< ၄ ဓမ္မရာဇဝင် 11 >
1 ၁ အာခဇိ၏မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
Khi A-tha-li, mẹ của A-cha-xia, thấy con trai mình đã chết rồi, bèn chổi dậy giết hết thảy dòng vua.
2 ၂ သို့ရာတွင် အာခဇိ၏နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ၏သား ယောရှကို အသေ ခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိ လက်မှ သူ၏အသက် လွတ်စေခြင်းငှါ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။
Nhưng Giô-sê-ba, con gái của vua Giô-ram, và là chị A-cha-xia, bắt trộm Giô-ách, con trai của A-cha-xia, khỏi vòng các vương tử mà A-tha-li toan giết, rồi để người trong phòng ngủ với vú nuôi người, và giấu người khỏi mắt A-tha-li; vì vậy người không bị giết.
3 ၃ ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက်နေ၍၊ အာသလိသည် စိုးစံလေ၏။
Người ở với Giô-sê-ba, ẩn tại nơi đền thờ của Đức Giê-hô-va trong sáu năm, còn A-tha-li cai trị trên xứ.
4 ၄ ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ၊ ရှင်ဘုရင်၏ သားတော်ကိုပြလေ၏။
Năm thứ bảy, Giê-hô-gia-đa vời các quan cai hàng trăm quân canh và những quân hộ vệ đến cùng người trong đền thờ của Đức Giê-hô-va. Người lập ước cùng chúng, và bắt chúng thề tại trong đền thờ của Đức Giê-hô-va; người chỉ con trai của vua cho chúng.
5 ၅ ယောယဒကလည်း၊ သင်တို့ပြုရသော အမှုဟူ မူကား၊ ဥပုသ်နေ့၌ဝင်သောလူသုံးစုတစုသည် နန်းတော် တံခါးကိုစောင့်ရမည်။
Đoạn, người truyền lịnh cho chúng rằng: Này là điều các ngươi sẽ làm: Một phần ba trong các ngươi đến phiên ngày Sa-bát, sẽ giữ cung vua;
6 ၆ တစုသည် သုရတံခါးကို စောင့်ရမည်။ တစု သည် ကင်းနောက် တံခါးကိုစောင့်ရမည်။ ထိုသို့ ဗိမာန် တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည်။
một phần ba sẽ canh cửa Su-rơ, còn một phần ba sẽ ở nơi cửa sau các quân hộ vệ. Các ngươi sẽ giữ cung điện, cản không cho ai vào hết.
7 ၇ ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင် နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။
Lại hai phần ba trong các ngươi mãn phiên ngày Sa-bát, sẽ ở gần vua, canh giữ đền thờ của Đức Giê-hô-va.
8 ၈ လူတိုင်းမိမိလက်နက်ကို ကိုင်လျက် ကိုယ်တော် မြတ်ကို ဝိုင်း၍၊ တပ်ထဲသို့ဝင်သမျှသောသူတို့ကို သတ်ရ မည်။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏။
Các ngươi sẽ vây chung quanh vua, mỗi người cầm binh khí mình nơi tay. Ai muốn vào trong hàng các ngươi, thì hãy giết nó đi. Hễ vua đi ra đi vô, các ngươi phải ở với người.
9 ၉ ထိုသို့ ယဇ်ပုရောဟိတ်ယောယဒမှာထားသမျှ အတိုင်း လူတရာအုပ်တို့သည်ပြု၍၊ ဥပုသ်နေ့၌ထွက်ရသော သူနှင့်ဝင်ရသောသူအသီးအသီးတို့ကို ခေါ်၍ ယဇ်ပုရော ဟိတ် ယောယဒထံသို့ ရောက်သောအခါ၊
Các quan cai làm theo lịnh của thầy tế lễ Giê-hô-gia-đa. Mỗi người lãnh những kẻ thủ hạ mình, hoặc người đến phiên ngày Sa-bát, hay là người mãn phiên trong ngày Sa-bát, mà đi đến thầy tế lễ Giê-hô-gia-đa.
10 ၁၀ ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ နှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ်၍ လူတရာ အုပ်တို့အား အပ်လေ၏။
Thầy tế lễ phát cho các quan cai những giáo và khiên thuộc về vua Đa-vít, ở tại trong đền thờ của Đức Giê-hô-va.
