< ၄ ဓမ္မရာဇဝင် 13 >
1 ၁ ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။
I Joas', Ahasjas sons, Juda konungs, tjugutredje regeringsår blev Joahas, Jehus son, konung över Israel i Samaria och regerade i sjutton år.
2 ၂ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။
Han gjorde vad ont var i HERRENS ögon och följde efter de Jerobeams, Nebats sons, synder genom vilka denne hade kommit Israel att synda; från dem avstod han icke.
3 ၃ ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ၏သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။
Då upptändes HERRENS vrede mot Israel, och han gav dem i Hasaels, den arameiske konungens, hand och i Ben-Hadads, Hasaels sons, hand hela denna tid.
4 ၄ တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ယောခတ်စကားကို နားထောင်တော်မူ၏။
(Men Joahas bönföll inför HERREN, och HERREN hörde honom, eftersom han såg Israels betryck, då nu konungen i Aram förtryckte dem.
5 ၅ ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့်၊ မြင်းစီးသူရဲ၊ ငါးကျိပ်၊ ရထားတဆယ်၊ ခြေသည်သူရဲတသောင်းကို သာယောခတ်၌ကြွင်းစေ၏။
Och HERREN gav åt Israel en frälsare, så att de blevo räddade ur araméernas hand; sedan bodde Israels barn i sina hyddor såsom förut.
6 ၆ ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။
Dock avstodo de icke från de Jerobeams hus' synder genom vilka denne hade kommit Israel att synda, utan vandrade i dem. Aseran fick också stå kvar i Samaria.)
7 ၇ သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။
Ty han hade icke låtit Joahas behålla mer folk än femtio ryttare, tio vagnar och tio tusen man fotfolk; så illa förgjorde dem konungen i Aram; han slog dem, så att de blevo såsom stoft, när man tröskar.
8 ၈ ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
Vad nu mer är att säga om Joahas, om allt vad han gjorde och om hans bedrifter, det finnes upptecknat i Israels konungars krönika.
9 ၉ ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Och Joahas gick till vila hos sina fäder, och man begrov honom i Samaria. Och hans son Joas blev konung efter honom.
10 ၁၀ ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။
I Joas', Juda konungs, trettiosjunde regeringsår blev Joas, Joahas' son, konung över Israel i Samaria och regerade i sexton år.
11 ၁၁ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန် အစင်လိုက်လေ၏။
Han gjorde vad ont var i HERRENS ögon; han avstod icke från någon av de Jerobeams, Nebats sons, synder genom vilka denne hade kommit Israel att synda, utan vandrade i dem.
12 ၁၂ ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
Vad nu mer är att säga om Joas, om allt vad han gjorde och om hans bedrifter, om hans krig mot Amasja, Juda konung, det finnes upptecknat i Israels konungars krönika.
13 ၁၃ ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌သင်္ဂြိုဟ်ခြင်း ကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ၌နန်းထိုင်၏။
Och Joas gick till vila hos sina fäder, och Jerobeam besteg hans tron. Och Joas blev begraven i Samaria, hos Israels konungar.
14 ၁၄ ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ် တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည်လာ၍ သူ့ရှေ့ မှာ ငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။
Men när Elisa låg sjuk i den sjukdom varav han dog, kom Joas, Israels konung, ned till honom. Och han satt hos honom gråtande och sade: "Min fader, min fader! Du som för Israel är både vagnar och ryttare!"
15 ၁၅ ဧလိရှဲကလည်း၊ လေးနှင့်မြှားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။
Då sade Elisa till honom: "Hämta en båge och pilar." Och han hämtade åt honom en båge och pilar.
16 ၁၆ လေးကိုတင်လော့ဟု တဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင် လက်ပေါ်မှာ တင်လျက်၊
Då sade han till Israels konung: "Fatta i bågen med din hand." Och när han hade gjort detta, lade Elisa sina händer på konungens händer.
17 ၁၇ အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့် လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်ဟု ဆို၏။
Därefter sade han: "Öppna fönstret mot öster." Och när han hade öppnat det, sade Elisa: "Skjut." Och han sköt. Då sade han: "En HERRENS segerpil, en segerpil mot Aram! Du skall slå araméerna vid Afek, så att de förgöras."
18 ၁၈ မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။
Därefter sade han: "Tag pilarna." Och när han hade tagit dem, sade han till Israels konung: "Slå på jorden." Då slog han tre gånger och sedan höll han upp.
19 ၁၉ ထိုအခါဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။
Då blev gudsmannen vred på honom och sade: "Du skulle slagit fem eller sex gånger, ty då skulle du hava slagit araméerna så, att de hade blivit förgjorda; men nu kommer du att slå araméerna allenast tre gånger."
20 ၂၀ ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ် တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။
Så dog då Elisa, och man begrov honom. Men moabitiska strövskaror plägade falla in i landet, vid årets ingång.
21 ၂၁ ဣသရေလလူတို့သည် လူတယောကို သင်္ဂြိုဟ် စဉ်တွင်၊ မော်ဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။
Så hände sig, att just när några höllo på att begrava en man, fingo de se en strövskara; då kastade de mannen i Elisas grav. När då mannen kom i beröring med Elisas ben, fick han liv igen och reste sig upp på sina fötter.
22 ၂၂ ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ် လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ ၏။
Och Hasael, konungen i Aram, hade förtryckt Israel, så länge Joahas levde.
23 ၂၃ ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။
Men HERREN blev dem nådig och förbarmade sig över dem och vände sig till dem, för det förbunds skull som han hade slutit med Abraham, Isak och Jakob; ty han ville icke fördärva dem, och han hade ännu icke kastat dem bort ifrån sitt ansikte.
24 ၂၄ ရှုရိရှင်ဘုရင် ဟာဇေလသေ၍၊ သားတော် ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Och Hasael, konungen i Aram, dog, och hans son Ben-Hadad blev konung efter honom.
25 ၂၅ ဟာဇေလသည် စစ်တိုက်၍ ယောခတ်မင်း လက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟော ရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ နှုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင်၍ ဣသရေလ မြို့ရွာတို့ကို ရပြန်လေ၏။
Då tog Joas, Joahas' son, tillbaka från Ben-Hadad, Hasaels son, de städer som denne i krig hade tagit ifrån hans fader Joahas. Tre gånger slog Joas honom och återtog så Israels städer.