< ၂ ကောရိန္သု 9 >
1 ၁ သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမူအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။
NOW concerning the contribution for the saints, it is superfluous for me to write unto you.
2 ၂ အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကိုငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆို တိတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။
For I know your readiness of mind, for which I boast of you to the Macedonians, that Achaia had made preparation a year ago; and your zeal hath stirred up very many.
3 ၃ သို့သော်လည်းငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည် ဤအမှု၌ အချည်းနှီး မဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည်အသင့် ရှိစေခြင်းငှါ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။
But I have sent the brethren, that our glorying in you might not be vain in this matter; that as I have said, ye may be prepared.
4 ၄ သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူ လာ၍ သင်တို့သည်အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။
Lest haply if the Macedonians come with me, and find you unprepared, we (not to say, you) may be confounded in this confidence of boasting. I
5 ၅ ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာ ကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှါ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့အရင်သွားစေ၍ ထို အလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှါ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟုသဘောရှိ၏။
have thought it necessary therefore to exhort the brethren, that they would go before unto you, and prepare before your promised bounty, that it may be ready as a matter of bounty, and not as extorted of covetousness.
6 ၆ အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။
But this I add, He that soweth sparingly, shall reap also sparingly, and he that soweth bountifully, shall reap also bountifully.
7 ၇ လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။
Let every man, as he hath purposed in heart, give, not with reluctance or of necessity; for God loveth a cheerful giver.
8 ၈ ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။
And God is able to make all grace abound towards you; that in every case having always all sufficiency, ye may abound unto every good work:
9 ၉ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟုလာသည်နှင့်အညီ၊ သင်တို့သည်အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့်ထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။ (aiōn )
as it is written, “He hath scattered abroad, he hath given to the poor, his righteousness abideth for ever.” (aiōn )
10 ၁၀ မျိုးစေ့ကြဲသော သူအားမျိုးစေ့ကို၎င်း၊ အစာအဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွါးများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။
Now he that supplieth seed to the sower, shall also supply bread for food, and multiply your seed sown, and increase the fruits of your righteousness,
11 ၁၁ ထိုသို့သင်တိုသည် စေတနာစိတ်နှင့် အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလို့ငှါ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်းရှိလိမ့်မည်။
being in every thing enriched unto all liberality, which causeth by us thanksgiving to God.
12 ၁၂ အဘယ်သို့နည်းဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည် သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ၏။
For the ministration of this charitable service not only abundantly supplies the deficiencies of the saints, but also overflows with many thanksgivings to God;
13 ၁၃ သင်တို့သည်ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာ လိုက်ခြင်းအလိုကို၎င်း၊ ထိုသန့်ရှင်းသူ တို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန်ကြဲပေးကမ်းခြင်းအရာကို၎င်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။
(while by the evidence of this ministration they glorify God for your professed subjection to the gospel of Christ, and for your liberality towards them, and towards all men; )
14 ၁၄ သင်တို့၌ ထူးမြတ်သောဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင်၊ သင်တို့အဘို့ အလိုငှါဆုတောင်း၍၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ၏။
and with their prayers for you, greatly longing after you, on account of the transcendent grace of God in you.
15 ၁၅ ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။
Thanks be to God for his inexpressible gift.