< ၂ ကောရိန္သု 1 >
1 ၁ ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော် ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေ သည်၊ ကောရိနသုမြို့၌ရှိသော ဘုရားသခင်၏ အသင်း တော်မှ စ၍၊ အခါယပြည် အရပ်ရပ်တို့၌ရှိသော သန့်ရှင်း သူအပေါင်းတို့ကို ကြားလိုက်ပါ၏။
O PAULO he lunaolelo na Iesu Kristo, no ka makemake o ke Akua, o Timoteo hoi ka hoahanau, na ka ekalesia o ke Akua ma Korineto, me ka poe hoano a pau e noho ana ma Akaia a puni:
2 ၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
E alohaia mai oukou, e maluhia hoi i ke Akua i ko kakou Makua, a i ka Haku ia Iesu Kristo.
3 ၃ သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏ အရှင်တည်းဟူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေတည်း။
E hoomaikaiia ke Akua, ka Makua o ko kakou Haku o Iesu Kristo, o ka Makua nona ke aloha, a o ke Akua hoi nona ka oluolu a pau;
4 ၄ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။
Nana makou e hooluolu mai i na pilikia a pau o makou, i hiki ia makou ke hooluolu aku i ka poe iloko o na pilikia a pau, ma ka oluolu o makou i hooluoluia mai ai e ke Akua.
5 ၅ အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။
No ka mea, me na hana eha ia mai o makou he nui no Kristo, pela hoi ko makou hooluoluia mai he nui ma o Kristo la.
6 ၆ သို့ဖြစ်၍ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်၎င်း၊ သက်သာခြင်း သို့ရောက်သော်၎င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။
No ka mea, a i hoopilikiaia mai makou, he mea ia no oukou e oluolu ai a e ola hoi; a i hooluoluia mai makou, he mea ia no oukou e oluolu ai a e ola hoi; ka mea i hooikaikaia iloko o oukou ma ka hoomanawanui ana i na eha a makou i hana eha ia mai ai.
7 ၇ သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်း ကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ၏ဟုငါတို့သည်သိကြ၏။
Ua kupaa hoi ko makou manaolana no oukou; ua ike hoi, e like me oukou i hui pu ia me makou i na hana eha ia mai, peia no hoi i ka hooluoluia mai.
8 ၈ ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။
Nolaila, e na hoahanau, aole o makou makemake e ike ole oukou i ko makou pilikia i hiki ae io makou la i Asia; no ka mea, ua hoopilikia loa ia makou, aole ikaika iki, aole makou i manao e ola.
9 ၉ ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ်၏။
Aka, iloko o makou iho ka hoohewaia e make, i paulele ole ai makou ia makou iho, i ke Akua no nana e hoala ka poe make:
10 ၁၀ ထိုဘုရားသခင်သည် ငါတို့ကိုထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ်တော်မူသေး၏။
Oia ka i hoopakele ae ia makou i ka make ino loa; a ke hoopakele nei no ia; a ke manao nei makou ia ia, e hoopakele hou ana oia.
11 ၁၁ သင်တို့သည်ကူညီ၍ ငါတို့အဘို့ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့်ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင် အများသော သူတို့သည် ကူညီသောအားဖြင့် ငါတို့၌ ရောက်သော ကျေးဇူးကို အများသောသူတို့သည်ထောက်၍ ငါတို့အတွက်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
O oukou hoi e kokua pu mai ana ia makou ma ka pule, i haawiia'ku ke aloha no makou e na kanaka he nui, no ka lokomaikai i loaa mai ia makou ma na kanaka he nui.
12 ၁၂ ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည်ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကို ကိုယ်သိသော စိတ်သည်သက်သေခံသတည်း။
No ka mea, o ko makou kaena keia, o ka hoike ana no o ko makou naau; ma ka manao hookahi a me ka naau kupono i ka ke Akua, aole ma ko ke kino akamai, aka, ma ka lokomaikai o ke Akua, ko makou noho ana i keia ao; a pela io hoi iwaena o oukou.
