< ၄ ဓမ္မရာဇဝင် 11 >

1 အာခဇိ၏မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
အာခဇိ ၏မယ်တော် အာသလိ သည် မိမိ သား သေ ကြောင်း ကို သိ မြင်သော်၊ ထ ၍ ဆွေတော် မျိုးတော်အပေါင်း တို့ကို သုတ်သင်ပယ်ရှင်း လေ၏
2 သို့ရာတွင် အာခဇိ၏နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ၏သား ယောရှကို အသေ ခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိ လက်မှ သူ၏အသက် လွတ်စေခြင်းငှါ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။
သို့ရာတွင် အာခဇိ ၏နှမ ယဟောရံ မင်းကြီး သမီး ယောရှေဘ သည် အာခဇိ ၏သား ယောရှ ကို အသေ ခံရသောဆွေတော်မျိုးတော်ထဲက ခိုး ယူ၍ အာသလိ လက် မှ သူ၏အသက် လွတ်စေခြင်းငှါ ၊ သူ နှင့်သူ ၏ နို့ထိန်း ကို အိပ်ခန်း ထဲ၌ ဝှက် ထား၏
3 ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက်နေ၍၊ အာသလိသည် စိုးစံလေ၏။
ထိုနောက် ယောရှသည် ခြောက် နှစ် ပတ်လုံးအရီး နှင့်အတူ ဗိမာန် တော်၌ပုန်းရှောင် လျက်နေ၍ ၊ အာသလိ သည် စိုးစံ လေ၏
4 ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ၊ ရှင်ဘုရင်၏ သားတော်ကိုပြလေ၏။
ခုနစ် နှစ် မြောက် သောအခါ၊ ယောယဒ သည် စေလွှတ် ၍ ၊ လူတရာ အုပ် ၊ တပ်မှူး ၊ တပ်သား တို့ကို ခေါ် လေ၏။ ဗိမာန်တော် ထဲသို့ သွင်း ၍ ပဋိညာဉ် ဖွဲ့ ခြင်း၊ ဗိမာန်တော် ၌ သစ္စာ တိုက်ခြင်းကို ပြုပြီးမှ ၊ ရှင်ဘုရင် ၏ သားတော် ကိုပြ လေ၏
5 ယောယဒကလည်း၊ သင်တို့ပြုရသော အမှုဟူ မူကား၊ ဥပုသ်နေ့၌ဝင်သောလူသုံးစုတစုသည် နန်းတော် တံခါးကိုစောင့်ရမည်။
ယောယဒကလည်း၊ သင်တို့ပြု ရသော အမှု ဟူမူကား ၊ ဥပုသ် နေ့၌ဝင် သောလူသုံးစု တစုသည် နန်းတော် တံခါး ကိုစောင့် ရမည်
6 တစုသည် သုရတံခါးကို စောင့်ရမည်။ တစု သည် ကင်းနောက် တံခါးကိုစောင့်ရမည်။ ထိုသို့ ဗိမာန် တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည်။
တစု သည် သုရ တံခါး ကို စောင့် ရမည်။ တစု သည် ကင်းနောက် တံခါး ကို စောင့် ရမည်။ ထိုသို့ ဗိမာန်တော် ကို မဖြို မဖျက်စေခြင်းငှါစောင့် ရမည်
7 ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင် နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။
ဥပုသ် နေ့၌ ထွက် သောလူသုံးစုတွင် နှစ် စုသည် ရှင်ဘုရင် ပတ်လည် ဗိမာန်တော် ၌စောင့် ရမည်
8 လူတိုင်းမိမိလက်နက်ကို ကိုင်လျက် ကိုယ်တော် မြတ်ကို ဝိုင်း၍၊ တပ်ထဲသို့ဝင်သမျှသောသူတို့ကို သတ်ရ မည်။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏။
လူတိုင်း မိမိ လက်နက် ကို ကိုင် လျက် ကိုယ်တော်မြတ်ကို ဝိုင်း၍၊ တပ် ထဲသို့ ဝင် သမျှသောသူတို့ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏
9 ထိုသို့ ယဇ်ပုရောဟိတ်ယောယဒမှာထားသမျှ အတိုင်း လူတရာအုပ်တို့သည်ပြု၍၊ ဥပုသ်နေ့၌ထွက်ရသော သူနှင့်ဝင်ရသောသူအသီးအသီးတို့ကို ခေါ်၍ ယဇ်ပုရော ဟိတ် ယောယဒထံသို့ ရောက်သောအခါ၊
ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာ ထားသမျှ အတိုင်း လူတရာ အုပ် တို့သည်ပြု ၍ ၊ ဥပုသ် နေ့၌ထွက် ရသောသူနှင့် ဝင် ရသောသူအသီးအသီး တို့ကို ခေါ် ၍ ယဇ်ပုရောဟိတ် ယောယဒ ထံသို့ ရောက် သောအခါ၊ “
10 ၁၀ ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ နှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ်၍ လူတရာ အုပ်တို့အား အပ်လေ၏။
၁၀ဗိမာန်တော် ၌ ရှိသော ဒါဝိဒ် မင်းကြီး ၏ လှံ များ နှင့် ဒိုင်း များကို ယဇ် ပုရောဟိတ်သည်ထုတ်၍ လူတရာ အုပ်တို့အား အပ် လေ၏
11 ၁၁ စောင့်သောသူအပေါင်းတို့သည် လက်နက်ကို ကိုင်လျက်၊ ရှင်ဘုရင်ကို ဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ျာထောင့်မှစ၍ လက်ဝဲထောင့် တိုင်အောင် ရပ်ကြ၏။
၁၁စောင့် သောသူအပေါင်းတို့သည် လက်နက် ကို ကိုင် လျက် ၊ ရှင် ဘုရင်ကို ဝိုင်း ၍ ယဇ် ပလ္လင်အနား နှင့် ဗိမာန်တော် အနား၌ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် ရပ် ကြ၏