11 ၁၁ စောင့်သောသူအပေါင်းတို့သည် လက်နက်ကို ကိုင်လျက်၊ ရှင်ဘုရင်ကို ဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ျာထောင့်မှစ၍ လက်ဝဲထောင့် တိုင်အောင် ရပ်ကြ၏။
Các quân hộ vệ mỗi người cầm binh khí nơi tay, sắp hàng đứng chung quanh vua, dài theo đền thờ và bàn thờ, từ góc nam cho đến góc bắc của đền thờ.
12 ၁၂ ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကို တင်လျက်၊ ဘိသိတ်ပေးလျက်၊ ရှင်ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။
Giê-hô-gia-đa bèn đem vương tử ra, đội mão triều thiên trên đếu người, và trao luật pháp cho người. Vậy, họ tôn người lên làm vua, xức dầu cho, và hết thảy đều vỗ tay la lên rằng: Vua vạn tuế!
13 ၁၃ အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသော အသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန် တော်သို့သွား၍၊
Khi A-tha-li nghe tiếng quân hộ vệ và tiếng dân sự, bèn bền đến cùng dân sự tại trong đền thờ của Đức Giê-hô-va.
14 ၁၄ ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နား မှာရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍ ပုန်ကန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ် လေ၏။
Bà xem thấy vua đứng trên tòa như lệ thường, có các quan cai và các kẻ thổi kèn đứng gần người, và cả dân sự của xứ đều vui mừng và thổi kèn. A-tha-li bèn xé áo mình và la lên rằng: Phản ngụy! phản ngụy!
15 ၁၅ ယဇ်ပုရောဟိတ်ယောယဒကလည်း၊ ဗိမာန် တော်ထဲမှာမသေစေနှင့်၊ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာ နေသောသူကို ထားနှင့်သတ်ကြဟု လူတရာအုပ်၊ တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း၊
Nhưng thầy tế lễ Giêiêô-gia-đa truyền lịnh cho những quan cai đạo quân, mà rằng: Hãy dẫn nàng ra ngoài khỏi giữa hàng quân, và hễ kẻ nào theo nàng, khá giết nó bằng gươm. Vì thầy tế lễ đã dạy rằng: Chớ giết nàng trong đền thờ của Đức Giê-hô-va.
16 ၁၆ အာသလိကိုဘမ်းဆီးလျက်၊ နန်းတော်သို့ သွား သောမြင်းလမ်းဖြင့် ထုတ်၍ သတ်ကြ၏။
Người ta vẹt bên đường cho bà đi; bà trở vào cung vua bởi nơi vào cửa ngựa, và tại đó bà bị giết.
17 ၁၇ ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့ သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း ထာဝရ ဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ တဖန်ရှင်ဘုရင်နှင့်လူများ တို့ကို တဦးနှင့်တဦး ပဋိညာဉ်ဖွဲ့စေ၏။
Giê-hô-gia-đa lập giao ước tại giữa Đức Giê-hô-va, vua và dân sự, hầu cho dân Y-sơ-ra-ên làm dân sự của Đức Giê-hô-va. Người cũng lập một giao ước giữa vua và dân sự.
18 ၁၈ ပြည်သူပြည်သားအပေါင်းတို့သည် ဗာလ ကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လလင်များနှင့် ရုပ်တုများကိုအကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ၏။
Cả dân sự của xứ đều đi đến miễu Ba-anh mà phá dỡ nó đi, đập bể bàn thờ và hình tượng của Ba-anh, và giết Ma-than, thầy tế lễ Ba-anh, tại trước bàn thờ. Đoạn, thầy tế lễ cất người canh giữ đền thờ của Đức Giê-hô-va.
19 ၁၉ ယဇ်ပုရောဟိတ်ယောယဒသည်လည်း၊ ဗိမာန် တော်အုပ်များကို ခန့်ထားပြီးမှ လူတရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သားအပေါင်းတို့ကိုခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်း တော်သို့ပို့ဆောင်၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ၏။
Lại, người đem theo mình những quan cai, cơ binh Ca-rít, quân hộ vệ, và cả dân sự của xứ; chúng thỉnh vua từ đền thờ của Đức Giê-hô-va xuống, đi vào đền vua bởi nơi cửa của quân hộ vệ. Giô-ách bèn ngồi trên ngôi vua.
20 ၂၀ နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍ တမြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။
Cả dân sự trong xứ đều vui mừng, và thành được bình tịnh. vả, người ta đã giết A-tha-li bằng gươm tại trong cung vua.
Giô-ách được bảy tuổi khi người lên ngôi.