< ၄ ဓမ္မရာဇဝင် 12 >
1 ၁ ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
Jeūs septītā gadā Joas palika par ķēniņu un valdīja četrdesmit gadus Jeruzālemē. Un viņa mātei bija vārds Cibea no Bēršebas.
2 ၂ ယဇ်ပုရောဟိတ်ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
Un Joas darīja, kas Tam Kungam labi patika, visu savu mūžu, kamēr priesteris Jojada viņu mācīja.
3 ၃ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍နံ့သာ ပေါင်းကို မီးရှို့ကြ၏။
Tikai kalnu altāri netapa nopostīti; jo tie ļaudis upurēja un kvēpināja vēl uz tiem kalnu altāriem.
4 ၄ ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊
Un Joas sacīja uz tiem priesteriem: visu naudu, kas top dota Dievam par godu un nāk Tā Kunga namā, naudu, kas iet uz galvām, visu naudu, ko spriež par dvēseli, un visu naudu, ko dod no labprātības Tā Kunga namā,
5 ၅ ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံယူ၍၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှ တို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော် မူ၏။
To priesteriem būs ņemt, ikkatram no sava pazīstama, un tiem būs izlabot tā nama plīsumus visur, kur tie plīsumus atrod.
6 ၆ သို့သော်လည်း ယောရှမင်းကြီးနန်းစံနှစ်ဆယ် သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက် ရာတို့ကို မပြုပြင်ကြသေး။
Un notikās ķēniņa Joasa divdesmit un trešā gadā, ka tie priesteri nebija labojuši tā nama plīsumus,
7 ၇ ထိုအခါ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒ နှင့်အခြားသော ယဇ်ပုရောဟိတ် တို့ကိုခေါ်၍၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲ နေကြသနည်း။ နောက်တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင် မယူကြနှင့်။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဘို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း၊
Tad ķēniņš Joas aicināja priesteri Jojadu un tos citus priesterus un uz tiem sacīja: kāpēc jūs nelabojiet tā nama plīsumus. Un nu jums vairs nebūs ņemt naudu no saviem pazīstamiem, bet to dot priekš tā nama plīsumiem.
8 ၈ ယဇ်ပုရောဟိတ်တို့သည် နောက်တဖန် လူများ လှူသောငွေကို မခံရ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟုဝန်ခံကြ၏။
Tad tie priesteri bija mierā, naudas no ļaudīm vairs neņemt, nedz nama plīsumus izlabot.
9 ၉ ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကို ယူ၍အဖုံးကို ဖောက်ပြီးလျှင်၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်းလက်ျာဘက် ယဇ်ပလ္လင် နားမှာထားလေ ၏။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါး စောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ၏။
Un priesteris Jojada ņēma šķirstu un ieurba tā vākā caurumu, un to lika sānis altārim pa labo roku; kad kāds nāca Tā Kunga namā, tad tie priesteri, kas slieksni sargāja, tur ielika to naudu, ko ienesa Tā Kunga namā.
10 ၁၀ ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည် လာ၍ဗိမာန် တော်၌စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။
Kad nu redzēja daudz naudas šķirstā esam, tad ķēniņa skrīveris un augstais priesteris nāca un sasēja un skaitīja to naudu, ko atrada Tā Kunga namā.
11 ၁၁ ထိုသို့ ချိန်ထားသော ငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်၌ အလုပ်လုပ် သော လက်သမား၊
Un tie to naudu ieskaitīja rokā darba uzraugiem, kas bija iecelti pār Tā Kunga namu. Un tie to izdeva amatniekiem un nama būvētājiem, kas pie Tā Kunga nama strādāja,
12 ၁၂ ပန်းရန်သမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသော အတွက်ပေးဝေကြ၏။
Un mūrniekiem un akmeņu cirtējiem, pirkt kokus un cirstus akmeņus, izlabot Tā Kunga nama plīsumus un izdot par visu, kas bija vajadzīgs, izlabot Tā Kunga namu.
13 ၁၃ ဗိမာန်တော်အဘို့ငွေဖလား၊ မီးညှပ်၊ အင်တုံ၊ တံပိုး၊ ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့်မလုပ် သေး။
Bet sudraba kausus, nažus, bļodas, trumetes un visādas zelta un sudraba lietas priekš Tā Kunga nama netaisīja no tās naudas, ko sanesa Tā Kunga namā,
14 ၁၄ အလုပ်လုပ်သောသူတို့အားသာ ပေး၍၊ ဗိမာန်တော်ကို ပြုပြင်ကြ၏။
Bet tie to deva strādniekiem, izlabot ar to Tā Kunga namu.
15 ၁၅ အလုပ်လုပ်သော သူတို့အား ပေးစေခြင်းငှါ၊ ငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သောသူ ဖြစ်သောကြောင့် စာရင်းမပေးကြ။
Un atbildēšanu neprasīja no tiem vīriem, kam tā nauda bija dota, to dot strādniekiem, bet tie to darīja uz ticību.
16 ၁၆ ဒုစရိုက်ငွေ၊ အပြစ်ငွေကိုမူကား၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ၏။
Nauda no noziegumu upuriem un nauda no grēku upuriem netapa nesta Tā Kunga namā, tā nācās priesteriem.
17 ၁၇ ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ ကို စစ်ချီ၍ တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှါ အားထုတ်လေ၏။
To brīdi Azaēls, Sīriešu ķēniņš, cēlās un karoja pret Gatu un to uzņēma. Un Azaēls griezās iet pret Jeruzālemi.
18 ၁၈ ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော် တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်း သမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော် ဘဏ္ဍာတွင် တွေ့သမျှသော ရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလ ထံသို့ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကို ထား၍ သွား၏။
Tad Joas, Jūda ķēniņš, ņēma visas svētās dāvanas, ko viņa tēvi Jehošafats un Jehorams un Ahazija, Jūda ķēniņi, Dievam bija dāvinājuši, ir tās dāvanas, ko viņš pats bija devis, un visu zeltu, kas atradās Tā Kunga namā un pie ķēniņa nama mantām, un to sūtīja Azaēlim, Sīriešu ķēniņam. Tad šis aizgāja no Jeruzālemes.
19 ၁၉ ယောရှပြုမူသောအမှုအရာ ကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
Un kas vēl par Joasu stāstāms, un viss, ko viņš darījis, tas ir rakstīts Jūda ķēniņu laiku grāmatā.
20 ၂၀ ထိုမင်း၏ကျွန်ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သား ယဟောဇဗပ်တို့သည် ထ၍ သင်းဖွဲ့ပြီးလျှင်၊ သိလရွာသို့ သွားသောလမ်း၊ မိလ္လောစံနန်းတွင်ယောရှကို သေအောင်လုပ်ကြံ၍၊
Un viņa kalpi cēlās un derēja derību un nokāva Joasu Millus namā, kur iet uz Sillu.
21 ၂၁ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။ သားတော်အာ မဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
Jo Jozakars, Šimeata dēls, un Jozabats, Šomera dēls, viņa kalpi, to nokāva, ka tas nomira; un viņu apraka pie viņa tēviem Dāvida pilī. Un viņa dēls Amacīja palika par ķēniņu viņa vietā.