12 ၁၂ ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကို တင်လျက်၊ ဘိသိတ်ပေးလျက်၊ ရှင်ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။
၁၂ယဇ်ပုရောဟိတ်သည် ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိ ကျမ်းကို တင် လျက် ၊ ဘိသိတ် ပေးလျက် ၊ ရှင် ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု လက်ခုပ်တီး ၍ ကြွေးကြော် ကြ၏
13 ၁၃ အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသော အသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန် တော်သို့သွား၍၊
၁၃အာသလိ သည် တပ်သား ပြုသောအသံ နှင့် လူ များပြုသောအသံကိုကြား လျှင် ၊ လူ များရှိရာ ဗိမာန် တော်သို့ သွား ၍၊ “
14 ၁၄ ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နား မှာရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍ ပုန်ကန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ် လေ၏။
၁၄ရှင် ဘုရင်သည် ယုဒမင်း ထုံးစံ အတိုင်း တိုင် နား မှာရပ် လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကို ဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါတကားဟု အော်ဟစ် လေ၏
15 ၁၅ ယဇ်ပုရောဟိတ်ယောယဒကလည်း၊ ဗိမာန် တော်ထဲမှာမသေစေနှင့်၊ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာ နေသောသူကို ထားနှင့်သတ်ကြဟု လူတရာအုပ်၊ တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း၊
၁၅ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန်တော် ထဲမှာမ သေ စေနှင့်၊ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကို ထား နှင့် သတ် ကြဟု လူတရာအုပ်၊ တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊”
16 ၁၆ အာသလိကိုဘမ်းဆီးလျက်၊ နန်းတော်သို့ သွား သောမြင်းလမ်းဖြင့် ထုတ်၍ သတ်ကြ၏။
၁၆အာသလိ ကို ဘမ်းဆီး လျက် ၊ နန်းတော် သို့ သွား သောမြင်း လမ်း ဖြင့် ထုတ် ၍ သတ် ကြ၏
17 ၁၇ ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့ သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း ထာဝရ ဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ တဖန်ရှင်ဘုရင်နှင့်လူများ တို့ကို တဦးနှင့်တဦး ပဋိညာဉ်ဖွဲ့စေ၏။
၁၇ယောယဒ သည်လည်း ရှင်ဘုရင် နှင့် လူ များတို့ သည် ထာဝရဘုရား ၏ လူ ဖြစ် ရမည်အကြောင်း ထာဝရဘုရား နှင့် ပဋိညာဉ် ဖွဲ့ စေ၏။ တဖန် ရှင်ဘုရင် နှင့် လူ များ တို့ကို တဦးနှင့်တဦးပဋိညာဉ်ဖွဲ့စေ၏
18 ၁၈ ပြည်သူပြည်သားအပေါင်းတို့သည် ဗာလ ကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လလင်များနှင့် ရုပ်တုများကိုအကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ၏။
၁၈ပြည်သူ ပြည်သားအပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ၍ ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုအကုန် အစင်ချိုးဖဲ့၍ ၊ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏
19 ၁၉ ယဇ်ပုရောဟိတ်ယောယဒသည်လည်း၊ ဗိမာန် တော်အုပ်များကို ခန့်ထားပြီးမှ လူတရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သားအပေါင်းတို့ကိုခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်း တော်သို့ပို့ဆောင်၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ၏။
၁၉ယဇ်ပုရောဟိတ် ယောယဒသည်လည်း၊ ဗိမာန်တော် အုပ် များကို ခန့်ထား ပြီးမှ လူတရာ အုပ် ၊ တပ်မှူး ၊ တပ်သား ၊ ပြည်သူ ပြည်သားအပေါင်း တို့ကိုခေါ် လျက် ၊ ကင်းတံခါး လမ်း ဖြင့် ရှင် ဘုရင်ကို ဗိမာန်တော် မှ နန်းတော် သို့ပို့ဆောင် ၍ ရာဇ ပလ္လင်တော်ပေါ် မှာ ထိုင် စေ၏
20 ၂၀ နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍ တမြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။
၂၀နန်းတော် နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် ၍ တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏

< ၄ ဓမ္မရာဇဝင် 11 >