< ၂ ကောရိန္သု 1 >

1 ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော် ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေ သည်၊ ကောရိနသုမြို့၌ရှိသော ဘုရားသခင်၏ အသင်း တော်မှ စ၍၊ အခါယပြည် အရပ်ရပ်တို့၌ရှိသော သန့်ရှင်း သူအပေါင်းတို့ကို ကြားလိုက်ပါ၏။
Bulus Manzo Almasihu Yesu ni bubu into Rji ni whu Timoti vernyinbu yeh ni kho Rji wa ba ha ni korantos tutun mrevayi bi ba ha ni kpala memen akaya.
2 သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
Tin dindi ti ziffin ni yin ni soun sin ni Rji Bacin bu ni ton titin Yesu Almasihu.
3 သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏ အရှင်တည်းဟူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေတည်း။
Kidi gbre san Bachibu Kristi du ne sungregre ni Rji titi Bacinbu Yesu Almasihu. Ekin sa titinu whu wawu Kristi, wawui hi itiu jiyejiye kai di wawu iji din wha'a toh suron wawi ni Rji u sisuron nita.
4 ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။
Rji ni nota si suron ni mi don kita, kika iya no bari souron ni mi wha ba ha ni, klikliyah. ki ta noba si sur ni bari ni bibi si sur din Rji wha a nota si sur.
5 အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။
Ni tun iyah kiti wa Kristi ba kati gbugbu'u ni tu bu naki si suron ka hi kagon ni mi Kristi.
6 သို့ဖြစ်၍ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်၎င်း၊ သက်သာခြင်း သို့ရောက်သော်၎င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။
Naki inde ki yah ni noyi si sur bini kpachuwo bin kita noyin si suri ni tun tsirbin. kin noyin si surbin ni tindun brabra yanda bi vun sisur ni bibin e yah wha ki he nemin diniton.
7 သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်း ကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ၏ဟုငါတို့သည်သိကြ၏။
Yo surbu ni tunbi ani zonta nikine kita ki toh na bi son ni mi naki me bin zren nita.
8 ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။
Mri vayi kina son don yi hontoh ti yah wa ki ni Asiya. Bachanta zangbengblenbu, har di chu suron bu din kina gbujub na.
9 ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ်၏။
Nakima ki wotre u kwu. aman ikpie atin duta na you nitu bu na, sei ni Rji wa ani bi ba ba kwu. wha a zun iji luden ne mein bei.
10 ၁၀ ထိုဘုရားသခင်သည် ငါတို့ကိုထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ်တော်မူသေး၏။
Wha wuyi kpata cuwo ni memen en eghun kyu ani kpata cuwo kin yo surbu nituma ani kpata cuwo.
11 ၁၁ သင်တို့သည်ကူညီ၍ ငါတို့အဘို့ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့်ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင် အများသော သူတို့သည် ကူညီသောအားဖြင့် ငါတို့၌ ရောက်သော ကျေးဇူးကို အများသောသူတို့သည်ထောက်၍ ငါတို့အတွက်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
A ni tin whayi kita zonkpa bu ni braibu. ne whayi mire vayi ba ye brabranda giri don kita ne tun tagomashi didin wha ba tin ta'u ni bu bu bra Rji iji babra.
12 ၁၂ ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည်ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကို ကိုယ်သိသော စိတ်သည်သက်သေခံသတည်း။
Kin ghagbe na yin ni tingbe enmrebu ni tin dindinmre ni tinbi wha ne ye ne Rji kin zera ni sunbu ne gblugbu kin tin wha yi tuntuma ni bin yin sa ta bubu bimbi Rji.
13 ၁၃ သင်တို့သည်ဘတ်၍ ဝန်ခံသောအရာမှတပါး၊
Kina ahan kpen ni yiu wha bina ya blamana ni ton na in somu dunyi to gregreme.
14 ၁၄ အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင် ယေရှုခရစ် ၏ နေ့၌ ငါတို့၏ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ် သကဲ့သို့၊ ငါတို့သည်သင်တို့၏ ဝါကြွားဝမ်း မြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါတို့ကို အနည်း ငယ်အားဖြင့်ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။
Tun wha bin tonta fime ziza bin ghagbe nita ne ivin wu tibun Yesu, tutur wha kin ghaban ni yin.
15 ၁၅ အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည်တဖန် ဆုကျေးဇူးတော်ကိုခံရစေခြင်းငှါ ငါ သည်သင်တို့ဆီသို့အရင်လာမည်ဟု အကြံရှိ၏။
Don igabagadi wha me hei'u ni tunbi nahi ye neyin wu rini, donji ni tsonta kine zerakpabu khuha.
16 ၁၆ သင်တို့အနားမှာရှောက်၍ မာကေဒေါနိပြည် သို့သွားပြီးလျှင်၊ တဖန်မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။
Meha ni tannire ye ni yin ni ghomu hin ne makidoniya. tun ni bubuyin me remre toyin ni zera hi Makidoniya, bin tome ni konmu hi ni Yahudiya.
17 ၁၇ ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်၊ မဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇတိပကတိ အတိုင်း ကြံစည်သလော။
Thun wha me tsi remre yi, in surmu na nena? me mlabubu bin yin zitin niton magwaji din ni thon a ne la i ne A a a a ne ton ririn.
18 ၁၈ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသကဲ့သို့၊ သင်တို့ဆီသို့ ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန် ဟူ၍၎င်း၊ မဆိုလို။
Thun wha Rji a ha ba la tra ki na ya lah ne i kon A' a ni ton irin
19 ၁၉ ငါမှစ၍သိလွာနုနှင့် တိမောသေတို့သည် သင်တို့အားဟောပြောသော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ ၍၎င်းမဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ ဟူ၍ သာဆိုလိုသတည်း။
Thun da Evivre Rji Yesu Almasihu wha Silbanus mba Silas ne me ki Shaida yi'u ba 'i' di “A' a ba pha kitreanahi Nhnaki “I' a hei khon wha ne ton.
20 ၂၀ ထိုသခင်မှာ ဘုရားသခင်၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့ အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှား စေခြင်းအလိုငှါ၊ ဟုတ်မှန်၏ဟူ၍၎င်း၊ အာမင်ဟူ၍ ၎င်းဖြစ်သတည်း။
Uh yo uyo uh Rji whawhu ah 'E' ni'a'a ni uhn ne ta kon ma ki tre gbuchu ni gbre san Rji
21 ၂၁ သင်တို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။
Zizan a Rji kpa mym nita ni biyin ne me Almasihu nanta (kebe)
22 ၂၂ ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ၏။
A yo gban ma ni tunbu da nota Ruhu ne me surbu ne matsayin da tsrota kpe a ne tin nitau ni kogun.
23 ၂၃ ငါသည်သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိနသုမြို့သို့မလာဟု ငါစိတ်ဝိညာဉ် ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။
A hei na kin a yonta ni Rji wha a krin ni'u ni kpen ririn me na yen ni korinti me ni kpa yin chuwo.
24 ၂၄ ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင်တို့၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်မြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။
Kina sun ki hei na Rji tun bi na ko nitun kpa myemebi. nita bubu yin ki whu bi tindun ni yin ni grin bi, na da bin krin

< ၂ ကောရိန္သု 1 >