှိရမည်ဟု၊
Đoạn, vua A-cha truyền lịnh cho thầy tế lễ U-ri rằng: Người sẽ xông trên bàn thờ lớn của lễ thiêu buổi sáng và của lễ chay buổi chiều, của lễ thiêu và của lễ chay của vua; lại xông của lễ thiêu và của lễ chay của cả dân sự trong xứ, cũng đổ ra tại trên nó lễ quán của họ, và tưới cả huyết con sinh dùng làm của lễ thiêu, luôn cả huyết về các con sinh khác. Còn bàn thờ bằng đồng, ta sẽ dùng cầu vấn ý Chúa.
16 ၁၆ အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု၏။
Thầy tế lễ U-ri làm theo mọi điều vua A-cha truyền dạy cho người.
17 ၁၇ အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကို လည်းရွေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်ကချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။
Vả lại, vua A-cha dỡ các miếng trám của những táng, và cất hết những chậu đặt ở trên; lại hạ cái biển bằng đồng xuống khỏi bò nâng nó, rồi đem để nó trên một nền lót đá.
18 ၁၈ ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို၎င်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို၎င်း၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ်၏။
Vì cớ vua A-si-ri, người cũng đổi trong đền thờ của Đức Giê-hô-va cái hiên cửa dùng về ngày Sa-bát mà người ta đã xây trong đền, và cửa ngoài để dành cho vua.
19 ၁၉ အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
Các chuyện khác của A-cha, và những công việc người làm, đều chép trong sử ký về các vua Giu-đa.
20 ၂၀ အာခတ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့ နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Đoạn, A-cha an giấc cùng các tổ phụ người, được chôn bên họ, trong thành Đa-vít. Ê-xê-chia, con trai người, kế vị người.

< ၄ ဓမ္မရာဇဝင် 16 >