< ၄ ဓမ္မရာဇဝင် 16 >
1 ၁ ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင်၍၊
La dix-septième année de Pékah, fils de Remaliahou, Achaz, fils de Jotham, monta sur le trône de Juda.
2 ၂ ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ်စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို မပြု၊
Achaz avait vingt ans à son avènement, et il régna seize ans à Jérusalem; il ne fit pas ce qui est droit aux yeux de l’Eternel, son Dieu, comme l’avait fait David, son aïeul.
3 ၃ ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။
Au contraire, il suivit l’exemple des rois d’Israël. Il fit même passer son fils par le feu, imitant les abominations des peuples que Dieu avait dépossédés au profit des enfants d’Israël.
4 ၄ မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်၏။
Il offrit des sacrifices et de l’encens sur les hauts-lieux et les collines et sous tous les arbres verdoyants.
5 ၅ ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။
C’Est alors que vinrent l’attaquer à Jérusalem Recîn, roi de Syrie, et Pékah, fils de Remaliahou, roi d’Israël; ils assiégèrent Achaz, mais ne purent le combattre victorieusement.
6 ၆ သို့ရာတွင်၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည်လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
Vers ce temps, Recîn, roi de Syrie, restitua Elat à la Syrie et expulsa de cette ville les Judéens. Les Syriens revinrent à Elat, qu’ils occupent encore aujourd’hui.
7 ၇ ထိုကြောင့်အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကို စေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလ ရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။
Alors Achaz envoya des ambassadeurs à Tiglat-Pilésser, roi d’Assyrie, pour lui dire "Je suis ton serviteur et ton fils. Viens et sauve-moi des mains du roi de Syrie et du roi d’Israël qui m’ont attaqué."
8 ၈ တဖန်ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက် ၌၎င်း ရှိသော ရွှေငွေကို ယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။
Achaz prit l’argent et l’or qui se trouvaient dans le temple de l’Eternel et dans les trésors du palais royal et les envoya en présent au roi d’Assyrie.
9 ၉ အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာ သက်မြို့သို့ စစ်ချီ၍ တိုက်ယူပြီးလဆင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်း သတ်၏။
Celui-ci, cédant à sa prière, attaqua Damas, s’en rendit maître et en déporta les habitants à Kir; quant à Recîn, il le fit mettre à mort.
10 ၁၀ အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။
Le roi Achaz alla alors à la rencontre de Tiglat-Pilésser, à Damas. Ayant remarqué l’autel de cette ville, il fit parvenir à Ouria, le pontife, le dessin et le plan de l’autel dans tous ses détails.
11 ၁၁ ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ။
Ourla, le pontife, construisit un autel semblable et l’exécuta tout à fait selon le modèle que le roi Achaz lui avait expédié de Damas, avant même le retour d’Achaz de cette ville.
12 ၁၂ ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသော အခါ၊ ထိုယဇ်ပလ္လင်ကို မြင်၍ ချဉ်းကပ်သဖြင့်၊
Revenu de Damas, le roi vit l’autel; il s’en approcha et y monta.
13 ၁၃ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့၏။ သွန်းလောင်းရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း၏။ မိဿဟာယယဇ်အသွေးကိုလည်း ယဇ် ပလ္လင်ပေါ်မှာဖြန်းလေ၏။
Il y fit consumer son holocauste et son oblation, y répandit des libations, et aspergea l’autel du sang de ses rémunératoires.
14 ၁၄ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ် ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှ ရွေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။
Quant à l’autel d’airain qui était devant l’Eternel, il le déplaça de devant le temple, où il se trouvait établi entre le nouvel autel et le temple de l’Eternel, et il l’érigea à l’angle nord de cet autel.
15 ၁၅ တဖန်ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည် ကား၊ နံနက် မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ် ပူဇော် သက္ကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးအသွေးကို လည်း ထိုပလ္လင်ပေါ်မှာဖြန်းလော့။ ကြေးဝါယဇ်ပလ္လင် သည် ငါမေးမြန်းစရာဘို့ ရှိရမည်ဟု၊
Le roi Achaz fit cette recommandation au pontife Ouria: "Sur le grand autel fais fumer l’holocauste du matin, l’oblation du soir, l’holocauste et l’oblation du roi, et l’holocauste ainsi que l’oblation de tout le peuple, fais-y leurs libations et asperge-le de tout le sang de l’holocauste et de tout le sang des sacrifices. Pour ce qui est de l’autel d’airain, j’y réfléchirai."
16 ၁၆ အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု၏။
Le pontife Ouria exécuta tous les ordres du roi Achaz.
17 ၁၇ အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကို လည်းရွေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်ကချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။
Le roi Achaz détacha les moulures des supports, en enleva le bassin, fit descendre la Mer de dessus les taureaux d’airain qui la portaient et la déposa sur un pavé de pierres.
18 ၁၈ ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို၎င်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို၎င်း၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ်၏။
Le portique du sabbat qu’on avait bâti dans le temple et l’entrée du roi située à l’extérieur, il les déplaça dans le temple de l’Eternel, à cause du roi d’Assyrie.
19 ၁၉ အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
Les autres actes accomplis par Achaz sont consignés dans le livre des annales des rois de Juda.
20 ၂၀ အာခတ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့ နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Achaz s’endormit avec ses pères et fut enterré à côté d’eux dans la Cité de David. Son fils Ezéchias lui succéda.