13 ၁၃ သင်တို့သည်ဘတ်၍ ဝန်ခံသောအရာမှတပါး၊
No ka mea, o na mea a oukou i heluhelu ai me ka hooiaio mai, a ke manao nei au e hooiaio ana oukou a hiki i ka hope, oia wale no ka makou i palapala aku ai ia oukou.
14 ၁၄ အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင် ယေရှုခရစ် ၏ နေ့၌ ငါတို့၏ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ် သကဲ့သို့၊ ငါတို့သည်သင်တို့၏ ဝါကြွားဝမ်း မြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါတို့ကို အနည်း ငယ်အားဖြင့်ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။
No ka mea, ua hooiaio mai no oukou ia makou ma ka hapa, o makou ka oukou e kaena ai; a pela hoi auanei oukou ka makou i ka la o ka Haku o Iesu.
15 ၁၅ အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည်တဖန် ဆုကျေးဇူးတော်ကိုခံရစေခြင်းငှါ ငါ သည်သင်တို့ဆီသို့အရင်လာမည်ဟု အကြံရှိ၏။
Me keia manao maopopo, ua ake no au e hele aku io oukou la mamua, i loaa hoi ia oukou ka haawina hou;
16 ၁၆ သင်တို့အနားမှာရှောက်၍ မာကေဒေါနိပြည် သို့သွားပြီးလျှင်၊ တဖန်မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။
A e hele aku ma o oukou la i Makedonia, a e hoi hou mai io oukou la mai Makedonia mai, a e alakaiia'ku e oukou i Iudea.
17 ၁၇ ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်၊ မဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇတိပကတိ အတိုင်း ကြံစည်သလော။
A manao iho la au i keia, he lauwili anei ka'u? a o ka'u mau mea e manao nei, ma ko ke kino anei ko'u manao ana, i ae wale aku au, ae, a hoole wale aku, aole?
18 ၁၈ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသကဲ့သို့၊ သင်တို့ဆီသို့ ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန် ဟူ၍၎င်း၊ မဆိုလို။
Ma ka oiaio a ke Akua, o ka makou olelo ia oukou, aole ia he hooia a me ka hoole.
19 ၁၉ ငါမှစ၍သိလွာနုနှင့် တိမောသေတို့သည် သင်တို့အားဟောပြောသော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ ၍၎င်းမဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ ဟူ၍ သာဆိုလိုသတည်း။
No ka mea o ke Keiki a ke Akua, o Iesu Kristo, ka mea a makou me Silevano a me Timoteo i hai aku ai ia oukou, aole ia he hooia a me ka hoole; aka, iloko ona, he hooia wale no.
20 ၂၀ ထိုသခင်မှာ ဘုရားသခင်၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့ အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှား စေခြင်းအလိုငှါ၊ ဟုတ်မှန်၏ဟူ၍၎င်း၊ အာမင်ဟူ၍ ၎င်းဖြစ်သတည်း။
No ka mea, o na olelo a ke Akua a pau, he hooia iloko ona, a he Amene iloko ona, i hoonaniia'i ke Akua e makou.
21 ၂၁ သင်တို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။
O ka mea nana makou i hookupaa'i me oukou iloko o Kristo, nana hoi makou i poni ai, o ke Akua ia;
22 ၂၂ ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ၏။
Oia hoi ka i hoailona mai ia makou, a i haawi mai hoi i ka makana mua o ka Uhane iloko o ko makou naau.
23 ၂၃ ငါသည်သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိနသုမြို့သို့မလာဟု ငါစိတ်ဝိညာဉ် ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။
Ke kahea aku nei au i ke Akua i mea hoike no kuu uhane, o ka minamina ia oukou ko'u mea i hiki ole aku ai mamua i Korineto.
24 ၂၄ ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင်တို့၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်မြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။
Aole no makou e hookoikoi maluna o ko oukou manaoio; aka, ke kokua nei makou i ko oukou olioli: no ka mea, ke ku nei oukou ma ka manaoio.